Tuesday, 23 October 2012

တချိန်မှာ...

တချိန်မှာခံစားရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ခံစားချက်တွေကိုလျော့ချပစ်ရမယ်တဲ့

တချိန်မှာ နာကျင်ရမယ်မှန်းသိတဲ့အတွက်

လက်ရှိအချိန်မှာ
မေ့ပစ်လိုက်ကြရမယ်တဲ့

တချိန်မှာ ဖြတ်တောက်ခက်ရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
သံယောဇဉ်တွေလျော့ချပစ်ရမယ်တဲ့

တချိန်မှာ မဖြစ်သင့်တဲ့မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ဖြစ်သင့်တာတွေကိုဦးစားပေးရမယ်တဲ့

ကောင်မလေးရေ
တချိန်မှာဖြစ်မယ်ဆိုတာ
မသေချာပါဘူး

ဒီနေ့မင်းစကားပြောနေတဲ့ငါဟာ
မနက်ဖြန်
မင်းစကားပြောခွင့်ရချင်မှရမှာပါ

ဒီနေ့မင်းအသံကြားနိုင်တဲ့ငါဟာ
မနက်ဖြန်
မင်းအသံကြားနိုင်ချင်မှကြားနိုင်မှာပါ

အနာဂါတ်ကိုတွေးပူတာကောင်းပါတယ်
ဒါပေမဲ့
မင်းတွေးပူတဲ့ အနာဂါတ်မှာ
ကိုယ်ဆိုတာရှိချင်မှရှိမှာလေ

တခါတလေကျတော့
ဖြစ်မလာသေးတဲ့အနာဂါတ်ကို
တွေးပူနေမဲ့အစား
ပစ္စုပ္ပန်လေးကိုပဲ
မင်းကို မြတ် နိုး စေချင်ပါတယ်

ဘာလို့လဲဆိုတော့
မနက်ဖြန်မှာ
ကိုယ်အသက်ရှင်ဖို့ဆိုတာသေမှမသေချာပဲ ။ ။

ကောင်ကလေး

No comments:

Post a Comment