Sunday, 5 May 2013

အချစ်ရှုံးတဲ့ ကျွန်တော်...

ထပ်တလဲလဲ ဘယ်လောက်ပြောပြော
မောတယ်မရှိ
ဓါးသွားထက်က ပျားရည်ပါတဲ့
ဓါးလဲ မကြောက် အမှားလဲ မကြောက်
အလွမ်းနဲ့ ဇာတ်သိမ်းမတဲ့
လာစမ်း အဲဒီ အလွမ်း
အားလုံးကိုပန်းလိုသီပါ့မယ်
 
နှစ်သက်ခဲ့ဖူးတယ်
နှစ်သက်နေအုန်းမယ်
ချစ်သူကိုလေ
တချို့က ငွေကြေးချို့တဲ့ကြတယ်
တချို့က ပျော်ရွှင်မှုတွေ ချို့တဲ့ကြတယ်
ကျွန်တော်ကတော့ သူမအကြင်နာတရား
ချို့တဲ့ခြင်းကိုခံလိုက်ရတယ်
အချိန်တွေ ဟောင်းသလို
ရာသီတွေ ပြောင်းသလို
သူမ တွင်တွင်ကြီးကို
ပြောင်းလဲသွားခဲ့တယ်

သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့
ဒဏ်ရာကို ဒဏ်ရာအတိုင်း
ထားလိုက်ပါတော့မယ် ။


 
 
                                                            jasmine

No comments:

Post a Comment