Wednesday, 13 February 2013

ငါ့အတွက်မလိုတဲ့ Valentine ...


လေပြည်တွေတိုက်ခတ်တိုင်း.. သယ်ဆောင်လာတတ်တဲ့မိုးရနံ့နဲ့အတူ
အလွမ်းတွေပါလာတတ်တာ ကို သတိ ထားမိလား ချစ်သူ ...

အညိုရောင်လမ်းတစ်လျောက်မှာ...အသာအယာ ဖွဖွနင်းတိုင်း
ရွှေဝါရောင်ရွက်ကြွေလေးတွေ... ကြေကွဲစွာငိုနေ တာ ကို သတိထားမိလား ချစ်သူ...

ဖြူမွှမွ သောင်ပြင် ပေါ် ခပ်နက်နက် ခြေရာထင် တိုင်း
အတိတ်တွေကို ပြန်မြင်လာ မိတတ်တာ ကို သတိထားမိလား ချစ်သူ...

ဖယောင်းတိုင်လေး တစ်တိုင်.. ချောကလက်လေးတစ်ခုနဲ့ ...
ပန်းလေးတစ်ပွင့် မြင်တိုင်း.... ဒီနေ့တစ်ရက်ထဲ Valentine လို့
ဘယ်သူက သတ်မှတ်လိုက် တာလဲ ချစ်သူ ..

ငါ့ရင်ထဲမှာ... နေ့တိုင်း လေပြည်တွေတိုက် တယ်...
ရော်ဝါရွက်လေးတွေကြွေတယ်...
ခြေရာနက်တွေထင်တယ်...
ဒါဆို.... ငါ့အတွက်တော့...
ဖယောင်းတိုင်မလို... ချောကလက်မလို..ပန်းတစ်ပွင့်မလို..
Valentine လဲ မလိုပါဘူး ..ချစ်သူ...

လိုနေတာ.. မင်းတစ်ယောက်ထဲပါ..။


လေးစားချစ်ခင်လျက်
မနတ်သမီး

No comments:

Post a Comment