Tuesday, 6 August 2013

မင်းအတွက် လမ်း...



ရင်ဖွင့်ချင်တယ်....
သနားလိုက်တာလို့တော့ မင်းမပြောနဲ့
ငါမယုံဘူး။
ကွယ်ရာ လှိမ့်ရယ်နေမှာ သိနေတယ်။
စာနာစိတ်လည်းမရှိဘူး....ငါ့ကိုလည်း ထည့်မစဉ်းစားဘူး။
ငါမှိုင်နေရင် အားပေးဖို့တောင် မင်းသတိမရခဲ့ဘူး။

မညာပါနဲ့။
တခြားမျက်နှာကို ပြုံးပျော်စေမှာ သိနေတယ်။
အချိန်မရှိဘူး။ မင်းမသိတာလည်း မဟုတ်ဘူး။
ဒါပေမယ့် ... ဟန်ဆောင်ပြုံးပြဖို့တောင် စိတ်မ၀င်စားဘူး။
နင်းလျှောက်နိုင်ဖို့ လမ်းဖြစ်ပေးတာတောင်....
ခဲဆူးလို့ဆို ... ခြေဆောင့်နင်းတတ်တာ အသည်းနာတယ်ကွာ။
ရင်ဘတ်ကအောင့်ပေမယ့်...
အကြွေးရှိသမျှ ပေးဆပ်ဖို့က ကျန်နေသေးလို့...
ငါတော့ လမ်းလုပ်နေရဦးမှာပါ၊

                                                      

                                                        သီဟလုလင်

Clone Yourself - Camera v1.2.0 Apk 11MB...


 Clone Yourself Camera အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 5ရက်နေမှာ ဗားရှင်းအသစ်ထွက်ပါပြီ
ဗားရှင်း အသစ်မှာ ဓာတ်ပုံ လေးခါရိုက်လို့ရပါတယ်
ဒီကောင်လေးကတော့ ဓာတ်ပုံရိုက် ၀ါသနာပါတဲ့
 အကို အမ ညီ ညီမ တွေ အတွက် အဆင်ပြေမယ် ဆောစ့်ဝဲလ်လေးပါ 
သူက နောက်ခံ ရှုခင်း တစ်မျိုးထဲမှာ အိုင်တင်သုံးမျိုးလုပ်ပြီး ဓာတ်ပုံရိုက်လို့ရပါတယ် 
 

Android အတွက် Kaspersky Internet Security v11.1.3.10 နဲ့ 6 လစာ Key...



Kaspersky ဆိုရင် Antivirus လောကမှာ ဆရာတစ်ဆူပေါ့ဗျာ.. အရင်ကဆို သူကပဲ ဦးဆောင်ခဲ့တာ ခုထိပဲဆိုပါတော့.. Android အတွက် Kaspersky Antivirus ကိုထုတ်လုပ်ခဲ့တာလည်း အောင်မြင်ပါတယ်.. Kaspersky Internet Security for Android ကိုလည်း ထုတ်လုပ်ခဲ့တာ အောင်မြင်နေပါပြီ..


သို့....ချစ်သူ...


 ကြယ်ရောင်တွေလင်းလက်နေတဲ့ညမှာ
ငါလေ...တစ်ယောက်ထဲ
ကောင်းကင်ကြီးကိုငေးကြည့်ရင်း
ရင်ဘတ်ထဲကစကားလုံးတွေနဲ့အတူ
မင်းအတွက်...
မင်းအတွက်ကဗျာလေးတပုဒ်ကိုရေးဖွဲ့လိုက်တယ်
ချစ်သူရေ......
ဝေးကွာခြင်းရဲ့နောက်ကွယ်က
ဆုံဆည်းမှုတစုံတရာအတွက်
ငါတို့ရဲ့နှလုံးသားတွေကို
ဘယ်အချိန်ထိများပေးဆပ်ထားရအုံးမှာလဲ
ဘယ်သူမှမမြင်ရတဲ့
ဆုံဆည်းမှုတခုဟာ
အမြဲတမ်းသတိရနေခြင်းပါလို့ဆိုပေမယ့်
မင်းကော.....ကိုယ့်ကို
အမြဲတမ်းသတိရနေနိုင်ပါ့မလားချစ်သူ......။
ကိုယ်ကတော့...အချိန်နဲ့အမျှပါပဲကွယ်
ချစ်သူရေ.....
ကိုယ့်ကိုသတိရနေပေးဖို့
ကိုယ်မတောင်းဆိုချင်ပါဘူးချစ်သူ
ဒါပေမယ့်
မင်းရဲ့သန်းခေါင်ယံအိပ်မက်ထဲကိုတော့
ကိုယ့်ကို...လာလည်ခွင့်ပေးလှည့်ပါနော်
ငါတို့နှစ်ယောက်ရဲ့ဝေးကွာခြင်းတွေကို
အဆုံးသတ်နိုင်ဖို့အတွက်လေ...။
ချစ်သူထာဝရပျော်ရွှင်ပါစေ................။


                                                      အောင်ကိုမင်း

ရင်မဆိုင် ချင်တဲ့  အလွမ်း...



အလွမ်း ကို  အလွမ်း နဲ့  စားရင်
အလွမ်းပဲ  ကြွင်း နေတာ
ဒီအလွမ်း နဲ့   မပတ်သက်ချင်တော့ဘူး

သံယောဇဉ် ဆိုတာ   မမြင်နိုင်ပေမယ့်    
အမှောင်ည   နဲ့   ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ  ရေ  ..................
နွေးထွေး တဲ့   နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့   ပြီး   နင့်  ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး  ဖွင့်ပြောပြချင်တာ.............

လွန်ဆန် မရတဲ့   အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့်  တစ်နေ့  မျက်နှာချင်ဆိုင်  ထိုင်ပြီး
အတိုးချ   လို့    စကားတွေ ပြိုင်ပြောကြမယ်   ကွာ........
နင့်  အလွမ်း  ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ  ပေါ့
ခုတော့ လည်း  အချစ်နတ်သား    ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့   နှစ်ယောက်သား တို့ ဘဝ
အံကျိတ်လို့ ပဲ  အလွမ်းခါးခါး  ကို ခဏ  သောက်သုံးထားလိုက်အုံးမယ် နော်...

 ညအက္ခရာ.........

တိမ်တွေပြေးနေတဲ့ Flight Live Wallpaper...


Name : Flight Live Wallpaper
Version :2.0.1
Size : 2.62 MB
Format : apk
O/S : Android


 မိမိတို့ Android Phone ရဲ့ Wallpaper လေးကို လှုပ်ရှားနေတဲ့ တိမ်တိုက်တွေကို ထည့်ချင်တယ်ဆိုရင်တော့ ဒီ App လေးကို သုံးကြည့်လိုက်ပါဗျာ။ ရိုးရိုး တိမ်တိုက်ကြားမှာ ပျံနေယုံမကပဲ ကား ၊ ဆိုင်ကယ် ၊ လေယာဉ် ထဲက View တွေကိုလဲ မိမိတို့စိတ်ကြိုက် ထည့်သွင်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ပြေးနေတဲ့ တိမ်တိုက်ရဲ့ အချိန် ၊ Speed ၊ အရွယ်အစား နဲ့ ရာသီဥတုကိုပါ စိတ်ကြိုက်ချိန်လို့ရပါတယ်ခင်ဗျာ။