Wednesday, 31 October 2012

အစိုးရက ပပျောက်ရေးကြိုးပမ်းနေသော်လည်း မြန်မာ၌ ခြောက်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှုမြင့်တက်...

အစိုးရက ပပျောက်ရေးကြိုးပမ်းနေသော်လည်း မြန်မာ၌ ခြောက်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှုမြင့်တက်

နယူးယောက်၊အောက်တိုဘာ-၃၁

အစိုးရက ပပျောက်ရေးဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုသည် ခြောက်နှစ်ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြလိုက်သည်။

ထို့ကြောင့် ၂၀၁၄ တွင် ဘိန်းစိုက်ပျိုးမှုပြဿနာ ပြီးဆုံးရမည်ဟု အစိုးရဘက်မှ ယူဆထားချက်များကို သံသယ၀င်ရဖွယ်ရှိနေသည်။ မြန်မာအစိုးရသည် ယမန်န
ှစ်က ဖျက်စီးခဲ့သည်ထက် သုံးဆကျော်ပမာဏရှိသော ဘိန်းခင်းဧက ဟက်တာပေါင်း ၂၄၀၀၀ (၅၉၂၈၀ ဧက)နီးပါးခန့်ကို ၂၀၁၂ ရာသီတွင် ဖျက်ဆီးရန် စီမံခန့်ခွဲနိုင်ခဲ့သည်။

သို့သော် ကုလသမဂ္ဂ၏ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရေးရာရုံး (UNODC)က အာဖဂန်နစ္စတန်အနောက်၌ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော နိုင်ငံအဖြစ် ရပ်တည်နေသော မြန်မာတွင် ဘိန်းစိုက်ပျိုးရေးအတွက် သုံးသောမြေပမာဏမှာ တိုးတက်နေဆဲဖြစ်ပြီး ရှစ်နှစ်တာကာလအတွင်း ၁၇ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်ဟု ဆိုထားသည်။ ယင်းအစီရင်ခံစာအရ ၂၀၁၁/၁၂ ရာသီတွင် ဘိန်းတန်ချိန် ၆၉၀ ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ ယမန်နှစ် ကမ္ဘာ့စုစုပေါင်း ဘိန်းထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဆိုသည်။

UNODC ၏ အဆိုအရ အရှေ့တောင်အာရှမှ ဘိန်းဝယ်လိုအား အကောင်းဆုံးမှာ တရုတ်ပြည်ဖြစ်လာနေပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ ဘိန်းဖြူသုံးစွဲမှု စုစုပေါင်းမှ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်ပြည်ကို ရယူထားသည်ဟု သိရသည်။ တရုတ်တွင် မှတ်ပုံတင်ထားသည့် ဘိန်းသုံးစွဲသူဦးရေမှာ ၂၀၀၂ တွင် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၀ တွင် လူဦးရေ ၁ ဒသမ ၁ သန်း ရှိထားခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

-Ref:Reuters

No comments:

Post a Comment