Friday, 2 August 2013

PhotoShop Software ဖြင့် ဆံပင်အရောင်ကို လွယ်ကူစွာပြောင်းခြင်း ...



Photoshop Software ဖြင့် ဆံပင်အရောင်ကို အောက်ဖော်ပြပါအဆင့်ဆင့်အတိုင်း အလွယ်တကူ အရောင်ပြောင်းပေးနိုင်ပါတယ်။
အဆင့်(၁)
မိမိဆံပင်အရောင်ပြောင်းလိုသောပုံကို ဖွင့်လိုက်ပါမယ်။


အဆင့်(၂)
Create a new layer ကို Click ပြုလုပ်ပြီး New Layer Layer 1 တစ်ခု ပြုလုပ်ပါမယ်။


အဆင့်(၃)
 

ဆရာနဲ့တပည့်...




ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိခ
ျင်ပါတယ်တပည့်

တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ

ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ

တပည့် ။ ။ သူ စုပ်ချင်လို့ပါဆရာ

Thursday, 1 August 2013

VIBER : FREE MESSAGES & CALLS V 3.1.0 FOR ANDROID (LATEST VERSION)...



Android ဖုန်း/Tablet တွေအတွက် ဇူလိုင်လ 30 ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ကို HD sound နှင့် ပြောနိုင်တာ ၊ Message Free ပို့နိုင်တာ ၊ Group chat ပြောနိုင်ရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပြီ: Sticker အသစ်များစွာပါဝင်လာတာကိုတွေ့ရပါတယ် .. Viber v3.1.0 for Android အောက်ကလင့်မှာ download ရယူနိုင်ပါပြီ။



Internet Download Manager v1.0 for Android...



ကွန်ပျူတာတွေအတွက်တင် Internet Download Manager ဆော့ဝဲရှိတာမဟုတ်တော့ပါဘူး။ အခု Android ဖုန်းတွေအတွက်လည်း Internet Download Manager ဆော့ဝဲရှိပါတယ်။ ဖုန်းထဲမှာ ဒီဆော့ဝဲလေးကိုအသုံးပြုပြီး အင်တာနက်ကနေ သီချင်း ၊ ဗီဒီယိုနဲ့ တခြားဖိုင်တွေကို download လုပ်ကြည့်တာ သာမန် download လုပ်တာထက် နှစ်ဆ ၊ သုံးဆလောက်ကိုပိုမြန်နေပါတယ်။ Internet Download Manager v1.0 for Android ကိုအောက်က link မှာရယူပါ။



ငါတို့ တွေ့ ရဖို့ နေ့ ရက်လေးတွေနီးလာပြီနော်...



 Photo: ငါတို့  
တွေ့ရဖို့ အတွက် တရက်ထက်တရက်
နေ့ရက်လေးတွေ   နီးလာပြီ....

ငါတို့  
လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  
အချိန်လေးတွေ  နီးလာပြီ...........

နင့်ကိုတွေ့ရင် အလှဆုံးဖြစ်အောင် နေဖို့ 
အလှလေးတွေပြင်ဆင်တက်လာပြီ.....

နင်နဲ့ တွေ့ရင်  ငါဘယ်လောက်ချစ်တာ ပြောပြဖို့ 
စကားလုံးတွေ စာစီတက်လာပြီ.........

နင်နဲ့ ဆုံရင်  ရုပ်ရှင်တွေ အတူတူကြည့်ကျမယ်လို့ 
စိတ်ကူးတက်လာပြီ

နင်နဲ့ ဆိုရင်  နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ 
မျှော်လင့်တက်လာပြီ

ဆန်းတော့  ဆန်းသား
တခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကို
တဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ  .....
ငါမှားလားချစ်သူ...............

ဟင့်အင်
အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ 
နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....


(ပုံရိပ်စစ်)
 
ငါတို့  
တွေ့ရဖို့ အတွက် တရက်ထက်တရက်
နေ့ရက်လေးတွေ နီးလာပြီ....

ငါတို့  
လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  
အချိန်လေးတွေ နီးလာပြီ...........

နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ 
ပြင်ဆင်တက်လာပြီ.....

နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ 
စကားလုံးတွေ စာစီတက်လာပြီ.........

နင်နဲ့ ဆုံရင်  ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ 
စိတ်ကူးတက်လာပြီ

နင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ 
မျှော်လင့်တက်လာပြီ

ဆန်းတော့  ဆန်းသား
တခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကို
တဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....
ငါမှားလားချစ်သူ...............

မဟုတ်ဘူး...
အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ 
နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....
 
 
                                                                                      Lamin Maung
 
 

Tap4Call - free phone calls V1.3.4 For Android...




Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။
 

ပစ်ကြခတ်ကြမယ်..တိုက်ကြမယ်...


အပစ်အခက်ဝါသနာပါသော ဘော်ဘော်များအတွက် ဆော့၇တာ လန်းတယ်...
ရုပ်ထွက်လည်းကောင်းတယ်...
24 mb ဘဲရှိတယ်...

click here to download apk file




ပုံတွေကို ပြင်နိုင်တဲ့ XnRetro Pro v1.30 APK...







ဖုန်းထဲမှာပုံတွေကိုပြင်ချင်သူတွေအတွက်ဆော့ဝဲလ်ကောင်းလေးတခုဖြစ်ပါတယ်။
August 1ရက်နေ့ထုတ် Pro versionဖြစ်ပါတယ်။ဒီကောင်လေးမှာColour
Effectတွေများ စွာပါဝင်ပါတယ်။ဓါတ်ပုံFrameများစွာနဲ့
မိမိစိတ်ကြိုက်အသုံးပြုနိုင်ပါတယ် ကာလာအရောင်တွေကိုလည်းချိ န်ညှိလို့ရပါတယ်။ရှေ့ဟောင်းပုံအဖြစ်
လည်းပြောင်းလို့ရပါတယ်။ ဒီProလေးမှာထူးခြားချက်ကeffect 2ခုကိုေ ပါင်းစပ်လို့ရပါတယ်။ ပုံတွေမှာစာရေး လို့ရပါတယ်။ Android version2.2နှင့်အထက်မှာအသုံးပြုနိုင်ပါတယ်
။အားလုံးစိတ်ဝင်စားကြမယ်ထင်ပါ တယ်။
 

Monday, 29 July 2013

မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည် ဖို့ သိန်းတစ်ရာမတည်တဲ့ သက်မွန်မြင့်...

လမင်းလေးရဲ့ အဝေးလူ...



ညက ပိုအေးစက်လာလည်း
သူကတော့ မပြောင်းလဲဘဲ... ဟိုးမိုးမြင့်ထက်မှာ တောက်ပဆဲ။

နာရီတွေပဲ ငိုနေသလား
တိုးလို့ သွားတဲ့ စက္ကန့်တိုင်းဟာ ငါ့တွက်ခုတော့ လွမ်းမျက်ရည်များ။

ယောင်ပြီးတ တတ်တဲ့ နာမည်လေးတစ်ခု
နှုတ်ဖျားလှုပ်ရုံလေးပေမယ့် ရင်ထဲမှာတော့ ဟုန်းဟုန်းမြည်တယ်
နှင်းတောင်ဝေပြီ... ပြန်လာချိန်တန်ပြီထင်ရဲ့လေ။

သူဖျစ်ညှစ်ကစားဖူးတဲ့ ပါးပြင်လေးမှာ
အေးစက်တဲ့လေကို လှောင်ပြောင်ဖို့ ပူနွေးနွေးမျက်ရည်စီးပြီ
သူလေ... လမင်းလေးနဲ့ နီးချင်မိတယ်။

ဟိုးမနက်ခင်းတွေ... နှင်းနဲ့မြူတို့ဝေလို့
တစ်ခါက တူတူရှိဖူးတဲ့ မနက်ခင်းများကို လွမ်းမော၊
လမင်းလေးနဲ့ ကင်းမရသူမို့
အဝေးကပဲ တမ်းတရတယ်...
ဒီလူကို စာနာနိုင်ဖို့ ဒီကဗျာလေး ပို့လွှတ်လိုက်မယ်။
ချစ်သူ သိစေ နားလည်ပါစေသား။

 

                                                    သီဟလုလင်