Wednesday, 1 May 2013

please very sorry lover...


  http://www.mooigratis.nl/wp-content/uploads/2010/03/gouden-hart.jpg


ငါ့နှလုံးသားတစ်စုံကိုက...ရိုးအတာပါ
 အဆိပ်ကြွယ်...အနမ်းကမ်းခြေပေါ်မှ
ခွင်းမတောင်းပဲဝင်အပန်းဖြေခဲ့တာကိုး....။
အနာဂတ်မျက်လုံးတစ်စုံနဲ့ တော့
ထက်မြက်သူကိုလက်ဆွဲနှုတ်မဆက်ရဲပါဘူး...
        သို့ သော်...........

မျက်ရည်စများနဲ့ ..ငါ့ ရဲ့ငိုသံကိုတော့ 
မည်သူမှကြိုမြင်နှိုင်လိမ့်မည်မဟုတ်....
ထို့ ကြောင့် .............
ပန်းတစ်ပွင့်ရဲ့ ..မြူဆွယ်သံအောက်မှ....
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပေမဲ့ .
ချစ်တက်အောင်..ငါမခိုးချခဲ့လို့ သာ
ဘယ်သူ့ဆီကမှခွင့်မတောင်းပဲ
မာယာများတဲ့မင်းကို...မုန်းပြစ်ခဲ့တာ..
please  very sorry lover......../။

m.s.naylinphyo



နင်ပျော်ရင်ပြီးတာပဲ.....



နင် ပျော်နေတယ်ဆိုတာ
ငါ  နင့်မျက်နှာကိုမမြင်ရပေမယ့်
ခံစားသိနေတယ်......။

နင်ပျော်တော့ ငါလည်းပျော်တယ်..
နင့်ဆီိကို တခါတရံမှ ရောက်လာတတ်တဲ့
ပျော်ရွှင်မှုတွေကို... မျှဝေယူရမှာတောင်
နင့်အတွက် ငါကနှမြောပေးနေတာ....။

ဘာလို့...နင့်ဆီကို စိတ်ညစ်စရာတွေက
အတောင်ပံတပ်ပြီး ခဏခဏရောက်လာရသလဲ...
ဒါမှမဟုတ် နင်ကိုက စိတ်ညစ်တတ်လွန်းသူလား...။

နင့်မှာ နွေးထွေးတဲ့ ရင်ခွင်တစ်စုံရှိတယ်...
နင့်ကို ကာကွယ်အုပ်မိုးပေးမယ့် လက်တစ်စုံရှိတယ်...
အဲလို ချစ်ခင်ကြင်နာတဲ့ သူတစ်ယောက်ပိုင်ဆိုင်ထားတာ...
ကဲ ဒါဆိုဘာလိုသေးလဲ......။

နင်စိတ်ညစ်တဲ့အခါတိုင်း
နင့်ကိုချစ်တဲ့ သူတစ်ယောက်
နင့်ကိုအားပေးတတ်တဲ့ သူတစ်ယောက်
နင့်ကိုနှစ်သိမ့်ပေးတတ်တဲ့ သူတစ်ယောက်
အမြဲရှိနေတယ်ဆိုတာ အမှတ်ရပေးပါ.....။


 (မိုးငွေ့)

Phone ထဲမှာ Call List နဲ့ SMS တွေကို ကိုယ်ကလွဲပြီး သူများတွေ မမြင်နိုင် အောင်လုပ်ထားကြမယ် ( SPC for Android ) ...




 

ကျွန်တော်တို့တွေ Android ဖုန်းအသုံးများကြပါတယ်။ ဖုန်းသုံးတော့လည်း တချို့ Call List တွေ၊ SMS တွေကို ကိုယ်ကိုတိုင်ကလွဲပြီး တခြားသူတွေကို မသိစေချင်ကြပါဘူး။                              
 ဖုန်းကိုလဲ လွတ်လွတ်လပ်လပ် ဟိုနားဒီနားချထားမိတတ်ပါတယ်။ ဒီမှာ SMS ၀င်လာ၊ Call ၀င်လာတာတွေကို မသိလိုက်တာရှိဘူးမှာပါ။



Tuesday, 30 April 2013

ကွန်ပျူတာကလည်း နှေးလိုက်တာဆိုပြီး Feel ဖြစ်နေတဲ့သူတွေအတွက်...



 ကွန်ပျူတာက သုံးနေရင်းနဲ့ တစ်နေ့တစ်ခြား
လေးလာတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်
အသုံးဝင်မယ့်ဆော့ဝဲလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်

Acebyte Utilities ဆိုတဲ့ ဆော့ဝဲလေးပါ ..


ဘယ်သူ့  အသဲ မှ အကောင်းမရှိဘူး...


လိုတာ ထက်ပိုလို့ 
နင်  အပေါ်  သံယောစဉ်
မပိုခဲ့တာ  ငါ့ ကိုယ် ငါ သိတယ်
အချစ်  နဲ့  မေတ္တာ ကြားမှာ
နင်  အထင်တွေ  လွဲမှားနေတာ
နင် သေခြာတွေးမိရဲ့  လား

၅၂၈   ရဲ့  မေတ္တာ အကြား
၁၅၀၀  အချစ် နဲ့ 
လာမရော ချနဲ့ 
ပျက်လုံး မပါ တဲ့   ဟာသ
စာအုပ်လဲ  မဖတ်ဖူးသေးဘူး

ကြာလှပေါ့
နင် က  ကျောခိုင်းခဲ့တာ
သဘာဝ   ကျကျပဲ
နင်   မုသားသုံးပြီး
နှလုံးသားတွေ
ဇယ်တောက် တမ်း  ကစားခဲ့တာ

ဘာ တဲ့ ...........
ငါ...က  လူတိုင်းကို
အသဲခွဲ  တဲ့   မိန်းမ  သတဲ့ လား
အဟက့်...........
မကြာခင်  လေးမှာ
နင် ခွဲတဲ့  အသဲတွေ နဲ့ 
ကောင်မလေး  တွေ
မျက်ရည် ကျနေတာ
ငါ့  အတွေ့ ပဲလေ

အလှည့် အပြောင်း နဲ့ 
အတုန့်   အလှည့်  တွေရဲ့  ကြား
နင်...  မျက်ရည်  မကျသေးရင်
နောက်  မကြာခင်မှာ
နင့်  နှလုံးသားလေး
ပိုး  မကိုက်  ခြ မစွဲ မိစေနဲ့ 


ညအက္ခရာ

Start Menu 8 1.1.0.45 Final ...



Windows 8 အတွက် Start Menu လေးတွေကို ကျနော် မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ ဒီနေ့တော့ ဒီ Update လေး ထွက်လာလို့ Windows 8 အသုံးပြုတဲ့ သူများအတွက် အဆင်ပြေအောင် Start Menu 8 1.1.0.45 Final ဗါးရှင်းလေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Install ထည့်ပြီးသွားရင်တော့ Start Menu လေးနဲ့ Windows 8 ကို အသုံးပြုလို့ ရသွားပါပြီ..။ အရင်တုန်းက Start Menu 8 ပိုစ့်အဟောင်းတခုမှာ ဒီကောင်လေးရဲ့ Setting တွေကို ပြောင်းလဲတတ်အောင် အနည်းငယ် ပြပေးထားခဲ့ ဖူးပါတယ်..။
 

Monday, 29 April 2013

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ...


အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။