Friday, 19 October 2012

We are Myanmar...



တနေ့  ....
one day ...
မြန်မာဆိုတာ..

ငါတို့ အားလုံး အတွေးခေါ်တွေ
အားလုံး စုစည်းနိုင်တဲ့ တနေ့ ...

အမျိုးရင်ကြားစေ့ ပြီးပြည့်စုံတဲ့
တနေ့  မင်းတို့ ကြည့်လိုက်ပါ ....

အမျိုးသားရေး စိတ်ဓါတ်ပြင်းတဲ့
ပြည်သူသန်း ၆၀ ကျော်...

လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့
အပင်ပန်းအဆင်းရဲခံနိုင်တဲ့ မျိုးချစ်တပ်မတော်...

ပြည်သူ့ အသံနားထောင်ပြီး တိုင်းပြည်တွက်
ကြည့်တဲ့ ခေါင်းဆောင် သမ္မတ....

ဆင်ခြင်ပိုင်းခြား ပြီး စာနာကူညီ
ရိုင်းပင်းတဲ့ အမျိုးဘာသာ သာသနာ...

သဘာဝတရားကြီးက ပေးထားတဲ့
စိမ်းလန်စိုပြည် ကြွယ်ဝတဲ့ရေမြေ...

ငါတို့ ပိုင်ဆိုင်ထားတဲ့ ငါတို့  မြန်မာဆိုတဲ့
အရည်အချင်း သွေးအားလုံးစည်းတဲ့ တနေ့ ...

တချိန်ကတခေတ်ထခဲ့ တဲ့ ရာဇဝင်
သမိုင်း သွေးနဲ့ ဇာတိမာန် ပေါ်တဲ့နေ့ ...

ခံယူချက်ပြင်းထန်မျက်စိဖွင့် နိုင်ငံရေးသမားနဲ့ 
မီဒီယာ စွမ်းပကား ကျယ်ပြန့်လာတဲ့အချိန်..

ကမ္ဘာမှာ မြန်မာရယ်ဆိုတာကိုမင်းတို့ ရှေ့ မှာ
လက်မထောင်ပြီး ငါတို့ သမိုင်းသစ်ရေးပြမယ်

ငါတို့  မြန်မာတွေ မညံဖူးဆိုတာ
သိပ်မကြာခင်စောင့်ကြည့် one day ...။

လေးစားစွာဖြင့်
ဖိုးသားလေး

1 comment:

  1. အင်းတစ်ခါတစ်လေကိုယ့်ယုံကြည်ချက်နဲ့ကိုယ်အသက်ဆက်ရှင်ကြတာကောင်းပါတယ်

    ReplyDelete