Saturday, 2 February 2013
♥♥♥♥♥ ပျော်ရွှင်ခြင်းးးးပေးဆပ်ခွင့်♥♥♥♥♥
ချစ်သူ......
ငါ့ ပျော်ရွှင်ခြင်းတွေ
နင့်ကို ပေးလို့ရရင်
ငါ ပြုံးနေသမျှ
နင်ပျော်စေချင်သူပါ
ချစ်သူရယ်..........
လမင်း တစင်းအလင်းမသာနိုင်းတဲ့
နင့်ရင်မှာ ငါကကြယ်ပွင့်လေးလောက်တော့
ထွန်းလင်းပေးချင်သူပါ
ချစ်သူရာ.........
ငါလေ မိန်းကလေးတန်မဲ့
နင့်ကိုပြောမထွက်တဲ့စကားလေးကို
ပွင့်လင်းစွာပြောပြချင်ပါတယ်ဟာ
အကြောင်းပြချက်မရှိပဲ
နင့်ကို သိပ်ချစ်မိသွားခဲ့တယ်
ဘာအကြောင်း ကြောင့် နဲ့မှ
မေ့လို့မရခဲ့ဘူး
သိပ်ချစ်တယ် ချစ်သူရယ်
စိတ်ညစ်တာတွေ မတွေ့ စေချင်ဘူး
ပျော်ရွှင်ခြင်းနဲ့ အတူ
ချစ်သူမျက်နှာလေးလင်းလက်ပါစေနော်.........။
အလွယ်ကူဆုံး Proxy ကျော်နည်း ...
ဒီပိုစ့်ကို ''အလွယ်ကူဆုံး Proxy ကျော်နည်း'' လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။ ဘာလို့လဲဆိုတော့ တခြား Proxy ကျော်နည်းတွေလို Proxy နံပါတ်တွေနဲ့ Port နံပါတ်တွေ လိုက်ပြောင်းထည့်ပေးဖို့ မလိုပဲ ဒီအောက်ကလင့်လေးကို Notepad နဲ့ ကူးမှတ်ထားပြီး မိမိတို့ အသုံးလိုတဲ့အခါ Browser ရဲ့ Address Bar မှာ copy-paste နဲ့ ထည့်၊ Enter ခေါက်လိုက်ရင် နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites တွေကို တွေ့ရပါလိမ့်မယ်..။ နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites ၁၀ခုလောက်ကို ဒီအောက်ကလင့်မှာ ဖေါ်ပြပေးထားလို့ တခုမရ၊ နောက်တခုနဲ့ ပြောင်းသုံးပေးလိုက်ရင် ကျနော်တို့လို Blogspot တွေကိုပါ အလွယ်တကူ ဝင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ Proxy ကျော်တယ်ဆိုတာ ဘာကို ပြောတာလဲ..။ တချို့က မသိသေးပါဘူး..။ မိမိတို့ အသုံးပြုနေတဲ့ အင်တာနက်လိုင်းကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းတွေက ၎င်းတို့ မကြည့်စေချင်တဲ့ ဝဘ်ဆိုဒ်တွေကို ပိတ်ထားတတ်ကြပါတယ်..။ အရင်တုန်းက မြန်မာပြည်မှာဆို ကျနော်တို့လို Blogspot တွေနဲ့ တခြား ဖရီး ဆိုဒ်တွေကို ဝင်ကြည့်လို့ မရအောင် ပိတ်ထားတတ်ပါတယ်..။ အခုနောက်ပိုင်းတော့ သေချာမသိတော့..။ နောက်ပြီး လိုင်းကျတဲ့အခါမျိုးတွေမှာလည်း မိမိတို့ ကြည့်ချင်တဲ့ ဆိုဒ်တွေကို ဝင်လို့ မရတတ်ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ Proxy ကျော်မှ အဆင်ပြေပါတယ်..။ Proxy ကျော်နည်းတွေ အများကြီးရှိတဲ့ထဲက ဒီနည်းလေးက အလွယ်ဆုံးမို့ နောက်ပြီး Google ကလည်း Support လုပ်ပေးထားလို့ အားလုံးအတွက် အဆင်ပြေမယ်ထင်တဲ့အတွက် ဒီ Proxy ကျော်နည်းပိုစ့်မှာ ဒီအောက်ကလင့်လေးကို ဝင်ပြီးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ Blogspot တွေနဲ့ တခြား ဝဘ်ဆိုဒ်တော်တော်များများကို ဝင်လို့ မရတတ်တဲ့ သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
ဒီအောက်ကလင့်လေးကို မိမိတို့ရဲ့ မှတ်ရလွယ်တဲ့ နေရာလေးမှာ Notepad နဲ့ပဲ ဖြစ်ဖြစ် ၊ တခြားနည်းနဲ့ပဲ ဖြစ်ဖြစ်သေချာမှတ်ထားလိုက်ပါဗျာ..။ အခု တခါတည်း လုပ်တတ်ချင်တဲ့သူများကတော့ ဒီလင့်ကို ကလစ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။
Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command ...
 Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
Thursday, 31 January 2013
KakaoTalk Free Calls & Text V3.6.1 For Android ...
Android စက်ရုပ်သမားတွေအတွက် Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ အသံထွက်ကြည်သလို ဖက်ရှင်တွေလည်းတော်တော် စုံပါတယ် စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျက်နှာပြောင်အရုပ်လေးတွေဟာလည်း တော်တော်ကိုလန်းပါတယ် ။ Viber လို အသံမကြည်တာတို့ ခဏခဏကျတာတို့လည်း မရှိပါဘူး အရမ်းကောင်းတဲ့ဆော့ဝဲလေးပါ Viber ကိုကြိုက်တဲ့သူ လူဦးရေ 2 သိန်းကျော်ပဲရှိပါတယ် ဒီKakaoTalk ကိုကြိုက်တဲ့သူက 1 သန်းပြည့်တော့ပါမယ် ။ အသုံးပြုတာ လုပ်ရတာ Viber လိုပါပဲ ကိုယ့်နိုင်ငံရွေး ပြီးရင်ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ သူပို့ပေးတဲ့ကုဒ်နံပါတ်ထည့်ပေးလိုက်ပါ အဆင်ပြေသွားပါပြီ သုံးကြည့်လိုက်ပါ ကြိုက်သွားပါလိမ့်မယ် ။ အခုထွက်တဲ့ နောက်ဆုံးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် ဆိုဒ်က 5 MB ပဲရှိပါတယ် နည်းနည်းလေးပါ အားလုံးပဲ အဆင်ပြေကြပါစေ....။
"ကျေးဇူးပါ...အတိတ်လေးရယ်"....
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို
ကျေးဇူးတင်တယ်...
မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ...
ညခင်းသာတဲ့ လတစ်စင်းကို
ကျေးဇူးတင်တယ်...
အလင်းကြားက ကြယ်တစ်ခင်းမှာ
မင်းအကြောင်းတွေ တွေးခွင့်ရလို့ ...
အိပ်ပျက်ခဲ့တဲ့ ညတာရှည်တွေကို
ကျေးဇူးတင်တယ်..
လူးလွန့် အတွေးထက်က
မပီဝိုးဝါး မင်းပုံရိပ်တွေ
မြင်ယောင်တမ်းတခွင့်ရတဲ့အတွက်..
ချစ်ခွင့်ရတဲ့ခဏတာအတွက်
မင်းတစ်ယောက်ကို
ကျေးဇူးတင်တယ်...
ရင်ခုန်ခြင်းရဲ့  ဘာသာစကားတွေ
သိကြားခွင့်ရခဲ့လို့ ...
မဆုံနိုင်တာ ကြမ္မာတရားလို့ 
ငါမပြစ်မတင်ရက်ခဲ့ဘူး
ရနံ့ သင်းသင်း ဒီချစ်ခြင်းမှာ
တွေ့ ဆုံခြင်းက မထင်ကျန်လည်း
ရှင်သန်ဆဲနှလုံးသားနဲ့ 
ရင်ခုန်သံဘာသာစကား
ကာလာတွေခြားသွားပေမဲ့
အလွမ်းရင့်ရင့် ကဗျာအဖြစ်
ပုံရိပ်ယောင်တွေ ကြွင်းကျန်ရစ်ဆဲပါ မေ ...... ။           ။
   လေလွင့်လူ(ကမာမြေ)
အချစ်ဆိုတာ........
အချစ်ဆိုတာ ...
စပါးကြီးမွေနဲ့ တူတယ်
ညို့အားပြင်းရင် ရှောင်တိမ်းရအရမ်းခက်တယ်
အချစ်ဆိုတာ
ကော်ဖီခါးခါးနဲ့ တူတယ်
သူ့ ကြောင့် ကိုယ်ဘဝ့ခါးသက်ပေမယ့်
သူ့ ကိုပဲ စွဲလန်းနေတတ်တယ်
အချစ်ဆိုတာ
ဝိုင်တခွက်နဲ့ တူနေပြန်တယ်
အနံ့ မွေးသော်လည်း သောက်ရင်မူးတာပဲ
အချစ်ဆိုတာလည်း ချစ်ရတာလွယ်ပေမယ့်
မချစ်တတ်တော့ ရူးတာပဲ
အချစ်ဆိုတာ
လိုချင်တာမရတဲ့ အခါ ငိုယိုပြီးတောင်းတတ်တယ်
အချစ်ဆိုတာ
ပင်လယ်ကြီးနဲ့ လည်းတူနေတယ်
တခါတလေရေပြင်ပြာပြာနဲ့ 
လိုင်းကြက်ခွပ်လေးတွေနဲ့ အရမ်းလှပနေပြီး
တခါတခါကျတော့လည်း မုန်တိုင်းထန်ပြီးရေပြင်လှိုင်း
ထသေးတယ်
အချစ်ဆိုတာ
စကားမပြောတတ်တဲ့  လူအနဲ့ တူတယ်
ရင်ထဲအချစ်တွေကို ဖွင့်ဟပြောချင်ပေမယ့်
သူနားလည်အောင် ပြောဖို့ ခက်နေတတ်တယ်
အချစ်ဆိုတာ
လေနင်ရာလွှင့်မျောနေတတ်သလို
အချစ်ရဲ့ စေညွှန်ရာကို လိုက်လုပ်နေတတ်တယ်
အချစ်ဆိုတာ
ကဗျာဆရာတယာက်နဲ့ တူတယ်
တခါတလေအရမ်းနုညံသိမ်မွေပြီး
တခါတခါကျတော့ အရမ်းပေါက်ကွဲတတ်တယ်
အချစ်ဆိုတာ
နှင်းဆီပန်းပွင့်နဲ့ လည်းတူတယ်
အပေါ်ယံ လှပသလောက်
ရင်ထဲက ဆူးခက်တွေနဲ့ ပြည့်နှက်နေတတ်တယ်
အချစ်ဆိုတာ.................
အချစ်ဆိုတာ......................
အချစ်ဆိုတာ.............................
         ဖိုးခွားလေး (ကော့မှူးမြို့ )
Tuesday, 29 January 2013
Photoshop ဆော့ဝဲစိတ်ဝင်စားသူများအတွက် Funny Photoshop
ဒီဆော့ဝဲလေးက ဟာသပုံတွေ ရုပ်ပြောင်တွေ လုပ်ချင်ရင် သီးသန့် သုံးလို့ ရသလို
ဒီဇိုင်းနဲ့ ဓာတ်ပုံကောင်းကောင်း လုပ်တတ်ချင်သူတွေအတွက်လည်း အဆင်ပြေ၏
အလှပ ပြင်ဆင်လိုသူ ဒီဇိုင်းဆန်းဆန်း ပြင်ဆင်လိုသူတွေအတွက် အရမ်းကောင်း
အရမ်းလှတဲ့ ဆော့ဝဲတစ်ခုပါ - အသုံးလိုတယ်ဆို အောက်ကလင့်မှာယူလိုက်ပါ
အလွမ်းများရဲ့နောက်တစ်မျက်နှာ ...
မောင်နဲ့ ချစ်သူဖြစ်ခဲ့ရတဲ့ရက်တွေ ပျော်သလား?
မငဲ့ညှာတန်း ၀န်ခံရရင်
မပျော်ခဲ့ပါဘူးချစ်သူ..
အမြဲတမ်းပြဿနာနဲ့ ရန်လိုနေတဲ့နင့်ကို
ငါမှန်ပေမဲ့ အမြဲတောင်းပန်နေခဲ့ပါတယ်..
ငါ့ရင်ထဲ ဘာဖြစ်သလဲဆိုရင်
ခွင့်လွှတ်ပေးနိုင်ဖို့ ငါ့ကိုယ်ငါ ဖြေသိမ့်ခဲ့ပါတယ်..
ဒီပေးဆပ်ခြင်းတွေအတွက်
နင်ပြန်ပေးခဲ့တာ ဘာလဲဆိုရင်
လျစ်လျူရှုခြင်း..
ရှိသမျှမာန အရည်ဖျော်ပြီး
ခပ်ရဲရဲ ၀န်ခံရရင်
နင့်ကိုငါ သိပ်ချစ်ခဲ့ပါတယ်..
နင်ထားခဲ့ပြီးတော့ ငါဘာဖြစ်သလဲ
ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်
မယုံနိုင်ခြင်းများနဲ့  ညတိုင်းငိုနေခဲ့တယ်..
နင်မရှိတော့တဲ့ နေ့ ရက်တွေ
ငါဘယ်လိုနေထိုင်သလဲ ၀န်ခံရရင်
စက္ကန့် နဲ့ အညီ နင့်ကိုလွမ်းမိပါတယ်..
ငါ့ရင်ထဲ နင့်ကိုနာကျည်းမိတာ
အတိအကျ ဆိုပေမဲ့
ငါ့ရဲ့နေ့ ရက်တိုင်း အလွမ်းတွေချည်းပဲ ချစ်သူ..
အလွမ်းများရဲ့နောက်ကွယ်မှာ
နင့်အတွက် နာကျည်းစိတ်နဲ့ အမုန်းတွေ
လှလှပပ သီကုံးထားမှန်း ငါသိနေတော့
အလွမ်းများရဲ့ နောက်တစ်မျက်နှာကို ငါမကြည့်ချင်ဘူး.. 
ဆူးသခင်(ရန်ကုန်)
Youtube က သီချင်းတွေ Phone ထဲကအလွယ် Download ယူနည်း - 2 ...
ဒီဆော့ဝဲလေးက ဟိုနေ့ ကတင်တာထက် ပိုပြီးတော့ ကောင်းတယ် ဘာလို့ လည်းဆို
လိုင်းမကောင်းလည်း ဒေါင်းလုပ်ယူလိုရတယ် ဟိုနေ့ ကတင်တဲ့ဟာက ယူလို့ မရဘူး
ဒီဟာက ဆော့ဝဲဖွင့်တာနဲ့ Youtube မှာ  ပေါ်ပျူလာဖြစ်နေတာတွေ  တန်းပြီးပေါ်တာ
ပီးမှ  လိုချင်တာကို  သီချင်း စာရိုက်ရှာရတာ ။  လေးဖြူရဲ့ အလွမ်းများ ဆွဲထားတယ်
တကယ့်ဖလမ်း ဖလမ်းလေးမလို့  ဖုန်းကနေ သုံးသူမျာကို လက်တို့ လိုက်ပါတယ်...။
ဖုန်းထဲမှာ အင်စတောလုပ်ထားတဲ့ ဆော့ဝဲတွေကို Share ပြန်လုပ်နည်း ...
ဒီဆော့ဝဲလေးကတော့  ဖုန်းထဲမှာ  အင်စတောလုပ်လိုက်တဲ့ ဆော့ဝဲတွေကို ပြန်ပြီး
တခြားဖုန်းတွေကို  အလွယ်တကူ ခွဲဝေ ပေးပို့ နိုင်တဲ့ ဆော့ဝဲကောင်းလေးတစ်ခုပါ
အသုံးပြုပုံကလည်း လွယ်ကူပါတယ်။  မြန်မာဖောင့်အပါအ၀င် အင်စတောလုပ်တဲ့
ဆော့ဝဲမှန်သမျှ  Bluetooth , Gmail, နှစ်သက်ရာဖြင့် ဖြန့် ဝေနိုင်ပါတယ်...............။
Astro backup  လောက်တော့ အသုံးမတည့်ဘူးနော်...ကြိုက်ရာရွေးသုံးပါ ...........။
Phone ထဲက ဖိုင်တွေနဲ့ မသိစေချင် မကလိစေချင်တာတွေကို ပိတ်ထားနည်း ...
ဒီနည်းကတော့ သူငယ်ချင်းတစ်ယောက် မေးတာနဲ့ ရှာသုံးကြည့်တာ မဆိုးဘူးနော်
ဖုန်းကို ဖွင့်ထားပေမယ့်  ဖုန်းထဲမှာရှိတဲ့ဟာတွေကို သူများသုံးမရအောင် မကလိဖို့ 
ဒီဟာလေးနဲ့ သော့ခတ်ထားလို့ ရပါတယ် ။အထူးသဖြင့် ဖုန်းလာကိုင်ပီး ကင်မရာ
ဂိမ်း တအားဆော့ကြတယ် မလား ။ လာလာကလိတာ  အဲ့တော့ အလွယ် မကလိ
မဆော့ နိုင်အောင် သော့ခတ်ထားထား ။  ပြီးတော့ သူများမသိစေချင်တဲ့  ပုံတွေနဲ့ 
ဒီနည်းလေးဟာ မြန်မာပြည်က လူတွေရော နိုင်ငံခြားက လူပါ အဆင်ပြေတယ် ...
ဘာလို့ အားလုံးအတွက်   အဆင်ပြေလည်းဆိုရင်   မြန်မာပြည်မှာက  ဆော့ဝဲရယူဖို့ 
ပြည်ပလူတွေလောက်  မလွယ်ဘူး ။ အဲ့တော့ ဖုန်းထဲမှာရှိနေတဲ့သုံးနေတဲ့ဆော့ဝဲကို
ဖုန်းပျက်သွားတဲ့အခါ  နောက်ထပ်ဖုန်းတစ်လုံးမှာ သုံးချင်တဲ့အခါ ပြန်သုံးဖို့ အတွက်
Apk ဖိုင်အဖြစ်  Backup လုပ်ပေးမယ့်   ဆော့ဝဲတစ်ခုမလို့ ထည့်ပြီး  သိမ်းထားဖို့ ပါ
Youtube က Download ထားတဲ့ သီချင်းကို ဖုန်းထဲမှာပဲ MP3 ပြောင်းနည်း ....
ဒီဟာလေးက ဖုန်းထဲမှာတင် သီချင်းတွေ MP3-MP4 ပြောင်းချင်တဲ့အခါ ကောင်း၏
ကွန်ပျုတာကို သုံးစရာမလိုတော့ဘူး ။ဖုန်းထဲမှာပဲ အဆင်ပြေစွာ ပြောင်းနိုင်ပါတယ်
လိုအပ်သူများ သုံးချင်သူများ Google Play ကယူလိုက်ပါနော.........................။
ဒီလင့်မှာယူပါ -Mp3-Mp4 Media Converter for Android Phone
မောင်(စွယ်စုံကျမ်း)
Monday, 28 January 2013
ပြောပြချင်တယ်...
ဆက်ရန်မရှိတဲ့ ဇာတ်..
ငါ အထပ်ထပ်မမက်ချင်တော့ဖူး...
နွမ်းနေပြီဖြစ်တဲ့ ပန်း..
ခဏခဏ မနမ်းချင်တော့ဘူး..
ကာရံမဲ့ တဲ့ ကဗျာတစ်ပုဒ်
ငါ မကြာခဏထုတ်ထုတ်မကြည့်ချင်တော့ဘူး..
သံဇဉ်မဲ့ တေးသွားတစ်ပုဒ်..
ထုတ်ထုတ်ပြီး မညည်းချင်တော့ဘူး...
ကြိုးလျော့နေတဲ့  ဂစ်တာတစ်လက်..
အဆက်မပြတ် မတီးချင်တော့ဘူး..
ခါးသက်သက်ကော်ဖီတစ်ခွက်..
တရှိုက်မက်မက် မသောက်ချင်တော့ဘူး..
ဝိုးတိုးဝါးတား အိပ်မက်ထဲ..
တ၀ဲလည်လည် မရစ်မူးချင်တော့ဘူး..
စာနာမှုကင်း...
ညှာတာမှု အရှင်းနဲ့ ..
ရက်ရက်စက်စက်ထားပစ်သူ..
ငါ.. မိုးတိုးမတ်တပ် မျှော်ခဲ့ဖူးပေမယ့်..
တစ်ချက်တစ်လေ တောင် စောင်းငဲ့ မကြည့်သူအတွက်..
ငါ့အချစ်တွေ...
ပိုးစိုးပက်စက် အေးခဲသွားပြီဖြစ်ကြောင်း..
ဟက်ဟက်ပက်ပက် ရယ်မောရင်း...
နင့်ကိုပြောပြချင်တယ်....။
ချင်းမလေး
Regestry အပိုင်း အစများ...
ဖတ်ဖူးသမျှ ... သိခဲ့ဖူးတဲ့ အကြောင်းအ၇ာတွေကို ပြန်ပြီး Shearing လုပ်ပေးတာပါ ... ဘယ်သူဘယ်ဝါ တွေရေးတယ်လို့တော့ မမှတ်မိတော့ဘူး နည်းပညာမျှဝေလိုတဲ့ဆန္ဒတစ်ခုထဲပါ
Run ဘောက်စ် ခေါ်မရတော့ရင်
Run ဘောက်စ် ခေါ်လို့ မရတော့ရင်ဖြင့်my computer ကိုဖွင့် address bar မှာ C:\WINDOWS\system32\gpedit.msc လိုရိုက်ပြီး Enter ခေါက်၊ Group Policy ဘောက်စ်ပေါ်လာလိမ့်မယ်။ User configuration => Administrative Templates => Start Menu and Task Bar ဆိုတာပေါ်မှာ select မှက်လိုက်။ ညာဘက်ခြမ်းမှာ Remove Run Menu from Start Menu ဆိုတဲ့ ဆိုတဲ့ စာကြောင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်။ Disabled ဆိုတာကို ရွေးပြီး Apply , Ok ပေါ့။ ဒါဆိုရင်တော့ Run လေးပေါ်လာပါလိမ့်မယ်။
"မသေချာခြင်း အတ္ထုပ္ပတိ"....
အခုတော့ ဝေးကြပြီးပေါ့..
ကျေနပ်ပါတယ်
အနေမတတ်ခဲ့တဲ့ နှလုံးသား
ပုံအောထားတဲ့မေတ္တာတရား ..
နင်းခြေထွက်ခွာသွားပြီးရင်
တစ်ခုပဲ တောင်းဆိုချင်တယ်
ဘယ်တော့မှ လွမ်းဆွတ်မနေပါစေနဲ့  ..
ကြေကွဲရမှာထက်
နှစ်ခါပြန်ဒဏ်ချက်တွေ
ခံနိုင်ရည်ရှိမယ်မထင်ဘူး ..
မင်းအမှားမဟုတ် သလို
ရင်ခွင်ကြားက တင်းအားတစ်စုံရဲ့ 
ပြိုပျက်ခြင်း ရာဇဝင်သက်သက်တွေပါ ..
ဒါပေမဲ့ ..
တိတ်ဆိတ်ခြင်း အိပ်မက်အိုမှာ
နုပျိုမှုရဲ့  တစ်ဆိတ်တစ်ဒေသတော့
ရန်မူမှုတွေ ငါရင်ဆိုင်နေဆဲပဲ ..
ဝန်ခံပါတယ်
ချစ်ခဲ့ခြင်းမှာ
မရေရာခြင်း စိတ်ကူးသက်သက်တွေ ....။          ။
လေလွင့်လူ (ကမာမြေ)
Rဇာနည်နဲ့တွဲဆိုမယ့် သီချင်းအတွက် ခက်ခက်ခဲခဲ သီချင်းရေးခဲ့ရတဲ့ ထက်ထက်(Bobby Soxer)...
Bobby Soxer (ထက်ထက်) က လတ်တလောမှာတော့ Business Management နောက်ဆုံးနှစ်ကို တက်ရောက်နေပြီး မတ်လအကုန် မှာ ကျောင်းပြီးမှာဖြစ်ပါတယ်။ ဒုံးပျံ MTV ကိုလည်း မတ်လထဲမှာ ထွက် ဖို့ ကြိုးစားနေတဲ့ ထက်ထက်က ရှိုး ပွဲတွေလည်း ဆက်တိုက်ဆိုဖြစ်နေပါတယ်။ ကြော်ငြာတွေလည်း ရိုက် ကူးဖြစ်တဲ့ ထက်ထက် က”ထက်က ကင်မရာ ကြောက်တာတို့၊ အိုက်တင်လုပ်ရမှာ ရှက်တာ တို့ သိပ်မရှိဘူး။ ဒါပေမဲ့ ရိုက်ကူးမှုများလာလေ ပိုအဆင်ပြေလာလေ ဖြစ်တာပေါ့။ ဘယ်လို ကြိုပြင် ဆင်သွားရမယ်ဆိုတဲ့ ပြင်ဆင်မှုတွေကို ပိုသိလာတော့ အဆင်ပြေတာပေါ့။ ကြော်ငြာထဲမှာဆိုရင်တော့ ထက်ရိုက်ခဲ့သမျှက story board နဲ့ရိုက်တာတွေ များတယ်။အဲဒီအထဲမှာမှ အမှတ် တရဖြစ်တာက ကိုစိုင်းနဲ့တွဲရိုက်တဲ့ KKOသိုးမွေးကြော်ငြာပေါ့။ အဲဒီမှာတော့ သီချင်းလေးနဲ့တွဲပြီး လှုပ်ရှားရတာ အဲဒါကတော့ ပျော်ဖို့ကောင်းတယ်။ အဆိုတော်တွေလည်း ဖြစ်တော့သီချင်းလေးနဲ့ လှုပ် ရှားရတာဆိုတော့ ပိုကောင်း တယ်”လို့ ပြောပါတယ်။
Sunday, 27 January 2013
( ကြက်ပုံပြင် ) Writter by (အကြည်တော်) ...
အခန်း - ၁
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော ……
အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ
အဆုံးစီရင်သွားတာ။
လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖပေမယ့် အတွေးကောင်းရှာတယ်။ ဟို
စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လပျော်ချင်
မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊တစ်သက်လုံး ပျော်ချင်
လူပျိုကြီးပဲလုပ်-တဲ့။ အင်း ..ကြက်ဖ ခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့
တူပါတယ်။င်္
Root Your Android 2.x ထည့်သွင်းခြင်း...
Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။
Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။
စာဖတ်သူက Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။
sign out လုပ်ဖို့မေ့ခဲ့တဲ့ အကောက်ကို အခြားစက်ကနေ လှမ်းပိတ်နည်း...
ကိုယ့်အကောင့် တစ်ခုခု ဆိုင်ဘာကဖီးမှာ ဖြစ်ဖြစ် အခြားစက်တစ်ခုခု မှာ ဖြစ်ဖြစ် မေ့ပြီး မထွက်ခဲ့မိဘူးလား ...........စိတ်မပူပါနဲ့ ပြသနာရှိရင် အဖြေရှိပါတယ် အခုတင်ပြပေးမယ်နည်းလေးကတော့ ထွက်ဖို့မေ့ခဲ့တဲ့ အကောင့်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်တဲ့နည်းပါ
ကဲစမယ်နော်
မေးလ်ထဲ ပြန်ဝင်လိုက်ပါ
sign out gmail remotely
ဒီပုံလေးအတိုင်း ပြထားတဲ့အတိုင်း Details ဆိုတာလေးကို ကလစ်လိုက်ပါ