Wednesday, 18 December 2013

သာယာလှပတဲ့ Live Wallpaper အလန်းလေး - Season Zen HD v1.9 APK ...



ကျွန်တော်သဘောကျတဲ့ Live Wallpaper ထဲမှာ Season Zen HD ဆိုတဲ့ ကောင်လေးကလည်း တစ်ခုအပါ ၀င်ပါဘဲဗျာ။ ရိုးရိုးရှင်းရှင်းနဲ့ မျက်စိအေးပြီး ရုပ်ထွက်အတော်လေးကောင်းတဲ့ Live Wallpaper လေးဖြစ်ပါ တယ်။ ထွက်တာကတော့ 3ရက်လောက်ရှိပါပြီ ထွက်ထွက်ချင်း Upload တင်ထားဖြစ်ပေမယ့် မေ့နေလို့ အခု မှတင်ပေးဖြစ်တာပါ။ သူ့ရဲ့စတိုင်နဲ့ရုပ်ထွက်ကိုတော့ အောက်မှာ Screen Shoot တွေကို နမူနာကြည့်နိုင်ပါ တယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Advanced SystemCare Pro 7.1.0.387 Final ကိုဒေါင်းရန်...

ဒီ Software လေးကိုတော့အားလုံးသိကြမယ်ထင်ပါတယ် မသိသေးရင်တော့ပြောပြလိုက်မယ် ဒီ software
လေးကတော့ Advanced SystemCare Pro လိုခေါ်ပါတယ် ။ ဒီ Software Computer မှာဘယ်လိုအသုံး
ဝင်ပြီးတော့ ဘာလုပ်ဆောင်ပေးသလဲ ? Computer ကိုရှင်းလင်းပေးတယ်မြန်အောက်လဲလုပ်ပေးတယ် 
နောက်ပြီးတော့ Computer ကိုကာကွယ်ပေးပါတယ် ဒီလို Software ဟာကိုယ် Computer အတွက်မရှိ
မဖြစ်လိုအပ်နေတဲ့ Software ဖြစ်ပါတယ် လိုခြင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။ တစ်ခြာလိုချင်းတဲ့ Software သိုမဟုတ် Mobile တွေရှိရင်တော့ Comment ထားလိုက်ပါ။


ကိုချင်းလေး(နည်းပညာ)



Advanced Download Manager v3.2.1 (Andriod ဖုန်းကနေ Facebook က Video တွေ အလွယ်ဒေါင်းချင်တဲ့ သူတွေအတွက်) ...


Advanced Download Manager ကတော့ Andriod ဖုန်းတွေအတွက် တကယ်ကောင်းတဲ့ Dowloader ပါ။ Facebook မှ Video တွေကို အလွယ်ဒေါင်းနိုင်ပါတယ်။ အောက်မှာ Screenshots နဲ့ ဒေါင်းပုံဒေါင်း နည်း ပြထားပေးပါတယ်။  Facebook မှ Video တခုတည်းမကပဲ Website က Video တွေ Mp3 ဖိုင်တွေ Zip ဖိုင်တွေ PDF ဖိုင် အစရှိတဲ့ ဖိုင်မျိုးစုံတွေကိုပါ ဒေါင်းပေးနိုင်ပါတယ်။
Advanced Download Manager ကောင်းစွာ အလုပ်လုပ်နိုင်တဲ့ Bowser တွေကတော့ Stock Browser, Dolphin, Boat Browser, Chrome အစရှိတာတွေမှာ အလုပ်လုပ်ပါတယ်။ Facebook က Video ဒေါင်းနည်းကိုတော့ အောက်ကပုံကို ကြည့်ပြီး နားလည်နိုင်မယ် ထင်ပါတယ်။ Website က Video တွေ ဒေါင်းရင်လည်း ထိုနည်းတူပါပဲ။

Saturday, 14 December 2013

Clean Master (Cleaner) v 4.0 Apk 9MB ...


12လပိုင်း 9 ရက်နေ့ကအသစ်ထွက်လာတဲ့ဗားရှင်းလေးပါ
ကျွန်တော်သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။
ကျွန်တော့်ရဲ့  Top Application တွေထဲမှာ ဒီကောင်လေးလဲပါတယ်။
ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။
ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာ
မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်
စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင်
စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင်
တော့မှားသွားမယ်။အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း လုံးဝထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။
သုံးကြည့်ပါ အပြောနဲ့  လက်တွေ့ ယုံသွားစေရမယ်။လိုချင်ရင်တော့
 
အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

PC မှာသုံးဖို့ Mouse Cursor လှလှလေးများ ...


http://i1154.photobucket.com/albums/p529/ssteam/d3fa172f3efdff07cf8e82fce2282e4b51d.jpg
ကွန်ပြူတာပေါ်မှာ Mouse Cursor လေးကို သူများတွေနဲ့မတူဘဲ အလန်းဇယားလေးတွေနဲ့ အသုံးပြုချင်သူ များအတွက် Stardock CursorFX Plus ကိုတင်ပေးလိုက်ပါတယ်ဗျာ။ အသုံးပြုရတာလည်းလွယ်ပါတယ်။ အသုံးပြုပုံကလည်း ကွန်ပြူမှာမှာ Mouse ပြောင်းရတဲ့ပုံစံမျိုးပါဘဲ။ အမြဲတမ်းအသုံးပြုနိုင်အောင် Full Version အဖြစ် Keymaker + Patch ကိုထည့်ပေးလိုက်ပါတယ်ဗျာ။ ဒီ Software ကိုတင်ပေးတဲ့သူရှားလို့တွေ့ထားတုန်း ကိုဒေါင်းယူစေချင်ပါတယ်ဗျာ။

သူမတူအောင်လန်းလွန်းတဲ့ - TSF Shell v2.0 APK ...



Android ဖုန်းပေါ်မှာ ဘယ်သူနဲ့မှမတူစေဘဲ လုံးဝကိုဖလန်းဖလန်းလေးဖြစ်အောင် ဖန်တီးပေးမယ့် TSF Shell ဆိုတဲ့ Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ ပုံမှာမြင်ရတဲ့အတိုင်းဘဲ အတော်လေးကို လန်းနေ တာတွေ့ရမှာပါ။ မိမိရဲ့ Photo , Icon , Background , Gadget , စတာတွေနဲ့ အလှဆင်နိုင်ပါတယ်ဗျာ။ ပါဝင် တဲ့ Feature တွေကတော့ အများကြီးဘဲဗျာ။ ကိုယ်တိုင်သာစမ်းသုံးကြည့်ပြီး ကလိကြည့်ကြပါနော်။ နမူနာ အနေနဲ့ အောက်မှာ Screen Shoot တွေကိုရိုက်ပြီးပြပေးထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာထည့်သွင်းအသုံးပြုနိုင်ပါတယ်ဗျာ။

Tuesday, 10 December 2013

GooglePlayStore က ဖိုင်တွေကို PC ကနေ တိုက်ရိုက်ဒေါင်းနည်း ( Software မလို )...



သိပြီးသားလူတွေလည်းရှိနိုင်ပါတယ်.. သူများဆီက ကူးချလာတာမဟုတ်ပါ..
1.ပထမ အောက်ကလင့်ကို သွားလိုက်ပါ..

ပြီးရင် Package or Google Play Url ဆိုတဲ့စာရဲ့ အောက်က အကွက်ထဲမှာ GooglePlay က ကိုယ်ဒေါင်းချင်တဲ့ ဖိုင်ရဲ့လင့်ကို ထည့်လိုက်ပြီး အောက်က အပြာရောင်နဲ့ ရေးထားတဲ့ Generate Link ကိုနှိပ်လိုက်ပါ..

Monday, 9 December 2013

အရိုးသားဆုံး မျက်ရည်...


အပေါ်ယံ အမြင် နဲ့ 
ငါ ပျော်နေတယ် ထင်ပါတယ်
မမြင်ရတဲ့  ရင်တွင်း အနာ က
တစ်ခါ တစ်ခါ အတွေးများရင်
ရင်ဘတ် တစ်ခြမ်း အောင့်အောင့်လာတယ်
တောင့်တောင့်ကြီး သေနေတဲ့ 
ကမ္မထမ်း လိုပါပဲ

ခံစားရတာတွေ ပေါက်ကွဲ ချင်ပေမယ့်
ငါ့ ငိုသံတွေ အမြဲတမ်း နားထောင်ပေးတဲ့ 
ဒီအခန်းလေးကို အားနာမိတယ်
တစ်လိပ်လိပ့်ချင်း ကျလာတဲ့ 
မျက်ရည်ဥတွေ က
ငါ့ ပါးပြင် အပေါ် ပူနွေးနွေးပေါ့

နှစ်ချို့ အတွေး တွေ နဲ့ 
မှိုတက်ပြုစ မာန တွေအကြား
တစ်ခါ တစ်ခါ နေရတာ
မွန်းကျပ်လှတယ်
အတ္တ ပဲကြီးနေတာလား
မျက်ကန်း တစ်ယောက်မဟုတ်တဲ့ ငါ ကပဲ
အားလုံးကို မမြင်ချင်ယောင်ဆောင်
မျက်ကွယ်ပြုမိတာလား


လူ အချို့ မသိတဲ့ ...ငါ့ ရင်ဘတ်ထဲ ခံစားနာကျည်း တတ်တာ ဘယ်သူသိမလဲ ?



ညအက္ခရာ...


၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ ...


၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း Code များမှာ...

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063,
 
တို့ဖြစ်ပါတယ်။

ယင်း 0100 Code နဲ့နိုင်ငံ Code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။ ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
 
 
ဝင်းကမ္ဘာကျော်(နည်းပညာ)
 
 

Pattern Unlock tool (Beta) for Root android devices...



Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့

အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို

လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်

Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး

လိုက်ပါတော့တယ်။

Saturday, 7 December 2013

Advanced MobileCare v3.4.1 Apk (7 MB)..


Advanced Mobile Care 5 ရက်နေ့ 12 လပိုင်း Update လေးပါ ဒီဆောစ်ဝဲလ်လေးကတော့
Android ဖုန်းကိုင်ဆောင်သူတွေ မိမိတို့ဖုန်းရဲ့ virus,task,Cache,Junk files တွေကို one click လုပ်ရုံနဲ့ဒီဆော့ဝဲလ်လေးက  ရှင်းလင်းပေမယ့် ဆော့ဝဲလ်လေးဖြစ်ပြီး Task killer, game booster ,app manager တို့ပါ လိုရင် လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ် .. ဒါအပြင် မိမိတို့ မတွေ့မမြင်လိုတဲ့  ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံဖိုင်တွေကို လည်း ဘယ်သူမှ မသိအောင် ၀ှက်ထားနိုင်မှာဖြစ်ပါပြီး battery saver လေးပါ ထည့်ပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ တစ်ခု တည်းနဲ့ပြည့်စုံစေမှာပါ …
Play Store မှာ အပ်ဒိတ်မလုပ်ရသေးရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Monday, 2 December 2013

Ashampoo SlideShow Studio ဓါတ်ပုံတွေကိုနောက်ခံသီချင်းနဲ့မြန်မာစာတန်းထိုးပြီးစလိုက်ရှိုးလုပ်ကြမယ်...




ကျွန်တော့သူငယ်ချင်းတွေထဲမှာ ဓါတ်ပုံကိုနောက်ခံသီချင်းလေးနဲ့မြန်မာစာတန်းထိုးပြီး စလိုက်ရှိုးလုပ်ချင်ကြ
သူတွေပါရင်တော့ဒါလေးကိုဆွဲထားလိုက်ပါ။ ဓါတ်ပုံတစ်ပုံနဲ့တစ်ပုံကြားမှာ Transition Effect တွေကလည်း
ဒီဇိုင်းမျိုးစုံနဲ့ပါဝင်ပါတယ်။ မိမိကြိုက်နှစ်သက်ရက်ရာ Subtitle ကိုလည်းကြိုက်တာရွေးချယ်ပြီး မြန်မာစာလုံး
အလှလေးတွေနဲ့ဖန်တီးလို့ရပါသေးတယ်။ မိမိစိတ်ကြိုက်ရရင်တော့ အဆင်ပြေတဲ့ Format (avi / mpeg/mp4)ကိုချလို့ရပါတယ်။ အားလုံးအဆင်ပြေအောင် ဒေါင်းလော့စ်ဖိုင်ထဲမှာ ဘယ်လိုလုပ်ရလဲဆိုတာ
Movie လေးနဲ့ရှင်းပြထားပါတယ်။ အမြဲတမ်း Full နေစေဖို့အထဲမှာ Serial Key လေးပါထည့်ပေးထားပါ
တယ်။

IObit Uninstaller Portable 3.0.4 Final ...


IObit Uninstaller Portable လေးပါ..။ အရင်တုန်းက ဗါးရှင်းတွေနဲ့ မတူတော့ပဲ နောက်ပိုင်းထွက်လာတဲ့ ဗါးရှင်းတွေမှာ အသုံးပြုပုံ အနည်းငယ် ဒီဇိုင်းပြောင်းထားလို့ ဒီနေ့တော့ ဒီ IObit Uninstaller Portable လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေ အနည်းငယ်နဲ့ လုပ်ပြပေးထားပါတယ်..။ နောက်ပြီး မိမိတို့ရဲ့ Browser တွေ လေးလံနှေးကွေးနေတယ် ဆိုရင်တော့ ဒီကောင်လေးနဲ့ Browser တွေမှာ လိုက်ကပ်နေတတ်တဲ့ Toolbar တွေကို အလွယ်တကူ ရှာယူ ဖျက်ထုတ်ပစ်လို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ Toolbar တွေကို ထုတ်ပစ်ပြီးရင်တော့ မိမိတို့ရဲ့ Browser တွေဟာ အရင်ကထက် အသုံးပြုရတာ ပိုမို သွက်လက် မြန်ဆန်နေပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

Angel Camera...



Download - Angel Camera for Android 

                                                   မောင်(စွယ်စုံကျမ်း)


ကွန်ပျူတာ အမှိုက်တွေကို ရှင်းလင်းပေးမယ့် နည်း ( ၅ ) နည်း ...



ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြချင်ပါတယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။

အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။
ကွန်ပျူတာ ပိတ်ခါနီးတိုင်း....ဒီ ( ၅ ) နည်းကိုပုံမှန်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာ ပေါ့ပါးနေပါစေ.....။

From ကိုခင်မောင်စိုး Myanmartechnician
အားလုံးအဆင်ပြေပါစေ.......။ 
 
                                                         ဇော်မင်းသန်း


Facebook ဆိုတာ ...




fb ပေါ် မှာတော့
ပန်းပုံလေးတွေတင်ပြီး
မင်္ဂလာပါရှင် လို့
နုတ်ဆက်သူရှိသလို
အရက်ပုလင်းပြပြီး
ကောင်းသောညပါနဲ့ ပွဲစတဲ့လူတွေလည်းရှိ။

ငါ့စကား နွားရသမားတွေရှိသလို
ကိုယ့်ကားကိုယ်မောင်း
လက်ပ တောင်း ရောက်ရောက်
ဆိုသူတွေလည်းရှိ။
အသည်းကွဲကဗျာဆရာတွေရှိသလို။

မာမီရယ် ရှာပေးကွယ်ဆိုတဲ့
မြီးကောင်ပေါက်
မ လေးတွေလည်းရှိ။

တခါတခါရာသီဥတု
နည်းနည်းပူလာတာနဲ့
အ ရေးကြီးသတင်းအမြန် ရှယ်ပါ
ပြူးပြူးပျာပျာသမားတွေ
ရှိသလို။
အိမ်တံခါးထပိတ် ရမလိုလို
ဓါးပဲထ သွေး ရ တော့မလိုလို
တိုက်ပွဲခေါ်သံတေးသွား
အော်သူတွေလည်းရှိ။

အချင်းချင်းရန်ဖြစ်ပြီး
fb ထဲအော်ဆဲသူတွေရှိသလို။
(ကို့ ကိုကျေးဇူးတင် ပါတယ်)
ဆိုတဲ့ငနဲမ လေးတွေလည်းရှိ။
အိုင် ဖုန်းနဲ့အ ကြော်ရောင်းတဲ့
သူတွေရှိသလို။
သီချင်းဆိုပြီး ပေါက်စီကြော်ငြာတဲ့
သူလည်းရှိ။
 

ပြောရရင်တော့
fb ဆိုတာ တောထွက်စရာမလိုပဲ
အ သေအချာကိုတရားရနိုင် တဲ့
နေရာဖြစ်ပါကြောင်း။

နေ နော်
၃၀-၁၁-၁၃


ကွန်ပြူတာ သုံးတာ ကြာလို့ မျက်လုံးအောင့်လာတာ မျက်ရည်ကျလာတာတွေ ဖြစ်လာရင် ဒီဆော့ဝဲလ် လေး သုံးစမ်းကြည့်ပါ။


ကွန်ပြူတာသုံးတာ ကြာလာရင် မျက်လုံးက အောင့်လာတာ မျက်ရေကျလာတာ ဖြစ်တတ်ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ပါတယ်။ အခု f.lux လေးကိုသုံးစမ်းကြည့်လိုက်ပါ။ နေအလင်းရောင် နှင့် လိုက်ဖက်တဲ့ အရောင် ကို f.lux က သူ့အလိုလို ပြောင်းပေးမှာဖြစ်ပါတယ်။ တကယ် ကို ကောင်း တဲ့ ဆော့ဝဲလ်လေးပါ။ 

Thursday, 28 November 2013

ခွဲခွာချိန်..၆နှစ်မြှောက် အိမ်အလွမ်း ~~~~



တစ် နေ ထွက် လို့ 
တစ် နေ ၀င်
အချိန်တွေ ကုန်တာ မြန် လွန်းတယ်
ဘ၀ ကျောင်းခန်း ထဲ
ဘ၀ စာအံရင်း ........... ကျောင်းသူ တစ်ယောက် အဖြစ်
ကျက်မှတ် လို့  မကုန်တဲ့  သင်ခန်းစာတွေ
မနက်ဖြန် အတွက် အိမ်စာ လုပ်ဖို့ 
ဒီနေ့  တစ်နေ့ တာ မနက်ဖြန် အတွက် ရုန်းကန် နေရတယ်။


ကြုံးဝါး ခဲ့တာ တစ်နေ့  ဆိုတဲ့  နေ့  ရောက်ဖို့ 
ဇွဲ ကလေးနဲ့  သူငယ်ချင်း ပေါင်း ပေါင်းခဲ့ရတာ
ရောင်းရင်း လို သိပ့်ချစ် ခဲ့တဲ့ မာန လေး က
ချစ်ဖို့  ကောင်းလိုက်တာ
သဘာဝ အလျှောက် လျှောက်ခဲ့ရတဲ့ 
လောက လမ်း ထဲ သောက တွေ စမ်း တ၀ါးဝါး နဲ့ ပါပဲ။

ပတ်ဝန်းကျင် တိတ်ဆိတ်ခြင်း နဲ့ 
ဘောင်ဘင်ခပ် သူတို့ တွေ ရဲ့ 
နေရပ်က တိတ်တဆိတ် ထွက်လာခဲ့တာ
နှစ်အတော်ကြာခဲ့ပြီးပဲ
လောင်းရိပ်မိတဲ့ ......စိတ် အတိုထွှာ ကို
တစ်ယောက်ထဲ ရေလောင်းပေါင်းသင်
အညွှန့်  တလူလူ နဲ့ ရှင်သန်အောင်
ကြိုးစားခဲ့တာ...............ခြောက်နှစ့် မြှောက်တဲ့  ဒီနေ့ 
ငါ ဘယ်တော့မှ မမေ့ဘူး


ခရေပင်လမ်း.............
ဟို.............ယခင်
ကလေး ဘ၀ က
နေထိုင်ရာ ဒီလမ်းထဲ
ခဏ ဖြစ်ဖြစ် ငါ ပြန်ခဲ့မယ်
ခရေပင် အရိပ့် ထဲ
အရင် လိုပဲ.........နေ၀င်ချိန် အေးချမ်းနေအုံး မလား
အကြွေးပန်း မို့  ဘယ်သူမှ
မနမ်း ပါစေကွယ်..............ဒီလမ်းလေးပဲ
တစ်ခါ တလေ ငါ တမ်းတနေဆဲ ...........ပါ။




ညအက္ခရာ..........

Smart Launcher...


တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုဒ်တိုင်းတွင် ခေတ်စားနေသည့် ဖုန်းဆော့ဝဲလ်ဖြစ်သော Android ဆော့ဝဲလ်များကို မြင်တွေ့နေရသော်လည်း ကျွန်ုပ်၏ မှတ်စုအလိုငှာ့ ကျွန်ုပ်၏ ဆိုဒ်တွင် ဖော်ပြရပေသည်။ Launcher အလန်းလေးများ လိုချင်သူများအတွက် Smart Launcher ကို ဖော်ပြလိုက်ပါ၏။

လိုချင်သူများ Smart Launcher ကို ဒေါင်းယူပါ။
 
 
မောင်စေတနာ
 
 
 
 

ဘယ်ခေါင်းစဉ်အောက်မှာ ကိုယ်နေမှာလည်း....


မျော်လင့်ထားတာတွေကဖြစ်ချင်မှဖြစ်မယ်
ရည်ရွှယ်ရာတွေဆီလည်းရောက်ချင်မှရောက်မယ်..
မသေချာမူ့တွေ လို့မပြောပါနဲ့လေ
ငါတို့ခဏရထားတဲ့
ဟောဒီလူ့ဘဝကြီးကိုက
ဘယ်မှာ သေချာမူ့တွေရှိလို့လည်း...
တကယ်တော့ ငါတို့ဟာ
ကိုယ့်ကိုကိုယ်အံစာတုံးလေးတွေအဖြစ်
ဖြစ်တည်မူ့နဲ့ဘဝကိုစိန်ခေါ်လောင်းကြေးထပ်ပြီး
ကြွေခွက်ထဲကို တလှိမ့်ခေါတ်ကွေးကျွမ်းထိုးဝင်ပြီး
ဘယ်အချိန်“တစ်”ကျမလည်းလို့
အကဲစမ်းနေရတာပဲ....
ဒီတော့..
ရှုံးတာနိုင်တာ အသာထား
မပြင်နိုင်ဘူးဆိုတဲ့ အကျင့်တွေ
မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကူးတွေ...ထားခဲ့ပါကွာ
အဲဒါတွေက
အမြဲတမ်း“တစ်”ရနေတဲ့ကောင်တောင်
အနိုင်ပိုင်းခွင့်မပေးဘူး။
 
မောင်သစ္စာ

Android ဖုန်းအတွက် Titanic 3D Pro live wallpaper v1.0 ...



ဒီဟာကတော့ Android ဖုန်းအတွက် 3D Wallpaper လေးပါ ။ Titanic Video ကိုတော့အားလိုသိကြမယ်
လိုမျှော်လင်ပါတယ်ဒီ ဟာကတော့ Titanic ကိုယူပြီးတော့ 3D Wallpaper လေးအဖြစ်လုပ်ထားတာဖြစ်ပါ
တယ် ။ ဒီ 3D Wallpaper လေးက Tablet မှာလဲသုံးလိုရပါတယ် ။ ရိုးရိုး Wallpaper လေးထက်ဒီလိုမျိုး Wallpaper လေးကိုဖုန်း သိုမဟုတ် Tablet မှာထားဒါကကြည့်လိုအရမ်းကောင်းပါတယ် ပြီးတော့ဖုန်းကို
ကိုင်တဲ့သူရဲစိတ်ထဲမှာလဲ ပျော်ရွှင်မှူရရှိမယ်လိုမျှော်ယုံကြည်ပါတယ် ဒီ Wallpaper ကိုစိတ်ဝင်စားရင်တော့
အောက်မှာဒေါင်းလိုက်ပါ။

ကိုချင်းလေး(နည်းပညာ)


ဖတ်ပြီးမရီရဘူးနော်....ဟိ...

ဘယ်သူလာလို့ ထွေးပါ့မယ်
   မနက်စောစောတွင် နှိုးစက်နာရီ မြည်လာသည်၊ ယောက်င်္ကျားဖြစ်သူသည်
 အိပ်ရာမှ မထချင် ထချင်နှင့် ထကာ အမဲလိုက်ထွက်ရန် ပြင်သည်၊ မိန်းမက ၄င်းအား 
မသွားရန် ပြောသည်။
                    "ဒီလောက်အစောကြီး ရှင် ဘာဖြစ်လို့သွားမှာလဲ၊ လမ်းမှာ ပိန်းပိတ်အောင်
   မှောင်နေတုန်း၊ ချမ်းကလည်းချမ်းပါဘိသနဲ့၊ လေကလည်းတိုက်နေသေးတယ်၊
မသွားပါနဲ့ရှင်"
              မိန်းမက မည်သို့ပင် တားသော်လည်း ယောက်င်္ကျားဖြစ်သူ နားမထောင်ဘဲ
လမ်းပြင်ထွက်သည်၊ မိမိအားဝင်ခေါ်မည့် မိတ်ဆွေ များကိုစောင့်သည်၊ တစ်နာရီကြာသွားသည်၊
မည်သူမှ ပေါ်မလာချေ၊ ခိုက်ခိုက်တုန် ချမ်းလာသည်နှင့် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်၊
အိမ်ထဲဝင်ပြီး အ၀တ်အစားများကို ချွတ်လိုက်သည်၊ ထို့နောက် မိန်းမအနားကပ်ပြီး
စောင်အောက်ကို လျှိုဝင်လိုက်သည်၊ ပါးစပ်မှ လည်းပြောသည်။
                   "အောင်မယ်လေးလေး၊ ချမ်းလိုက်တာ"
      မိန်းမက သဘောတူသံဖြင့် ပြောသည်။
                   "ဟုတ်ပါ့၊ ဒီကြားထဲ အိမ်က ဘဲနာကြီး အမဲလိုက် ဆိုပြီး ထွက်သွားလေရဲ့"

Desksoft EarthView 4.3.5 Final ...


 မိမိတို့ရဲ့ Desktop ပေါ်မှာ Wallpaper နဲ့ရော Screensaver လေးနဲ့ပါ အသုံးပြုလို့ရမယ့်.. တရွေ့ရွေ့လှုပ်ရှားနေတတ်တဲ့ ကမ္ဘာ့မြေပုံ အရှင်လေးတွေပါ..။ အင်တာနက် ရှိတဲ့နေရာမှာဆိုရင် ၁၀-မိနစ်တခါ အလိုလို ပြောင်းလဲပေးပါလိမ့်မယ်..။ ဒီကောင်လေးက Demo ဗါးရှင်းလေးဖြစ်တဲ့အတွက် ဒီအတိုင်း Install ထည့်ယုံနဲ့လည်း အသုံပြုလို့ ရမှာဖြစ်ပြီး keymaker နဲ့ ဖူးဖြစ်အောင် လုပ်ပေးပြီး အသုံးပြုရင်တော့ နေ့စဉ် Update ဖြစ်တဲ့ Wallpaper တို့ Screensaver တို့ကို အလိုလို ဒေါင်းယူပေးပါလိ့မ်မယ်..။ အသုံးပြုရတာ လွယ်ကူပြီး သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။

Flow Architect Studio 3D 1.8.2 Final ...


ဒီ 3D ဆော့ဝဲလ်လေးနဲ့ အပေါ်က လိုမျိုး 3D ဒီဇိုင်းမျိုးစုံလို ဖန်တီးယူလို့ ရပါတယ်..။ အဆောက်အဦးပုံတွေ၊ စားပွဲ၊ကုလားထိုင်တွေနဲ့ အကောင်ပုံ၊လူပုံတွေကိုပါ ဒီဆော့ဝဲလ်လေးနဲ့ ဖန်တီးယူနိုင်ပါတယ်..။ အသုံးဝင်ပုံက AutoCAD ဆော့ဝဲလ်လိုပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် install ထည့်ပြီးတာနဲ့ ဖွင့်ထားပြီး.. keygen လေးကို ၂-ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ keygen ကို အသုံးပြုပါ..။ အောက်မှာလည်း ကျနော် ဖူးသုံးလို့ ရတဲ့ ပုံလေးတွေကို ပြပေးထားပြီး.. ဒီကောင်လေးနဲ့ ဖန်တီးယူထားတဲ့ ဒီဇိုင်းပုံတွေကို နမူနာအနေနဲ့ Video ဖိုင်လေးနဲ့ပါ ကြည့်လို့ရအောင် ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 44 MB ရှိပါတယ်..။


မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ ဒီလင့်ကနေ သွားပါ..။ http://pixelplan.pl/index.php?lang=en
Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေ အတိုင်း ဖွင့်လိုက်ပါ..။

photoshopcs5 နဲ့ ဆံကေသာတွေကိုအရောင်တင်မယ် ...


အားလုံးပဲမင်္ဂလာပါဗျာ
photoshopစိတ်ဝင်စားတဲ့
ဝါသနာတူဘော်ဘော်များကို
ဆံပင်တွေကိုအရောင်စိုးနည်းလေးတင်ပေးလိုက်ပါတယ်
သိကြပြီးတဲ့ဆရာသများတွေအတွက်တော့ကျွေန်တော်တင်တဲ့ပို့ 
လေးကိုမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ  ဝေဖန်ပေးသွားပါဗျာ
အခုမှအခြေခံလေ့လာနေသူတယောက်ပါဝါသနာတူမိတ်ဆွေများအတွက်ပါပြန်
မျှဝေလိုက်ပါတယ် အောက်မှာပုံလေးနဲရှင်းပြထားပါတယ်



Wednesday, 27 November 2013

အသိပေးခြင်း...

            သူငယ်ချင်းအားလုံး မင်္ဂလာပါ ခင်ဗျာ..
ပြည်တော်ကို အလည်သွားတာ ပြန်ရောက်ပါပြီဗျာ နောက်နေ့တွေမှာ ပိုစ့်တွေကို ပြန်တင်ပေးသွားမှာပါ   လာလည်ကြတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်...

Monday, 7 October 2013

အသိပေးတောင်းပန်ခြင်း...

သူငယ်ချင်းအားလုံးပဲ  မင်္ဂလာပါ....

              ကျွန်တော် ပြည်တော်ကို အလည်ပြန်ဖို့ အလုပ်တွေများနေတာကြောင့် ပို့တင်ဖို့ မအားတဲ့အတွက် လာလည်ကြတဲ့ သူငယ်ချင်းအားလုံးကို တောင်းပန်ပါတယ်  ၁၅.၁၀.၁၃ နေ့ပြန်မှာပါ  ၁၁ လပိုင်းကုန်မှပြန်လာမှာဖြစ်တဲ့အတွက် အဲအချိန်မှတင်ပေးဖြစ်မှာပါ ဒီကြားထဲမှာတော့ တင်ပေးဖြစ်မှာမဟုတ်တဲ့အတွက် အသိပေးတောင်းပန်တာပါ လာလည်ကြတဲ့ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်လျက်...

                                                                                        အလွမ်းမင်းသားလေး

Saturday, 21 September 2013

သူတို့ မသိကြလို့ ပါ...




မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

လွမ်းတက်နေပါပြီ ညို...



ကောင်းကင်လို မမြင့်မား
ရေမြေလို မခန်းနားတော့
ဘဝသမားက စာစကားနဲ့ပဲ
ပြောပြရစေလား ညို ....

ငါ့ ဘဝက ဗေဒါလို့တောင်
နင့် အနားမှာ အနေမကြာဘူးနော်
အွန်လိုင်းဆိုပြီး နင် အမြင်တွေများ
မှိုင်းခဲ့လေသလား ညို ....

ရေမြေခြားလို့ ဝေးကြကြေးဆို
အချစ်စစ်ဆိုတဲ့ စကားလုံး
ဘယ်နေရာမှာ သုံးမလဲ ညို ...

ပကာသန ဆိုတာတွေမတွက်
ဩော် .....
ထာဝရအဖော် ဟဲ့ ဆိုပြီး
သဒ္ဒါလွန်ရစ် နယ်ကျွံကာနဲ့
ငါ့ အချစ်တို့ စစ်ခဲ့ပါတယ် ညို ...

ခုများတော့ လေ.......
ရေကြည်အနောက် ခြေရာဖျောက်တော့
ကမ်းစပ်မှာ ငါ လေ မျှော်ရင်း မျှော်ရင်း
လွမ်း လွမ်း တက်နေပါပြီ ညို ... 

                                                      ချစ်ရသူလှိုင်မင်း
 
 

Wednesday, 18 September 2013

နှလုံးသားဒိုင်ယာရီ...




နှလုံးသားဒိုင်ယာရီ




အမှတ်တမဲ့တွေ့ဆုံခြင်းအစကနေ
အမှတ်တရနှလုံးသားဒိုင်ယာရီတစ်အုပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။

အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့်  သတိရစရာတွေကတော့
 
ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန်းအောင်းနေဆဲ။

တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။

ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။ 

ခုံတန်းလေးရဲ့နောက်ဖက်ကခရေပန်းပင်ကတော့ အရင်အတိုင်းတည်ရှိနေဆဲအရင်အတိုင်း
ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။

  ပြောင်းလဲခြင်းမှာချစ်ခြင်းတွေပြောင်းလဲခဲ့ပေမယ့်ငါနှလုံးသားရဲ့ဒိုင်ယာရီမှာမျက်ရေတွေစွန်းထင်နေဆဲ။

 ချစ်သူရယ် အတူလျှောက်ဖူးတဲ့လမ်းတွေလည်းခုတော့ သစ်ရွက်တွေခြောက်သွေ့နေတယ်။

လမ်းလျှောက်ရင်း ငါ့လက်သန်းတစ်ဖက်က
နင့်လက်သန်းလေးနဲချိတ်ဆွဲထားသလို  ဘေးကိုထွက်ထွက်နေမိတယ်။

အိုး...ငါရှက်လိုက်တာ ..ငါကိုလူတွေလှည့်ကြည့်နေတယ်

ငါကိုလူတွေရူးနေတယ်ထင်မိမလားပဲ။
ငါရင်တွေခုန်နေမိတယ်။

မင်းနဲ့လျှောက်ဖူးတဲ့လမ်းလေး ၊မင်းနဲ့သွားဖူးလမ်း၊မင်းနဲထိုင်ဖူးတဲ့ထိုင်ခုံအော်ခုတော့လည်ဒဏ္ဍာရီတပုဒ်လိုပါပဲလား။

ဒီအချိန်ဆို မင်းကတော့မင်းချစ်သူနဲ့ကြည်နူးနေမလား၊ဒါမှမဟုတ်ငါကိုလွမ်းဆွတ်နေမလား။

နယူတန်သီအိုရီလို တန်ပြန်သက်ရောက်မူရှိနိုင်ပမလား ၊မေတ္တာကရောင်ပြန်ဟပ်ပမလား။

ချစ်နေမိတာကိုရင်နာစရာနဲ့ဖြေသိမ့်ပေမယ့်လည်း အရာမထင်ဘ၀သစ်မှာ အချစ်သစ်နဲ့မင်းတွေခဲ့ရင် အဆင်ပြေပါစေဆုတောင်းနေမိတာမင်းအတွက်ပါ။


တစ်ရေးမှ မအိပ်လိုက်ရတဲ့ရက်တွေပိုပို များများလာတယ်။ 

တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မှာ ချောလဲခဲ့လေလားမတွေးချင်ပဲ တွေးနေမိတယ်။

ဖူးစာမမှန်လို့ပဲသတ်မှတ်လိုက်ပါတယ်ချစ်သူ။

ချစ်သူရယ်
ရင်နဲ့မဆန့်တဲ့
အလွမ်း
ကာရံတွေကလဲ
နှလုံးသားကိုလာရိုက်တော့
ကဗျာတစ်ပုဒ်နဲ
ရုန်းထဖို့တောင်
အားအင် ပျောက်ဆုံးခဲ့ပြီ
ချစ်သူရယ် ဘာပဲ  ဖြစ်ဖြစ်
ဘယ်လိုအကြောင်းပဲရှိရှိ
မင်းနဲ့ပတ်သက်ပြီး
ငါ့ နှလုံးသားနဲ့ရေးခဲ့တဲ့ကဗျာတွေ
နှလုံးသားဒိုင်ယာရီထဲမှာ
အမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။
 
တို့တွေရဲ့အမှတ်တရချစ်ခဲ့တဲ့မှတ်တမ်းကိုငါနှလုံးသားဒိုင်ယာရီမှာမှတ်ထားဆဲပါ။


အားလုံးကိုလေးစားလျှက်
ရှင်းသ့န်မေ
ချစ်သူတိုင်းအချစ်စစ်နဲ့ဆုံစည်းနိုင်ပါစေ

အမှတ်တမဲ့တွေ့ဆုံခြင်းအစကနေ
အမှတ်တရနှလုံးသားဒိုင်ယာရီတစ်အု
ပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။

အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေ
မယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့် သတိရစရာတွေကတော့

ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန
်းအောင်းနေဆဲ။

တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ
်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။

ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။

Tuesday, 17 September 2013

"အရွယ်က စကားပြောတယ်"...




တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်
"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်
"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်... ..."ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကျကွ"
"စားချင်တယ်ဗျာ""

Sunday, 15 September 2013

Call Recorder v1.4.6 Apk 2MB...



CallRecorder အသုံးပြုချင်တဲ့သူငယ်ချင်းအတွက်  15ရက်နေ့ထွက် Update ဗားရှင်းတင်ပေးလိုက်ပါတယ်
ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ record လုပ်ပေးထားမှာပါ။ 
 ယေဘုယျအားဖြင့် Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပြီး နောက်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေမှာဆိုရင်တော့ ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်ကပိုမိုကောင်းမွန်မှာပါ။
 မှာ304ဘတ်ပေးရတဲ့ App ပါ

အထက်ကိုသာကြည့်ပါ…




ဟိုး…ရှေးရှေးတုန်းက… ရွက်သင်္ဘောကြီးတစ်စင်းဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပါသတဲ့…။ မာလိန်မှုးဟာ ပင်မရွက်ကြီးကိုဖြုတ်မှဖြစ်မယ့်အခြေအနေကြောင့် လူငယ်တစ်ဦးကို ရွက်တိုင်ထိပ်ကိုတက်ပြီး ရွက်ကြိုးကိုဖြုတ်ချဖို့ စေခိုင်းပါတယ်…။
လူငယ်ဟာလည်း သွက်သွက်လက်လက်ပဲ ရွက်တိုင်ထိပ်ကိုတက်သွားပြီး ရွက်ကြိုးကို ဖြုတ်ချနိုင်ခဲ့ပါတယ်…။ ရွက်ကြိုးဖြုတ်ပြီးလို့ အောက်ကိုပြန်ဆင်းမယ်အလုပ် အောက်ကိုငုံ့ကြည့်လိုက်ပါတယ်…။
အဲဒီအခါမှာတော့… ဧရာမလှိုင်းလုံးတွေကြားမှာ လူးလွန့်နေတဲ့ သူတို့ရဲ့ သင်္ဘောလေးရဲ့ ထိပ်လန့်ဖွယ်မြင်ကွင်း…သူတို့ကိုစားဖို့စောင့်နေတဲ့ ငါးလိပ် ငါးမန်းတွေ ကိုမြင်တော့ နဂိုကရှိတဲ့ သတ္တိတွေပျောက်ပြီး အောက်ကိုပြန်မဆင်းရဲ ပဲ ဖြစ်နေပါသတဲ့…

နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးအား အင်တာဗျူးခြင်း(မေးထဲမှ)ဟာသ...



 
ဒီအတိုင်းဆိုရင်တော့ ........ဟင်း!--

ဒီလိုရည်ရွယ်ချက်ကြီးကြီးထားရတယ်


နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးအား အင်တာဗျူးလိုက်ခြင်း



မေး-စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ?
ဖြေ-အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေးပါသွားအောင်
ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေလိပ်စာကို
စုဆောင်းနေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ရအောင်ပါ။
ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ
အိမ်ကိုလှမ်းပြီးဖုန်ဆက်ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

Friday, 13 September 2013

"ကံတူအကျိုးပေး"...



လူတစ်ယောက် အရက်သောက်ဖို့ ဆိုင်ထဲဝင်လာတော့ ထိုင်စရာမရှိဘူးဖြစ်နေတယ်
ဒါနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘေးကခုံမှာ သွားထိုင်လိုက်တယ်
အချင်းချင်းမိတ်ဖွဲ့ရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြတယ်... ...

"ရှင်က အမြဲလာသောက်တာလား"

"မဟုတ်ပါဘူး၊ ဒီနေ့က အောင်မြင်မှုတခုအတွက် ပျော်လို့လာသောက်တာ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း အောင်မြင်မှုတခုအတွက် ပျော်လို့သောက်တာ"

"ကျနော် နွားမတွေမွေးထားတာ၊ ဘယ်နှစ်ကြိမ် သားစပ်စပ် မအောင်မြင်ဘူးဗျာ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း ကလေးလိုချင်တာ ဘယ်နှစ်ကြိမ်ကြိုးစားကြိုးစား မရဘူး ကြာလှပြီ"

"ဒီနေတော့ ကျနော့်နွားမတွေကို စစ်ကြည့်တာ ဇီးရှိနေပြီလေ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း ဒီနေ့ ဆီးစစ်ကြည့်တော့ ကျမမှာ ကိုယ်ဝန်ရှိနေပြီလေ"

"တော်တော်တိုက်ဆိုင်တယ်ဗျာ နော်"
"ဟုတ်ပ့ါရှင်... ဒါနဲ့ ရှင်က ဘယ်လိုလုပ်လိုက်လို့ သားစပ်တာ အောင်မြင်သွားတာလဲ"

"နောက်နွားသိုးတစ်ကောင်နဲ့ ပြောင်းပြီး သားစပ်လိုက်တယ်လေ"

ဒီတော့ အဲဒီမိန်းမက ထ,အော်တယ်... ..

"ဟယ်... တိုက်ဆိုင်လိုက်တာ"
"ဂျာ..."


သန်၎ကို
 
 

Thursday, 12 September 2013

ကျဆုံးသွားသော အညတရ စစ်သည်များအား ဂုဏ်ပြုပါသည်...


ကျဆုံးသွားသော အညတရ စစ်သည်များအား ဂုဏ်ပြုပါသည်
**************************************

ထိုကြယ်တွေကြွေလေတိုင်း

ညစဉ်ညတိုင်း

အမှောင်ရဲ့ကောင်းကင်ထဲ

လူမသိသူမသိပါပဲ

ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေနေကြတယ်။



ကြယ်ကြွေတာ ဆုတောင်းရင်ပြည့်သတဲ့

ကြယ်တွေကိုချစ်တဲ့ငါ 

ညစဉ်အခါ ကြယ်တွေကိုထိုင်ကြည့်လို့

အတ္တတွေအပြည့်နဲ့ ဆုတွေတသီကြီးတောင်းခဲ့ဖူးတယ်။



ဖြတ်ခနဲလေးတချက်ပါပဲ.

နှစ်သန်းပေါင်းများစွာ တည်ဆောက်ခဲ့တဲ့အလင်း 

ပျက်ဆီးတဲ့အချိန်လေးအတွင်းမှာ

ခနတွင်းပျောက်ကွယ်ခဲ့တယ်။



ဓူဝံလိုကြယ် ဗီးနပ်စ်လိုနတ်ဖုရား

လူတွေကတင်စားလို့ ထင်ရှားကြပေမယ့်

ကြယ်တာရာအစုအဝေး သေးငယ်တဲ့ဒီကြယ်လေးတွေကျ

လမင်းကို ၀န်းရံခလို့ 

စွမ်းသလောက်အလင်းဝေမျှတာတောင်မှ

တိတ်တဆိတ်နဲ့ကြွေကျ မြေခရတာတောင်

ဘယ်သူမှတောင်မသိလိုက်ဖူးကွယ်။



ကြယ်တွေကိုချစ်တဲ့ငါ

သူတို့ပေးတဲ့အလင်း နှလုံးသားမှာမှတ်တမ်းတင်ရင်း

ဒီလိုကြွေလွင့်တဲ့အခါ တော်ပြီငါ ရင်နာလွန်းလို့

ကိုယ့်ဆုတောင်းပြည့်စေဖို့

ဒီတစ်ခါကြယ်တွေကြွေရင်ဖြင့်

ဘယ်သောအခါမှ..

ကိုယ်တကယ်မရေတွက်တော့ဘူးကွယ်။



မဒမ်ကိုး

၁၂. ၉.၂၀၁၃

(credit to မဒမ်ကိုး )

 
ထိုကြယ်တွေကြွေလေတိုင်း

ညစဉ်ညတိုင်း

အမှောင်ရဲ့ကောင်းကင်ထဲ

လူမသိသူမသိပါပဲ

ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေနေကြတယ်။



ကြယ်ကြွေတာ ဆုတောင်းရင်ပြည့်သတဲ့

ကြယ်တွေကိုချစ်တဲ့ငါ

ညစဉ်အခါ ကြယ်တွေကိုထိုင်ကြည့်လို့

အတ္တတွေအပြည့်နဲ့ ဆုတွေတသီကြီးတောင်းခဲ့ဖူးတယ်။



ဖြတ်ခနဲလေးတချက်ပါပဲ.

နှစ်သန်းပေါင်းများစွာ တည်ဆောက်ခဲ့တဲ့အလင်း

ပျက်ဆီးတဲ့အချိန်လေးအတွင်းမှာ

ခနတွင်းပျောက်ကွယ်ခဲ့တယ်။



ဓူဝံလိုကြယ် ဗီးနပ်စ်လိုနတ်ဖုရား

လူတွေကတင်စားလို့ ထင်ရှားကြပေမယ့်

ကြယ်တာရာအစုအဝေး သေးငယ်တဲ့ဒီကြယ်လေးတွေကျ

လမင်းကို ၀န်းရံခလို့

စွမ်းသလောက်အလင်းဝေမျှတာတောင်မှ

တိတ်တဆိတ်နဲ့ကြွေကျ မြေခရတာတောင်

ဘယ်သူမှတောင်မသိလိုက်ဖူးကွယ်။



ကြယ်တွေကိုချစ်တဲ့ငါ

သူတို့ပေးတဲ့အလင်း နှလုံးသားမှာမှတ်တမ်းတင်ရင်း

ဒီလိုကြွေလွင့်တဲ့အခါ တော်ပြီငါ ရင်နာလွန်းလို့

ကိုယ့်ဆုတောင်းပြည့်စေဖို့

ဒီတစ်ခါကြယ်တွေကြွေရင်ဖြင့်

ဘယ်သောအခါမှ..

ကိုယ်တကယ်မရေတွက်တော့ဘူးကွယ်။



မဒမ်ကိုး

၁၂. ၉.၂၀၁၃

(credit to မဒမ်ကိုး )
 
 

ဖုန်းထဲကနေ ဓါတ်ပုံတွေကို Frames လှလှလေးတွေ ထည့်ပေးမယ့် Love Frames apk ...


Cover art
ဒါလေးကတော့ ဖုန်းထဲမှာ မိမိတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို Frames လှလှလေးတွေကို
ထည့်ပေးမယ့် apk လေးပါ။ လုပ်ရတာ အရမ်းလွယ်ကူပါတယ်။

စမ်းသုံးကြည့်လိုက်ပါဥိး။ပျိုပျိုမေတွေ ပိုကြိုက်လောက်ပါတယ်။အရမ်းလန်းတယ်။နော်။
internet နှင့်ချိတ်စရာမလိုဘူး။ offline သုံးလို့ရတယ်။။

Wednesday, 11 September 2013

ချစ်သူသိစေ ...


ချစ်သူမရှိဘဲ လွင့်မိတဲ့ ကမ်း
မိုးရွာလည်း လှိုင်း မမြင်ခဲ့ဘူး
ရင်ထဲ မီးပင်လယ်တွေ ဝေနေခဲ့တယ်..။
ပူလောင်ပြီး နေရထိုင်ရခက်လိုက်ပုံများ…
မိုးသည်းချိန်လိုပါပဲ လွမ်းစိတ်တွေရဲ့ တစ်ဖတ်
ဘာမှလုပ်လို့မရအောင် ထိုင်းမှိုင်းစေခဲ့တယ်
ဘာပဲဖြစ်ဖြစ်.......ဖြေသိမ့် မိတယ်
                                           ဆောင်းမနက်ခင်းလိုပါပဲ ..ချစ်သူရယ်..။
ကဗျာဟာ  ငါ့ခံစားချက်ဖြစ်သလို
မင်းဟာ...ငါ့ အတွက်
ငါ့ခံစားချက်ကို ဖြစ်ပေါ်စေသူ
ကဗျာဟာ
ငါ့နှလုံးသားဖြစ်သလို
မင်းဟာ..ငါ့ အတွက်
ငါ့နှလုံးသားကို လှုပ်နိုးနိုင်သူ
ကဗျာဟာ
ငါ့ရှင်သန်ခြင်းဖြစ်သလို
မင်းသာ ငါ့ အတွက်
ငါ့ရှင်သန်ခြင်းကို ဆက်လက်အသက်ဆက်စေသူ...။
ဒါပေမဲ့ ....
ကွေးညွတ်တက်တဲ့ ယုံကြည့်ခြင်းတစ်ချို့အတွက်
ဘဝရှင်သန်ခြင်းနဲ့ မိသားစုကိုငေးမော
ဆီမကုန်သေးတဲ့ နှလုံးသားတစ်စုံ အတွင်းမှာ
လကိုဖမ်းဆုပ် ကြယ်တွေကို ပန်းကုံးလုပ်
ရူးကြောင်ကြောင် အဲ့ သလို လူတစ်ယောက်က
မပြီးဆုံးနိုင်တဲ့ စိတ္တဇတွေ လဲပြိုကျသွားမှာ တွေးရင်း
တိတ်တိတ်လေး ခိုးညှိနေတဲ့ လူ့ နွား တွေကိုမြင်တိုင်း
ရောင်းစုံပန်းတွေ ခြွေခူးသွားမှာ စိုးရိမ်မိ နေလေရဲ့ ...။
 
 
နေလင်းဖြိုး
 

Android Mobile ဖုန်းတွေမှာမိမိချစ်သူနာမည်လေးထိုးပြီး Live Wallpaper သုံးပြီးလန်းချင်တဲ့ သူတွေအတွက်...







Fig ~ 1
ကျွန်တော် နေမကောင်းတဲ့ကြားက Post မရေးဖြစ်တာကြာလို့ Post လေးတစ်ခုလောက်တော့ ကြိုးစားပြီး ရေးလိုက်ချင်ပါတယ်ဗျာ။အဲ့ဒီ Post လေးကတော့ Android Mobile ဖုန်းလေးတွေမှာ Live Wallpaper အလန်းလေးတွေထားပြီး အသုံးပြုချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ဒီ Live Wallpaper ကတော့တော်တော်လေးကို လန်းတဲ့ Apk လေးပေါ့ဗျာ။စာလုံး ဒီဇိုင်းလေးတွေကိုလဲ မိမိစိတ်ကြိုက် Touch Screen ကို 2 ချက်ထောက်ပြီး စိတ်ကြိုက် Design တွေကိုချိန်းလို့ရသလို အောက်မှာပါတဲ့ Digital Date နဲ့ Clock တွေကိုလဲ မိမိစိတ်ကြိုက် ဒီဇိုင်းလေးနဲ့ အလန်းဆင်လို့ရပါတယ်။

ပြီးဆုံးသွားသော မိုးသည်းညပုံပြင်.....




မဟုတ်ပါဘူး မရှိပါဘူး
တကယ်တော့ ....
ဒါဟာ... ပုံပြင်ဇာတ်လမ်းတစ်ပုဒ်။

တကယ် ထင်ရောင်ထင်မှားဖြစ်အောင်
ဖန်တီးထားတာ....

ကာယကံရှင်ကတော့ သိမှာပါ....။

မိုးကိုချစ်တယ်....

မိုးက ကိုယ့်ကို အမှတ်တရတွေအများကြီးပေးခဲ့တယ်
ပြီးတော့ မရိုးစင်းနိုင်တဲ့ ပုံပြင်တွေပြောတယ်...။

ရှင်သန်ခြင်း နေ့ သစ် သို့ ........





Photo: ရှင်သန်ခြင်း နေ့ သစ် သို့ ........




နေ ......အနွမ်း
လ .......အလွမ်း နဲ့ 
နေ့ ရက်တွေ လည်ပတ်

လှည့်ထွက်မရတဲ့  ကံကြမ္မာ ကြား
ဗျာ များရင်း
အလွမ်း အဆွေး ဘေးချိတ်
ဝမ်းရေး တိတ်တိတ် ဖြေရှင်း နေချိန်

ဖုံးအုတ်ထားတဲ့  အလွမ်း ဒဏ္ဌာရီ စာအုတ်လေးတောင်
လွမ်းစရာမရှိတော့ လွမ်းလက်ကျန်လေးနဲ့ ပဲ ရစ်မူးနေရရှာပေါ့

တိတ်ဆိတ်ခြင်းတွေ ခင်းကျင်းထားတဲ့  ညနက်နက် အိပ်ရာပေါ်
ကျောဆန့်  မနက်ဖြန်အတွက် ခရီးဆက်နေရပြန်ပြီ

နိုးထခြင်း မနက်ဖြန်တွေ အလွမ်းမပါပဲ နိုးထနိုင်ဖို့ 
ခုတော့ မျက်လုံးစုံမှိတ် အိပ်စက်ပြစ်လိုက်မယ်ကွာ

လင်းလက်တဲ့  မနက်ဖြန်အတွက်
ရှင်းလင်းတဲ့  နေ့ ရက်လေး ပိုင်ဆိုင်နိုင်ဖို့ 
လွမ်းလက်ကျန်လေး သောက်သုံးလိုက်အုံးမှ

ပြောက်ဆုံးခဲ့ တဲ့ 
ရှင်သန်ခြင်း နေ့ သစ် သို့ ........


30.7.2013...................1.04 AM

နေ ......အနွမ်း
လ .......အလွမ်း နဲ့ 
နေ့ ရက်တွေ လည်ပတ်

လှည့်ထွက်မရတဲ့  ကံကြမ္မာ ကြား
ဗျာ များရင်း
အလွမ်း အဆွေး ဘေးချိတ်
ဝမ်းရေး တိတ်တိတ် ဖြေရှင်း နေချိန်

ဖုံးအုတ်ထားတဲ့  အလွမ်း ဒဏ္ဌာရီ စာအုတ်လေးတောင်
လွမ်းစရာမရှိတော့ လွမ်းလက်ကျန်လေးနဲ့ ပဲ ရစ်မူးနေရရှာပေါ့

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်လေးပါ ...





    အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. 

အဖြည့်ခံနှလုံးသားတခုရဲ့တမ်းခြင်း...





ဒဿရေ.......
မင်းလိုပဲငါလဲ မာယာမင်းသားကိုမှ
ဗလာကျင်းတဲ့ ရင်ခွင်နန်းတော်မှာ
ပွင့်ဦးအဖြစ်တယုတယ သရဖူဆောင်းပေးဖူးတယ်။
လက္ခဏလိုပေးဆပ်ရင်း မျက်လုံးတွေစုံမှိတ်
အချစ်ဆိပ်တွေမျိုချရင်း နှလုံးသားတစ်ခုလုံး
မီးလောင်တိုက်သွင်းခံရဖူးတယ်။
သူ့ဘ၀တွက် ငါ့ဘ၀ပေး
သူ့နှလုံးသားတွက်
အပျော်တွေဆက်နှင်းပေးချင်ရက်နဲ့
ရေခွက်ထဲက လရိပ်ကိုပဲ ကြည့်ခွင့်ရတဲ့ငါ
ကောင်းကင်ကအရိပ်စစ်ကို နှုတ်ဆက်လိုက်ရတယ်။

တိတ်ဆိတ့်ခြင်း ချွေ တဲ့  ည...



ဘ၀  ဆိုတဲ့   ခေါင်စဉ်  အောက်မှာ
ကျမ  တို့   ဆန္ဒတွေ
ဘယ်နေ့ လင်းခွင့်  ရမလဲ
ဘယ်သူမှ  နားမလည် တဲ့ 
လွမ်းဆွတ့်  လွမ်းမောခြင်း က
ကျမ တို့  နှစ်ယောက်ရဲ့ 
ရသ    တစ်ခွက်  လား

မနက်ဖြန် လို့   တွေး  မိတိုင်း
ဖြစ်မလာ သေးတဲ့   မနက်ဖြန်  ကို
ဖြစ်ပါ့မလား သံဒယ  နဲ့ 
အိပ်မပျော်တဲ့  ကျမ  ရဲ့ ညတွေ
ရေမျှောကမ်းတင် ဖြစ် စေ ခဲ့တယ်..။

ဘ၀  ရဲ့  နောက်ကောက်ကျမှု နဲ့ 
ဆန္ဒ တွေ ရင့် ရော် ခဲ့သလို
ဆန္ဒ နဲ့   ဘ၀  ကို  ငေးကြည့် မိတဲ့   အခိုက်
ကောင်ကင်းညှို့ ရင်  ငို ချင်မိတယ်..။


ရှင်သန်  ရပ်တည်မှု့  နဲ့ 
ရေမြေဝေး ကမ်း နှစ်ဖက်ရဲ့ 
ကြယ်တွေ  ကြွေတာ မြင်မိတိုင်း
ကျမ  တို့  အတူဆုံဖို့  ကို
အမြဲဆုတောင်း  မိတယ် .။




ညအက္ခရာ

Monday, 9 September 2013

TanaMe PRO v1.2.19 Apk 14MB...


အင်တာနက်အသုံးပြုပြီးတော့ Viber လိုစကားပြော မက်ဆေ့ ပို့တဲ့ ဆောစ့်ဝဲလ်လေးပါဘဲ
သူရဲ့ အားသာချက်ကတော့ ကုတ်မတောင်းပါဘူး 
ဒီအတိုင်း အကောင့်ဖွင့်တဲ့အခါ နာမည်တွေ နေရပ်တွေ Gmail လိပ်စာတွေ ဖုန်းနံပတ်ဖြည့်လိုက်ယုံပါဘဲ
ဘာကုတ်မှမလိုပါဘူး ဗီဒီယိုတွေ ဓာတ်ပုံတွေ တစ်ဖက်နဲ့တစ်ဖက် တော်ကီပွားဖို့ မက်ဆေ့ပို့ကတော့ 
နှစ်ဖက်စလုံးမှာ TanaMe ဆောစ်ဝဲလ်လေးရှိရပါမယ် 

Monday, 2 September 2013

ဖုန်းထဲက app တွေကို backup လုပ်တဲ့ APP...


 
a2 a3
ဖုန်းထဲက game & app တွေကိုလွယ်လွယ်ကူကူ backup လုပ်လို့ရမဲ့ app လေးပါ
ကျွန်တော်အကြိုက်ဆုံးပါပဲဗျာ … :P



 

Android Software တွေကို ကွန်ပျူတာကနေသွင်းမယ် ...


Name :Moborobo
Version :2.0.2.290
Size : 18.7 MB
Format : exe
O/S : Tool


       ဒီဆော့ပ်ဝဲလ်လေးကတော့ Android ဖုန်းတွေကို မိမိကွန်ပျူတာကနေ Direct သွင်းချင်သူများအတွက်ပါဗျ။ လက်ရှိလောလောဆယ်မှာတော့ ကျနော်သုံးနေတဲ့ ဆော့ပ်ဝဲလ်လေးပေါ့ဗျာ။ မိမိဖုန်းကိုတော့ Usb Debugging နဲ့ Unknown sources ကိုတော့ အမှန်ခြစ်လုပ်ထားပေးဖို့လိုအပ်မယ်ဗျ။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်လိုက်ပြီးပြီဆိုရင်တော့ APPS ကိုရွေးပေးပါ ။ ပြီးရင် App Updater ကိုရွေးပေးပါ ။ ပြီးရင်တော့ မိမိသွင်းချင်တဲ့ဆော့ပ်ဝဲလ်ကို ညာဖက်က အကွက်အဖြူအလွတ်ထဲကို ဆွဲထည့်လိုက်ယုံပါပဲဗျာ။


Go Locker v2.0 ...


Name :Go Locker
Version :2.0
Size : 3.96 MB
Format : APK
O/S : Android


မိမိတို့ ဖုန်း screen လေးကို lock ချချင်သူများအတွက် အလန်းစားနော်
အားလုံးသိကြမှာပါဗျာ....Go ထုတ်ကုန်လေးပါပဲဗျာ...စတိုင်အမျိုးမျိုး နဲ့လော့ချလိုက်ရအောင်ဗျာ...ဆိုဒ်မှာစုံအောင်လို့တင်ပေးထားလိုက်တာပါ..လိုအပ်တဲ့ သယ်ချင်းတို့ 
အောက်မှာဒေါင်းလိုက်ပါနော်..