အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, 3 April 2014

မပိုင်ဆိုင်မှန်း သိပေမယ့်...

အလွမ်းမင်းသားလေး | 01:39 | Best Blogger Tips



သံယောဇဉ် မြစ့်ထဲ
အတူတူ ခုန်ဆင်းတုန်း က
နင့်  အပြုံး ငါ့ အပြုံးတွေက
လောကကြီးမှာ အချို   ဆုံးပေါ့

ကူးရင်း မြူးရင်း နဲ့ 
ရေစီးကြမ်း တဲ့  လောကဓံ လှိုင်းပုတ်တော့
အမုန်း မပါ တဲ့  ၀ဲဂယက် ထဲ
နင် နဲ့  ငါ စုန်းစုန်း မြုတ် ခဲ့ပြန်တယ်

ကူသူမဲ့ ...ဆယ်သူဝေးလို့ 
အချိန် အတော်ကြာ....
အနာဂတ်ထဲ
သူ လွတ်မြောက်ရာလမ်း သူရွေးပြီး
ငါ့ အသက်ရှင်ရာ လမ်းကို
ငါ ကိုတိုင်းလည်း ဖောက် ခဲ့ရတယ်

ပြန်ဆုံမယ်လို့  ထင်ခဲ့တယ်
ကြုံဆုံ မယ့် တစ်နေ့ 
ထပ်မဝေးဘူးလို့ လည်း တွေးခဲ့ပါသေးတယ်
ခုတော့ အရင်လို မဟုတ်တဲ့ 
နေ့ သစ်တွေ ထဲ
တို့  တွေ အပြီးပိုင် ဝေးခဲ့ရပြန် ပြီလေ

အမုန်းကြောင့် မဟုတ်ဘူး
ချစ်နေဆဲမို့  လည်း
အပြစ်ရယ် မမြင် မိလို့ 
အဝေး တစ်နေရာမှ
မလာမှန် သိတဲ့  အချစ်ဦးကို....
ငယ်ချစ် အစစ်မို့ 
ရင်နင့်အောင်..........လွမ်းနေအုံးမယ်.............မောင်




ညအက္ခရာ ....


သစ်ခွပင်လေး...

အလွမ်းမင်းသားလေး | 01:34 | Best Blogger Tips


အဆက်မပြတ် ရွာနေတဲ့ မိုးတွေဟာ
 မင်းကို သတိရစိတ်တွေလား
မင်းကိုယ်ငွေ့ကလွဲလို့
 နွေးထွေးအောင် လုပ်မပေးနိုင်တော့တဲ့  
အချမ်းဓာတ်လွန်ကဲမှုတွေနဲ့ တုန်ရီ
ချစ်တဲ့စိတ်ဟာ 
သစ်ခွပန်းလေးလို အမြင့်ဆုံးမှာပွင့်လန်း
မင်းရယ်သံလွင်လွင်လေး မကြားနိုင်တဲ့ 
အဝေးမှာ ငါဟာ ဆက်သွယ်မှုဧရိယာပြင်ပ 
အခုဆို
 ငါ့အဝေးတစ်နေရာမှာ 
မင်းတစ်ယောက် ဘာတွေလုပ်နေမလဲ 
 ဟိုးအဝေးမှာ အခု 
ကျဆင်းနေတဲ့ မြူတွေလို  
မင်းေ၀၀ါးသွားမှာစိုးမိတယ်  
ငါ့ကို သတိရပါစေလို့တော့ 
ဆုတောင်းတွေ မပြုဖြစ်တော့ဘူး
ကျန်းမာရေးကိုဂရုစိုက်ပါ
 နေ့စဉ်မှတ်တမ်းရေးပါ  
ငါပြန်လာတဲ့အခါ 
မင်းအတွက် 
သစ်ခွပန်းပင်လေး လက်ဆောင်ယူလာခဲ့မယ်
မင်းမြတ်နိုးပါ 
အသက်လိုတန်ဖိုးထားပါ 
သစ်ခွင့်ပွင့်လေးတွေကို  
ကေသာဦးမှာ အမြတ်တနိုး ပန်ဆင်ပါ ယုယပါ နွေးထွေးပါ
ငါဟာ မင်းကို ချစ်တဲ့ စိတ်နဲ့ 
အသက်ဆက်နေရတဲ့ 
သစ်ခွပင်လေးတစ်ပင်ပေါ့ 
 
 
မောင်သစ္စာ
 
 

ရင်ဆိုင်မယ်...

အလွမ်းမင်းသားလေး | 01:26 | Best Blogger Tips

အချစ်လဲ မငတ် ခဲ့ဖူးသလို
မချစ်တတ်တဲ့ မိန်းမတွေထဲ ကျွန်မ
မပါဝင်ခဲ့ပါ
ချစ်ခဲ့တာကိုလဲ
မြင်သာအောင် မပြ တတ်ခဲ့သူပါ
မပြုံးချင် ပြုံးချင်
လုပ်ကြံမှုပါဝင်နေတဲ့ အပြုံးလဲ
ကျွန်မ ပြုံးလို့မရခဲ့သူပါ။
 
ရေနစ်ဖူးတဲ့အချိန်မှာတော့
ကူထိုးတဲ့ ၀ါးတွေ အများကြီးကြုံခဲ့ရတယ်
ကိုယ်ရှာတဲ့ ကောက်ရိုးတမျှင်တော့
ကိုယ် ဆုတ်ကိုင်နိုင်ခဲ့တယ်
ဘ၀ရဲ့ ကံဆိုးလှတဲ့
လမိုက်ညတွေ
ဆူးခင်းလမ်းတွေမှာ
သိက္ခာတွေကိုမြေမြုပ်ပြီး
လက်ဝါး မဖြန့် ခဲ့ဖူးပါ
ကျွန်မ တကောင်ထဲ
ဒါပေမယ့်  ခြင်္သေ့မဟုတ်ပါ။
 
စိတ်မချမ်းမြေ့စရာ ခရီးရှည်နှေတော့
တခါတရံ သူနဲ့ပဲ အကျွမ်းဝင်သလိုလေးဖြစ်မိပါရဲ့ကွယ်
အော်,,,,,,, သူတို့ခေတ် သူတို့စနစ်ပဲလေ
ကိုယ်က လူသစ်
အပစ် ရှာလဲ ခံရမှာမို့
စိတ်မှာလေ ဘ၀င်မကျ
ဂွင်မကျလဲ ကိုယ့်ချစ်သူအရိပ် ကိုယ်ခို
ချစ်သူလက်ကိုတွဲ
လာစမ်းဟဲ့ အနာဂတ်
ရဲရဲကြီး ရင်ဆိုင်လိုက်ကြစို့နော်။
 
jasmine

Thursday, 28 November 2013

ခွဲခွာချိန်..၆နှစ်မြှောက် အိမ်အလွမ်း ~~~~

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



တစ် နေ ထွက် လို့ 
တစ် နေ ၀င်
အချိန်တွေ ကုန်တာ မြန် လွန်းတယ်
ဘ၀ ကျောင်းခန်း ထဲ
ဘ၀ စာအံရင်း ........... ကျောင်းသူ တစ်ယောက် အဖြစ်
ကျက်မှတ် လို့  မကုန်တဲ့  သင်ခန်းစာတွေ
မနက်ဖြန် အတွက် အိမ်စာ လုပ်ဖို့ 
ဒီနေ့  တစ်နေ့ တာ မနက်ဖြန် အတွက် ရုန်းကန် နေရတယ်။


ကြုံးဝါး ခဲ့တာ တစ်နေ့  ဆိုတဲ့  နေ့  ရောက်ဖို့ 
ဇွဲ ကလေးနဲ့  သူငယ်ချင်း ပေါင်း ပေါင်းခဲ့ရတာ
ရောင်းရင်း လို သိပ့်ချစ် ခဲ့တဲ့ မာန လေး က
ချစ်ဖို့  ကောင်းလိုက်တာ
သဘာဝ အလျှောက် လျှောက်ခဲ့ရတဲ့ 
လောက လမ်း ထဲ သောက တွေ စမ်း တ၀ါးဝါး နဲ့ ပါပဲ။

ပတ်ဝန်းကျင် တိတ်ဆိတ်ခြင်း နဲ့ 
ဘောင်ဘင်ခပ် သူတို့ တွေ ရဲ့ 
နေရပ်က တိတ်တဆိတ် ထွက်လာခဲ့တာ
နှစ်အတော်ကြာခဲ့ပြီးပဲ
လောင်းရိပ်မိတဲ့ ......စိတ် အတိုထွှာ ကို
တစ်ယောက်ထဲ ရေလောင်းပေါင်းသင်
အညွှန့်  တလူလူ နဲ့ ရှင်သန်အောင်
ကြိုးစားခဲ့တာ...............ခြောက်နှစ့် မြှောက်တဲ့  ဒီနေ့ 
ငါ ဘယ်တော့မှ မမေ့ဘူး


ခရေပင်လမ်း.............
ဟို.............ယခင်
ကလေး ဘ၀ က
နေထိုင်ရာ ဒီလမ်းထဲ
ခဏ ဖြစ်ဖြစ် ငါ ပြန်ခဲ့မယ်
ခရေပင် အရိပ့် ထဲ
အရင် လိုပဲ.........နေ၀င်ချိန် အေးချမ်းနေအုံး မလား
အကြွေးပန်း မို့  ဘယ်သူမှ
မနမ်း ပါစေကွယ်..............ဒီလမ်းလေးပဲ
တစ်ခါ တလေ ငါ တမ်းတနေဆဲ ...........ပါ။




ညအက္ခရာ..........

Saturday, 21 September 2013

သူတို့ မသိကြလို့ ပါ...

အလွမ်းမင်းသားလေး | 09:43 | Best Blogger Tips




မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

Wednesday, 11 September 2013

ချစ်သူသိစေ ...

အလွမ်းမင်းသားလေး | 07:01 | Best Blogger Tips


ချစ်သူမရှိဘဲ လွင့်မိတဲ့ ကမ်း
မိုးရွာလည်း လှိုင်း မမြင်ခဲ့ဘူး
ရင်ထဲ မီးပင်လယ်တွေ ဝေနေခဲ့တယ်..။
ပူလောင်ပြီး နေရထိုင်ရခက်လိုက်ပုံများ…
မိုးသည်းချိန်လိုပါပဲ လွမ်းစိတ်တွေရဲ့ တစ်ဖတ်
ဘာမှလုပ်လို့မရအောင် ထိုင်းမှိုင်းစေခဲ့တယ်
ဘာပဲဖြစ်ဖြစ်.......ဖြေသိမ့် မိတယ်
                                           ဆောင်းမနက်ခင်းလိုပါပဲ ..ချစ်သူရယ်..။
ကဗျာဟာ  ငါ့ခံစားချက်ဖြစ်သလို
မင်းဟာ...ငါ့ အတွက်
ငါ့ခံစားချက်ကို ဖြစ်ပေါ်စေသူ
ကဗျာဟာ
ငါ့နှလုံးသားဖြစ်သလို
မင်းဟာ..ငါ့ အတွက်
ငါ့နှလုံးသားကို လှုပ်နိုးနိုင်သူ
ကဗျာဟာ
ငါ့ရှင်သန်ခြင်းဖြစ်သလို
မင်းသာ ငါ့ အတွက်
ငါ့ရှင်သန်ခြင်းကို ဆက်လက်အသက်ဆက်စေသူ...။
ဒါပေမဲ့ ....
ကွေးညွတ်တက်တဲ့ ယုံကြည့်ခြင်းတစ်ချို့အတွက်
ဘဝရှင်သန်ခြင်းနဲ့ မိသားစုကိုငေးမော
ဆီမကုန်သေးတဲ့ နှလုံးသားတစ်စုံ အတွင်းမှာ
လကိုဖမ်းဆုပ် ကြယ်တွေကို ပန်းကုံးလုပ်
ရူးကြောင်ကြောင် အဲ့ သလို လူတစ်ယောက်က
မပြီးဆုံးနိုင်တဲ့ စိတ္တဇတွေ လဲပြိုကျသွားမှာ တွေးရင်း
တိတ်တိတ်လေး ခိုးညှိနေတဲ့ လူ့ နွား တွေကိုမြင်တိုင်း
ရောင်းစုံပန်းတွေ ခြွေခူးသွားမှာ စိုးရိမ်မိ နေလေရဲ့ ...။
 
 
နေလင်းဖြိုး
 

ပြီးဆုံးသွားသော မိုးသည်းညပုံပြင်.....

အလွမ်းမင်းသားလေး | 06:26 | Best Blogger Tips




မဟုတ်ပါဘူး မရှိပါဘူး
တကယ်တော့ ....
ဒါဟာ... ပုံပြင်ဇာတ်လမ်းတစ်ပုဒ်။

တကယ် ထင်ရောင်ထင်မှားဖြစ်အောင်
ဖန်တီးထားတာ....

ကာယကံရှင်ကတော့ သိမှာပါ....။

မိုးကိုချစ်တယ်....

မိုးက ကိုယ့်ကို အမှတ်တရတွေအများကြီးပေးခဲ့တယ်
ပြီးတော့ မရိုးစင်းနိုင်တဲ့ ပုံပြင်တွေပြောတယ်...။

အဖြည့်ခံနှလုံးသားတခုရဲ့တမ်းခြင်း...

အလွမ်းမင်းသားလေး | 05:34 | Best Blogger Tips





ဒဿရေ.......
မင်းလိုပဲငါလဲ မာယာမင်းသားကိုမှ
ဗလာကျင်းတဲ့ ရင်ခွင်နန်းတော်မှာ
ပွင့်ဦးအဖြစ်တယုတယ သရဖူဆောင်းပေးဖူးတယ်။
လက္ခဏလိုပေးဆပ်ရင်း မျက်လုံးတွေစုံမှိတ်
အချစ်ဆိပ်တွေမျိုချရင်း နှလုံးသားတစ်ခုလုံး
မီးလောင်တိုက်သွင်းခံရဖူးတယ်။
သူ့ဘ၀တွက် ငါ့ဘ၀ပေး
သူ့နှလုံးသားတွက်
အပျော်တွေဆက်နှင်းပေးချင်ရက်နဲ့
ရေခွက်ထဲက လရိပ်ကိုပဲ ကြည့်ခွင့်ရတဲ့ငါ
ကောင်းကင်ကအရိပ်စစ်ကို နှုတ်ဆက်လိုက်ရတယ်။

တိတ်ဆိတ့်ခြင်း ချွေ တဲ့  ည...

အလွမ်းမင်းသားလေး | 04:59 | Best Blogger Tips



ဘ၀  ဆိုတဲ့   ခေါင်စဉ်  အောက်မှာ
ကျမ  တို့   ဆန္ဒတွေ
ဘယ်နေ့ လင်းခွင့်  ရမလဲ
ဘယ်သူမှ  နားမလည် တဲ့ 
လွမ်းဆွတ့်  လွမ်းမောခြင်း က
ကျမ တို့  နှစ်ယောက်ရဲ့ 
ရသ    တစ်ခွက်  လား

မနက်ဖြန် လို့   တွေး  မိတိုင်း
ဖြစ်မလာ သေးတဲ့   မနက်ဖြန်  ကို
ဖြစ်ပါ့မလား သံဒယ  နဲ့ 
အိပ်မပျော်တဲ့  ကျမ  ရဲ့ ညတွေ
ရေမျှောကမ်းတင် ဖြစ် စေ ခဲ့တယ်..။

ဘ၀  ရဲ့  နောက်ကောက်ကျမှု နဲ့ 
ဆန္ဒ တွေ ရင့် ရော် ခဲ့သလို
ဆန္ဒ နဲ့   ဘ၀  ကို  ငေးကြည့် မိတဲ့   အခိုက်
ကောင်ကင်းညှို့ ရင်  ငို ချင်မိတယ်..။


ရှင်သန်  ရပ်တည်မှု့  နဲ့ 
ရေမြေဝေး ကမ်း နှစ်ဖက်ရဲ့ 
ကြယ်တွေ  ကြွေတာ မြင်မိတိုင်း
ကျမ  တို့  အတူဆုံဖို့  ကို
အမြဲဆုတောင်း  မိတယ် .။




ညအက္ခရာ

Tuesday, 20 August 2013

မသဲပို အလွမ်း...

အလွမ်းမင်းသားလေး | 07:22 | Best Blogger Tips


ကလေး ဆိုး ပဲ  ဆိုဆို
မသဲ ပို လို့ ပဲ   ပြောပြော
နင့် တစ်ယောက် အပေါ်  ငါ  အချွဲ  ပို  ဆိုး မိတာ
အလို  လိုက်ဖို့ က  နင့်   အပိုင်း
ငါ  ပဲ  စိတ်ကောက် တဲ့ အခါ
နင်..........အလိုက်သိပါ
ငါ   ငိုတဲ့အခါ  နင်  စိတ် မညစ် နဲ့ 
အမြန်မနှေး အချိန် ကလေး နဲ့ 
ငါ့  နှဘေး ကနေ  မျက်ရည် သုတ်ဖို့ 
နင့်  အင်္ကျီးစ ကလေး  လာထိုးပေး.............

ငါ ပြောသမျှ နင် ခေါင်းညိ့ပ်
မလွန်းဆန် တဲ့  တဘောထား နဲ့ 
နင့်   မျက်နှာကလေး အမြဲပြုံးထား ပေး........ပါ
ငါ  ပြုလုပ်သမျှ  အရာတိုင်း
အဆိုးအကောင်း ကို
မကန့် ကွက်တဲ့  အနေတဲ့ (very good)  လို့   ထောက်ခံပေးပါ

မိုင်ထောင်ချီ............ယူဇနာ ကွာဝေးနေပါစေ
အားလပ်  အချိန်တိုင်း
ငါ့ အလွမ်း ရောဂါ   မတိုးအောင်
နင့်  တာဝန် က   င့ါ ဆီကို
ဖုန်း အမြဲ  ဆက်ပေးနော်..........


ညအက္ခရာ....

Monday, 19 August 2013

ဖြည့်ဆည်းမပေးနိုင်သူ...

အလွမ်းမင်းသားလေး | 06:58 | Best Blogger Tips

 

ဖြည့်ဆည်းမှု့တွေ 
မပေးနိုင်ခဲ့ဘူး..
ချစ်သူ....
အလွမ်းသက်သက်နဲ့..
အချစ်ဓာတ်ပြားဟောင်းကြီးကို...
ဖွင့်ပြရုံကလွဲလို့ 
ငါဘာတက်နိုင်ခဲ့လဲ...။
သဝန်တိုမှု့နဲ့
ချုပ်ချယ်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲ့လဲ...။
ဆုတောင်းမှု့နဲ့..
နှစ်သိမ့်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲလဲ...
ဒါပေမယ့်...
သေချာတယ် ချစ်သူ..
နင်က..
ငါ့နှလုံးသားရဲ့...
VIP ပါ...။


                                             လူငယ်များ(နှလုံးသားရပ်ဝန်း)


Monday, 12 August 2013

လေလိုင်းပေါ်က အချစ် ...

အလွမ်းမင်းသားလေး | 06:03 | Best Blogger Tips








ဆက်ရန်မရှိတဲ့ ဇာတ်လမ်းလိုပါပဲ
သတိရခြင်းတွေ အနားသတ်လိုက်ရအောင်
တခါတရံလွမ်းခဲ့ဖူးတာလေးကို
မုန်တိုင်းတခု အဖျားခတ်ခံလိုက်ရသလို
သဘောထားလိုက်ပါ့မယ်
မင်းအေးချမ်းပါစေ
ကိုယ့် ကိုထိခိုက်စေတဲ့
အိပ်မက်ဟောင်းတွေကိုဆက်ပြီး မမက်ချင်သလို
မင်းကိုလဲ မမက်စေချင်ခဲ့သူပါ
အများတကာသတိပေးခဲ့စဉ်က ရိုးတိုးရိတ်တိတ်လေးမှ
မထင်ရက်ခဲ့ဘူးလေ
ခုတော့ဖြစ်လဲ နားလည်လို့မရခဲ့တဲ့အတွေးတွေနဲ့
ကိုယ့်ဘ၀က မိုးတိုးမတ်တတ်ကြီးဖြစ်နေပြီလား
အချစ်ဆိုတဲ့အရာ
ကိုယ်တိုင်က  ယဉ်ပါးမှုမရှိခဲ့လို့
အစေအစားတယောက်လိုပဲ
အရာရာထိတ်လန့်ခဲ့ရတယ်
မာနတွေ ပွန်းပဲ့ခဲ့ရတယ်
ခံစားမှုတွေ မွန်းကြပ်နေခဲ့ရတယ်
ရှေးစကား ဘေးစကား
ကျမ်းကိုးကျမ်းကားတွေနဲ့အဖြေထုတ်မကြည့်လဲ
သေချာတာ မင်း
                                                ကိုယ့်ကို တကယ်မချစ်ခဲ့တာပါ ။
   


                                                                          jasmine

Tuesday, 6 August 2013

သို့....ချစ်သူ...

အလွမ်းမင်းသားလေး | 05:15 | Best Blogger Tips


 ကြယ်ရောင်တွေလင်းလက်နေတဲ့ညမှာ
ငါလေ...တစ်ယောက်ထဲ
ကောင်းကင်ကြီးကိုငေးကြည့်ရင်း
ရင်ဘတ်ထဲကစကားလုံးတွေနဲ့အတူ
မင်းအတွက်...
မင်းအတွက်ကဗျာလေးတပုဒ်ကိုရေးဖွဲ့လိုက်တယ်
ချစ်သူရေ......
ဝေးကွာခြင်းရဲ့နောက်ကွယ်က
ဆုံဆည်းမှုတစုံတရာအတွက်
ငါတို့ရဲ့နှလုံးသားတွေကို
ဘယ်အချိန်ထိများပေးဆပ်ထားရအုံးမှာလဲ
ဘယ်သူမှမမြင်ရတဲ့
ဆုံဆည်းမှုတခုဟာ
အမြဲတမ်းသတိရနေခြင်းပါလို့ဆိုပေမယ့်
မင်းကော.....ကိုယ့်ကို
အမြဲတမ်းသတိရနေနိုင်ပါ့မလားချစ်သူ......။
ကိုယ်ကတော့...အချိန်နဲ့အမျှပါပဲကွယ်
ချစ်သူရေ.....
ကိုယ့်ကိုသတိရနေပေးဖို့
ကိုယ်မတောင်းဆိုချင်ပါဘူးချစ်သူ
ဒါပေမယ့်
မင်းရဲ့သန်းခေါင်ယံအိပ်မက်ထဲကိုတော့
ကိုယ့်ကို...လာလည်ခွင့်ပေးလှည့်ပါနော်
ငါတို့နှစ်ယောက်ရဲ့ဝေးကွာခြင်းတွေကို
အဆုံးသတ်နိုင်ဖို့အတွက်လေ...။
ချစ်သူထာဝရပျော်ရွှင်ပါစေ................။


                                                      အောင်ကိုမင်း

ရင်မဆိုင် ချင်တဲ့  အလွမ်း...

အလွမ်းမင်းသားလေး | 05:11 | Best Blogger Tips



အလွမ်း ကို  အလွမ်း နဲ့  စားရင်
အလွမ်းပဲ  ကြွင်း နေတာ
ဒီအလွမ်း နဲ့   မပတ်သက်ချင်တော့ဘူး

သံယောဇဉ် ဆိုတာ   မမြင်နိုင်ပေမယ့်    
အမှောင်ည   နဲ့   ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ  ရေ  ..................
နွေးထွေး တဲ့   နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့   ပြီး   နင့်  ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး  ဖွင့်ပြောပြချင်တာ.............

လွန်ဆန် မရတဲ့   အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့်  တစ်နေ့  မျက်နှာချင်ဆိုင်  ထိုင်ပြီး
အတိုးချ   လို့    စကားတွေ ပြိုင်ပြောကြမယ်   ကွာ........
နင့်  အလွမ်း  ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ  ပေါ့
ခုတော့ လည်း  အချစ်နတ်သား    ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့   နှစ်ယောက်သား တို့ ဘဝ
အံကျိတ်လို့ ပဲ  အလွမ်းခါးခါး  ကို ခဏ  သောက်သုံးထားလိုက်အုံးမယ် နော်...

 ညအက္ခရာ.........

Monday, 29 July 2013

လမင်းလေးရဲ့ အဝေးလူ...

အလွမ်းမင်းသားလေး | 08:17 | Best Blogger Tips



ညက ပိုအေးစက်လာလည်း
သူကတော့ မပြောင်းလဲဘဲ... ဟိုးမိုးမြင့်ထက်မှာ တောက်ပဆဲ။

နာရီတွေပဲ ငိုနေသလား
တိုးလို့ သွားတဲ့ စက္ကန့်တိုင်းဟာ ငါ့တွက်ခုတော့ လွမ်းမျက်ရည်များ။

ယောင်ပြီးတ တတ်တဲ့ နာမည်လေးတစ်ခု
နှုတ်ဖျားလှုပ်ရုံလေးပေမယ့် ရင်ထဲမှာတော့ ဟုန်းဟုန်းမြည်တယ်
နှင်းတောင်ဝေပြီ... ပြန်လာချိန်တန်ပြီထင်ရဲ့လေ။

သူဖျစ်ညှစ်ကစားဖူးတဲ့ ပါးပြင်လေးမှာ
အေးစက်တဲ့လေကို လှောင်ပြောင်ဖို့ ပူနွေးနွေးမျက်ရည်စီးပြီ
သူလေ... လမင်းလေးနဲ့ နီးချင်မိတယ်။

ဟိုးမနက်ခင်းတွေ... နှင်းနဲ့မြူတို့ဝေလို့
တစ်ခါက တူတူရှိဖူးတဲ့ မနက်ခင်းများကို လွမ်းမော၊
လမင်းလေးနဲ့ ကင်းမရသူမို့
အဝေးကပဲ တမ်းတရတယ်...
ဒီလူကို စာနာနိုင်ဖို့ ဒီကဗျာလေး ပို့လွှတ်လိုက်မယ်။
ချစ်သူ သိစေ နားလည်ပါစေသား။

 

                                                    သီဟလုလင်

Friday, 26 July 2013

မျက်ရည် စ များ နဲ့  ကျမ...

အလွမ်းမင်းသားလေး | 06:22 | Best Blogger Tips



သက်ပျင်း ကို ဖွဖွ ချ
စိတ်  အမောရယ် ပြေစမ်းပါ..............လို့ 
ကျမ  တိုးတိုးလေး ဆုတောင်းမိတယ်
အိပ်မရလို့   ကဗျာ  တွေ
ကောက်ချရေးမိပါတယ်
အလွမ်းတွေ နဲ့  ပဲ
ကျမ  အိပ့်ခန်းလေး မွန်းကျပ်နေခဲ့တာ
ချစ်သူ ရယ်...........
ရင်ထဲ အမော တွေ
အရမ်းကြမ်းတယ်   ဟာ..........


ချစ်သူ အတွက်  ကျမ  တွေးပူ ခဲ့ လို့ 
မျက်ရည် စ နဲ့ 
ကျမ  အိပ်ရာ  ၀င်ဖြစ်တဲ့  ညတွေကို
စာနာ တတ် မယ်ဆိုရင်
ကျမ ကို ခဏ  လောက် လှည့်ကြည့်ပေးပါ
မပြယ်သော  ချစ်စိတ်တို့  နဲ့ 
ချစ်သူ အတွေး ထဲ  ကျမ  ဆိုတဲ့ 
ကျမ     အမြဲရှိနေပေးပါနော်.........





                                                       






Monday, 22 July 2013

အပြစ်မတင်ပါနဲ့...

အလွမ်းမင်းသားလေး | 07:27 | Best Blogger Tips




 ချစ်သူရေ.....
မင်းနဲ့ဝေးကွာခဲ့တဲ့နောက်
ရင်ခုန်လိုက်တိုင်းသတိရမိတာ
ငါ့ရဲ့....အပြစ်တစ်ခုတဲ့လား။
နားလည်မှုလွဲမှားခဲ့တဲ့
စကားလေးတစ်ခွန်းကြောင့်
မင်းနဲ့ငါ
ဝေးကွာခဲ့ပေမယ့်
ငါ့ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းနာမည်လေးကိုရွတ်ဆိုနေမိတယ်။
ဟိုအရင်က
အရာတွေကိုသတိရမိတိုင်း
မင်းရဲ့ပုံရိပ်တွေက
ငါ့ရင်ဘတ်ထဲကိုတိုးဝင်နေဆဲပါချစ်သူ...။
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ဖို့အတွက်
ငါတို့ရဲ့အချစ်တစ်ခုတည်းနဲ့
မပြည့်စုံနိုင်ဘူးဆိုတာ
မင်းသိအောင်
ငါဘယ်လိုပြောပြရမလဲကောင်မလေးရယ်။
အဲဒီအတွက်...
ငါမင်းကိုအရမ်းသတိရတယ်ချစ်သူ...။
မင်းနားလည်အောင်
ရှင်းမပြနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါပဲအပြစ်တင်ရမလား
ဒါမှမဟုတ်
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ပေးခဲ့တဲ့
အချစ်ဆိုတဲ့အရာကိုပဲအပြစ်တင်ရမလား
ငါ...မဝေခွဲတတ်ခဲ့ဘူးချစ်သူ။
အဲဒီအရာနှစ်ခုရဲ့ကြားမှာ
ငါ့ရဲ့အချစ်တွေက
မင်းအတွက်.....
ထာဝရသစ်လွင်နေဆဲပါချစ်သူ။
ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းကိုသတိရမိတဲ့ ငါ့ရဲ့....
စိတ်တွေကိုအပြစ်မတင်ပါနဲ့ချစ်သူရယ်...။

                                                    

                                                      အောင်ကိုမင်း


Monday, 15 July 2013

ည...

အလွမ်းမင်းသားလေး | 08:32 | Best Blogger Tips



မနေ့   ည    က
ဒီအချိန်..........
ဒီနေ့  ည  မှာရော
မှောင်  နေမလား
မပြည့်   မဆမ်း လခြမ်း ကွေး မှာ
ဘယ်သူတွေ   ခိုတွဲ  အိပ်စက်  နေမလဲ


တိတ်ဆိတ် စွာ  နေတတ် တဲ့ 
အမှောင် ထုကို
ဘယ်သူတွေ  လေလံတင် ရောင်းချဖို့ 
ကြံရွယ် နေကြသလဲ
အပြယ့် တစ်ပြယ်   ည အမှောင်  မှာ
အလင်းရောင်  က ကျီစယ်နေတာ
အမှောင်ချစ်တဲ့ 
ငါ.............ရင်နာလိုက်တာ

တော်ပြီကွာ
ခံစားချက်တွေ  ထည့်လွမ်း
ဒီ  ညချမ်း   မှာ
နင်  မရှိတာ ငါ့ အတွက်
လိုအပ်ချက်  တွေ ရှာမရတဲ့ 
ဝေဒနာ  တွေ  ပိုတိုး လာသလိုပဲ

ကျေးဇူ့ ပြုပြီး
ငါ့.............အနား ပြန်လာပေးပါ
ကလေး ......လေးရာ...





ညအက္ခရာ


Tuesday, 9 July 2013

ပြန်ဆုံ မယ့် တစ်နေ့ ...

အလွမ်းမင်းသားလေး | 06:44 | Best Blogger Tips



သမရိုးကျ   စကားလုံး ရဲ့ 
အသုံးနှုန်း  ထဲမှာ
ချစ်သူ  ကို  ကျမ
သိပ်ချစ်တာပဲလို့ 
အမြဲပြောခဲ့  သလို
ချစ်သူ  နဲ့   ကျမ
အပြန်လှန်  နားလည်မှု့ တွေ  နဲ့ 
သိပ်ချစ်ခဲ့ကြတယ်

နီး  ရက် နဲ့   ဝေး
ဆို စကားလို  ပဲ
မြင်သာ   နဲ့   နေရာကပဲ
မြင် နေရခြင်း    အတူတူ
အဝေး  က  ကြင်နာတဲ့ 
စကားလုံး တွေ နဲ့ ပဲ
တစ်ယောက်  ကို   တစ်ယောက်
ဖေးမ  ရင်း....ဆွေး တ သသ  ပဲကွယ်

စိတ်ကူးတွေ က  ထပ်တူကျ နေပြီး  ပဲ
ဘာကြောင့်မှန်း  မသိသေးတဲ့  မနက်ဖြန်တွေ ကို
ရက်စွဲ  မတပ်ရသေးလို့ 
ကျမ  တို့    မနက်ဖြန် အတွက်
ဆုံတွေ့ ရမယ့်  သဘက်ခါ   ကို
နောက်နေ့  တွေ နဲ့ 
မနက် သစ် တိုင်း မျှော်ငေးရအုံးမယ်

ပြန်ဆုံ တဲ့   တစ်နေ့ 
ဘယ်တော့မှ  ထပ်  မဝေး   ကြေးနော်
ကလေး တစ်ယောက်  လိုပါပဲ
ကျမ လေ ချစ်သူ  ကို
ထပ်မဝေး  ရဲတော့ဘူးကွယ်...

ညအက္ခရာ

Thursday, 4 July 2013

ရေခြားမြေခြား...

အလွမ်းမင်းသားလေး | 05:44 | Best Blogger Tips


တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား
အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့
စကားလုံး ပိုလှသွားတယ် ။

သူ့အိပ်ရာထဲ သူအိပ်နေတဲ့ မိန်းကလေးကို
အဝေးကြီးကနေ မနက်စောစော လှမ်းနှိုးရတာ
ပျော်စရာကောင်းတဲ့ ကစားနည်းပေါ့
မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။

အသက်ကလေးရလာတော့
လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့
ကြိုကြားကြိုကြား
သိုသိုဝှက်ဝှက်ကလေး လွမ်းရတာ
အလွမ်းကို ခွက်ပုန်းခုတ်နေရသလိုပဲ ။




လင်းဒီပ






ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ