Thursday, 28 March 2013

လင်း ပ စေမယ့် ည...

လင်း ပ စေမယ့် ည

ဘတ်စ် ကားပေါ်ကနေပြီး
နောက်ဆုံးပေါ် ကားလေး တွေ ငေးရင်း
ဆင်းရမယ့် မှတ်တိုင်တောင် ကျော်သွားတယ်

ကိန်းကြီး ခန်းကြီးနိုင်တဲ့ နန်းတော် တွေကို ငေးရင်း
ငါ့ ၀ပ်ကျင်း လေးကို အားနာရပြန်တယ်

ကုန်တိုက် တွေကို ကြည့်ရင်း
ကိုယ့် သက်ပြင်း ကိုယ် ပြန်မြိုချရတဲ့
အရောင်အဆင်းမဲ့ ညတာရှည်တွေ

အိမ် အပြန်မှာ အမေ့အတွက်
ခေါက်ဆွဲကြော်လေး ဆီရွှဲဖို့
ရေ တွေ လှိမ့်သောက်ရတာကို ကျေနပ်တယ်

မနာကျည်းဘူး
စိတ်မကွက်ဘူး
အားမငယ်ဘူး
ကိုယ့် ကုသိုလ် နဲ့ ကိုယ်
ဘ၀ ဆိုတာ ရုန်းရ ကန်ရ မှ ပြည့်စုံတယ်လို့ ဖတ်ဖူးတယ်

လှိုင်း နဲ့ လှေ က
သူတပြန် ကိုယ်တပြန်
လောကဓံ ကို အားအကုန်ခုခံ
အမေရေ....
သား ရဲ့ ည တွေကို ကြိုးစားခြင်း နဲ့ လင်း ပ စေရမယ် ။  ။

(ကျောင်းတုန်းက ကဗျာဟောင်းလေးအား ဖော်ပြအပ်ပါသည်)
ဘတ်စ် ကားပေါ်ကနေပြီး
နောက်ဆုံးပေါ် ကားလေး တွေ ငေးရင်း
ဆင်းရမယ့် မှတ်တိုင်တောင် ကျော်သွားတယ်

ကိန်းကြီး ခန်းကြီးနိုင်တဲ့ နန်းတော် တွေကို ငေးရင်း
ငါ့ ၀ပ်ကျင်း လေးကို အားနာရပြန်တယ်

ကုန်တိုက် တွေကို ကြည့်ရင်း

ကိုယ့် သက်ပြင်း ကိုယ် ပြန်မြိုချရတဲ့
အရောင်အဆင်းမဲ့ ညတာရှည်တွေ

အိမ် အပြန်မှာ အမေ့အတွက်

ခေါက်ဆွဲကြော်လေး ဆီရွှဲဖို့
ရေ တွေ လှိမ့်သောက်ရတာကို ကျေနပ်တယ်

မနာကျည်းဘူး

စိတ်မကွက်ဘူး
အားမငယ်ဘူး
ကိုယ့် ကုသိုလ် နဲ့ ကိုယ်
ဘ၀ ဆိုတာ ရုန်းရ ကန်ရ မှ ပြည့်စုံတယ်လို့ ဖတ်ဖူးတယ်

လှိုင်း နဲ့ လှေ က

သူတပြန် ကိုယ်တပြန်
လောကဓံ ကို အားအကုန်ခုခံ
အမေရေ....
သား ရဲ့ ည တွေကို ကြိုးစားခြင်း နဲ့ လင်း ပ စေရမယ် ။ ။


No comments:

Post a Comment