Friday, 18 January 2013
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း ...
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ် စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ
ြ့ ပီး ဖြစ် ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ် ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။
SUPER COPIER ကော်ပီကူးတာမြန်ချင်ရင်...
နာမည်ကိုက SUPERCOPIER ဆိုတဲ့အတိုင်း ကျနော်တို့ ကွန်ပြူတာမှာ Fileတွေ Copy ကူးတဲ့နေရာမှာ အတော်လေကို မြန်တဲ့ ဆော့ဝဲလ်ပါ။စက်မလေးဘဲ ကောင်းမွန်နေသော စက်များပင်လျှင် ဒီ Software ကို Install လုပ်ပြီး Copy ကူးပါက ပိုမြန်ဆန်လာတာကို တွေ့ရမှာဖြင့်ပါတယ် ။
   SUPER COPIERကိုသုံးပြီးအားလုံးအဆင်ပြေပါစေ.....
Super Copier Full VersionFree Download
အိုင်တီလူငယ်များ
မိမိတို့အတွက် အရေးကြီးသည့် Drive ဖျောက်နည်း ...
Drive Lock ကျသွားတာနဲ့ တိုက်ဆိုက်ပြီး ဒီ Post ကို ရေးလိုက်တာပါ။ အကြောင်းကတော့ သူက အရေးကြီးတဲ့ အခြားသူ မကြည့်စေချင်တဲ့ အကြောင်းအရာတွေကို Drive တစ်ခုတည်မှာ ထဲပြီးတော့ အဲ့ဒီ Drive ကို Easy Drive lock 4.0 ကို Run လိုက်ပါတယ်။ ပြီတော့ Drive ကိုဖွင့်လိုက်တော့ ဖွင့်လို့မရတော့ဘူး။ Password ထည့်တော့လည် အဆင်မပြေဘူး။ ဒါနဲ့ ရနိုင်သမျှ နည်းလမ်း အားလုံးသုံးတယ်( ကျွန်တော် သိသလောက် )အဆင်မပြေဘူး။ ဒါနဲ့ System Restore ပြန်ခေါ်ရင် အဆင်ပြေတယ်။
ဒါနဲ့ ခေါ်မယ်လုပ်ပြီးမှ မခေါ်သေးပါဘူး။ နောက်နည်းလမ်း ရှာကြည့်အုံးမယ်ဆို ရှာကြံနေတုန်ရှိသေး။ ဒါနဲ့ ပြန်ပိတ်လိုက်တယ်။ မထူးတော့ဘူး System Restore ပြန်ခေါ်မယ်လုပ်တော့ ခေါ်လို့မရတော့ဘူး။ 
Pro Show Gold 4.5 Full Version ...
ဓါတ်ပုံတွေကို Slide Showလုပ်ချင်လို့ ခဏခဏမေးနေတာနဲ့ အခု Pro Show.Gold.4.5.2949 .လေးတင်ပေးလိုက်ပါတယ်...သုံးရတာလည်း အရမ်းလွယ်ကူပါတယ်...Keygenပါထည့်ပေးထားပါတယ်
ဓါတ်ပုံတွေကိုSlide Show လုပ်ရန် Effectလေးတွေလည်းတောာ်တော်စုံပါတယ်...!
ဖိုင်တွေ ခွဲနည်း ၊ ပေါင်းနည်း ...
အရင်ဆုံး .part1.rar, .part2.rar စတဲ့ အပိုင်းခွဲနည်းကိုဆွေးနွေးပါမယ်..
step{ 1 } desktop ပေါ်မှာ folder တစ်ခုထုတ်လိုက်ပါ.
step{ 2 } အဲဒီ folder ကိုဖွင့်ပြီး  မိမိခွဲမည့် name.exe program ကိုထည့်လိုက်ပါ။
step{ 3 } name.exe program ပေါ် မှာ Right Click \ Add to Archive... ကို click လိုက်ပါ။
step{ 4 } Archive name and parameters box ပေါ်လာရင်အောက်ကကျနော်ဝိုင်းပေးထားတဲ့နေရာမှာ မိမိ ခွဲချင်တဲ့ .exe ရဲ့ ဆိုဒ်အလိုက် တန်ဖိုးထည့်ပေးရပါမယ်. ( ဥပမာ...အခု ကျနော်က Firefox Setup 9.0.1.exe ကို ခွဲပြမှာဆိုတော့ သူ့ ဆိုဒ်က 14.5 MB ရှိတဲ့အတွက်  5 MB ဆိုပြီး တန်ဖိုးရေးပေးပါမယ်.) အောက်ပုံ -
Thursday, 17 January 2013
“အကယ်ဒမီရွှေစင်ရုပ် တုရှိရွှေကြယ်ကို လှူဒါန်းလိုက်သူ အကယ်ဒမီ ချစ်စနိုးဦး” ...
ဒီနည်းဟာ မြန်မာပြည်က လူတွေရော နိုင်ငံခြားက လူပါ အဆင်ပြေတယ်.....
ဘာလို့ အားလုံးအတွက်   အဆင်ပြေလည်းဆိုရင်   မြန်မာပြည်မှာက  ဆော့ဝဲရယူဖို့ 
ပြည်ပလူတွေလောက်  မလွယ်ဘူး ။ အဲ့တော့ ဖုန်းထဲမှာရှိနေတဲ့သုံးနေတဲ့ဆော့ဝဲကို
ဖုန်းပျက်သွားတဲ့အခါ  နောက်ထပ်ဖုန်းတစ်လုံးမှာ သုံးချင်တဲ့အခါ ပြန်သုံးဖို့ အတွက်
Apk ဖိုင်အဖြစ်  Backup လုပ်ပေးမယ့်   ဆော့ဝဲတစ်ခုမလို့ ထည့်ပြီး  သိမ်းထားဖို့ ပါ
ပြည်ပကလူတွေက Google Play ကနေ  ဆော့ဝဲတွေပေါတယ်  လိုင်းလည်းကောင်း
ဒါပေမယ့်  မြန်မာပြည်က တစ်ယောက်ယောက်က  အဲ့ဆော့ဝဲလေးပေးပါ ဆိုလာရင်
ဒီနည်းလေးနဲ့ Backup လုပ်  ရလာတဲ့ဆော့ဝဲကိုမှ gmail ကနေပြန်ပို့ ပေးလိုရတယ်
အဲ့တော့  ပြည်တွင်းရော  ပြည်ပရော  အဆင်ပြေတယ်လို့ ပြောတာ ။ တခါတလေမှာ
ပိုင်းခြေတူတဲ့ အချစ်...
မရေရာတဲ့  ငါ့အနာဂါတ်နဲ့ 
မသေချာတဲ့  မနက်ဖြန်များစွာကိုဖြတ်ကျော်ရင်း
မျော်လင့်ချက်တွေ ဝေးကွာနေပေမယ့်
နင်ယုံကြည်ထားရမှာတစ်ခုက
နင့်ကိုမြတ်မြတ်နိုးနိုးနဲ့  နစ်နစ်ကာကာ ချစ်ပါတယ်ဆိုတာကလွဲပြီး
ငါဘာမှလုပ်မပြနိုင်ခဲ့ ဘူး နင့်အတွက်ဘာမှမဖြည့်ဆည်းနိုင်ခဲ့ ဘူး
ကောင်ကင်မှာကြယ်လေးတွေ ကြွေကျနေပေမယ့်
ကုန်သွားတယ် မရှိပါဘူး အသစ်သစ်တွေ ပြန်ထွက်စမြဲပါ
မိုးရည်စက်များစွာ ရွာချနေပေမယ့်
ကုန်သွားရိုးထုံးစံမရှိပါဘူး ရွာမြဲရွာနေဆဲပါ
ရင်ထဲကနင့်အတွက် အချစ်တွေကလည်း
ကုန်သွားတယ် မရှိပါဘူး ချစ်မြဲချစ်ဆဲချစ်နေလျှက်ပါ 
 နင့်အတွက်ကျတဲ့ ငါ့မျက်ရည်တွေကလည်း
ခမ်းသွားတယ် မရှိပါဘူး ချစ်သူငိုမြဲငိုနေ ရဆဲပါ
အနေဝေးနေပေမယ်လည်း
မေ့သွားတယ် မရှိခဲ့ ပါဘူး
အချစ်ဆိုတာကလည်း
ပိုင်းခြေတူမှ ပေါင်းလို့ နုတ်လို့ ရသလို
ငါတို့ ရဲ့ရင်ခုန်းခြင်းနဲ့ ထက်တူကျ
ယုံကြည်နားလည်ထာဝရ ချစ်ခြင်းတွေနဲ့ ပေါင်းစည်းကြမယ်
နောက်ဆုံး ညီမျှခြင်းရလဒ်က သုံညမဟုတ်ပဲ
ဝမ်းနည်းကြေကွဲစရာတွေ မဟုတ်ပါရစေနဲ့ ချစ်သူ
 ဖိုးခွားလေး (ကော့မှူမြို့ )
Tas bar ပေါ်က AM/PMလေးတွေကိုပြောင်းကြည့်ရအောင် ...
window registry ကို အရင်ခေါ်ရပါ့မယ်
window key + R ကိုနှိပ် run box ပေါ်လာရင် regedit လို့ ရိုက်ကာ
enter ခေါက်ပါ( နှိပ်ပါ) registry editor ပေါ်လာပါလိမ့်မယ်
(1) HKEY_CURRENT_USER ကို နှိပ်ပါ
ထိုနောက် HKEY_CURRENT_USER အောက်မှ Control Panel ကို ထပ်နှိပ်ပါ
Firefox ကိုအမြန်ဆုံးဖွင့်မယ် ...
ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။
download လုပ်ရာတွင်မြန်စေချင်ရင်...
အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကို ဆိုးပါတယ်။ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့ မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင် မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။
၃) ပြီးလျှင် Administration Templates
City FM ပွဲမှာ ဆုတွေအများကြီး သိမ်းပိုက်သွားတဲ့ ဝိုင်းစုခိုင်သိန်း ...
ဒီနှစ် City FM ဆုပေးပွဲမှာ ဆုတွေအများကြီး သိမ်းပိုက်သွားသူက ဝိုင်းစုခိုင်သိန်းပါ။ စတီရီယို အမျိုးသမီးဆုနှင့် သီချင်းတောင်းဆိုမှုအများဆုံး အမျိုးသမီးအဆိုရှင်ဆုကို ဝိုင်းစုခိုင်သိန်းကရရှိခဲ့ပါတယ်။ ဆုတွေအများကြီးရရှိသွားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ခံစားချက်ကတော့ “ပျော်ပါတယ်။ မျက်လှည့် စီးရီးနဲ့ဆုရတဲ့အတွက် တအားဝမ်းသာပါ တယ်။ ဒါပရိသတ်ရဲ့ကျေးဇူးကြောင့် ရတာပါ။ ဝိုင်းစုဘက်ကလည်း ကြိုးစားတယ်။ ကြိုးစားတဲ့အရာလေးကို ပရိသတ်က အသိအမှတ်ပြုလို့သာ ဝိုင်းစုဒီလိုမျိုး ဆုတွေရ တာပါ။ အဲဒီအတွက်လည်း ပရိသတ်ကို တအားကျေးဇူးတင်ပါတယ်” လို့  ဆုရတဲ့အတွက်ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ပထမဆုံးအခွေ ‘မက်လောက်စရာ’ နဲ့လည်း City FM ကပေးတဲ့ဆု ရရှိသလို၊ အခု ဒုတိယစီးရီးဖြစ်တဲ့ ‘မျက်လှည့်’နဲ့လည်း ဆုထပ်မံရရှိခဲ့ပြန်ပါတယ်။ စီးရီးထွက်တိုင်း ဆုချိတ်တဲ့ အတွက် နောက်ပိုင်းအခွေတွေက တာဝန်ပိုကြီးသွားလားလို့မေးတော့ ဝိုင်းစုခိုင်သိန်းက “တာဝန်ကတော့ ကြီးပါတယ်။
ကျော်သူရိုက်တဲ့ ဇာတ်ကားမှာ နန်းခင်ဇေယျာ သရုပ်ဆောင်မယ် ...
ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International 2012 မှာ ထင်ရှားလာပြီး ပရိသတ်ရွေးချယ်မှုဆုနဲ့ မစ္စ အင်တာနက် ဆုတွေရခဲ့သူ အလှမယ် နန်းခင်ဇေယျာဟာ အခုဆိုရင် ပထမဆုံး အကြိမ် ရုပ်ရှင် ဇာတ်ကားတကားမှာ သရုပ်ဆောင် တော့မှာပါ။
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်) မှာလည်း ပရဟိတ လုပ်ငန်းမှာ လုပ်အားပေးနေတဲ့ နန်းခင်ဇေယျာကို ဦးကျော်သူက ကမ်းလှမ်းခဲ့တဲ့အတွက် အခုလို ရုပ်ရှင် ရိုက်ကူးဖို့ ဖြစ်လာတာပါ လို့ နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။
“ပထမတော့ ရုပ်ရှင်ရိုက်မယ်ဆိုတာ မရှိသေးပါဘူး။ ဦးကျော်သူက ကျမကို ပရဟိတ လုပ်ငန်းတွေထဲက တကယ့် အဖြစ်အပျက် အခက်အခဲ လေးတွေအကြောင်း ရိုက်စရာ ရှိတယ်တဲ့။ သမီး သရုပ်ဆောင်ဖြစ်လားလို့ မေးတော့ ကျမ သရုပ်ဆောင် ဖြစ်သွားတာပါ၊ ဒါက ပထမဆုံး ရိုက်ကူးမယ့် ရုပ်ရှင်ပါ” လို့ သူက ရှင်းပြပါတယ်။
Sunday, 13 January 2013
♥♥♥♥♥♥♥ ရင်တွင်းအလွမ်း ♥♥♥♥♥♥♥
မဆုံနိုင်မဲ့အတူတူ မေ့ပစ်လိုက်ဖို.အကြိမ်ကြိမ်တွေး ရင်း
မျက်ရည်ကျနေတဲ့ငါ့အတွက် ဖြတ်သန်းရတဲ့ညတွေက
ခါးမှန်း ငါကလွဲလို့ဘယ်သူသိနိုင်မှာလဲ ?
မမြင်နိုင်တဲ့အဝေးတစ်နေရာက မင်းအပြုံးလေးကိုစိတ်ကူး
ပုံဖော်ရင်း မင်းပြောတဲ့စကားတွေမှာ တိမ်းညွန့်နေတဲ့
နှလုံးသားလေးကို သတိပေးထိန်းချုပ်ရင်းးးးးးးးးးးးးးးးးးးးးးး
မင်းကိုချစ်နေရတယ်ဆိုတာ
ငါကလွဲလို့ဘယ်သူသိနိုင်မှာလဲ ?
ကျန်ခဲ့မှာကိုသေလောက်အောင်ကြောက်တတ်ခဲ့တဲ့ငါ
မင်းထားခဲ့မဲ့နေ့တွေကို စိုးရိမ်ထိန့်လန့်မှုတွေ............
နဲ့စောင့်မျှော်နေရင်း အသက်ဝိဥာဏ်လွင့်ပျယ်နေတဲ့
ညတွေမှာ တစ်ယောက်ထဲ ၀မ်းနည်းမှုတွေနဲ့ ဖြတ်သန်း
နေရတယ်ဆိုတာ ငါကလွဲလို့ဘယ်သူသိနိုင်မှာလဲ........
အိပ်မရတဲ့ညတွေမှာ အလွမ်းသီချင်းလေးတွေ.............
တစ်ယောက်ထဲညည်းရင်း ဖြတ်သန်းနေရတဲ့ငါ့အတွက်
သတိရခြင်းတွေက ခါးသီးတယ်ဆိုတာ.......................
ငါကလွဲလို.ဘယ်သူသိနိုင်မှာလဲ ?
အဲဒီအရာတွေအားလုံးက ပူလောင်မှုတွေမှန်းသိခဲ့ပေမယ့်
ဖန်တီးခဲ့တာက ငါကိုယ်တိုင်ဖြစ်နေတော့
ဖျက်ဆီးတဲ့သူဟာ နင်ကိုယ်တိုင်မဖြစ်ပါစေနဲ့
လို့ဆုတောင်းပါရစေချစ်သူရယ် ♥♥♥♥♥
တွေးရယ်စရာ....
"သားအားလုံးသိတယ်နော်"
တစ်ခါကသိပ်လည်တဲ့ကလေးတစ်ယောက်ရှိပါတယ်။
တစ်နေ့ သူ့ မေမေအလှပြင်နေတဲ့အနားကိုသွားပြီး
"မေမေ သားအားလုံးသိတယ်နော်" လို့ ပြောတဲ့အခါ
သူ့ မေမေက "အေးအေး သား.. သားကလိမ်မာတယ် ဘယ်သူ့ မှလျှောက်မပြောနဲ့ 
မုန့် ဖိုးယူသွား " ဆိုပြီး မုန့် ဖိုးပေးလိုက်ပါတယ်။
ဒါနဲ့ ကလေးက သူ့ ဖေဖေဆီသွားပြီး "ဖေဖေသားအားလုံး သိတယ်နော်"လို့ 
ပြောလိုက်ပါတယ်။ သူ့ ဖေဖေကလည်း "အေးအေး သားအတွက် မုန့် ဖိုး
ယူသွား လျှောက်မပြောနဲ့ " ဆိုပြီးမုန့် ဖိုးပေးလိုက်ပါတယ်။
PhotoStage Slideshow Producer Professional 2.17 Portable...
ကျွန်တော်ဒီတစ်ခါ Slideshow Producer လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့  effects such as fade, crossfade, zoom တွေ Transition Effects တွေ Audio Tools တွေနဲ့ ကျွန်တော်တို့ရဲ့ Slide Show လေးကို ပြည့်စုံအောင် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 6.26 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။