Friday, 8 March 2013

တိတ်တိတ်လေးပဲလွမ်းသွားမယ်.....





ရင်ထဲ အသည်းထဲက

အပြီးအပိုင် ထုတ်လိုက်ရင်

မလွမ်းတော့ဘူးတဲ့

ဟင့်အင်း

ကိုယ်
ဆက်လွမ်းချင်သေးတယ်
အဲဒီ အလွမ်းတွေကြောင့်

ဟောဒီ ရင်ဘတ်ကြီး

ကြေမွသွားပါစေပေါ့
ဆုံနိုင်ခွင့်မရှိလဲ

ရင်ထဲမှာရှိနေမှတော့

အဲဒါတွေ လိုသေးလို့လား

ဝေ့ဝဲလာတဲ့
မျက်ရည်တွေကို ထိန်းချုပ်

သိမ်းထုပ်ထားတဲ့ အလွမ်းတွေနဲ့

ဆက်လွမ်းမယ်

အလွမ်းပေါ် အလွမ်းဆင့်

အလွမ်းတွေ ရင့်သွားပါစေ
တိတ်တိတ်လေးပဲ လွမ်းသွားမယ်။

Holiday Lights Live Wallpaper v2.0 Apk 3.5MB...





Live Wallpaper ရိုးရိုးရှင်းရှင်းလေးနဲ့ အသုံးပြုချင်တယ်ဆိုရင် အသုံးပြုနိုင်ပါတယ်
မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorupload(or)zippyshare (or)sharebeast

 

Android Phone တွေထဲမှာ anti virus software ထည့်သွင်းထားချင်သူတွေအတွက် Webroot Security & Antivirus...




Android Phone တွေထဲမှာ anti virus software ထည့်သွင်းထားချင်သူတွေအတွက် Webroot Security & Antivirus  (Lucifar Kwa From MMUG)
ဒီanti virus software လေးကအရမ်းကိုကောင်းမွန်ပါတယ် သုံးကြည့်လိုက်ပါ
play store မှာ $19.99 ပေးရပါတယ် https://play.google.com/store/apps/details?id=com.webroot.security.full&feature=related_apps#?t=W251bGwsMSwxLDEwOSwiY29tLndlYnJvb3Quc2VjdXJpdHkuZnVsbCJd
unnamed   http://www.myanmarmobileapp.com မှာတော့free ရယူနိုင်ပါတယ်
Webroot Security & Antivirus အားအောက်က Link မှာရယူနိုင်ပါတယ်။



၅၂၈ ကိုကျော်လွန်၍...




သူငယ်ချင်းရေ...

ရိုးသားမှုတစ်စုံတစ်ရာအောက်က

ဖုံးကွယ်ထားတဲ့ စူးရှရှမျက်ဝန်းတစ်စုံ

ရင်ခုန်းခြင်းတွေ အတိဖုံးနေတဲ့ 

နင့်ရဲ့  မျက်ဝန်းအိမ်ထဲကို

ငါဘာသာ မပြန်ပါရစေနဲ့ တော့

ခင်မင်လွန်းလို့ ဂရုစိုက်တယ်ဆိုလည်း

သံယောဇဉ်အဆင့် ၅၂၈ လောက်ပဲထားလိုက်ပါ

နင့်ရင်ထဲက ထက်တိုးလာမယ့် သံယောဇဉ် တစ်မျှင်

ငါ့ရင်ထဲမှာလည်း ဒဏ်ရာကြိုးတွေ တစ်ပိုင်းတစ်စ

ဆက်ထုံးတွေနဲ့  မလှမပဖြစ်နေတဲ့ ငါ့ရဲ့ အချစ်ကြိုးနဲ့ 

မင်းနှလုံးသားမှာ ဆက်ထုံး တွေနဲ့  နာကျင်နေမှာ ဆိုးလို့ ပါ

တိုက်စမ်းပါစေ လေ ပူလိုက်စမ်းလေ နေ

ရွာလိုက်စမ်းပါ မိုး  အေးပါစေလေ ဒီဆောင်း

ကြမ်းချင်သလောက်ကြမ်း ဘဝခရီးလမ်းမှာ

ဘယ်အရာတွေ ဘယ်လိုကြုံနေပါစေ

မင်းအနား ရိုးသားစွာ ရှိနေပါစေ

၅၂၈ နဲ့  ထာဝရ သူငယ်ချင်းရေ



ဖိုးခွားလေးေ(ကာ့မှူးမြို့ )

♥♥♥-ဒါဟာ......အချစ်တဲ့လား-♥♥♥



 

ချစ်သူ........

မင်းကိုလူမမြင်ဖူပေမဲ့

ရင်ခုန်သံတွေထူးနေခဲ့တယ်
နင်မခေါ်ပေမယ့်

နင်ရှိနေတယ်အသိနဲ့

ပျော်နေမိတယ်

နင် ကထူးသလား

ငါကရူးသလားတော့

မစဉ်းစားမိတော့ဘူးဟာ

နင်ကထူးတားပဲဖြစ်ဖြစ်

ငါကရူးတာပဲဖြစ်ဖြစ်

ငါပျော်နေတယ်

နင့်အရိပ်လေး

တွေ့ခွင့်ရနေတယ်ဆိုရင်ပေါ့........။




Thursday, 7 March 2013

ကောင်မလေး မဖတ်တတ်တဲ့စာမျက်နှာ...



တချို့ကပြောတယ်
သူမက "သိပ်လှတယ်"တဲ့
ဟင့်အင်း
လေညှင်းဆောင်လို့ ပန်းမွှေးတာပါနော်...

 တချို့ကပြောတယ်
" မျက်ဝန်းညို"ကတစ်သက်လုံး ငိုစေမယ်တဲ့
ဟုတ်တယ်
သူမကိုခိုးခိုး ကြည့်မယ့်အစား
နေကိုပဲ ခိုးခိုး ကြည့်မယ်။

တချို့ကပြောတယ်
သူမက
မာနဆိပ်တက် "မျော" နေသူတဲ့
ဟင့်အင်း
"အနိစ္စ" ကို လျစ်လျူရှု "မေ့" နေသူပါ
ကျွန်တော်ပြောတော့
သူမက
ရယ်တယ်
"ရူးကြောင်ကြောင်"အတွေးအခေါ်တဲ့
"မုန်းစရာ" အယူအဆတွေတဲ့
ဒီလိုပါပဲ
သူမဟာ "မုန်းတယ်ပြောပြီး"
နမ်းနမ်းသွားတတ်သေးတယ်။

နောက်ဆုံးတော့
အဲဒီတချို့သော သူတွေကြောင့်
ကျွန်တော်နှင့် သူမ
ခဏခဏ ရန်ဖြစ်
ခဏ ခဏ ချစ်ဖြစ်ခဲ့ကြတယ်။

ပြောမယ်နော်...
ဘ၀ဆိုတဲ့လမ်းတစ်ကွေ့မှာ
ခဏပဲတွေ့ရတယ်ဆိုပေမယ့်
မေ့မရတဲ့ ငါ့စိတ် အစဉ်မှာတော့
မင်းအရိပ်တွေ ထင်နေဆဲပဲ
နှစ်သိမ့်တဲ့ အပြုံးတစ်ချက်နဲ့တင်
ရူးမိုက်ရကျိုးနပ်မတဲ့လား

ငါ့အချစ်ဦးရေ..
မင်းစဉ်းစားပါဦး
မာနဆိုတဲ့မင်းလက်နက်က
ရက်စက်ခြင်းနဲ့ အဆုံးသတ်
မင်းဆုံးဖြတ်တော့ ငါပဲ မှားသတဲ့

မေးခွင့်ရှိရင်မေးပါရစေ..
အထီးကျန်ကို့ ဘ၀က
မင်းနင်းလျောက်မယ့်
လှေကားတစ်ထစ်လား
ဒါကြောင့်ထင်ပါရဲ့
ငါ့ရင်ထဲမှာ
နွေဆိုတဲ့
တစ်ရာသီပဲ လည်နေတယ်။

အလွမ်းတွေသာပန်းတွေလို
နွမ်းခြောက်သွားရင်
ပန်းကြိုက်တဲ့မင်းအတွက်
မလွမ်းမိအောင်နေပါ့မယ်
အချစ်ခြင်းတူရင်
စစ်ခင်းယူမယ်လို့ ကြံတိုင်း
စစ်တလင်းမှာပန်းတွေပွင့်နေလို့
လှည့်ပြန်ခဲ့ရတဲ့ ငါဟာ
စစ်ကြေငြာမခံရတဲ့
စစ်ရှုံးသမားတစ်ယောက်ပါ
ငါ စိုက်တဲ့ပန်းခင်း
မင်းနင်းလျောက်လိုက်ပါ
မင်းအတွက်
ပန်းတွေ မြေခရှာပေးလိမ့်မယ်
အတိတ်ကိုရှောင်ရှား
အနာဂါတ်ကိုမေ့ထားပြီး
ရင်ခွင်ဗလာနဲ့
လမ်းလျောက်နေတဲ့
ဒီကောင့်အတွက်
ဝေေ၀ကြွေကြွေ..............
တရက်က တစ်ရက်ပြောင်း
အဟောင်းတွေဖြစ်ပြီးရင်ဖြစ်နဲ့
အတူချစ်ခဲ့ကြတဲ့ရက်တွေ
မင်းမေ့ ပစ်လိုက်ပြီနိုင်တာပဲနော်
 ဘယ်မှာလည်း အနာဂါတ်
နင်မှ မရှိတာ
ငါဘယ်လို ဆက်ရှင်သန်ရမလည်း
ရင်ထဲမှာ ကမ္ဘပျက်လုလုကွယ်
 မနက်ဖြန်ဆိုတဲ့ မျော်လင့်ချက်
နင်ရက်စက်ခဲ့လို့ ကျေမွ
အရည်မရ အဖတ်မရ ဘ၀ကြီးထဲပဲ
ခြောက်ကပ်စွာ ယိုင်နဲ့ပြိုလဲ ကျန်ခဲ့တယ်
နင်ဖြေပါ ...........
ငါ ဘာမှ မပိုင်ခဲ့လို့လား
နင့် အတွက်ဆိုပြိး
ကြိုးစားရုန်းကန်ခဲ့သမျှ
လက်တစ်ကမ်းအလိုရောက်မှ
နင် က.............
တစ်ဖက်ကမ်းကို
ခွဲထွက်သွားရက်လိုက်တာ
ဆက်လှမ်းဖို့ရာ အင်အားတွေတောင်
ချန်ထားမပေးခဲ့ဘူး မိန်းမဆိုးလေး။

အတိတ်ဆိုတာ
အိမ်မက်တစ်ခုဆိုရင်
လွမ်းရခြင်းတွေ
မေ့ဖျောက်ပစ်ဖို့
အနာဂါတ် သစ်တွေ
နင်ဖန်ဆင်းပေးပါ
ရည်ရွယ်ခဲ့တဲ့
နေ့သစ်များအတွက်
လက်တွေ့ဘ၀ကိုပွေ့ဖက်
နင် နဲ့ ငါ
မဆုံဆည်းခဲ့တဲ့
နေ့ရက်တွေ များခဲ့ပြီပဲ
အကြိမ်ကြိမ် လှည့်ပတ်ဖြတ်သန်း
ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလား
အဆုံးတွေ အစတွေက ဘယ်မှာလည်း
နင် နဲ့ ငါ
အစ ပြုမှုကို
အဆုံးသတ် မသွားချင်ဘူး
ရည်ရွယ်ချက်တူ
လမ်းကြောင်းတူမှ ချစ်သူတဲ့လား
နင်ပြောခဲ့ဘူးတစ်နော်
ထားလိုက်ပါလေ
အချစ်တွေတောင်
အတူ ရှိခဲ့ဘူးတာပဲ
လက်တွဲဖော်................ဆိုတဲ့
ဝေါဟာရလောက်တော့
နင် နဲ့ ငါ
ညှိုနှိုင်းယူမယ်လေ။
ကိုယ်တို့ယောက်င်္ကျားလွမ်းသလားတဲ့
ခတ်များခတ်တယ်အချစ်ရယ်
မျက်ရည်ဆိုတာ ငိုဖို့မဟုတ်
ဘာတွက်ကြောင့်များ
ဖန်ဆင်းထားလည်း
ယောင်္ကျားမှာလည်း
အသဲနှင့်ပဲ
တဟင့်ဟင့်နှင့်
မင်းလိုမငို
လူရှေ့ရှိလည်း ငိုနေမိရဲ့စိတ်ထဲမှာ
ကြင်နာ
တမင်ခွာမုန်းသူကို
ရင်နှစ်မွှာ
နာကြင်စွာကွဲစေဦး
အရှုံးကိုအပြုံးဖက်
ဆုံးတစ်သက်ထိ
အမုန်းမဲ့အချစ်နှင့်
အဆုံးမဲ့ချစ်နေပါအုံးမည်။
တကယ်ဆိုရင်..........
သစ္စာ ကတိတွေ
အခိုင်အမာ ပြုလို့
ငါ......... သေလုမျောပါး
ဒဏ်ရာတွေသာ ပေးခဲ့တဲ့မင်းအတွက်
ငါ့.........နှလုံးသားကိုလည်း
အရောင်ချယ်ထားခဲ့သင့်တယ်
စိန်ပန်းနဲ့ တူတဲ့ မိန်းမ တစ်ယောက်ရဲ့
အချစ်တွေကို
ငါ ..က ပဲ
တန်ဖိုးတွေ မြှင့်တင်ပေးနေမိသလား?
ပွင့်တုန်းကလည်း တစိုင်တခဲ
ကြွေချိန်ကြတော့ တဖြုတ်သဲသဲ နဲ့
အဝေမြန်သလို
အကြွေမြန်တဲ့ စိန်ပန်းကိုမှ
ဝေလည်းမွှေး ၊ ကြွေလည်း မွှေးမယ်
ထင်ယောင်မှားခဲ့မိသူရယ်ပါ

ဘာပဲပြောပြော
ရာသီကိုက်ပေမယ့်
အချိန်လွဲခဲ့တဲ့
ငါ တို့ နှစ်ယောက်ရဲ့
ခြားနားခဲ့တဲ့ ဘ၀နှစ်ခုကြား
နင်မလာနိုင်တာ ကိုတော့
အပြစ်လို့ မဆိုချင်ပါဘူး
ဒါပေမယ့် ...............ကောင်မလေး
အမုန်းတွေတော့ မပေးနဲ့
  ငါ့...............အတွက်
အသုံးမှ မ၀င်ဘဲ
(အစိမ်းရောင်မျက်ဝန်း အစုံလောက်ထိတိုင် ခွင့်ပြုနိုင်ပါတယ်)
နောက်ဆုံးတစ်နေ့
အတိတ်က ခြေရာ
ပြန်ရှာလို့ မရတဲ့ ဘ၀နဲ့
နင်ရက်စက်ခဲ့ရင်လည်း
(အိမ်မက်က လန့်နိုးစေခဲ့တဲ့မင်းအတွက်)
အမုန်းလို့ အဓ္ဓိပါယ် သက်ရောက်ခြင်းမရှိတဲ့
ဝေဒနာ စကားသံတွေကို
ကာရံမညီတဲ့ စာသားတွေနဲ့ ဖော်ကျူး
ကောင်မလေးရေ
ငါဆိုတဲ့အကောင်ကလည်း အရူး ...........
နင့်အချစ်တွေ နဲ့ နူတ်ခမ်းပါးကို
တရှိုတ်မတ်မတ် နေ့စဉ်ရက်ဆတ်
ဒီနေ့ထိ ငါ ခိုးခိုးပြီး လွမ်းနေရတုန်းပါကွယ်။

 ငါ ခိုးခိုးပြီး လွမ်းနေရတုန်းပါကွယ်။

 

လွှင့်ဝဲခြင်း...


ကြည်ပြာမလေးရေ........
ငါဟာ အလေနတ်တောလေးပါ...
လေးနတ်ခြင်းတွေပေါ်
ကျွံကျသွားတဲ့  အဇျတ္တတွေ
စုန်စုန်မြှပ် အဝေးဆုံးလမ်းတွေပေါ်
ခရီး နှင်းခဲ့တယ်...
မှားတယ် ဆိုတဲ့ လမ်းတွေပေါ်ပဲ
ဇွတ်အတင်း တိုးတိုးခဲ့တယ်
ငါဟာ အလေနတ်တောလေးပါ...။

ကြည်ပြာမလေးရေ.........
ငါလို လေသူအပေတေလူအတွက်
တယောတလက် မလိုဘူးကွဲ့...
နူးညံ့ခြင်းတွေထဲမှာ
ပျော်ဝင်သွားတဲ့  မြတ်နိုးမူ့တွေဟာ
ဘယ်ရသမ်နဲ့မှ မညီတော့ဘူး..
ငါ့ရိုးရာနဲ့ငါနေခဲ့ပေမယ့်
အပေတေဆန်တဲ့  ငါဟာ ဂျစ်ပစီလေးပါ...။

အမေ့ရဲ့ ဒုက္ခအိုးကလေးပေါ့...။

ကြည်ပြာမလေးရေ...
ငါဟာ အရိုင်းစိုင်းကောင်လေးပါ...
နွေရွှက်တွေလို စိမ်းစိုချင်ပေမယ့်
ကြွေကြွေခဲ့ရတယ်...
ပွင့်ဖူးဝေချင်တဲ့ အနာဂတ်
ဆောင်းဦးနှင်းဖြူတွေထဲတောင်
ပြေးပုန်းခွင့်မရလိုက်ပါဘူး...
အမှိုက်လိုလေနဲ့လွင့်..
ငါဟာ အရိုင်းစိုင်းဖြစ်ခဲ့ရတယ်...။

ကြည်ပြာမလေးရေ...
ငါဟာ လေလွင့်တဲ့ငှက်တကောင်ပါ...
ကောင်းကင်ကြီးဟာ
 ငါ့ရဲ့  တည်နေရာအမှတ်နဲ့ပေါ့..
ပျံရင်းသန်းရင်းနဲ့ပဲ
ငါ့အသိုက်အမြုံနဲ့ ဝေးခဲ့တယ်..
ခုတော့ ကြုံရာသစ်ပင်ဟာ
ငါ့အတွက် အိမ်လိုဖြစ်လို့..။
လမ်းပျောက်တဲ့သားတယောက်ရဲ့
အိမ်ပြန်လမ်းကို မျှော်နေတဲ့ အမေကို
အဝေးကပဲ ရှိခိုးခွင့်ရနေတဲ့
လေလွင့်ငှက်လေးပါ...။

ကြည်ပြာမလေးရေ...
ငါဟာ အသုံးမကျတဲ့ကောင်ပါ...
မင်းနဲ့နီးမယ်ထင်တဲ့ လမ်းတွေပဲ လျှောက်ခဲ့ပေမယ့်
ကျော်ခိုင်းခြင်းအရပ်တွေပဲ
ခြေဦးလည့်လည့်နေမိတဲ့ ငါ့ခြေလှမ်းတွေကို
ငါကိုယ်တိုင် ရင်နာမိတယ်...
နေပါရစေ....
မဝေးခင်အချိန်ထိတော့ မင်းနားနေချင်မိတဲ့
ငါ့ရဲ့ အသုံးမကျတဲ့စိတ်ကူးတွေကို
အိမ်မတ်တွေနဲ့ ပျော်ဝင်ပေါင်းဖက်စေချင်လို့ပါ.
..။

ဖြေသိမ့်စရာဆိုလို့
ငါဟာ ကဗျာတွေနဲ့
ညတွေညတွေမှာ...
ငါ့စိတ်ကူးတွေ ချော့ချော့သိပ်ခဲ့ရတယ်..။

ကြည်ပြာမလေးရေ..
ငါဟာ ခရီးသွားတယောက်ပါ...
ဘယ်အရပ်ဘယ်ဆီမသိတဲ့
ခရီးသွားတယောက်ပါ...
တစ်ဘဝစာလား....
သံသရာတစ်ခုစာလားမပြောတတ်ပါဘူး..
ငါ့ခရီးကတော့ ဝေးလွန်းတယ်ထင်တယ်..။
လုံလောက်မူ့မရှိတဲ့ ရိက္ခာနဲ့
ငါဟာ ချို့ချို့တဲ့တဲ့ ကောင်ပါပဲ...။

ကြည်ပြာမလေးရေ...
ငါဟာ အရေမရအဖက်မရကောင်ပါ...
ကိုယ့်ကိုယ်ကို ဝါးချေပြီး
ကိုယ့်ကိုယ်ကို ထွေးထုတ်လိုက်တဲ့ ကွမ်းတယာလိုပါပဲ..
မျှော်လင့်ချတ်တွေရစ်သိုင်းပြီးမှ
အိမ်မက်တိုင်းဟာ အမှန်တရားတွေအတိုင်း
မဖြစ်ခဲ့ဘူး....။
 နောက်ဆုံးတော့....
ငါဟာ အားလုံးနဲ့ဝေးရာလွင့်စဉ်ရမယ့်
လူအပေအတေလေးပါ...
ကျန်နေခဲ့သူလား ၊နူတ်ဆတ်ထွက်ခွာသူလား...
မတွေးတော့ပါဘူး
သင်္ခါရ နဲ့ပဲ ငါ့ကိုယ်ငါ လွှမ်းခြုံရစ်သိုင်းလိုက်တယ်..
ဒါဟာ ငါ့အတွက်အခိုက်အတန့်
ငြိမ်းချမ်းမူ့လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်...
.ကြည်ပြာမလေးရယ်...။


Talking Tom Cat v2.0.1 Apk 22MB...



Talking Tom Cat ဆိုတာနဲ့ တော်တော်များများသိမှာပါ
Update လေးတွေ့လို့ တင်ပေးလိုက်ပါတယ်
အသုံးပြုမယ်ဆိုရင် https://play.google.com/store/apps/details?id=com.outfit7.talkingtompro
မှာလေ့လာပြီး အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorupload (or)zippyshare (or)sharebeast


Bagan Keyboard Beta (Zawgyi+English)...


Bagan Keyboard
Bagan Keyboard
Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (BETA) version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။
Bagan Keyboard ၏ ထူးခြားချက်များမှာ-
၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။
၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။
၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။


Weather Clock FULL v1.7 for android...


unnamed
unnamed
မိမိတို့  Android Phone တွင် နာရီအသစ်ဖြင့် ဒီဇိုင်းလန်းပြီး ရာသီဥတုအခြေအနေများကို သိရှိစေဖို့  Weather Clock Full V 1.7 application လေးပါ။မိမိဖုန်းမှာ Internet ချိတ်ထားရုံဖြင့် Weather အခြေအနေများကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီ Application လေးကို Google Play တွင် 1.05 ဒေါ်လာဖြင့်ဝယ်ယူရရှိနိုင်ပြီး www.myanmarmobileapp.com တွင်တော့ free download ရယူနိုင်ပါတယ်။


ကြယ်ကြွေ ဆုတောင်း ..


ပဋိပက္ခများ နေတဲ့အဖြစ်ထဲ
သံသယ ကလဲထားလိုက်မိတယ် 
ချစ်ပြီးမှတော့ ဘယ်သူကခွဲချင်မလဲကွယ်
တိမ်ပြာတွေ ပြိုရင်
အဆင်းတော့လှပါရဲ့
အရောင်မှိန်မှိန်နဲ့ အိုသွားတဲ့နေမင်း
အနောက်အရပ်သို့ ၀င်ခဲ့ပြီ
ဒီအချိန်လေးမှာပဲလေ
သူက 
သံယောဇဉ်တွေကို ကျောခိုင်း
အတိုင်းမသိ အကြင်နာခေါက်ကာသိမ်း
ဥပေကာ ယာဉ်ကိုစီးနင်းပြီး
ဆန့်ကျင်ဖက် လားရာဆီသို့ 
ခရီးဆက်ခဲ့တယ်

ရုတ်တရက်မြင်တွေ့ရတဲ့ သူ့  ကျောပြင်
ဘယ်ခါမှ မမေ့တော့ပါဘူးကွယ် 
အတွေးတွေ ရောက်ယှက်ခပ်
သောကတွေနဲ့ ဘ၀မှာ မောလှပါပြီလို့
မငြီးညူချင်လဲ အသံတိုးတိုးလေးနဲ့
ကြယ်ကြွေညတိုင်းဆုတောင်းမိပြီ
အဖန်တရာ အဆက်ဆက်
ချစ်ရသူနဲ့ မခွဲပါရစေနဲ့ကွယ် ။
 
 
စပယ်ချို

Funny Photo Maker 2.2.5.0 Final ...



ဒီကောင်လေးက ဓါတ်ပုံ ဖရိန်တွေ အများကြီးပါတဲ့ Funny Photo Maker 2.2.5.0 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီကောင်လေးနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ယူလို့ ရပါတယ်..။ အရင်တုန်းက Funny Photo Maker ဗါးရှင်းအဟောင်းလေးတခု တင်ပေးဖူးပါတယ်..။ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားလို့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီလင့်ကနေ ဝင်ကြည့်လိုက်ပါ..။ ဒီကောင်လေးကလည်း Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပြီဖြစ်တဲ့ ဖရီးဗါးရှင်းလေးပါပဲ..။ ဓါတ်ပုံတွေ ပြင်ဆင်ဖို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 44.2 MB ရှိပါတယ်..။
 

ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက်က ကိုယ့်အပေါ် နားလည်မှု ရှိရမယ်လို့ဆိုသူ ယုသန္တာတင် ...



မော်ဒယ်လော ကကနေအ နုပညာလော ကကိုရောက် ရှိလာပြီး အနုပညာ ပျိုးခင်းက စင်တင်မင်း သမီးတစ်ေ ယောက်လည်းဖြစ် တဲ့ယုသန္တာ တင်ကမိုးယံ ဇွန်နဲ့အတူ ဆီးဂိမ်းအတွက် ကရာတေး ဇာတ်လမ်းအ တိုရိုက်ကူး နေပါတယ်။
အနုပညာ ပျိုးခင်းနဲ့ ၂နှစ် စာချုပ်ချုပ် ဆိုထားပြီး ဇာတ်ကား ၁၅ ကားရိုက်ကူး ဖို့ပြည့်တော့ မှာဖြစ်တဲ့အ တွက်အနုပညာ အတွေ့အကြုံနဲ့ ပတ် သက်ပြီး ''ညီမကတော့ အနုပညာ ပျိုးခင်းနဲ့ ၁၅ကား တော့ မပြည့်သေးဘူး။ ညီမရိုက်တဲ့ ကားအရေ အ တွက်က သိပ်မများသေးဘူး။ ကာရိုက်တာ လည်း မစုံသေးဘူး ဆိုတော့ ကိုယ့်ကိုဘယ်လို ဇာတ်ရုပ်နဲ့ ပိုပြီးအား သာ လည်း ဆိုတာ မသိသေးဘူး။ အတွေ့ အကြုံတွေ တော့ ရရှိခဲ့ပါတယ်။ ပရိသတ်တွေ ဘက်ကတော့ ညီမကားတွေ ထွက်လာရင်လည်း အားပေးကြ တယ်''လို့ ယုသန္တာတင်က ပြောပါတယ်။



Tuesday, 5 March 2013

မလွမ်းတော့ဘူး ...



မလွမ်းကောင်းတဲ့ အကြောင်းအရာထဲမှာ

နင့် အကြောင်းပါတယ်

မပြော သင့်တဲ့စကားထဲမှာ

နင့် ကိုချစ်တဲ့အကြောင်းပါတယ်

မတွေး သင့်တဲ့အတွေးထဲမှာ

နင့် ကိုစိတ်ကူးယဉ်တွေးနေမိတယ်

မချစ်သင့်တဲ့ ယောကျာင်္းထဲမှာ

နင်က ထိပ်ဆုံးမှာပါတယ်

ရက်စက်တက်တဲ့  ယောကျာင်္းထဲမှာ

နင်က ပထပဆုံး ဖြစ်နေလို့ပဲ

ငါ မလွမ်းတော့ဘူး










 

PhotoFun Pro v1.661.PPG Apk 41MB...


ဒီ App ကတော့ သူငယ်ချင်းတို့ နှစ်သက်မှာပါ 
သူက ဓာတ်ပုံတွေမှာ အကောင်တွေ ထည့်ပေးတဲ့ဆောစ့်ဝဲလ်လေးပါ 
အကောင်ပေါင်းစုံရှိပါတယ်  သူငယ်ချင်းဓာတ်ပုံတွေကို ဟာသဖြစ်စေသလို 
တိရိစ္ဆာန်ရုံသွားစရာမလိုဘဲ ကိုယ်နှစ်သက်တဲ့ အကောင်တွေနဲ့ မိမိဓာတ်ပုံကိုတွဲလို့ရပါတယ်
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 

Shwebook Dictionary Pro Apk လေးပါ...


အင်္ဂလိပ် မြန်မာ . မြန်မာ အင်္ဂလိပ် အဘိဓါန် လေးပါ......
Update လေးတွေ့လို့တင်ပေးလိုက်ပါတယ် 
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိုင်ပါတယ် 
Download>>>mirrorupload
 
 
 
 အမျိုးကောင်း သား
 
 

Monday, 4 March 2013

ကိုယ်ဖျောက်ချင်တာဖျောက်မယ်၊ဖော်မယ်။...



မေး : “ အစ်ကိုရေ တစ်ခုလောက်ကူညီပါဦး။ ကျွန်တော့်ကို Task Manager  ဖျောက်နည်းလေး အလွယ်ဆုံး ပြောပါဦး............ ကျေးဇူးတင်ပါတယ်။ ” 
ဖြေ : ဒါလေးကို Mail ထဲမှာ မေးထားတာပါ။ ကျွန်တော်အခု မေးထားတာလေးကို ဦးစားပေးပြီး ဖြေသွားမှာပါ။ 
အခုဟာက Task Manager အပြင်အခြား အထဲမှာပါတဲ့အချက်အလက်ကိုပါ ဖျောက်ပေးနိုင်ပါတယ်။ နောက်ပြီး သူက မြန်မာ Version လေးပါ။ မြန်မာလို ဆိုတော့ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဆိုဒ်ကလည်း သေးသေးလေးနဲ့ တော်တော်ကောင်းပါတယ်။ Task Manager အပြင် ကျွန်တော်အောက်မှာ ပြထားတဲ့ အချက်အလက်တွေကိုပါ ဖျောက်ပေးနိုင်ပါတယ်။ 
 

" ဒီဇင်ဘာ "...
















အလင်းဝေရင် နေခပေမယ့်
ဆောင်းခိုချင်တဲ့ထီးကလေးခြွေရင်
ဘယ်သူ့ ရင်ခွင်ပေါ် " ကြွေ " မလဲ . . . . .

ဒီဆံချည်မျှင်မှာ
ဆီးနှင်းစက်လေးတွေ ဝေ့၀ဲဖူးပွင့်လိုက်တော့မှ
ဒီဇင်ဘာကိုကျေးဇူးတင်မိတယ် . . . . .

တခါတလေတွေးကြည့်မိတယ်
ဆောင်းမှာနှင်းခေါင်သလို
တခါတရံတော့
ဒီဇင်ဘာကိုကြေးစားဆန်ကြည့်ချင်တယ် . . . . .

အပူငွေ့ ကြောင့် အရည်ပျော်သွားမှာ
မစိုးရိမ်မိဘူး . . . . .

မိုးတိမ်မှာမြူခိုးဖွဲ့ သီပြီး
နှင်းမုန်တိုင်းအဖြစ်သက်ရောက်တဲ့အခါ
ငါ့ကြောင့် မင်းနှလုံးသားလေးအေးခဲသွားမှာဘဲစိုးတယ် . . . . .



မိုးစက်အိမ်

ပြီးဆုံးသွားသော ...



မျက်လွှာ နှစ်ခု အပွင့်မှာ အိပ်ယာဝင်
မျက်လွှာ နှစ်ခု အပွင့်မှာပဲ အိပ်ယာထ
နံနက်ခင်းတိုင်းက ခြောက်သွေ့မှုနဲ့ ဖွင့်
ဒီလိုနဲ့ ကျွန်တော်ဟာ နေ့ နဲ့ နေ့ မှားသွားတယ် ...။

တရိပ်ရိပ် မူးဝေလာတဲ့ အာရုံမှာ
သတိရမိတာက သူ့မျက်နှာ
ကိုယ့်နဖူးကို ပြန်စမ်းတော့
တစ်ရာ့ တစ်ဆယ့်နှစ် ဒီဂရီက
ရိုးသားစွာ လက်မထောင်တယ် ...။

ကိုက်ခဲနေတဲ့ ထုံကျင်မှုကို ဂရုမစိုက်ပါဘူး
ကြည့်နေကြ အယ်လ်ဘမ်လေးမှာ
စကားတွေပြောဖြစ်တယ်
သတိရတယ် ... ချစ်သူ ...။

စိတ်တွေက လွတ်လပ်စွာ ဖောက်ထွက်ကြ
ခန္ဓာကိုယ်ရဲ့ အတိမ်အနက်မှာ ပျော်ဝင်ကြ
ဒီလိုနဲ့ ချစ်သူကို တစိမ့်စိမ့် ထိုင်ကြည့်မိတယ် ...။

နှာခေါင်းဝက သွေးညှီနံ့ သဲ့သဲ့ရတယ်
ဆည်းလည်းသံ သဲ့သဲ့လည်း ကြားတယ်
ခေါ်သံတွေလည်း ပဲ့တင်ထပ်လို့ ...
....................................................
 အိပ်မက်တွေ ဖရိုဖရဲနဲ့
ကျွန်တော် အခု အပြင်းဖျားနေတယ် ...။


(ညလင်းအိမ်)

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင် ...



လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင်ဆိုတဲ့ ခေါင်းစဉ်နဲ့အရင်က ပို့စ် တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်.. ကျွန်တော့်ဘလော့ရဲ့ Popular စာရင်းထဲမှာ ဒုတိယနေရာလိုက်နေဆဲပါပဲ.. အဲဒီပို့စ်မှာတင်ထားတဲ့ App ကိုလည်း ဒေါင်းကြတာ သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...
ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင်ပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..


Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ ...



ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။