Friday, 25 January 2013

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်မည့် Play Cross Road ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ချင်းအမျိုးသမီးငယ် Milla Hniang ပါဝင်ယှဉ်ပြိုင် ...



 မြန်မာနိုင်ငံမှ အသက် (၂၂) နှစ်အရွယ် ချင်းအမျိုးသမီး Milla Hniang သည် နယူးယောက်မြို့ Medicine Square Gerden တွင် ပြုလုပ်မည့် Play Cross Road တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံရကြောင်း သိရှိရသည်။

မေရီလန်းပြည်နယ်တွင် ပြုလုပ်သည့် Country Musi Chart ပြိုင်ပွဲတွင် ပထမဆုရရှိပြီး အဆိုပါ Play Cross Road တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပရိတ်သတ်များထံမှ ၁၀၀% Support လုပ်သူ အနုပညာရှင်တစ်ဦးကိုသာ ရွေးချယ်မည်ဖြစ်ပြီး ယခုအချိန်တွင် Milla သည် ၉၀% Support သို့ ရောက်ရှိနေကြောင်း သိရသည်။ ထပ်မံကာ ရာခိုင်နှုန်းတိုး မတိုးကိုမူ ဒိုင်များမှသာ ကြည့်ရှုခွင့်ရမည် ဖြစ်သည်။



တွေးရယ်စရာ...

“ဆွေးနွေးအကြံပေးခ”

သူခိုးတစ်ယောက်နှင့်သူ့ မိတ်ဆွေတို့ စကားပြောကျရာ-
သူခိုး -ကံဆိုးလိုက်တာကွာ၊ရှေ့ နေအိမ်ကိုမှသွားခိုးမိတယ်။
မိတ်ဆွေ -မင်းကိုမိရောလား။
သူခိုး -အေးမိသွားတယ်၊ဒါပေမဲ့ ရဲစခန်းမပို့ ဘဲ၊ဒီအလုပ်မျိုးမလုပ်ဖို့ ၊
ဒီနေရာကိုပြန်မလာဖို့  ပြောလိုက်တယ်။
မိတ်ဆွေ -ဒါဆိုတော်သေးတာပေါ့။
သူခိုး -ဘယ်တော်မလဲ၊ငါ့ကိုအခုလို အကြံပေးခအဖြစ်ငွေ ၅၀၀ ပူ
ဇော်ခဲ့ရတယ်။


ချစ်သူ...

ငါနင့်ကိုချစ်တဲ့အချစ်က
နင့်ထက်မပိုရင်တောင်
လျော့တော့မလျောပါဘူး
ချစ်တတ်လွန်းတဲ့နင့်ကို
ပိုင်ဆိုင်ရတုန်းက
ငါဘယ်လောက်ပျော်လဲဆိုတာ
နင်သိမှာမဟုတ်ပါဘူး
နင့်အချစ်ရဲ့ချုပ်နှောင်မှုက
ငါ့ဘဝအတွက်တံတိုင်းတစ်ခုပါ
တခြားတစ်ယောက်ဆိုတာကို
မပြောပါနဲ့ချစ်သူ
နင်ကလွဲရင်ဘယ်သူုမှငါမချစ်ပါဘူး
နင်ခွင့်ပြုတိုင်းထွက်သွားရအောင်
နင့်နှလုံးသားကဇရပ်တစ်ခုမှမဟုတ် သလို
ငါကလည်းခရီးသွားမဟုတ်ဘူး
နင့်ရင်ခွင်ကိုအပိုင်ရဖို့
သံယောဇဉ်တွေမျက်ရည်တွေ
အမှတ်တရတွေအများကြီးရင်းထားရတာ
နင်ပြောသလိုပဲ
ငါတို့ချစ်ခဲ့တာအိပ်မက်မှမဟုတ်တာ
နင်ချစ်သလိုငါလည်းအသက်နဲ့ရင်းပြီးချစ်တယ်
ချစ်သူ
 
 
ရွှေဆည်သား

ဟုတ်လားတော့သိဘူး....

• မိုးယုစံ -095193620
• ရေဗက္ကာဝင်း -095149662
• Lဆိုင်းဇီ -095191251
• ဆုန်သင်းပါရ် -095150990
• မိုးအောင်ရင် -095012600
• န၀ရတ် -095010034
• သက်မွန်မြင့် - 095022559

Thursday, 24 January 2013

လိုအပ်ရင် အသုံးပြုရန် ဆိုဒ်များ ...

  1.  
  2. 1. www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
  3. 2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
  4. 3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
  5. 4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
  6. 5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
  7. 6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
  8. 7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
  9. 8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
  10. 9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်) 

Wednesday, 23 January 2013

ကွန်ပျုတာ လက်ကွက်ကျင့်နည်းနဲ့  စာရိုက်မြန်စေနိုင်တဲ့ Game 7MB...

ဒီဆော့ဝဲလေးကအင်စတောလုပ်စရာမလိုပဲတန်းသုံးလို့ ရတဲ့ဟာပါ portable

လေးမလို့  အားလုံးအဆင်ပြေမှာပါ အားတဲ့အခါ စာစီစာရိုက်ကျင့်ရင်းGame

ဆော့လို့ ရတယ်နော Game ဆော့တာကလဲ Abc ပေါ်လာတဲ့  ဟာရိုက်ရင်

အမှတ်ရတဲ့ဟာ သူပေါ်ပေးတဲ့ဟာ အမြန်ရိုက်ရင်  လက်ကွက်ကမြန်လာမှာ

ပါအများကြီး စာရှည်မှာစိုးလို့ ဒီဆော့ဝဲယူသင်တဲ့သူတွေကို ပြောပြမယ်နော်
 

Android ဖုန်းနဲ့ Tablet တွေမှာအလွယ်တကူRoot လုပ်ကြမယ်(One Click Root)....



                         အခုခေတ်မှာ Android ဖုန်းတွေသာမက Android Tablet တွေလည်း တော်တော်များ
များကိုပေါ်လာပါပြီ။ အဲဒါကြောင့် Android ဖုန်းနဲ့ Tablet တွေမှာ လွယ်လွယ်ကူကူ Root လုပ်နိုဖို့အတွက်
ဒီ Post လေးကို အမျိုးကောင်းသားမှတဆင့် မျှဝေပေးလိုက်ပါတယ်ဗျာ။ အောက်မှာတော့ ပုံနဲ့ အသေး
စိတ်ကိုရှင်းပြပေးထားပါတယ်ဗျာ။ အခု Root လုပ်နည်းကတော့ Android အမျိုးအစားတော်တ်ာများများ
ကို Support လုပ်ပေးနိုင်ပါတယ်ဗျာ။

♥♥♥♥♥ အဆိပ်တက်အိမ်မက် ♥♥♥♥♥


သံယောဇဉ်ကြိုးတစ်စနဲ. နှလုံးသားကိုချည်နှောင် ♥
အချစ်တွေခဏတာပေးပီး ပူလောင်မှုတွေကိုဝဋ်ကြွေး
တစ်ခုလို ငါ့နှလုံးသားထဲပစ်ချသွားတဲ.နင်.
ကို ####
ကျောမခိုင်းနိုင်သေးပဲ ချစ်နေသေးတဲ. ငါက #####
လူတွေပြောနေတဲ. အချစ်မှာမျက်စိမရှိသူလား #####
အချစ်ဆိုတာပျော်စရာတစ်ခုလို.သတ်မှတ်ထားတဲ.နင်.အတွက်
ပျော်ရွင်မှုဖြစ်နိုင်ပေမယ်. သံသယတွေပူလောင်မှုတွေနဲ.
ပြည်.နေတဲ.ငါ့ရင်ဘတ်ကတော. ပျော်စရာဆိုတာ နင်.ကို
ချစ်မိတဲ.အချိန်ကစလို. ငါ့ဘ၀ထဲကဘယ်အချိန်မှာ
ထွက်ခွာသွားလဲ သတိတောင်မထားမိလိုက်ဘူး #####
ကျိန်စာတစ်ခုမဟုတ်ပေမယ်. အသွားအပြန်ရှိတဲ.လောက
နိယာမတရားက တစ်နေ. နင်.အလှည်.ရောက်မယ်ဆိုတာကို
မေ.နေခဲ.တာလား ကျေနပ်လိုက်ပါတော. ##########
ငါ့နှလုံးသားတစ်ခုလုံးကို အပိုင်ရသွားခဲ.ပီပဲ ♥♥♥
နှလုံးသားရဲ.အနက်ရှိုင်းဆုံးနေရာက အချစ်စစ်တွေပေးလိုက်ပီး

ငါပြန်ရတာအပေါ်ယံတွေတဲ.လား တော်ပါပီဟာ

နင်လာပေးတဲ.အဆိပ်တက်နေတဲ. အိမ်မက်တွေထဲကနေငါ့ကို

နိုးထခွင်. ပြုပါတော.ချစ်သူရယ် ♥♥♥♥♥
 
 
La Yaung Cho

"ဖက်ရှင်ကျကျ စတိုင်လှလှ အကယ်ဒမီ အိန္ဒြာကျော်ဇင် နှင့် တွေ့ဆုံခြင်း" ...




အနုပညာ လောက မှာ ဖက်ရှင်နဲ့ ပတ်သက်ရင် အမြဲတမ်း ဂရုစိုက် တတ် သလို၊ ဖက်ရှင်ကျကျ လှပစွာ ဝတ်စား ဆင်ယင်သူက တော့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ပဲဖြစ် ပါတယ်။ အနုပညာလောက ထဲကို မော်ဒယ်လောက ကတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး မော်ဒယ် အတွေ့အကြုံတွေလည်း များစွာ ရှိခဲ့သူ တစ်ဦးပါ။ အခုခေတ်မော် ဒယ် လောက အကြောင်း၊ ဖက်ရှင်နဲ့ ပတ် သက်ပြီးတော့သူ့ရဲ့ အမြင်တွေကို လည်း မေးမြန်း တင်ဆက်လိုက် ပါတယ်။

မေး- မအူဝဲ တို့ခေတ်က မော် ဒယ် လောကနဲ့အခုခေတ် မော်ဒယ်လောက က ဘာတွေ ကွာခြားသွားလဲ။

ဖုန်းထဲကနေ MP3 သီချင်းတွေကို ဖြတ်တောက်ပီး Rington လုပ်ချင်ရင်....



ဒီဆော့ဝဲလေးက ဖုန်းထဲကနေ MP3 သီချင်းတွေ ဖြတ်တောက်ချင်တဲ့အခါမှာသုံးဖို့ ပါ

လိုအပ်လို့ သုံးချင်တယ်ဆို သုံးကြည့်ပါ Rington လုပ်ဖို့ နဲ့  ရှည်နေတဲ့ သီချင်းတွေရော

တီးလုံးလေသဘောကျလို့  ကောင်းတဲ့နေရာ ရွေးဖြတ်ချင်ရင်လည်း  အဆင်ပြေပါ၏




အို.....လှပတဲ့ ကမ္ဘာမြေ....





ညဘက်ဆို ကြယ်တွေဆုံနေမှ

လမင်းဆို ထိန်ထိန်သာနေမှ

ကောင်းကင်ဆို ပြာနေမှ

ပန်းဆိုလည်းမွှေးနေမှ

စမ်းရေဆိုလည်း အေးနေမှ

မြင်မြင်သမျှအရာရာဟာ လှပနေမှ

ရေပေါ်ဆီလို မဟုတ်ပဲ

အချစ်ဆိုလည်း အသဲထဲရင်ထဲ

နစ်နှစ်ကာကာ ချစ်နေရမှ

အခုတော့ အဲလိုမဟုတ်ပဲ..........

ကြယ်မဆုံတဲ့  လမိုက်ာညက

သန်းကောင်ညကို ကြီးစိုး

မုန်တိုင်းထန်သလို

ကောင်းကင်တခုလုံးမှောင်ကာမဲ

ဒီနွေအလည်စမ်းရေတွေ ခမ်းခဲ့ ပြီ

မွှေးသောပန်းလေးတွေ

စောစီစွာ ကြွေလွှင့်နေသလို

မြင်မြင်သမျှဟာ အထီးကျန်ကြ

နစ်နစ်ခါခါနဲ့  မေတ္တာအချစ်ကိုလည်း

စွန်ခွာပြေးရက်တဲ့  သူရေ

ဒီတခါနွေဦးက လေရူးတွေ ပါမလာပါနဲ့ တော့

ပွင့်ဖူးစ ပန်းလေးတွေရေ

မွှေးပျံတဲ့ သင်းရနံ့ လေးတွေ

ငါနဲ့ အတူဤကမ္ဘာမြေကို ချီတက်လို့ 

လေကြမ်းတွေ ဝေးတဲ့ တနေရာ

မာယာတွေ ကင်းတဲ့ အချစ် ဝင်္ကမ္ဘာဆီ

ခြေလှမ်းတွေ စတင်နေပြီ

အို...လှပတဲ့ ကမ္ဘာမြေဆီပေါ့

     
                                      

ဖိုးခွားလေး (ကော့မှူးမြို့ )

Monday, 21 January 2013

Zawgyi Font For Window 7 64 bit ဖြေရှင်းနည်း..



တစ်နေ့သ၌ ကျွန်ုပ်ထံသို့ window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊ သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။ ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့် ဖြေရှင်းလျက်ရှိလေ၏။

ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။ 
 

Android App...


တစ်နေ့သ၌ ကျွန်ုပ်သည် ဘလော့ကို ပို့စ်များစွာ မတင်နိုင်သည့်သကာလ အွန်လိုင်းပေါ်သို့ ရောက်ရှိခိုက်  ထွေရာလေးပါး သတင်းများကို လိုက်လံ ဖတ်ရှုနေလေတော့၏။ ထို့အချိန်တွင် မိတ်ဆွေ မောင်ကျော်ကြီး ရောက်ရှိလို့လာပြီး
ဗျို့  . .  . ကိုစေတနာကြီး ပျောက်ချက်ကောင်းလှချည်းလား . . .
ဒီလိုပါပဲ မောင်ကျော် . . . 
သူများတွေ တစ်ဖုန်းထဲ ဖုန်းနေချိန်မှာ ကိုစေတနာကြီးက ဘာတွေ လုပ်နေတာလဲ . . .
ကိုယ်မှ ၀ယ်မကိုင်နိုင်တာ . . . မဖုန်းနိုင်ပါဘူး . . .
ကျနော့်ဖုန်းက Android ဖုန်းဗျ . . . ဆော့ဝဲလ်လေးများ ရှိရင် မစပါအုံး . . . 
 

Photo Editor for Android (ဒီဆော့ဝဲကတော့ အသေးစိတ်ပြင်ဖို့ မိုက်တယ်)...




ဒီဆော့ဝဲလေးကတော့  ဖုန်းထဲကနေရိုက်ထားတဲ့  ဓာတ်ပုံတွေကို ဖုန်းထဲမှာပဲပြင်

ဒီဇိုင်းလုပ်  ကာလာပြင်တာ အလင်းအမှောင်  အဖြူအမည်း စုံအောင် စိတ်ကြိုက်

ပြုပြင်လို့ ရပါတယ်.အသေးစိတ်ပြုပြင်ဖို့  Tools တွေ အတော်များပါလာပါတယ်.။



ငါ့ ဘဝ လမ်း...



ငါ့ဘဝက ကဗျာမဆန်သလို
တေးသွားလိုလဲ မချိုမြိန်ဘူး
အကွေ့အကောက်များတဲ့ ပင်လယ်ပြင်မှာ
မာယာတွေ တလှေကြီးနဲ့ ရွက်လွှင့်ခဲ့တယ်
ကြည်လင်နေတဲ့ ကောင်းကင်က
သာယာမှုတွေ အတိပေးပြီး
ကကြိုးရုပ်လို ကခုန်နေဆဲ
ကြမ္မာ မုန်တိုင်း မာန်အပြည့်နဲ့
တိုက်ခတ်စေတော့ ဘယ်ညာတိမ်း
ရေပြင်စုန်လိုက် ကမ်းကမ်လိုက်
ရေကြောင်းပျောက် လှိုင်းပုတ်ခတ်ရာမျော.....။

ငါ့ဘဝက ဘာလဲ ... အခါခါမေးတွေဝေမိတိုင်း
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လို ခွန်အားတွေမဲ့
ဟိုအပင် ဒီအပင် ဘယ်အပင်က လုံခြုံမလဲ
မရေရာပါဘူး ........... နားခိုရန်ခက်
ကြောက်စိတ်ကိုပယ် အားတင်းကာရယ်
ကောင်ကင်ယံမှာ တကိုယ်တော်
အတောင်တွေဖြန့်လို့ ပျံသန်းမည်........။

ငါ့ဘဝကို အဆုံးထိလျှောက်ဖို့
ခရောင်းလည်းဖြတ် ဖယောင်းလည်းနင်း
ဆူးတွေဝိုင်းလည်းဖောက်
ပန်းတွေကျဲလည်းကောက်
လွမ်းရင်ငို ပျော်ရင်ပြုံး
ကမ္ဘာလောက အလိုတော်ကျဖို့
မာန်အပြည့်နဲ့ လျှောက်လှမ်းရင်း လမ်းတဝက်တောင်ကျိုးခဲ့ပြီ....။


ရစ်မမ ( နေပြည်တော် )

Facebook မှာ ပေးထားတဲ့ Comment တွေ ဖတ်ပြီး သက်မွန်မြင့် ပြန်အားယူ ...



Q. Online Focus ဆုရတဲ့ အတွက် သက်မွန်ရဲ့ခံစားမှုက..

A. သက်မွန် အရမ်း ၀မ်းသာပါတယ်။ ဒါ ပရိသတ်တွေရဲ့ အားပေး မှုကို ဖော်ပြလိုက်တာပါ။ ကိုယ့်ကို ပရိသတ်တွေက ဘယ်လောက်ချစ်၊ အားပေးတယ်ဆိုတာ သိလိုက်ရတာပါ။ ဒီဆု ရလိုက်တဲ့ အချိန်မှာ အရမ်း အံ့သြ ၀မ်းသာတယ်။ ပြီးတော့ သြော်.. ကိုယ့်ကို ချစ်ခင်တဲ့ ပရိသတ်တွေ ဒီလောက် များပါလားဆိုတာ သိလိုက်ရတော့ ပိုပြီး အားရှိသွားတယ်။

Q. Facebook က Thet Mon Myint ဆိုတာ ကိုယ်တိုင် သုံးတာလား။

A. သက်မွန် Fan Page တစ်ခု ရှိတယ်။ သက်မွန်က အင်တာနက် သုံးတာ အရမ်း အားနည်းတယ်။ သိပ်ပြီး နားမလည်ဘူး။ မသုံးတတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေ Facebook မှာ ကိုယ့်ဓာတ်ပုံ ကိုယ်ပြန်ကြည့်ပြီး Comment လေးတွေ ဖတ်ပြီး အားတော့ ပြန်ယူရတာပေါ့။



ဆယ်ကျော်သက် အရွယ် အိပ်မက်က အဆိုတော်ပဲ ဖြစ်ချင်ခဲ့တဲ့ အောင်လ ....



လူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘ၀က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ ကြမယ် ထင်ပါတယ်။ တခိျု့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူး အတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တခိျု့လည်း စိတ် ကူးနဲ့ ထပ်တူ မကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။
ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘ၀က စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အိပ်မက်ကို အကောင် အထည် ဖော်နိုင်ခဲ့တယ် ဆယ်ကျော်သက် အရွယ်ကတည်းက ကျွန်တော် မက်ခဲ့တဲ့ အိပ် မက်က တစ်ခုတည်းပဲ။ အဆိုတော် တစ်ယောက် ဖြစ်ချင်တယ် ဆိုပြီးတော့ပေါ့။ အခုအချိန်မှာ ကျွန်တော့် အိပ်မက်တွေ အကောင်အထည် ပေါ်ပြီး တကယ် ဖြစ်လာခဲ့ ပါပြီ။


ရတနာမိုင်နဲ့ တကယ်လို့များ ...



ပြည်သူချစ်တဲ့ အနုပညာရှင် ရတနာမိုင် တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။

Q. တကယ်လို့များ မိုင်လေး ကိုလူသူ မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေ ယူသွားချင်လဲ

A. အဲဒါဆိုရင် လိုတရ အိတ်လေး တစ်လုံး ယူသွားပြီး ကျွန်းပေါ်မှာ ဘုရင်မလုပ်မယ် (ရယ်လျက်)။

Q. တကယ်လို့များ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လို ခံစားမိလဲ။


ကိုယ်တိုင်ဖန်တီးမဲ့ Animation Desktop Wallpaper Maker...


ဒါကတော့ သူငယ်ချင်းတို့  Wallpaper  လေးတွေကို  Animation  လေးတွေနဲ့လန်းလန်းလေးသုံးချင်သူများ အတွက်အကြိုက်တွေ့မဲ့ Animated Wallpaper Maker ဆိုတဲ့ Software ဖြစ်ပါတယ်..။ ဒီ Software လေးက မိမိတို့စိတ်ကြိုက်ပုံလေးတွေကို Animation  လေးတွေထည့်ပေးလို့ရပြီး  Animation  Wallpaper  လေး
တွေ ပြုလုပ်လို့ရမှာဖြစ်ပါတယ်.. အသုံးပြုရတာလဲလွယ်ပါတယ်.. Full Version  လေးသုံးလို့ရအောင် serial key လေးတွေပါထည့်ပေးထားပါတယ်..