Saturday, 5 January 2013
...လွမ်း...
လွမ်းရေ……
လွမ်းလိုက်တာ…
          မာယာတွေဝေနေအောင်
          ပန်ထားတဲ့အပြုံးနဲ့ နင်
          ပြန်လာမယ် ပုံပြောခဲ့တဲ့လမ်းလေး
          ပင်လယ်နှုတ်ခမ်းဘေးက မြို့လေးမှာ
          ငါ ကြွေနေတုန်းပဲလေ……
လွမ်းရေ……
နွမ်းလိုက်တာ……
          ကုန်ကြမ်းတစ်ပုဒ်အတွက်
          ပေးဆပ်လိုက်ရတာ နှလုံးသားတစ်ခုလုံး
          အပြာရောင်စက္ကူထောင့်စွန်းက
          မျက်ရည်တစ်ကွက်
          ဒါ ငါ့ကဗျာရဲ့ နက်ရှိုင်းမှု ရှိုက်သံလေ……
လွမ်းရေ……
မောလိုက်တာ……
          ပဲ့ကြွေသံမဲ့ နှလုံးသားအကြေနဲ့
          ဖွဲ့သီထားတဲ့ အလွမ်းတေး
          ဟိုး…အဝေးက ငါ……
          တိတ်တိတ်လေး ဆိုနေမယ်လေ……
လွမ်းရေ……
ခက်လိုက်တာ……
          သွေးချင်းချင်းနီခဲ့တဲ့
          အတိတ်တွေကို ခုတ်လှဲဖို့
          တခုတ်တရအနမ်းတွေကို
          မေ့ပစ်ရမယ်……သတိရတိုင်း
          ပွင့်တတ်တဲ့ မျက်ရည်စတွေကို
          သုတ်ပစ်ရဦးမယ်လေ……
                                ♥ မိုးဇက်ဒီမွန်း ♥
“အလွမ်းရင့်ရင့် နတ်ဆိုးရဲ့ စောင်းကြိုးပြတ်ရစ်သမ်”...
ငါ့နာမည် “မိုးဇက်”တဲ့
ကမ္ဘာကျော် ဂီတပညာရှင်မဟုတ်
မိုးကိုဇက်ကြိုးတပ်သူလည်းမဟုတ်
လူတွေထဲက လူ
ကိုယ့်မျက်ရည်နဲ့ကို မိုးမိနေတဲ့သူ...
ငါဟာ “ဒီမွန်း”
ကဖျက်ကယက်တော့မလုပ် အပျက်ပျက်နဲ့သွေးထွက်
ဒဏ်ရာဒဏ်ချက်တွေသိပ်ပေါတဲ့ နတ်ဆိုးပေါ့...
ငါ့အခန်းထဲကြည့်စမ်း
အစိမ်းရင့်ရောင် မျက်နှာကျက်အောက်မှာ
တွန့်ကြေနေတဲ့ အသဲအပိုင်းအစတွေ
အစအဆုံးမရှိတဲ့ ဖွာလန်ကြဲကဗျာတွေ
ပန်းနုရောင်အတိတ်ကို ထုပ်သိမ်းထားတဲ့
ဒိုင်ယာရီနွမ်းနွမ်းတွေနဲ့ လွမ်းငွေ့ငွေ့ရစ်သိုင်း
စိုထိုင်းနေတုန်းပဲ...
ငါရေးခဲ့တဲ့ ကဗျာတစ်ပွင့်က
ဓါးတစ်လက်လို ထက်ရှခဲ့ရင်တော့
ခွင့်လွှတ်...ကောင်မလေး
နင်ပေးတဲ့ဒဏ်ရာတွေ
စာရွက်ပေါ် ကြဲပက်ရုံလေးသက်သက်ပါ
အမုန်းတဲ့လား....စိုးစဉ်းမှမပွင့်ခဲ့ပါဘူးကွာ
ငါဟာ နင့်အတွက်
အချစ်တစ်ခုသာပွင့်တဲ့ “သီးသန့်သစ်ပင်”ပါ
နင့်အပြုံးတစ်ချက်နဲ့တင်
ပန်းတွေ ပင်လုံးညွှတ်နေခဲ့တာပါ
နင်ချိုးဖျက်ခဲ့တဲ့ အကိုင်းအလက်တွေမှာတောင်
ငါ့အချစ်တွေ ပါခဲ့သေးတယ် သွေးစက်လက်နဲ့လေ...
နင်ခုတ်ထစ်တဲ့နေ့ရက်တွေမှာ လည်စင်းရင်း
ငါ့ဘ၀ရစ်သမ်တွေ စောင်းကြိုးပြတ်ခဲ့ရတာပါ....
ငါ  ရှုံးခဲ့ပါတယ်....ငါ  မမုန်းခဲ့ပါဘူး....ကောင်မလေး...
ငါ့ ရင်မှာရွာတဲ့မိုးကို စာရွက်ပေါ်ရွာချရုံလေး
ကဗျာရေးခဲ့တာပါကွာ.....။       ။
♥ မိုးဇက်ဒီမွန်း ♥
ဝိုင်နီ ဝိုင်ဖြူ....
လင်မယားနှစ်ယောက် အိမ်ထောင်သက်နှစ်(၃ဝ)ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမကို လေသံအေးအေးနဲ့ "မိန်းမရေ... ငါတို့လက်ထပ်ခဲ့တာ နှစ်(၃ဝ)ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။ ဒါကြောင့် နောက်တစ်ပတ်ကစပြီး နင့်ကိုရာထူးတိုးပေးမယ်" လို့ပြောတယ်။
ယောက်ျားရဲ့အပြောကိုကြားတော့ မိန်းမက ဝမ်းသာအားရနဲ့ "ဘာရာထူးတိုးပေးမလို့လဲ?" မေးတယ်။
"အင်း.... နောက်တစ်ပတ် ငါမယားငယ်ယူမလို့၊ အဲတာ နင့်ကို မယားကြီးရာထူးပေးမယ်" ဆိုပြီး ရက်မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။
တွေးတွေးပြီးရယ်....
(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။
ပထမရဲ ။။။။။ ဟာ...တော်တော်ဖြစ်သွားတာပဲ။
ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။
ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်
ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃...အင်း.. ခေါင်းတည့်သွားပြီ။
ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး။
ပုံလေးတွေကို ဘောင်လေးတွေထဲမှာထည့်ရအောင် ...
သူငယ်ချင်းတို့ရဲ့ပုံတွေကို ဒီဇိုင်းစုံပြီးလှတဲ့ဘောင်လေးတွေထဲမှာ ထည့်ကြည့်ရအောင်နော်...
ဒီ Photoshop လေးအသစ်ထွက်လာလို့တင်ပေးလိုက်တာပါ .. စိတ်ဝင်စားမယ်ဆိုရင် ယူထားလိုက်နော်...
အရင်ဆုံး ဒီနေရာလေး
ကိုသွားလိုက်ပါ... အောက်မှာရှင်းပြထားတဲ့အတိုင်း လုပ်ကြည့်ရုံပါပဲနော်....
Thursday, 3 January 2013
မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း ...
12 Sep 12, 08:03 PM
ဝေယံလင်း: အကိုေ၇ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစ၇ာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘယ်လို Install ဆွဲထည့်ရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ ဒီနည်းနဲ့ Install ဆွဲထည့်ပြီးသွားရင်တော့ Photoshop တို့လို၊ Page Maker တို့လို ဆော့ဖ်ဝဲလ်အကြီးကြီးတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါလိမ့်မယ်.. စာရိုက်တဲ့ လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ.. ဒီမြန်မာဖေါင့်အလှလေးတွေထဲမှာ မောင်စေတနာဆိုဒ်က ဖေါင့်တွေနဲ့ ကျနော့်ဆရာပေးထားတဲ့ ဖေါင့်အလှလေးတွေကို စုပေါင်းပြီး ထည့်ပေးထားပါတယ်..။ အားလုံးပေါင်း 3.5 MB ရှိပါတယ်..။ ဒီလိုမြန်မာစာလုံးအလှလေးတွေကို လူတိုင်းလိုလိုရှိထားသင့်ပါတယ်..။ စီပွါးရေး လုပ်တဲ့သူပဲဖြစ်ဖြစ်၊ လူမှုရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာ ကိုင်တတ်၊သုံးတတ်ပြီဆို ဒီလိုဖေါင့်အလှလေးတွေကို စုဆောင်းထားရမှာပါ..။ လိုချင်တဲ့အချိန်မှ လိုက်ရှာရင် မရ ဖြစ်တတ်ပါတယ်..။ ဒီဖေါင့်လေးတွေကို ဒေါင်းယူပြီး၊ ဘယ်လို Install ဆွဲထည့်လဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..
အဆိပ်သင့် နှလုံးသား....
မရေရာတဲ့  မနက်ဖြန်ကိုစောင့်မျှော်ရင်း
မျှော်လင့်ချက်တွေ  ဝေဝါးကုန်တယ်
မပြည့်နိုင်တဲ့ ဆုကိုပဲ ဘုရားမှာ
အကြိမ်ကြိမ်တောင်းနေမိတယ်
ချစ်သူနဲ့  အမြန်ဆုံးဆုံဆည်းရပါလို့ ၏ ဆိုတာကိုပေါ့
ပုံသေသတ်မှတ်လို့  မရတဲ့ အချစ်ကို
တထစ်ချယုံကြည်ရင်း ရင်ဘက်ကြီနဲ့  ချစ်ခဲ့ မိတယ်
အယုံလွယ်သူပဲ ပြောမလား
ပုံပြင်ကြိုက်သူပဲ ပြောမလား
မမြင်ရပဲ ရင်နဲ့ ရင်းပြီး ချစ်မိလိုက်တယ်
မင်းရင်ခွင်မှာ  အချစ်ဆူးစူးလို့  ငိုနေရသလား
ငါ့ရင်ခွင်မှာ မင်းစိုက်ခဲ့ တဲ့  ချစ်အဆိပ်ပင်
အကိုင်းအခတ်လက်တွေ ဝေဆာ အသဲနံရံတွေ လိုက်စားလို့ 
သွေးရည်ကျဲကျဲ ရင်ထဲမှာ စီးကျနေရင်း
ငါ့နှလုံးသား အဆိပ်သင့်ခဲ့ တာနင်မြင်နိုင်မလား ချစ်သူ
မငိုခဲ့ ပါဘူး နင်စိတ်မကောင်းမှာ ဆိုးလို့ 
လမ်းခွဲစကား တစ်လုံး ကြားမိလိုက်တိုင်း
ငါ့ရင်ထဲကမ္ဘပျက်သလို  ဆို့ နှစ်ကြေကွဲ ရင်ကွဲမတတ်ပေါ့
မကြားချင်တယ်တဲ့ ဒီစကားနားထဲချော်ရည် လောင်းသလို
အချစ်စိတ်တွေ ပေါက်ကွဲ  နောက်ဆက်တွဲဖြစ်ရက်တိုင်းက
မမြင်ရတဲ့  အချစ်ကို ငါဘယ်တော့မှ မချစ်မိအောင်ကြိုစားပါတော့မယ့်
ဟိုး..........တနယ်တကျေးက မမြင်ရတဲ့  ချစ်သူရယ်...
Google Chrome မှာမြန်မာစာ ဖတ်လို့ မရတဲ့ ပြဿနာ ဖြေရှင်းနည်းများ ...
ကျွန်တော် မိတ်ဆွေ တစ်ယောက်က Gooogle Chrome မှာ မြန်မာစာဖတ်လို့ မရလို့ ကူညီပေးပါဆို လို့  ကျွန်တော် မသိသေးတဲ့ မိတ်ဆွေများအားလုံးအတွက်ပါ  ရည်ရွယ်ပြီး အဆင်ပြေပြေနဲ့  လွယ်ကူမယ့် နည်းလမ်း လေးတွေ တင်ပြပေးလိုက်ပါတယ် ...
ပြုလုပ်နည်း ( ၁ )
Google chrome ကိုဖွင့်လိုက်ပါ  ပြီးရင် >> Settings >>> Show advanced settings...>>>  Costomize fonts.. >>> Fonts and encoding အောက်မှာရှိတဲ့ font တွေအကုန်လုံးကို Zawgyi-One ကိုပြောင်းပေးလိုက်ပါ ပြီးရင် >>> Encoding အောက်က အကွက်ထဲမှာ  Unicode ( UTF-8 ) ကိုပြောင်းပေးလိုက်ပါ ပြီးရင် OK လုပ်ပေးလိုက်ပါ  ကျွန်တော်အောက်မှာ ပုံနဲ့ ပြထားပါတယ်...
***လွမ်းလို့နေမှာပေါ့***
ဟိုး.....အရင်ကပေါ့ဗမာနဲ့ပလောင်နဲ့
ကြက်တိုက်ကြမယ်လို့ချိန်းကြတာပေါ့
အဲတော့ဗမာကဥာဏ်များတယ်ဆိုတော့
တဇပြင်ကလင်းတကြီးကို
ဖမ်းထားတာပေါ့
ပလောင်ရောက်လာတော့
ကြက်ချင်းတိုက်ကြတာပေါ့
စဉ်းစားကြည့်ပါဦး
ကြက်နဲ့လင်းတနဲ့တိုက်မှတော့
ကြက်ဘယ်လိုနိုင်မှာလဲ
ဒီတော့ပလောင်က
"ဗမာနင့်ကြက်ကြီးငါ့ကိုရောင်းပါ့လား"တဲ့
ဗမာကလည်း"ခင်ဗျားလိုချင်ရင်
ကျုပ်မရောင်းချင်ပေမဲ့ရောင်းပါ့မယ်"တဲ့
သူကခပ်တည်တည်ပြောလိုက်သေးတယ်လေ
ဒီလိုနဲ့
ပလောင်ကလင်းတကြီးတောင်ပေါ်ယူသွားတာပေါ့
တောင်ပေါ်ရောက်တော့လင်းတကြီးကတမှိုင်မှိုင်နဲ့ပေါ့
ကောက်ဆန်လဲမစားဘူးပေါ့လင်းတကိုဗျ
ဒီလိုနဲ့ပလောင်ကဗမာနဲ့
တနေရာမှာတွေ့တော့
"ဗမာနင့်ကြက်ဖကြီးက
အောက်အီးလည်းမတွန်
ကောက်ဆန်လည်းမစားဘူး"တဲ့
ဗမာကဘာပြောလိုက်လည်းဆိုတော့
(ဗမာပြည်ကို)"လွမ်းလို့နေမှာပေါ့"တဲ့
ရယ်ရွှင်နိုင်ကြပါစေ
လေးစားလျှက်
***ရင်ခုန်ရသူ***
အမှိုက်ကလေးရဲ့ ပုံပြင် ...
ကျွန်တော်ဟာ သာမန်အမှိုက်လေးပါပဲ
လေရူးတွေ ပုတ်ခတ်လိုက်တိုင်း
သူ့အနား ကစဉ့်ကလျား လွင့်လွင့်သွားတက်တဲ့
သစ်ရွက်ကြွေ အမှိုက်စလေးပါ
သူက ကျတော့်ကို အမှိုက်ကလေးမှန်း သိခဲ့တာကြာပါပြီ
ခုဆို
ကျတော့်ကြောင့် သူ့ပြသဒ်ကြီးမီးလောင်မှာ စိုးရွံ့စိတ်နဲ့
သစ်ရွက်ကြွေအမှိုက်စလေးကို
သူ့အနား ၀ဲခိုခွင့်မပေးတော့ပါ
လေရူးတွေလည်း ရန်ဖန်ရန်ခါ နှင်ဆဲဖြစ်ပေမယ့်
လေပြေညှင်းတွေ အသော့နှင်နေတဲ့အခါမျိုးမှာတောင်
အမှိုက်ကလေးက သူ့ဆီပဲ ၀ဲခိုလွင့်ပါးချင်ခဲ့မိတယ်
ဒါ ...အမှိုက်ကလေး သတိမထားမိပါ
တနေ့က  အမှိုက်ကလေး လွင့်ပါးလာဦးမလား
စိုးရိမ်စိတ်နဲ့ တံခါးတင်းတင်းစေ့ထားတဲ့ သူ့ကို တွေ့ခဲ့တယ်
အမှိုက်ကလေး ၀မ်းနည်းရတယ်
ခုဆို လေပြင်းတွေနှင်တဲ့အခါ
အမှိုက်ကလေး သူ့ဆီ မလွင့်ပါးမိအောင်
ကြုံလေရာလေရူးတွေကြား တောင့်ခံထားမိတယ်
လေပြေလာရင်ပဲဖြစ်ဖြစ်
လေပွေလာရင်ပဲဖြစ်ဖြစ်
 ရိုးရိုးသားသား လွင့်ပါးချင်ခဲ့တဲ့ သာမာန်သစ်ရွက်ကြွေအမှိုက်ငယ်လေးပါဆိုတာကို
ပြောပြခွင့်မှ ရပါဦးမလား ။
လင်းပြာနွေ
ချစ်သူ မဖတ်ရ ...
မြင်မြင်ခြင်း ချစ်မိခဲ့တဲ့
ကာရံမညီသော ရင်ခုန်သံဟာ
ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?
Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။
ငါ -
နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ
-ငါကိုယ်တိုင်မသိသော
-နင် နားမလည်နိုင်သော
-မေးခွန်းနဲ့တူသော
ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။
ချစ်လွန်းလို့
ရှေ့ရေးကို မင်းအတွက်တွေးပြီး
ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။
နင် -
တကယ်မသိဘူးနော် ...
လဆန်း-လပြည့်-လကွယ်-
ဘယ်နေ့ညကများ
အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့
သန်းခေါင်ယံညရဲ့လမ်းပေါ်
အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်
ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....
( ဘာ့ကြောင့်များ )
စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ ..... ? 
အလင်းရိုင်း
Wednesday, 2 January 2013
ချစ်သူ မူပိုင်ရှိသူများ နှင့် မူပိုင်ကို ချစ်တဲ့သူများအတွက် နည်းလမ်းကောင်း ...
ဒီနည်းလေးကို ဘာလို့ ဒီလိုပေးရလည်းဆိုတော့ ချစ်သူတွေရဲ့ဖုန်းထဲကို သီချင်းသွင်း
အကူညီပေးတဲ့အခါနဲ့  အထူးအဆန်းလေးတွေ လုပ်ချင်သူများအတွက် ရည်ရွယ်လို့ 
ပေးချင်းဖြစ်ပါတယ် အကျိုးကျေးဇူးနှစ်ခုမကရပါတယ်။
ခေါင်းဖြတ်ဆက်ချင်တဲ့ Photoshop သမားတွေအတွက် ဖလမ်းဖလမ်းFunny....
နန်းခင်မောင် (သူများ မနောက်ရဲလို့ ကိုယ့်ပုံကိုယ် ပြန်ဆက်ကြည့်လိုက်တာပါ)  
ကောင်မလေးတွေ ကဲကိုကဲ ပြီကျတော့ ရေမကူတတ်တဲ့ ဘဲလိုပဲ...တကယ့်ဒီဇိုင်းတွေ    
ခေါင်းစဉ်တစ်ခုဆီမှာ အလန်းဒီဇိုင်းတွေ အများကြီးပါတာမို့  ကလိလိုသူများ လေ့လာကြည့်
ဒီဝက်ဆိုဒ်လေးကတော့  ပုံဖြတ်ဆက်ဖို့ နောက်ပြောင်ဖို့ ပုံတွေ အများကြီးပါပါတယ်။
Monday, 31 December 2012
ကြယ်ကြွေကို မျှော်ကာကောက်သူ....
ဟိုတစ်ချိန်တုန်းကပေါ့..................
မေ့ကောင်းကင်ရဲ့ ညတွေမှာ ကြယ်တွေ စုံခဲ့တယ်။
ဟိုတစ်ချိန်တုန်းကပေါ့.........
မေ့နှလုံးသားလေး ဖျတ်ဖျတ်လူး
ရွှေရင်စုံလေး သိမ့်သိမ့်တုန်ခဲ့ဖူးတယ်။
ဟိုတစ်ချိန်တုန်းကပေါ့...............
မေ့ရယ်သံတွေ ခိုးခိုးခစ်ခစ်
သံစုံညီစွာနဲ့ ပျော်ရွှင်ခဲ့ဖူးတယ်။
ဟိုတစ်ချိန်တုန်းကပေါ့.............
မေ့ချစ်သူနဲ့ တစ်မိုးအောက်မှာ
အတူရှိတယ် ဆိုတဲ့အသိနဲ့ကြည်နူးမိခဲ့ဖူးတယ်။
ဟိုတစ်ချိန်တုန်းကပေါ့.........
ချစ်သူကို ယုယုယယ ချစ်နေရင်း
ယုန်သူငယ်လေးအဖြစ် အပစ်ကင်းခဲ့ဖူးတယ်။
ဟိုတစ်ချိန်တုန်းကပေါ့.........
ချစ်သူစကား အကြွင်းမဲ့ယုံစား
မခွဲအတူဆိုတဲ့ ကတိတစ်ခုကို
ရူးရူးမိုက်မိုက် ယုံကြည်ခဲ့ဖူးတယ်။
ဟိုတစ်ချိန်တုန်းကပေါ့.........
အနာဂတ်တစ်ခုကို မျှော်တွေး
မျှော်လင့်ချက်နဲ့ အသက်ရှင်ခဲ့ဖူးတယ်။
တစ်နေ့...........
ထိုတစ်နေ့.....................
ထိုတစ်နေ့ရဲ့ တစ်နေ့မှာ
ကာရံမတူ၊သံစဉ်မညီတဲ့ စကားသံလေးနှစ်စု
ချစ်သူနှုတ်ဖျားက ဖွဖွထွက်ကျလာခဲ့တယ်။
“နှုတ်ဆက်ခဲ့တယ်” ၊ “ပြန်လာမယ်”
ထိုနေ့က စလို့.........
ထို့နေ့က စလို့ပေါ့.......
မျက်ရည်အနမ်း ထိတွေ့ခွင့်ရတဲ့ ပါးပြင်
ရှိုက်သံဖွဖွ အသက်ရှုတိုင်းမှာ
ထားရစ်ခဲ့တဲ့ ကတိစကားကိုယုံကြည်
သစ္စာမယွင်း စောင့်မျှော်နေမိတယ်...။
ယနေ့............
ယနေ့ထက်တိုင်.......
ကောင်းကင်က ကြယ်ကိုမျှော်ငေး
ကြယ်ကြွေလေးတစ်ပွင့်ကောက်ဖို့အရေး
ထွက်သက်တိုင်းမှာ မျှော်နေတယ်။
 မေသဇင်
Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း ...
ဒီနည်းလေးကတော့ ဆိုဒ်တော်တော်များမှာ တင်ထားပြီးသားပါ..။ ဒါပေမယ့်လည်း ကျနော်က ကောင်းတဲ့နည်းလေးတွေအပြင် နောက်ထပ်ကောင်းတာလေးတွေပါ ထပ်ဖြည့်ပြထားပါတယ်..။ ဟိုပြောင်းဒီပြောင်း မလုပ်ချင်တဲ့သူများကတော့ IE Zawgyi Gtalk Font ကို ဒေါင်းလော့ချပြီး Install ဆွဲထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ စက်ကို Restart  ချပေးလိုက်ရင် Gtalk မှာ မြန်မာစာ ပေါ်လာပါပြီ..။ ဒါပေမယ့် IE Zawgyi Gtalk Font ရဲ့အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲတဲ့အခါ တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အဲလိုဖြစ်ခဲ့ရင်တော့ နောက်ထပ်နည်းလေးတွေနဲ့ အောက်ကပုံလေးတွေအတိုင်း အပြောင်းအလဲလေး လုပ်ပေးလိုက်ပါ..။
တိမ်တိုက်တစ်ခု....
ရှုပ်ထွေးဆန်းကြယ်လွန်းတာကို မသိကြတော့ ...
ရူးမိုက်သူတွေက
အချစ်ကို အကွက်ရွှေ့ဖို့ကြိုးစားနေကြတုန်း ...
မောင် ... တိတ်တိတ်ကလေး ရိုးသားခဲ့ပါတယ် ..... ။
ပြန်စဉ်းစားမိတဲ့အချိန်မှာ ....
ရင်ဘက်ထဲက နှလုံးခုန်နှုန်း ထက်  -
ဦးနှောက်ရဲ့ တွေးတောနှုန်းကနှေးခဲ့တာ သေချာတယ် ...
ခုတော့ ...
ဘဝမှာ အလွမ်းမိုးတွေကလည်းသည်း  -
နှလုံးသားမှာ သံယောစဉ်ကြိုးတွေကလည်းမြဲနေခဲ့ပြီ .....
နောက်ဆုံးမှာ ...
ဒဏ်ရာတွေပဲပိုင်ဆိုင်ခွင့်ရနေမလား  ...?
အဆုံးအစမရှိတွေးတောရင်း ဝမ်းနည်းခဲ့ဖူးတယ် ...
ဘာပဲဖြစ်ဖြစ် ... ပါ
ချစ်သူနဲ့ဝေးနေတုန်းမို့
မကျရှုံးချင်သေးဘူး .....
ကံကြမ္မာကို ကြိုးကိုင်ခွင့်ရှိရင် .....
မောင်က ... တိမ်တိုက်တစ်ခုပြဲဖစ်ချင်ခဲ့တာပါ .....
လိုအပ်ရင်   .....   နေပူမယ်
                  .....    တိမ်ထူမယ်
မီး ...အတွက်ဆို  ဘဝတစ်ခုလုံး ရွာသွန်းပေးချင်ခဲ့တာပါပဲ ......     ။      ။
အလင်းရိုင်း
Aire talk နဲ့ ဖုန်း အလကားပြောမယ်...
  • Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
Sunday, 30 December 2012
♥♥♥=+အဖြူရောင်+=♥♥♥
ချစ်ရတဲ့သူရေ............
ငါအရမ်းချစ်နေမိတယ်
အချစ်ဆိုတဲ့အရာက
ပိုင်ဆိုင်ပြီးရင်ဆုံးရှုံးရတက်လို့
ငါမဆုံးရှုံးချင်လို့
မုန်းဟန်ဆောင်ခဲ့တာပါ
နင်ပျော်နေမယ်ထင်လို့
ငါရှေ့မတိုးခဲ့တာပါ
ကျေးဇူးပြုပြီး
နင်ပြုံးနေပေးပါ
နင် ပျော်နေတာတွေ့ရရင်
ငါကျေနပ်နေမိတယ်
နင်မခံစားပါနဲ့
ငါ အသည်းကမခိုင်လို့ပါ
မယိုင်မိအောင်ကြိုးစားနေတဲ့
ငါ့ အဖြူရောင်ဆိုတဲ့
ထာဝရ ခင်မင်မှု့နဲ့
ရှေ့ဆက်နေခွင့်ပေးပါနော်...
မာလာထွန်း
PhotoShine 3.45 Full Version ...
ကျွန်တော့်ဆိုဒ်လေးကိုလာရောက်လည်ပါတ်ကြတဲ့မိတ်ဆွေများအတွက် PhotoShine 3.45 Software လေးတင်ပေးလိုက်ပါတယ် ဒီဆော့ဝဲလေးကတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့ ၀ါသနာရှင်တွေအတွက်ပါ၊ မိမိဓါတ်ပုံလေးတွေကို ဘောင်လှလှလေးတွေနဲ့ အလှဆင်ခြင်တဲ့သူတွေ အကြိုက်လေးဖြစ်မှာပါ။
ဒီဇင်ဘာ ရဲ့ ညတစ်ညမှာ...
ဒီဇင်ဘာရဲ့ ညတစ်ညမှာပေါ့..
မာန တွေကိုခွါချ..
သိက္ခာတွေကို ဟာသလုပ်ခံရဖူးတယ်...။
နှင်းမကျတဲ့ ဆောင်းတစ်ညမှာပေါ့...
အထင်းသားလို့ ထင်မှတ်ခဲ့တဲ့ 
သူ့ အကြင်နာတွေ..
ပြတင်းတံခါး လေတစ်ချပ်အတိုးမှာ..
အခိုးအငွေ့ အလား ပျောက်ကွယ်သွားခဲ့ဖူးတယ်...။
မိုးမကျတဲ့ အဲ့ဒီညမှာပေါ့...
ငါဆိုတဲ့  ကမာကောင်လေးက..
ပုလဲတစ်ပွင့် ငါမွေးထုတ်ခဲ့ဖူးတယ်..။
လမသာတဲ့ ညတစ်ညမှာပေါ့..
၁၅၀၀ ကိုအပေးခံရလိုက်..
ပြန်ရုတ်သိမ်းခံရလိုက်နဲ့ ..
ငါ အန်ထုတ်ထားတဲ့ အချစ်တွေ
ပြန်အသွပ်သွင်းခံရဖူးတယ်...။
အေးချမ်းလှတဲ့ ဆောင်းတစ်ညမှာပေါ့..
မဖြစ်နိုင် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ..
တမြိုက်မြိုက်နဲ့ ငါလောင်ကျွမ်းခဲ့ဖူးတယ်..။
သူ့ အတွက် မနက်...
ငါ့အတွက် ည ဖြစ်ခဲ့တဲ့ အဲ့ဒီညမှာပေါ့..
ငါ ပျိုးခဲ့တဲ့ မျှော်လင့်ခြင်းသစ်ပင်..
အမြစ်က ဆွဲနုတ်.. အမှိုက်ပုံးထဲ
လွှင့်ပစ်ခံရဖူးတယ်...။
အေးချမ်းခြင်းနဲ့ ပူလောင်ခြင်း...
ချိုမြိန်ခြင်းနဲ့ ခါးသီးခြင်း...
အချစ်နဲ့ အမုန်း...
ဒွန်တွဲနေခဲ့တဲ့ ...
အဲ့ဒီ ဒီဇင်ဘာ ညတစ်ည...
ငါ့ဘ၀အတွက် အမှတ်တရ တစ်ခုအဖြစ်...
ငါ မှတ်တမ်းတင်ခဲ့မိတယ်...
အဲ့ဒီည ချမ်းလေးမှာပေါ့....။
ချင်းမလေး