Sunday, 16 June 2013

ပျော်ပါစေ...



အချိန်တိုင်းအားငယ်နေတတ်တဲ့ကောင်မလေး

အရာရာသိမ်ငယ်တတ်တဲ့ ကောင်မလေး

လောကကြီးကို မော်မကြည့်ဝံတဲ့ ကောင်မလေး

လူတွေကိုကြောက်ရွံတတ်တဲ့ ကောင်မလေး

ငါ့လက်ကိုတွဲထားရမှ လုံခြုံပါတယ်ဆိုတဲ့ ကောင်မလေး

ငါ့ကိုအမြဲတမ်း အားကိုးတတ်တဲ့ကောင်မလေး

အခုတော့

အခြားကောင်လေးတစ်ယောက်ကို

နင်ကောင်းကောင်းဦးဆောင်နေနိုင်ပြီပေါ့နော်


နင်သိလား

အဲ့ဒီနင့်ရဲ့သတ္တိတွေဟာ ငါ့ဆီကကူးစက်သွားတာမျိုးမဟုတ်ပါဘူး

ငါရဲ့သတ္တိတွေအားလုံးကို ငါနင့်အတွက်ပေးလိုက်တာမျိုးပါ


နင်လွှင့်ပစ်ထားခဲ့ပြီးတဲ့နောက်မှာတော့

ဟောဒီလောကကြီးကြီးထဲမှာ ခေါင်းငုံအရှုံးပေးရင်း

အရာရာကို ကြောက်ရွံ သိမ်ငယ်နေတတ်တဲ့ကောင်လေးတစ်ယောက်

အလွမ်းတွေအပြည့်နဲ့ပေါ့







                                                     ဖြိုးဇာနည်

No comments:

Post a Comment