Saturday, 10 November 2012

ကွန်ပြူတာ mouse မျှားပုံကို အရုပ်ပုံလေးများထည့်နည်း....


ဘယ်လိုပြင်မလဲဆိုတာကိုမေသျှမ်းသိသာလေးတွေပြောပြမယ်နော်
ပြင်ချင်တဲ့သူငယ်ချင်းတွေက အရင်ဆုံး ဒီဆိုဒ်ကိုသွားပါ
http://totallyfreecursors.com/
အဲဆိုဒ်ရဲ့မူလစာမျက်နှာမှာ ပုံလေးတွေရှိတယ်နော် လိပ်ပြာပုံ တခြားပုံတွေရောပေါ့
အဲဒီထဲက ပုံတစ်ခုကို နမူနာရွေးလိုက်ပါ
ကိုယ်ကြိုက်တဲ့ပုံတစ်ခုကိုရွေးပါ (အောက်က ပုံ ကိုကြည့်ပါ)
နောက်တစ်မျက်နှာမှာ အောက်ကပုံလို ပုံလေးတွေမြင်ရပါလေ့မယ် အဲ့ဒီမှာ Download Now ဆိုတာနိုပ်လိုက်ပါ
အဲ့ဒါနှိပ်ပြီးရင် အောက်ကပုံလေးလို တက်လာလိမ့်ပါမယ် အောက်ကပုံလေးလို တက်လာရင် OK နှိပ်လိုက်ပါ

Computer Icon မှာမြန်မာစာ မပေါ်ဘူးဆိုရင်....



အပေါ်ကပုံလေးကြည်ပါအုံးမြန်မာစာမပေါ်ဘူး
အောက်ကပုံမှာတော့မြန်မာတွေမြင်ရတယ်။
မြန်မာစာပေါ်အောင်ဘယ်လိုလုပ်ရသလဲဆိုရင် Control Panel အရင်ဆုံးသွား
ပြီးရင်တော့ အောက်ကအမည်းရောင်လေးနဲဝိုင်းထားတဲ့ Change the theme
သွားပါ။

မင်းပေးသမျှ.....


မင်းပေးတဲ့ ဒီအချစ်
နောက်ကျခဲ့ပေမယ့် တန်ဖိုးထားတယ်။

မင်းပေးတဲ့ ဒီအပြုံး
ဘယ်လောက်ပဲ နွမ်းလဲ မြတ်နိုးတယ်။

မင်းပေးတဲ့ ဒီအနမ်း
ဘယ်လောက်ပဲ ကြမ်းလဲ ကြည်နူးတယ်။

မင်းပေးတဲ့ ဒီအလွမ်း
ဘယ်လောက်ပဲ လေးလဲ ခံယူရဲတယ်။

ကောင်လေးရေ....
အတူနေချိန် တိုတောင်းခဲ့ပေမယ့်
မင်းပေးသမျှ အချစ်၊ အနမ်း၊ အလွမ်း
အမှတ်တရတွေ အားလုံး
ငါနှလုံးသားထဲ....
သော့ခတ် သိမ်းဆည်းထားတယ်။
တစ်သက်တာ ထာဝရပေါ့ကွယ်။

နိုင်းနိုင်းစနေ

လွမ်းစေတီ...


တို့ထိခွင့်လည်းမရှိတော့
ဆုပ်ကိုင်ခွင့်လည်းမရှိတော့
မင်းရင်ခုန်သံကိုလုံအောင် ဖုံးပေးပိုင်ခွင့်လည်းမရှိတော့
မင်းလည်းမေ့လျော့လိုက်ရုံ
ပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ပဲတို့တတ်နိုင်ခဲ့..။

သူ့ကိုမင်း မချစ်ပဲနဲ့
မင်းကိုသူ ဘာလို့သိမ်းပိုက်ခဲ့တာလည်း
မင်းနဲ့ငါနဲ့ ချစ်ရက်သားနဲ့ ငါတို့ဘာလို့ ဝေးကွာခဲ့တာလည်း
ရာဇ၀င်ခေတ်
ပဒေသရာဇ်တို့ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်ရသူတို့ ဇာတ်နာခဲ့ရဖူးပါပြီ။

အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်း
တောင်ကုန်းလေးပေါ် ငါတက်ခဲ့တယ်။

ညောင်ပင်က
ဓမ္မတေးကိုဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာငိုနေရဲ့
ငါ့နှလုံးသားက လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကိုပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ငရဲကို..။
မိုဃ်းဇော်

G-Talk ကနေမေးလ်ဖွင့်တဲ့အခါ Firefox နဲ့တိုက်ရိုက်ပွင့် လာအောင်....



ကျွန်တော်အခု တင်ပေးလိုက်တဲ့ နည်းလမ်းလေးကတော့ ကျွန်တော်တို့ G-Talk ကနေ G-Mail Icon လေးကို
နှိပ်ပြီး မေးလ်ဖွင့်တဲ့အခါမှာပဲဖြစ်ဖြစ် Link တစ်ခုခုကိုဖွင့်တဲ့အခါမှာ Firefox နဲ့တိုက်ရိုက်မပွင့်ပဲ IE နဲ့ပဲဖြစ်ဖြစ်
အခြား Browser တစ်ခုခုနဲ့ဖြစ်စေ ပွင့်လာတဲ့အခါမှာ Firefox နဲ့တိုက်ရိုက်ပွင့်လာအောင် ပြန်ပြီးလုပ်တဲ့နည်း
လမ်းလေးပါ..အကိုတစ်ယောက် မေးထားတာလေး ရှိတာနဲ့ အခြားမသိသေးတဲ့သူများပါအဆင်ပြေသွားအောင်
တင်ပေးလိုက်တာပါ..ကျွန်တော်အလွယ်တကူနဲ့ လုပ်တက်သွားအောင် အောက်မှာပုံလေးတွေနဲ့ ဖော်ပြပေး
ထားပါတယ်..

Firefox မှာ Menu Bar မပေါ်ဘူးဆိုရင်....



ကျွန်တော်တို့ Firefox ကိုအသုံးပြုနေ ကြတဲ့အခါမှာ မိမိတို့ သုံးနေတဲ့ Firefox က Menu Bar ပျောက်သွား သွားလို့ပဲဖြစ်ဖြစ် မိမိတို့က ဆိုဒ်တွေကို အလွယ်တကူ ကြည့်လို့ရအောင် မှတ်ထားတဲ့ Bookmark Toolbar ပျောက်သွားလို့ပဲ ဖြစ်ဖြစ် ဘယ်လိုပြန်လုပ် ရမယ်ဆိုတာကို မသိလို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် Firefox ကိုစစတင်ချင်းမှာ Menu Toolbar တွေဘာတွေ မပေါ်ပဲ Plane ကြီးဖြစ်နေတဲ့ အချိန်မှာ Menu Tool Bar ဘယ်လိုပြန်ဖော်ရမယ် ဆိုတာကို ရေးပေးသွားပါမယ် .. သိပြီးသား သူများကတော့ သီးခံပေးပါ .. မသိသေးတဲ့ သူများအတွက် အခက်အခဲတစ်ခု ဖြစ်နေတာ ကြောင့်ရေးပေးလိုက်တာပါ  ..
ကျွန်တော်တို့ အသုံးပြုနေတဲ့ Firefox မှာ Menu Bar ပျောက်သွားလို့ပဲဖြစ်ဖြစ် ပြန်ထားချင်တယ်ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..

Photoshop ဖြင့်အင်္ကျီအရောင် ပြောင်းခြင်း ....



ဒီနည်းလေးက အင်္ကျီတွေမှ မဟုတ်ပါဘူး..။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အရောင်ပြောင်းလို့ ရပါတယ်..။ မနေ့က တင်လိုက်တဲ့ ပိုစ့်လိုပဲ အရင်တုန်းက ဝဘ်ဆိုဒ်တခုမှာ တွေ့ခဲ့ဖူးတဲ့ နည်းလေးပါ..။ အခုတော့ အဲဒီဆိုဒ်မှာ ပြန်ရှာမတွေ့တော့လို့ ကျနော့်ဆိုဒ်မှာ ကျနော်နားလည်သလို ပြန်လည်ရှင်းပြပြီး တင်ပေးလိုက်ပါတယ်..။ အခြေခံပိုင်းလည်းဖြစ်၊ မသိသေးတဲ့သူများအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ နည်းလေးတွေမို့လို့ပါ..။ အခုဒီနည်းလေးက နည်းနည်းလွယ်ပါတယ်..။ အင်္ကျီတွေကို အရောင်မျိုးစုံ ပြောင်းလို့ရတဲ့အတွက် အားလုံးပဲ သဘောကျကျမယ်လို့ ထင်ပါတယ်..။ လုပ်နည်းလေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ တဆင့်ချင်း သင်သွားရင် အမြန်တတ်သွားမှာပါ..။

Friday, 9 November 2012

တွေးတွေးပြီး ရယ်.၃ ...


(၁)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ
မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။

"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"

ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။

"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"

သမိးရဲ့ အရှက်ကို ကာကွယ်သောအမေ ...


အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့
"အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။

ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ

ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။


သူများကလိလို့မရအောင် Windows Lock ချထားမည် ...




အခုဒီပိုစ့်လေးကတော့ မိမိကွန်ပျူတာကို သူများတွေ ကလိလို့ မရအောင် windows lock ချနည်းလေးပါ.. ဆော့ဝဲလ်မလိုပါဘူး .. ဝင်းဒိုးထဲမှာပါပြီးသားပါ.. ဒီနည်းလေးက ကောင်းလည်းကောင်းပါတယ်.. မကောင်းလည်း မကောင်းပါဘူး.. ဘာလို့လဲဆိုတော့ မေ့တတ်တဲ့သူများအတွက် မကောင်းပါဘူး ..

ခဏခဏ password မေ့နေရင် ရှော့ရှိပါတယ်.. ကွန်ပျူတာပြင်တဲ့ဆိုင်ကို သွားသွားပြီး password ဖြုတ်ခိုင်းနေရပါလိမ့်မယ်.. ခဏခဏ ပိုက်ဆံကုန်မှာပေါ့ .. ငွေကုန်ပေါက်လေးပါ.. ဒါကြောင့် မေ့တတ်တဲ့သူများ အမေ့သန်တဲ့သူများ windows မှာ password ခံမထားဖို့ ကြိုတင် သတိပေးချင်ပါတယ်..။ password ထားချင်တယ်ဆိုရင်လည်း မိမိအမြဲ မှတ်မိတဲ့ အသေမှတ်ထားတဲ့ နာမည် ၊ နံပါတ် တခုခုကို ထားစေချင်ပါတယ်.. ဒါမှ ဖွင့်ရလွယ်မှာပါ...။ ကောင်းတာတခုကတော့ မိမိမရှိတဲ့ အချိန်မှာ မိမိကွန်ပျူတာကို သူများတွေ ယူကလိလို့ မရတော့ပါဘူး.. သူတို့သုံးချင်ရင်လည်း ကိုယ့်ကိုအသိပေးပြီးမှ ကိုယ်ဖွင့်ပေးမှ သုံးလို့ရမှာပါ..။

Browser တစ်ခုထဲကနေ Gmail ကိုသုံး၊လေးခု ဖွင့်ချင်တယ်ဆိုရင် ....



CBOX မှာအကိုတစ်ယောက် တောင်းထားတာတွေ့လို့ ကျနော်သိတာလေး ဖြစ်နေတာနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ Gmail အကောင့် သုံးလေးခုကို Browser တစ်ခုထဲကနေ ဝင်လို့ရမယ့်နည်းလေးပါ..။ သိပ်တော့မခက်ပါဘူး..။ ပုံတွေများပေမယ့် လုပ်ရမယ့်အဆင့်ကတော့ လွယ်လွယ်လေးပါ..။ အောက်မှာပုံလေးတွေ ကြည့်လိုက်ပါဗျာ..
ကျနော်ကတော့ Mozilla Firefox နဲ့တက်ပြထားပါတယ်..

သတိရနေပေးပါ....



မင်းဘေးမှာ အသက်ရှူသံလေးတစ်ခု လျှော့နေတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းဘေးမှာ တီတီတာတာ ချွဲနွဲ့တဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းဘေးမှာ အစာခွံကျွေးမဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းဆံပင်ကို ပွတ်သပ်ပေးမဲ့လူ မရှိတဲ့အခါ င့ါကို သတိရပေးပါ
မင်းပါးပြင်ကို ပွတ်ချေကစားမဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းကျောကို သိုင်းဖက်ပြီး “အရမ်းချစ်တယ်” လို့ ပြောတဲ့လူ မရှိတဲ့အခါ ငါ့ကိုသတိရပေးပါ
မင်းလက်ကို ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံ မဲ့နေတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းရင်ခွင်မှာ ပါးအပ်ပြီး ငိုတဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းအတွက် ကဗျာစပ်တဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
တစ်ယောက်တည်း အဖော်မဲ့နေချိန်မှာ ငါ့ကို သတိရပေးပါ
ဖျားနာလို့ ပြုစုမဲ့သူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
စိတ်ပျက် အားငယ်လို့ အကူအညီလိုခဲ့ရင် ငါ့ကို သတိရပေးပါ
......................................................................
......................................................................
အဝေးက ငါ့ရှိုက်သံတွေကို မင်းကြားမိမှာပါ ကောင်လေးရယ်....

ကောင်မလေး

တွဲလက်...


တစ်ခါတလေမှာ ချိုမြန်တဲ့စကားလေး တစ်ခွန်းထက်
နွေးထွေးတဲ့လက်တစ်စုံကို ငါလိုအပ်တယ်။
အဲဒီလက်က ပူပူနွေးနွေး အကြင်နာ ဟင်းတစ်ခွက်လို
ဆာလောင်သူကို စိတ်ခွန်အားတွေနဲ့ ပြည့်စေသတဲ့...

ဒီတစ်သက် ဒီဘဝမှာ ဒီလက်ကိုပဲ တွဲရမယ်လို့ အဓိဌါန်ချခဲ့သလား ထင်ရအောင်ဘာကြောင့်မှန်းမသိ နင့်လက်ကိုပဲ ငါတွဲထားချင်မိတယ်။

နင့်လက်ကို ငါတွဲထားတယ်။
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်

တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ
ငါ မမှုဘူး။
နင့်ကို ငါချစ်တယ်
နေရောင်ခြည်ကို ချစ်သလို
လေထုကို ချစ်သလို
ရေငွေ့ကို ချစ်သလို
ပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလို
ငါ့ကိုယ်ငါ ချစ်သလို
နင့်ကို ငါ ချစ် တယ်
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်
ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ်
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။

တွဲလက်ကို မဖြုတ်တမ်း လမ်းဆုံးအထိ ငါတို့လျှောက်နိုင်မလား?
တစ်ခါတလေ ငါသံသယဖြစ်မိတယ်။
ပထမဆုံးအကြိမ် ငါ့လက်ကို နင်စတွဲတဲ့ ဆောင်းမနက်ကို ငါမှတ်မိနေသေးတယ်။
လှမ်းလာတဲ့နင့်လက်ကို အားပါးတရ ငါဆုပ်ကိုင်လိုက်တော့
တုံးတိတုံးအနဲ့ နင် ရီနေခဲ့တယ်။

မျှော်လင့်ချက်များများ မထားရင်
မျှော်လင့်ချက်မဲ့တာလည်း နည်းလိမ့်မယ်လို့ ငါထင်ခဲ့တယ်။
ဒါကြောင့် တွဲလက်ကို ငါဖြည်လျှော့လိုက်ချိန်
နင်က တင်းတင်း ပြန်တွဲထားလိုက်တယ်။
အဲဒီနောက်....
နင့်လက်ကို ဘယ်တော့မှ ငါ မဖြုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

ပထမဆုံးအကြိမ် လက်တွဲစကနေ ခရီးလမ်းဆုံးအထိ ငါ့လက်ကို မဖြုတ်စတမ်း
ကျေးဇူးပြုပြီး နင် တွဲသွားပါနော်.... 
 
 
 
နိုင်းနိုင်းစနေ

Thursday, 8 November 2012

တောင်ကြီးမောက်မယ် အထူးသနပ်ခါး တီဗီကြော်ငြာအသစ် ရိုက်ကူး...


 
 
 
 
 
 
 
 
 
 
 
နှစ်ပေါင်းများစွာ ပရိသတ်အားပေးမှုကို ရရှိထားသော တောင်ကြီးမောက်မယ် သနပ်ခါး တီဗီကြော်ငြာ အသစ်ကို ရိုက်ကူးပြီး မကြာမီ ထုတ်လွှင့်ပြသတော့မည်ဟု သိရသည်။ တောင်ကြီးမောက်မယ် သနပ်ခါးသည် ယခင်က ဝက်ခြံ၊ တင်းတိပ်ပျောက်ဆေး သနပ်ခါးအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နေလောင်ဒဏ်ခံ အသားနုချော အထူးသနပ်ခါးအဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့ပြီ ဖြစ်သည်။ တောင်ကြီးမောက်မယ် သနပ်ခါးကို Libra Co., Ltd မှ ထုတ်လုပ်ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး ပရိသတ်၏ တစ်ခဲနက် ထောက်ခံအားပေးမှုကို

လူဆိုတာ ကိုယ့်ကံနဲ့ ကိုယ်ဖြစ်လာတာချည်းပဲ လို့ပြောလာတဲ့ အိဖြိုးချယ်ရီ...


အနုပညာ ခရီးကို လျှောက်လှမ်းလာတာ အချိန်အတော် အတန်ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အိဖြိုး ချယ်ရီက အခု ကိုယ်ရောက်ရှိ နေတဲ့ နေရာလေးကို ကျေနပ် အားရမိတယ် လို့ပြောပါတယ်။” ချယ် အခုရောက်ရှိတဲ့ နေရာလေးကို ကျေနပ်မိပါတယ်။ လူဆိုတာကတော့ ကိုယ့်ကံနဲ့ကိုယ် ဖြစ်လာတဲ့ သူ တွေချည်းပဲလေ။ အဲဒီအတွက် ကိုယ်ရတဲ့ အနေ အထားအပေါ်ကို မူတည်ပြီးတော့ ထိုက်သင့်တဲ့ နေရာလေး ရထားတာ  ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်ပါတယ်” လို့ပြောပါတယ်။ အခုထက် ပိုပြီးတော့ နေရာရဖို့ အတွက်ကလည်း ကြိုးစားမှုတွေနဲ့ ဆိုင်တယ်လို့ ပြောပါတယ်။ တစ်ချိန်ချိန် မှာတော့ ဖြစ်လာလိမ့်မယ် လို့လည်း ချယ်မျှော်လင့်နေပါတယ်။ 

ကျောင်းဆရာ ဇာတ်ရုပ်ကြောင့် ကျောင်းတက်ခဲ့ ရသည့် ငယ်ဘဝ အမှတ်ရသော နေမင်း...



ကျောင်းဆရာ ဇာတ်ရုပ် ရိုက်နေချိန်တွင် ငယ်စဉ် ကျောင်း တက်ခဲ့ရသည့် ငယ်ဘဝကို ပြန်ပြီး သတိရမိကြောင်း နေမင်းက ပြောသည်။
ယင်းဇာတ်ကားကို ဒါရိုက်တာပြေဇင်က ရိုက်ကူးနေပြီး ‘ခေါင်းလောင်းထိုးသော လူတစ်ယောက်’ ဟူ၍ အမည်ရသည့် ယင်း ဇာတ်ကားတွင်  မိုးဟေကိုနှင့် အတူ သရုပ်ဆောင် ထားပြီး အညာ ဒေသမှ ရန်ကုန်မြို့သို့လာကာ ဆင်းရဲသည့် မူလတန်းပြ ကျောင်း ဆရာတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

လူကြီးမင်းက မဲနှိုက်ရောင်းချမှု အစီအစဉ် ထပ်မံပြုလုပ် ပေးသွားမည်ဟု ဆို ...


လူကြီးမင်း၏ မဟာလျှော့ဈေးအစီ အစဉ်သစ်ဖြင့် မဲနှိုက်ရောင်းချပေးခြင်း ကို နိုဝင်ဘာလ ၁၂
ရက်နေ့တွင် ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း လူကြီးမင်း Cell Phone Villa ၏ ဒါရိုက်တာ
ဖြစ်သူ ဦးရန်နောင်စိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ယင်း အစီအစဉ် အနေဖြင့် နေပြည်တော်၊ ပျဉ်းမနားနှင့် တောင်ကြီးဆိုင် များတွင် မဲနှိုက်ရောင်းချ
ပြီးဖြစ်သဖြင့် ရောင်းချရန် စီစဉ်ထားသည့် ကျန်ဟန်း ဆက် အလုံး ၈၀ ကို အစီအစဉ်သစ်ဖြင့်
မဲနှိုက်ရွေးချယ် ရောင်းချသွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

Ytalk နှင့် Viber တွင် ကွဲပြားခြားနားမှုများရှိ ...


တရားဝင်နိုင်ငံခြား ဖုန်းခေါ်ဆိုနိုင်သည့် VoIP softphone အမျိုးအစားဖြစ် သည့် Ytalk အနေ
ဖြင့် ပြည်ပမှ အလားတူ စနစ်တစ်ခုဖြစ်သည့်Viber အသုံးပြု မှုကို ပိတ်ပင်မှုပြုလုပ်ရန် လုပ်
ဆောင်နေ သည်ဟူသော သတင်းများမှာ မှန်ကန်မှု မရှိဟု VMG Telecoms က နိုဝင်ဘာ လ
၃ ရက်နေ့တွင် ပြောကြားသည်။
ယင်းထုတ်ပြန်ချက်တွင် Viber အသုံးပြုသူ များပြားလာခြင်းကြောင့် Ytalk အသုံးပြုသူ နည်း
လာသည်ဆို၍ Viber အား ပိတ်ရန်၊ Viber အသုံးပြု သူများအား ဖမ်းဆီးရန့် Ytalk မှ ပြုလုပ်နေ
သည်ဟူသော ကောလာဟလ များမှာ မဟုတ်မှန်ကြောင်းနှင့် Viber နှင့်  Ytalkမှာ ကွဲပြားခြား
နားချက်များ စွာ ရှိခြင်းနှင့် Viber အသုံးပြုသူ များပြားလာခြင်းကြောင့် Ytalk ကို ထိခိုက်နိုင်
မည်မဟုတ်ပါဟု ပါရှိသည်။
မြန်မာ့ဆက်သွယ်ရေးမှ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး
ဦးကျော်စိုး ကလည်း  Viber Software ကို တရား မ၀င်ဟု ကြေညာထားမှုမရှိကြောင်းနှင့် ယင်း
Viber သုံးလို့ အရေးယူမည့် အစီအစဉ် မရှိကြောင်း အောက်တိုဘာလက ပြည်တွင်း၌ ထွက်ပေါ်
ခဲ့သည့် Viber ဂယက်နှင့်ပတ်သက်၍ဖြေကြားခဲ့ဖူးသည်။

တိတ်တခိုး...

တိတ်တခိုးနဲ့ ကြိတ်ပိုးတဲ့ငါ
အချစ်တွေလဲ တိုးပြီးရင်းတိုးလာ
မိန်းခလေးရယ် 
မင်းလေးမသိသလိုပါပဲလား

စကားလေးတစ်ခွန်းပြောပြချင်မိတယ်
ချစ်မိနေတဲ့ ရင်တွင်းက တိတ်တခိုး
အချစ်မျိုးအတွက်
မိန်းကလေးရဲ့ အသဲနှလုံးထဲ
အခန်းသေးလေး တနေရာရခဲ့ရင်
ငါ့ ဘ၀ပြည့်စုံနေမှာပါ
မင်းပြောပြတဲ့ 
မင်းချစ်သူအကြောင်းလဲ
နာနေတဲ့ ရင်ဘတ်ကို အသာဖြေပြီး
ငါ နားထောင်ပေးခဲ့ပါတယ်
အချစ် လတ်လတ် ဆတ်ဆတ်တွေကိုလဲ
ငါ ရေသေအိုင်ထဲ ထည့်ထားလိုက်တယ်
အိပ်မက်ထဲမှာတော့
တို့နှစ်ယောက် 
ချစ်ခြင်းတွေကို ခူးခပ်လို့
တမျော်တခေါ် အနာဂတ်ကို
လှမ်းကြည့်နေမိတယ်
လက်တွေ့ဘ၀မှာတော့
အထီးကျန်တဲ့ ပင်လယ်ထဲ
အရိုးများရင့်တဲ့ထိ
ငါ ကူးခပ်နေလေရဲ့မိန်းကလေးရယ် ။


jasmine

“အရိပ်ကြိုး”...


ဟာ....ဘာလဲ....
အတိတ်က အတိတ်လို
အတိတ်မှာပဲ တိတ်တိတ်လေးနေပါ
အရိပ်လိုတကောက်ကောက်
ငါ့နောက် လျှောက်လိုက်မနေပါနဲ့
အမုန်းတွေကို မြေမြှုပ်ခဲ့ပြီးမှ
ဘာလို့အလွမ်းတွေ တိမ်ထူနေရတာလဲ
ရွာရင်လည်း ရွာလိုက်ပေါ့
မိုးနဲ့အတူ ငိုလို့ရတာပဲ
တစ်သက်လုံး ခေါင်းငုံ့ခဲ့ရတာ
တစ်ခါလောက်တော့
ခေါင်းလေးမော့(ငို)လိုက်ချင်သေးတယ်
စိတ်ရှိတိုင်း လွမ်းရမယ်ဆို
ငါ့မျက်နှာပေါ်က အပြုံးကို
ငါ တော်တော်လွမ်းနေတာ
မမြင်ရတာ ကြာလွန်းလို့....
ကဲ...ကဲ....
အတိတ်နဲ့ချုပ်ထားတဲ့
ငါ့အတောင်တွေ ချုပ်ရိုးဖြည်ပေးပါ
ဟိုးးးးးး မှာ တွေ့လား
လွတ်လပ်ခြင်းရဲ့ကောင်းကင်
အဲဒီကို...စိတ်ရှိလက်ရှိ လွင့်ထုတ်မလို့...

♥ မိုးဇက်ဒီမွန်း ♥

Phzilla Proxy Add-On ...



                     သူကလဲ ကျွန်တော်တို့ Proxy Website တွေမသုံးချင်လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ့်အတွက် 
အသုံးဝင်တဲ့ ဆိုက်တွေကိုကျော်ကြည့်ချင်တဲ့ သူတွေအတွက်ပါ။ ပိတ်နေတယ် (Access Denied) လောက်

တော့သနားတာပေါ့။  IP Block ထားရင်တောင် အိနြေ္ဒရရလေးနဲ့ ကျော်ကြည့်လိုက်မယ်ဗျာ။ ပိုတယ်ထင်

ရင်တော့ ကိုယ်တိုင်သာစမ်းသုံကြည့်လိုက်ပါ။ အသုံးပြုရတာလဲ ဘာလွယ်သလဲ မမေးနဲ့ ပိတ်နေတဲ့ ဆိုဒ်

(Website) ကိုတွေ့ရင် P ဆိုတဲ့ပုံလေးကိုသာကလစ်လိုက် ပြီးရင် 


Zawgyi ပြဿနာ ဖြေရှင်းနည်း ...



             Cbox ကနေ ကိုထက်ပိုင် မေးထားတဲ့ ပြဿနာလေးကို ကျွန်တော် သိသလောက်လေးကို
စဉ်းစားပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းလေး ရေးပြီးဖြေရှင်းပေးလိုက်ပါတယ်။ အခြားသောသူတွေလဲ
ဒီလို ပြဿနာဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းနိုင်အောင်လို့ Post အနေနဲ့ ရေးပြီးတင်ပေးလိုက်တာပါ။
 ကျွန်တော်ပုံမှာ ပြထားတဲ့နေရာမှာ keyboard လေးပါပျောက်နေတယ်လို့ ဆိုတဲ့အတွက် ကျွန်တော်
ဒီနည်းလေးနဲ့ ဖြေရှင်းပေးတာပါ။ အရင်ဆုံး Control Panel ကို သွားပါမယ်။ Beginner တွေအတွက်
Control Panel ကို သွားဖို့ အခြေခံကအစ ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ်။ ပိုတယ်လိုတော့ မထင်ပါ
ပါနဲ့ဗျာ။ တကယ်ကို ဘာမှမသိသေးသူတွေအတွက်ကျတော့ ဘယ်အရာပဲဖြစ်ဖြစ် တော်တော်လေး
ခက်ခဲပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြတော့မှ  အော်...ဒီလိုပါ့လားလို့  နားလည်နိုင်မှာမို့ပါ။ လိုအပ်ရင်
တော့ အောက်မှာ ဆက်ကြည့်လိုက်ပါ......


                                                            ပုံ (၁)

 Control Panel ကိုရောက်ရင် Region and Language ဆိုတာကို Click လိုက်ပါ....

နန်းခင်ဇေယျာ..၊ယမုံမိုး..၊O Bama...၊ အခုအလှည့်ကျသူကတော့...သရုပ်ဆောင်" သတ္တိ"....




မကြာသေးခင်က ကျနော်တို့တစ်တွေ Miss Myanmar နန်းခင်ဇေယျာ အတွက် Vote ပြီးကြပြီ..။
ပြီးတော့.. ယမုံမိုး..။
လောလောလတ်လတ် O Bama...။

အခုတစ်ခါ Vote ဖို့ အလှည့်ကျလာသူကတော့ မြဝတီ Documentry မှ စီစဉ်ကျင်းပသော People Choice Award ဆုအတွက် မြန်မာဇာတ်လမ်းတိုအများအပြား ဝင်ရောက်ယှဉ်ပြိုင်ထားကြပါတယ်။

အဲဒီဇာတ်လမ်းများထဲမှ 'ဒါရိုက်တာ၊သရုပ်ဆောင်“ သတ္တိ ”ပါဝင်သရုပ်ဆောင်ထားသော “ဝိဥာဉ်ရေးတဲ့ ဒိုင်ယာယီ”ဆိုတဲ့ ဇာတ်လမ်းလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒါရိုက်တာ အမည်ကိုတော့“စွဲလန်းနေ”လို့ပေးထားပါတယ်။

Tuesday, 6 November 2012

ထူးထူးခြားခြားကြော်ငြာတစ်ခု ရိုက်ကူးနေတဲ့ဝတ်မှုံရွှေရည်...



ဝတ်မှုံရွှေရည်က သူရိယနဲ့အတူ စိန် ဘယက်အပူငြိမ်းဆေးကြော်ငြာကို ရိုက်ကူးခဲ့ ပါတယ်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရိုက် ကူးပေး တာဖြစ် ပါ တယ်။  ဒီကြော်ငြာရဲ့သီချင်း ကိုတော့ အခုလတ် တလောမှာ တအား ခေတ်စား နေတဲ့ အိုပါ ဂန်းနမ်း စတိုင်သီချင်းလေးသုံးပြီး ရိုက်ကူးနေ တာ တွေ့ရ ပါ တယ်။
“ကြော်ငြာသီချင်းအနေနဲ့က  ‘အိုပါဂန်းနမ်းစတိုင်’ သီချင်းက တအားခေတ်စားနေတော့ ဒါရိုက် တာက ဒီသီချင်းလေး သုံးထားတာ။ နည်း နည်းလေး က ပေးပါ လားဆိုတာနဲ့ မင်းသားကတော့ အများကြီးကရ

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်...


ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
 ယခုအခါ ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် ဗီဇာသည် ဗီဇာငွေထုတ်ကတ်များကို မြန်မာနိုင်ငံ၌ တရားဝင်လက်ခံ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့် နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ

မြန်မာအလုပ်သမားများ လူမှုဖူလုံရေးနှင့် ကျန်းမာရေး ခံစားခွင့်မရသူ များပြား...


ထိုင်းနိုင်ငံရောက် တရားဝင် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေဟာ ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေး ရမယ်လို့ စည်းမျဉ်း သတ်မှတ်ချက် ရှိပေမယ့် လူမှုဖူလုံရေးနဲ့ ကျန်းမာရေး ခံစားခွင့်တွေ မရသူ များနေပါတယ်။

စစ်တမ်းအရ တရားဝင်ရွှေ့ပြောင်း အလုပ်သမား ၁၃ ဦးမှာ တဦးနှုန်းပဲ ကျန်းမာရေး ခံစားခွင့်တွေ ရတယ်လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

တွေးတွေးပြီးရယ်...၂



(၁)"ရဲဘော်တို့ အားလုံးသတိ"
ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။

"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်"


"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"



(၂)
မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစ္ဆာန်ဆရာဝန်ကို ပင့်လာတယ်။


ဆရာဝန် "ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ"

ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။ ပြီးမှ မရဲသရဲပြောလိုက်တယ်။

တွေးတွေးပြီးရယ်...



(၁)
စိတ်မနှံ့သူ (ယောက်ျား).... နင့်ကို ငါပြောစရာရှိတယ်။
စိတ်မနှံ့သူ (မိန်းမ)...... ဘာလဲ! ပြောလေ..
စိတ်မနှံ့သူ (ယောက်ျား).... (နား,နားကပ်ပြီး) နင်လျှောက်မပြောရဘူးနော်... ငါက ကွမ်ရင်မယ်တော်ရဲ့သား.

စိတ်မနှံ့သူ (မိန်းမ)..... ဟာ နင်လျှောက်မပြောနဲ့.. ငါ ဘယ်တုန်းက နင့်လိုသားမျိုးမွေးခဲ့လို့လဲ?

(၂)
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။

မောင်...

အိပ်မပျော်ရက်ည အတူဖြတ်သန်း
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့

"တအားချစ်တယ် မခွဲနိုင်ဘူးကွယ်"
မောင့်အသံတွေ အနမ်းတွေကြား
ရင်ခုန်စွာ ကြည်နူးဖူးခဲ့

ဂီတာအိုတီး တေးသီချော့တဲ့
ဖုန်းတစ်ဖက်က မောင်အသံကြား
မျက်ရည်ဝဲရင်း သာယာဖူးခဲ့

ထာဝရမဝေး စိတ်ကူးအတွေးနဲ့
တွေ့ဆုံချိန်ကို လက်ချိုးရေရင်း
မောင့်ကို တမ်းတလွမ်းဆွတ်ဖူးခဲ့


နိုင်းနိုင်းစနေ

အလွမ်းနင်သွားတဲ့ ဧဝ...



ဧဝကိုက်ခဲ့တဲ့ ပန်းသီးတစ်ကိုက်ကို
"အချစ်"လို့ဆိုခဲ့ကြရင်
ငါ့အတွက် မင်းပေးခဲ့တဲ့ ပန်းသီးတစ်လုံးကို
ဘယ်လိုတင်စားရမလဲ ကောင်လေးရယ်....

တစ်ကိုက်ဆိုရင် အချစ်၊ နှစ်ကိုက်ဆိုရင် မေတ္တာ
သုံးကိုက်ဆိုရင် အကြင်နာ၊ လေးကိုက်ဆိုရင် ထာဝရ
.......၊ .........၊ ..... လို့ မှတ်ယူခဲ့တဲ့ငါ
အခုတော့......
အလွမ်းအရိုးတွေ
နှလုံးသားမှာ နင်နေခဲ့ပေါ့ကွယ်.........




နိုင်းနိုင်းစနေ

ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ လာရောက်မည့် အနုပညာရှင်များအား အတည်ပြုလိုက်ပြီ ...



နိုဝင်ဘာလ အတွင်း ကျင်းပ ပြုလုပ်မယ့် ကိုရီးယား ရုပ်ရှင် ပွဲတော်မှာ နာမည်ကြီး ကိုရီးယား အနုပညာရှင် ၂ ဦးဖြစ်တဲ့ Chae Jung-An နဲ့ Mr Choung
Kyung-ho တို့ နှစ်ဦးကို ဖိတ်ခေါ် ထားပြီး လာရောက်ဖို့ အတွက် အတည်ပြုပြီး ဖြစ်တယ်လို့ ကိုရီးယား သံရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အနုပညာရှင် မစ္စတာ ချောင်ကောင်ဟိုဟာ I am Sorry, I love you, Time of Dog and wolf အစရှိတဲ့ ဒရမ်မာ ဇာတ်ကားတွေမှာ သရုပ်ဆောင် ထားပြီး မစ္စ ချဲဂျောင်အန်း ကတော့ Coffee Prince No.1 ဒရမ်မာ ဇာတ်ကားမှာ သရုပ်ဆောင် ထားဖူးတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

အဆိုပါ ကိုရီးယား ရုပ်ရှင် ပွဲတော် ကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၂ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ

သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား ရက်သတ္တပတ် အဖြစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ MCC ခန်းမ အတွင်း ကိုရီးယား မော်ဒယ်ပြိုင်ပွဲနဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ကနေ ၁၃ ရက်ထိ ဆဋ္ဌမ အကြိမ်မြောက် ကိုရီးယား သံအမတ်ကြီး ဖလား တိုက်ကွမ်ဒို ပြိုင်ပွဲကို သုဝဏ္ဏ အားကစား ကွင်းမှာ ပြုလုပ်ဖို့ ရှိတာ ဖြစ်ပါတယ်။ ထပ်မံပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ မှာတော့ ဒဿမ အကြိမ်မြောက် ကိုရီးယား စကားပြော ပြိုင်ပွဲကို Traders ဟိုတယ်မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကိုရီးယား ရက်သတ္တပတ် အဖြစ် ကိုရီးယား အနုပညာရှင် တွေကို ဖိတ်ခေါ်ကာ ကိုရီးယား ရုပ်ရှင်ပွဲတော် ပြသမှုမှာ Highway Star ၊ Bunt ၊ Fly Penguin ၊ Late Blossom အစရှိတဲ့ ဇာတ်ကား ၄ ကားကို တစ်နေ့ ၃ ကြိမ်ပြသ သွားမှာ ဖြစ်ပါတယ်။ အခုလို ပြသမယ့် ရုပ်ရှင် ပွဲတော် အတွက် လက်မှတ်များ ကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့က စတင် ထုတ်ပေးနေပြီ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ အထိ လာရောက် ထုတ်ယူ သူတိုင်းကို တစ်ဦး အတွက် လက်မှတ် ၂ စောင်နှုန်းနဲ့ ထုတ်ပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။



ဦးဇော်(သိသမျှ)

Connectify Pro 3.1.0 - ဖုန်းနဲ့ တခြား ကွန်ပျူတာတွေ အတွက် Wifi ပြန်ထုတ်သုံးရအောင် ...



ဒီကောင်လေးကို တော်တော်များများ သိပြီးသားဖြစ်မှာပါ.. ကျနော်တို့ ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ တခြားကွန်ပျူတာကနေပဲ ဖြစ်ဖြစ် အင်တာနက် ပြန်ယူသုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ Connectify Pro လေးပါ..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် မဟုတ်သေးပါဘူး..။ လောလောဆယ် စမ်းသုံးရင်း အဆင်ပြေတာလေးကို အရင်တင်ပေးလိုက်တာပါ..။ နောက်ပိုင်း နောက်ဆုံးထွက်လေး ထပ်ရလာရင် တင်ပေးပါအုန်းမယ်..။ အခုဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ IDM 6.12 Built 3 ပိုစ့်မှာ ပြန်ကြည့်ပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ ဒီထဲမှာ ပါတဲ့ Patch နဲ့လုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါဗျာ.. အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..

TeamViewer Enterprise 7.0.14563 - မိသားစု၊ သူငယ်ချင်းတို့ရဲ့ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးရအောင် ....



ဒီကောင်လေးကို ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့ အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့ ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။

Monday, 5 November 2012

ပျောက်သွားတဲ့ Gmail ထဲက စာတွေပြန်လိုချင်တယ်ဆို စမ်းလိုက်နော်...


လုပ်နည်းလေးက လွယ်ပါတယ်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ



(1)(နောက်ပြီးတော့ setting ကို သွားပါ.....
(2) account and Import tab ထဲကို ၀င်လိုက်ပါ......
(3) add POP3 email account button ကို click လိုက်ပါ....
(4) ပြီးတာနဲ gmail အဟောင်ရဲ့ mail add ကိုထည့်လိုက်ပါ ....
(5) Next step ကို ကလစ်နှိပ်လိုက်ပါနော် ....
(6) Gmail အဟောင်းက password အဟောင်းကို ထည့်ပြီး Label Incoming massage box ရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ........


တွေးတွေးပြီး ရယ်...


 
(၁)
လူနာ "ဆရာ.. ကျွန်တော် ဘာရောဂါဖြစ်နေတာလဲ .. ကျေးဇူးပြုပြီး ပြောပြပါ"
ဆရာဝန် "ခင်ဗျားရဲ့ရောဂါက ပေါင်းစုံနေတယ်ဗျာ။ စကားလုံးတစ်ခုထဲနဲ့ နာမည်တပ်ရဖို့ ခက်နေတယ်" 
လူနာ "အမှန်အတိုင်းပြောပါဆရာ.. ရပါတယ်"
ဆရာဝန် "ခုလောလောဆယ်တော့ ရောဂါအမည်တပ်ရဖို့ ခက်နေတယ်။ ဒါပေမဲ့ စိတ်ချပါ။ ခင်ဗျား သေသွားတဲ့အခါ ရင်ခွဲကြည့်ပြီး ရောဂါအမှန်ကို ကျွန်တော်ရှာလိုက်ပါမယ်"

(၂)
တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်
ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေနဲ့ ခွန်အားဖြည့်နေတာပေါ့"
ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"
တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"

မာနနှင့်တူ...


  တစ်ခါတလေ
  
ဝမ်းနည်းမူ့တွေကိုမျိုသိပ်ပြီး
 

အံကြိတ်ပြုံးလိုက်ရတာလည်း
 

တကယ်အရသာရှိတယ်..
 

အရာအားလုံးနဲ့တွေ့ဆုံခြင်းအတွက်လည်း
 

ဝမ်းမသာတော့ဘူးကွယ်။
 

နူတ်ဆတ်လမ်းခွဲကျောခိုင်းခြင်း

အားလုံးအတွက်လည်း
 

ငါဝမ်းမနည်းတော့ဘူး...။
 

ဖြစ်နိုင်ရင်..ငါ့အမုန်းမီးတွေနဲ့
 

ဟောဒီကမ္ဘာတစ်ခုလုံး မီးဟုန်းဟုန်းနဲ့
 

တောက်လောင်ကျွမ်းပစ်လိုက်ချင်တာ။
 

အချစ်ကငါ့တံခါးကိုခေါက်ဝင်လာတယ်...
 

သူနဲ့အတူဝင်လာတဲ့လေသရမ်းကြောင့်
 

ဘဝရဲ့အဓိပ္ပာယ်တစ်ချို့
 

ပြတင်းပေါက်ကနေ လွှင့်စင်ဝဲပါသွားတယ်..။

အပြင်ကမ္ဘာမှာလေလွင့်

 

နွေမှာ ကြွေသွားတဲ့
 

ငါဟာ နွေရွှက်ကြွေလိုပါပဲ..။
 

လောင်မြှိတ်ခြင်းရဲ့ အဆုံးသက်
 

ငါသာ ပြာကျခဲ့တယ်...
 

ဘယ်လောက် ..
 

ရင်နာဖို့ကောင်းလိုက်သလဲ...။
မောင်သစ္စာ

Control panel ဖျောက်နည်း...



ဒီတစ်ခါ Control Panel ဖျောက်နည်းလေးပြောပြချင်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  အကြောင်းအမျိုးမျိုးကြောင့် ဖျောက်ချင်တယ်ဆိုပါဆို့။  ဥပမာ- မိမိစက်ထဲက  Program တွေကို သူများ  မဖျတ်နိုင်အောင် ၊ တစ်ခုခုကိုပြင်လို့မရအောင်ပေါ့။
အဆင့်(၁) အရင်ဆုံး run box မှာ  gpedit.msc လို့ရိုက်ပါ။

အဆင့်(၂) Local Group Policy Editor  box အကြီးကြီးပေါ်လာပြီဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် သွားပါ။ User Configuration >>Administrator Templates >> Control Panel ထိ ရောက်အောင်သွားပါ။

Sunday, 4 November 2012

တနေ့နေ့ တချိန်ချိန်...

မိုင်ထောင်ချီဝေးနေတဲ့ ငါတို့  နှစ်ယောက်..

တစ်နေ့ နေ့  တစ်ချိန် ချိန် ဆိုတာ


ကိုယ်.... မျှော်လင့် ရင်းနဲ့ 


မနက်ဖြန်ပေါင်းများစွာကို ကျော်ဖြတ် နေရတာ...

ပင်ပန်းလွန်းလှပါပြီချစ်သူရယ်...

နှစ်ယောက် တစ် စိတ် ကြောင့်သာ...

ခံနိုင်ရည်ရှိနေခဲ့တာပါ...

အချစ်ဆိုတာ ...နေရာတွေဘယ်လောက်ဝေးဝေး...

အချိန်တွေဘယ်လောက်ကြာကြာ...

တစ်ကယ်ချစ်နေဖို့  ဘဲ လို ပါတယ်...

ငါတို့ နှစ်ယောက် .. ကိုယ် .. အချစ် က ..

စမ်းသပ်နေတယ်လို့  သာ..သဘောထားလိုက်ပါ..

နောက်ဆုံး နေရာတွေ၊ အချိန် တွေ ..ဆိုတာ

ငါတို့ နှစ်ယောက်လုံးကို အရှုံ့းပေးသွားပါလိမ့်မယ်.....

ငါတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကိုဦးညွတ်လို့  ...ပေါ့...
 
 
facebook မှကူးယူသည်
 

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်...

  
ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..

ကျော်သူ့အရေခွံထဲမှ ကျော်သူ...




တချိန်က..လဲ ကျော်သူ 
ယခု...လဲ ကျော်သူ
သူ့ရဲ့ အရေခွံတွေ လဲလိုက်တာတောင်မှ
သူ့နာမည်က ပြည်သူတွေကြား ရေပန်းစားလေရဲ့။

သူ့ရဲ့ စီးဆင်းမှုက ရေအသွင်လိုပါပဲ
ဘယ်နေရာကပဲပိတ်ပိတ်
စီးမြဲစီးဆဲ.....။
ဘယ်လောက်ပင် ဖြတ်တောက်
ပြတ်တောက်သွားတယ်လို့ မရှိဘူး
စီးမြဲစီးဆဲ.....။
ဘယ်တံတိုင်းတွေပဲကာထား ကာထား
ရပ်တန့်မသွားဘူး
စီးမြဲစီးဆဲ....။

သူ့လုပ်ရပ်တွေက
အလင်းရောင်လိုပဲ
ကိုယ်တိုင်တောက်ပနေဖို့ထက်
အလင်းမျှဝေဖို့သာ ကြိုးစားနေတယ်။

အတ္တ မာန ခဝါချလို့
အတိတ်မှာ ဖြစ်ခဲ့တဲ့ ငါလဲမရှိတော့ဘူး
အနာဂတ်မှာ ဖြစ်မဲ့ ငါလဲ မသိချင်ဘူး
ပစ္စုပ္ပန်တည့်တည့်က ငါ.....
ဘာတွေကို တပါးသူ...အတွက် လုပ်ပေးရမလဲ
ဘာတွေကို တပါးသူ...အတွက် ကူရမလဲ
ဒါတွေကိုပဲ သူခေါင်းထဲမှာ အစီအစဉ်အလိုက်
ဝါးမျိုချရင်းနဲ့ပဲ
အတ္တမဲ့ ပရဟိတတွေကိုပဲ
အစိမ်းလိုက် ဝါးမြိုနေလေရဲ့။

သေခါနီးလေ ဝေဒနာတွေပေါ်မှပဲ
သူ့နာမည်ခေါ် ကူညီဖို့တောင်းခံနေသူတွေက အများကြီး။
ကျော်သူ..ကျော်သူနဲ့ သူ့နာမည်က
တချိန်က ရုပ်ရှင်မင်းသား
ယခုတော့ သုဘရာဇာတဖြစ်လဲ
သူ့လုပ်ရပ်က မြင့်မြတ်နေတော့လဲ
အာဏာထောင်လွှား ဖောက်ပြားနေကြသူတွေတောင်
အချိန်တန်.... ယမမင်းဆီမရောက်သေးမှီ
သူဆီကိုတော့ အလုပ်အပ်ကြရစမြဲပဲလေ။

ချမ်းဧအိမ်

နိုဝင်ဘာမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်ဟု ချမ်းမီမီကို ပြော...


 ဒါရိုက်တာဇော်မျိုးရိုက်ကူးနေတဲ့ ‘ချစ် တတ်အောင်ချစ်’ဇာတ်ကားမှာ ချမ်းမီမီကို က ကျော်ရဲအောင်၊ဖူးဖူးတို့နဲ့အတူပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား ထဲမှာ ချမ်းမီမီကိုက ယောက်ျားတွေကို အထင်မကြီးတဲ့ မိန်းကလေးတစ်ယောက် နေရာကနေပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားလေး ဖြစ် တယ်လို့ သိရပါတယ်။ ချမ်းမီမီကိုက ကိုယ်လုပ်တဲ့ အနုပညာအလုပ်မှာ အနုပညာနဲ့ ပတ်သက်ပြီး မှတ်တိုင်တစ်ခုအဖြစ်လည်း ကျန်ခဲ့ချင်တယ်လို့ ပြောပါတယ်။
“ဘယ်သူမဆို ကိုယ့်အလုပ်တစ်ခုမှာ အမြဲတမ်းမှတ်တိုင်တစ်ခုအဖြစ်လည်း ကျန် ရစ်ချင်ကြတယ်။ ဘယ်သူမဆိုအောင်မြင် ချင်ကြတာချည်းပဲလေ။ ချမ်းမီလည်း အဲဒီ လိုမျိုးအောင်မြင်ချင်တယ်။ အနုပညာ အလုပ် မှာလည်း မှတ်တိုင်တစ်ခု ကျန်ခဲ့အောင်ကိုယ့်ဘက်က အမြဲတမ်းကြိုးစားနေ ပါတယ်”လို့ ပြောပါတယ်။ အနုပညာလောက မှာ စိတ်ညစ် စရာတွေ ကြုံလာပေမယ့်လည်း ရှေ့ ဆက်ဖို့ အတွက် စိတ်တွန်းအားက ပရိသတ် အားပေး နေဖို့ပါပဲလို့ပြောတဲ့ ချမ်းမီမီကိုက..”အဓိကက ပရိသတ်အားေ ပးမှုက ကိုယ့် အတွက် အားဖြစ်စေတယ်။ အခုလိုမျိုးကိုယ် ရပ်တည်ဖို့ဆိုတာကလည်း ပရိသတ်ကြောင့်ပဲ ဖြစ်လာတယ်။ ပရိသတ်က အားပေးလို့လည်း ချမ်းမီမီကိုဆို တာ ဖြစ်လာတာ ပဲ။

ယောက်ျားလေး အဆိုရှင် ၁၄ဦးနဲ့ စုံတွဲအခွေထွက်မယ့် ၀ိုင်းစုခိုင်သိန်း...


 
ဝိုင်းစုခိုင်သိန်းက “မျက်လှည့်” ဗီစီဒီအခွေထွက်ရှိတဲ့ အနေနဲ့ ဘားအံ၊ နေပြည်တော်၊ မိတ္ထီ လာ၊ မန္တလေး၊ မုံရွာ၊ မကွေးမြို့ တွေကိုသွားရောက်ကာ ပရိသတ်တွေကို လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ နယ်ပရိသတ်တွေကလည်း သူ့ရဲ့ဗီစီဒီခွေကို တအား အားပေးခဲ့ကြောင်းကို ဝိုင်းစုခိုင်သိန်းက “ပရိသတ်တွေ တော်တော် အားပေးကြ တယ်။ ဘားအံကို အခွေကြို ပို့ထားပြီးသား။ နောက်ထပ်လည်း ထပ်ယူသွားတဲ့ အခွေတွေလည်း အားလုံးကုန်သွား တယ်။ ပျဉ်းမနားမှာလည်း အားပေးကြတယ်။ ပျဉ်းမ နား မှာ တော်ရုံ တန်ရုံ လက်မှတ် သိပ်မထိုးကြတော့  တချို့တွေက မယုံကြဘူး။ ပထမ အခွေတုန်းက ပျဉ်းမနားမှာ သွားဖြန့်တယ်။ ဝိုင်းစုကိုယ်တိုင်ရောက်နေတယ်။ ဒါပေမဲ့ လက်မှတ် မထိုးလိုက်ရဘူး။