Friday, 24 May 2013

Google Home Page ကိုဒီဇိုင်းဆန်းဆန်းလေးနဲ့သုံးကြရအောင် ...


 

          Google Home Page ကိုဒီလို ဒီဇိုင်းခပ်မိုက်မိုက်လေးတွေ သုံးချင်ကြလား။ ဒီပုံစံ
မကြိုက်သေးရင်လဲ နောက်ထပ်ပုံစံတွေ အများကြီးရွေးလို့ရပါသေးတယ်။ ဘာဆော့(ဖ်)ဝဲ
မှလဲသုံးစရာ မလိုပါဘူး။ ကဲ...ကြိုက်တယ်ဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်
တစ်ဆင့်ချင်း ရှင်းပြပါမယ်။ သိပြီးသားသူတွေအတွက်တော့ ဆောရီးပါဗျာ။ ဘယ်အရာ
မဆိုမသိသေးရင်တော့ ခက်ပါတယ်။ သိပြီးသွားတော့မှပဲ အော်..ဒါလေးများဖြစ်သွားတာ

အလွမ်းဒဏ်ရာအတွက် ဥပက္ခာ...




ချစ်သူ……
မင်းဘဝသာယာဖို့ဆိုရင်
ငါ့ဘဝကိုချနင်း
ထင်းထင်းမြင်နိုင်တဲ့
မင်းမျှော်လင့်ချက်ဆီကို
ငါရောက်အောင်ပို့ပေးလိုက်မယ်……
ငါ့ရင်ကွဲလည်းကွဲပါစေတော့
ငါ့အသည်းထဲနင်ရှိနေတာပဲ……
ရယ်သံမဲ့တဲ့ဒီဘဝထဲ
ငယ်သံပါအောင်တော့ အော်မငိုချင်ဘူး……
ငါ့အချစ်ကပေးဆပ်ဖို့သက်သက်
ကျန်တာဘာအတွက်မှမလိုဘူး……
နင်ပေးခဲ့တဲ့နှလုံးသားအတွက်အနာ
တရ
ငါ့အတွက်တော့အမှတ်တရတွေအပြည့်နဲ့
ငါ့စိတ်ထဲမှာနာကျည်းမိပေမယ့်
ငါ့အတွေးထဲတော့
နင့်ပုံရိပ်တွေစိုးမိုးနေတုန်း……
ငါ့နားထဲတော့
နင့်အသံလွင်လွင်လေးတွေ
ခုထိပြန့်လွင့်နေတုန်း……
သြော်……
ငါခုထိ နင့်ကိုချစ်နေတုန်း……
မမုန်းရက်ပါဘူး
ချစ်တောင့်ချစ်ခဲ ငါ့အသည်းမှာ
နင့်အတွက်နေရာ
ထာဝရပေးထားတော့မယ်……
အခုတော့……
နှလုံးသားရဲ့ငိုကြွေးသံတွေ……
အလွမ်းဒဏ်ရာရဲ့ဝေဒနာတွေ……
အထီးကျန်ခြင်းရဲ့ပြုစားမှူတွေ……
အားလုံး   အားလုံးပါပဲလေ……
ငါ့ရင်ထဲမှာ သိမ်းထားလိုက်ပါ့မယ်……
ငါ့ဝေဒနာတွေအတွက်
ခံစားရခက်နေပေမယ့်……
တနေ့နေ့တော့
ငါ့ခံစားချက်တွေကို
ဥပက္ခာပြုနိုင်လာမှာပါ……


လွှမ်းဝေအောင်



Conferendo video chat For Android ...



ဖုန်းသမား တွေ က တော့  ကွန်ပြူတာ နီးပါး သုံးနိုင်ကြပါပြီး ဗျာ
vzo ချက်တဲ့ ဗျာ စိတ်ဝင်စားတယ် ဆိုရင် ဒေါင်းယူနိုင်ပါသည်
ညီတော့ မစမ်းရသေးပါဘူး ဗျာ အသစ်လေးတော့ အသစ်လေးပါပဲ
ကဲဒေါင်းလိုက်ဦးနော်.. ဒီမှာ ဆိုတဲ့ စာသားလေး ကို နှိပ်ပြီး ဒေါင်းလိုက်ပါနော်..






                                  ညီသူ(နည်းပညာဥယျာဉ်)



Tuesday, 21 May 2013

ချစ်သူ...

ငါ့အတွက်ဘာမှမလိုအပ်ဘူး
ချစ်သူ...
အားငယ်တဲ့အချိန်တိုင်းငါ့နံဘေး
မှာ နင်နေပေးနေရင်ပေါ့...

ငါဘာမှမမက်မောဘူး ချစ်သူ...
ငါဝမ်းနည်းတတ်တဲ့အချိန်တိုင်း
နင့်ရင်ခွင်လေးထဲမှာကလေး
တယောက်လို ငိုခဲ့ရရင်ပေါ့...

ငါဘာမှမတောင်းတတော့ပါဘူး
ချစ်သူ...
ငါ့လက်ကလေးကိုကိုင်ပြီး"နင့်ကို
ငါအရမ်းချစ်တယ်"လို့နင့်ဆီက
စကားသံလေးတွေကိုကြားခဲ့ရ
တိုင်းပေါ့...

ကျေးဇူးတင်ပါတယ် ချစ်သူ...
အရာအားလုံးအတွက်ပေါ့...



Phoe Phyu 
 
 
ငါ့အတွက်ဘာမှမလိုအပ်ဘူး
ချစ်သူ...
အားငယ်တဲ့အချိန်တိုင်းငါ့နံဘေး
မှာ နင်နေပေးနေရင်ပေါ့...

ငါဘာမှမမက်မောဘူး ချစ်သူ...
ငါဝမ်းနည်းတတ်တဲ့အချိန်တိုင်း
နင့်ရင်ခွင်လေးထဲမှာကလေး
တယောက်လို ငိုခဲ့ရရင်ပေါ့...

ငါဘာမှမတောင်းတတော့ပါဘူး
ချစ်သူ...
ငါ့လက်ကလေးကိုကိုင်ပြီး"နင့်ကို
ငါအရမ်းချစ်တယ်"လို့နင့်ဆီက
စကားသံလေးတွေကိုကြားခဲ့ရ
တိုင်းပေါ့...

ကျေးဇူးတင်ပါတယ် ချစ်သူ...
အရာအားလုံးအတွက်ပေါ့...



Phoe Phyu

မျှော်လင့်ခြင်းအိမ်မက်...




ပန်းတို့ ရဲ့ ရနံ့ ကိုနမ်းကြည့်ချင်ပေမဲ့ 
အတူပြန်ဆုံချိန်....ရှိအုံးမလား
ဝေးကွာနေတဲ့ရက်တွေကြား
မာယာတွေဖြန့်...နင်ခင်းလျှောက်ခဲ့ 
                                                        လှုပ်ကြည့်မိတော့ငါရင်ခွင်လေးလံ
                                                          ကမ္ဘာပျက်လုမတက်ငိုသံကိုက
                                                  မချစ်တက်သေးတဲ့တစ်ယောက်ဆီသို့ လှမ်း

.ပြန်မတွေးသင့်ဘူး
ပြန်မလွမ်းသင့်ဘူး
ဒါပေမဲ့ .....
ဘယ်သူမှမခိုင်းစေပဲနဲ့ ကြည့်စမ်း
ငါ့နှလုံးသားအိမ်မှာ...ပြန်ဆုံကြဖို့ 
ဒီခရီးကြမ်းပေါ်..ငါလျှောက်မိတယ်
ဘယ်သူအတွက်ပါလိမ့်နော်..။
 
 
 
                                                                     နေလင်းဖြိုး

သစ်စိမ်းချိုး...



ကံကြမ္မာရဲ့
ဇာတ်ဆရာ အလိုတော်ကျ
အကြောင်းပြချက်မဲ့
ဥပက္ခာပြုခံလိုက်ရတဲ့အခါ
ဘဝဟာ အမှောင်ကျခဲ့ရ..
ဘာကိုမှသိခွင့်မရလိုက်ပါဘူး
“သစ်စိမ်းချိုး”ပင်လယ်ပြင်မှာ
မျောပါခဲ့ရတဲ့သစ်ရွယ်ငယ်
တစ်ကယ်ဆိုပြောပြသင့်တယ်
“အသစ်”တွေ့လို့လား
“အပြစ်”တွေ့လို့လား
အကြောင်းပြချက်မဲ့
ခပ်စိမ်းစိမ်းမာယာတွေနဲ့
ကိုယ့်ကိုထားခဲ့
အကြောင်းမဲ့သက်သက်
နှုတ်မဆက်ထွက်ခွာ
“သူ”မသက်ညှာတဲ့အခါ
ဝမ်းနည်းမှုတွေက ရင်မှာဗလပွ
မအေးမြခဲ့တဲ့“ဒီဇင်ဘာ”
ဆွေးတသသနဲ့ဖြတ်သန်း
ခုံတန်းလေးနဲ့ပန်းတစ်ပွင့်ဟာ
တို့အတွက် အမှတ်တရဖြစ်ခဲ့ရ
ရှိပါစေတော့လေ..
မကြင်လို့ပြစ်ပယ်
နှင်းဖုံးတဲ့ကမ္ဘာတစ်ခြမ်းမှာ
မင်းအမုန်းတွေနဲ့ချန်ရစ်ခဲ့
တစ်ကယ်ဆို..
မဆုံခင် ကတည်းက ဘဝခြင်းက ခြားနှင့်ပြီးသားပဲ
ဘာရယ်ကြောင့်များ
ဝေးကွာခြင်းကို ဝမ်းနည်းနေမိနေတာလဲကွယ်
ရက်စက်တယ်..လို့မဆိုရက်
မင်းနဲ့ပတ်သက်ရင် အလိုရမ္မက်ကင်းမဲ့
ဖြူစင်ခြင်းသက်သက်
ပေးဆပ်ခြင်းနဲ့ မင်းပျော်ဖို့အတွက်
ကိုယ်လေ..
ခပ်စိမ်းစိမ်းပဲ နေပါ့မယ်...
 
 
 

Android မှာ ကိုယ်ပွားလေးတွေဖန်တီးပေးမယ့် app တစ်ခု ...




ဒီ app လေးက အရမ်းမိုက်တယ်ဗျာ computer မှာ photoshop နဲ့ အလုပ်ရှုပ်စေနိုင်မယ့်
ပုံလေးတွေကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ် ကိုယ်ပွားပုံတွေကို ဖန်တီးချင်သူတွေ
အတွက် လုံးဝအကြိုက်တွေ့မှာပါ background ကတော့ အမျိုးမျိုးပြောင်းမရပါဘူး
background တစ်နေရာထဲမှာ ပုံစံမျိုးစုံရိုက်ပြီး ပေါင်းစပ်နိုင်တယ်လို့ အလွယ်ပြော
လို့ရပါတယ် အောက်ကပုံလေးတွေကို ကြည့်လိုက်အုံးနော် ကြိုက်ရင်ဒေါင်း
 

သံစဉ်ပြိုတဲ့ တေးသွားအသစ် ...




တစစ်စစ်ကိုက်ခဲတဲ့ အနာနဲ့
မတည့်ဘူးဆိုတာ သိပါတယ်မေမေ
ဒါပေမယ့်...
ကျွန်တော် အလွမ်းတွေပဲ ဝယ်နေမိခဲ့တယ်။။
လူငယ်တစ်ယောက်ရဲ့ ကောင်းကင်မှာ
ကြိုးညှိဖို့တောင် ဂစ်တာမရှိခဲ့ပါဘူး
ဟောဒီ...ပုံစံကျနေတဲ့ မျက်နှာပေါ်မှာ
ကဗျာတွေ မရိုးမရွ ကခုန်ကြတယ်
ကျွန်တော် သူမကိုချစ်မိခဲ့တယ်မေမေ။။
ကိုယ့်ကိုကိုယ် ထုဆစ်ရင်းနဲ့
နမိတ်ပုံ ပျောက်သွားတဲ့အခါ
အိမ်ပြန်ချိန်ကိုပါ မေ့မေ့သွားတယ်
ကျွန်တော့်လောဘတွေအတွက်
သူမကို သနားလိုက်တာ။။
ကျွန်တော်နေတဲ့ ဝင်ရိုးစွန်းက
သူမအတွက် အေးစက်လွန်းလှတယ်
လမိုက်ညမှန်းသိအောင်တော့ ပိုမှောင်ပြခဲ့ပါရဲ့
ဒါပေမယ့်...
သူမ မကြောက်ခဲ့ဘူးမေမေ။။ 
တစ်လှမ်း...
နှစ်လှမ်း....
အဲဒီခြေလှမ်းတွေနဲ့ပဲ သူမသိမ်းပိုက်ခဲ့တာ
ကျွန်တော့်မှာ
နပိုလီယံလို အချိန်(၂)နာရီလောက်လိုသွားခဲ့ပြီ။။
ဒီပွဲမှာ ကျွန်တော်ရှုံးခဲ့တယ်
ဒါပေမယ့်..
ပျော်တယ်မေမေ။။


                                                                           အလင်းသစ်



Sunday, 19 May 2013

Android ဖုန်းအတွက် အရမ်းလှတဲ့ ပုံအရှင် Wallpaper အလန်းဇယားများ ၁၂ မျိုး...






အောက်ပါ လင့်မှ နှစ်သက်ရာစတိုင်ကိုကြည့်၍ Downloadဆွဲလိုက်ပါ

 
 
                                                                        

Wonderfox Video Watermark 1.2 Final ...


ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ Video တွေကို Watermark လို့ ခေါ်တဲ့ စာလုံးတွေနဲ့ ပုံလေးတွေ ထပ်ထည့်ပေးလို့ရတဲ့ Wonderfox Video Watermark 1.2 Final ဗါးရှင်းလေးပါ..။ ဖူးသုံးလို့ ရအောင် ကျနော် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ ဒီပို့စ်မှာ patch နဲ့ ဖူးလုပ်နည်း အပြည့်အစုံကို ပြန်ပြပေးထားပါတယ်..။ အရင်တုန်းက patch ထည့်နည်းတွေနဲ့ အတူတူပါပဲ..။ နောက်ပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ အပေါ်က ပုံလိုမျိုး မိမိတို့ရဲ့ Video တွေနဲ့ သီချင်းတွေကို စာလုံးတွေနဲ့ မိမိတို့ရဲ့ Logo ပုံလေးတွေ တဆိပ်ရိုက်ထည့်လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့15 MB ရှိပါတယ်..။