Saturday, 21 September 2013

လွမ်းတက်နေပါပြီ ညို...



ကောင်းကင်လို မမြင့်မား
ရေမြေလို မခန်းနားတော့
ဘဝသမားက စာစကားနဲ့ပဲ
ပြောပြရစေလား ညို ....

ငါ့ ဘဝက ဗေဒါလို့တောင်
နင့် အနားမှာ အနေမကြာဘူးနော်
အွန်လိုင်းဆိုပြီး နင် အမြင်တွေများ
မှိုင်းခဲ့လေသလား ညို ....

ရေမြေခြားလို့ ဝေးကြကြေးဆို
အချစ်စစ်ဆိုတဲ့ စကားလုံး
ဘယ်နေရာမှာ သုံးမလဲ ညို ...

ပကာသန ဆိုတာတွေမတွက်
ဩော် .....
ထာဝရအဖော် ဟဲ့ ဆိုပြီး
သဒ္ဒါလွန်ရစ် နယ်ကျွံကာနဲ့
ငါ့ အချစ်တို့ စစ်ခဲ့ပါတယ် ညို ...

ခုများတော့ လေ.......
ရေကြည်အနောက် ခြေရာဖျောက်တော့
ကမ်းစပ်မှာ ငါ လေ မျှော်ရင်း မျှော်ရင်း
လွမ်း လွမ်း တက်နေပါပြီ ညို ... 

                                                      ချစ်ရသူလှိုင်မင်း
 
 

No comments:

Post a Comment