အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

Monday, 12 August 2013

ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ ...

အလွမ်းမင်းသားလေး | 06:10 | Best Blogger Tips


ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ေ ကာင်းမွန်နေတယ်လို့ သိရပါတယ်။ ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။

Monday, 29 July 2013

မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည် ဖို့ သိန်းတစ်ရာမတည်တဲ့ သက်မွန်မြင့်...

အလွမ်းမင်းသားလေး | 08:27 | Best Blogger Tips

Monday, 15 July 2013

အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




မန္တလေး-ဇူလိုင်၁၅
ယနေ့နေ့လယ် ၂နာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသလျှက်ရှိသော တေးသံရှင်ဆိုတေးမှာ အခြေ နေတိုးတက်ကောင်းမွန်လျှက်ရှိကြောင်း ၄င်း၏ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်မှ အတည်ပြုပြော ကြားသည်။
ဦးနှောက်အလုပ်လုပ်ပုံလည်း တိုးတက်လာပြီ။ သွေပေါင်လည်းမှန်လာပြီ။ သတိကတော့မရတချက်ရတချက်ပဲ။ ကောလဟလတွေက မမှန်ပါဘူးဟု ဦးရဲမြင့်အောင်က ပြောသည်။
ကားမောင်းသူ သန်းဝင်လှိုင်မှာအရိုးအထူးကုဆေးရုံသို့ ယနေ့တွင်ပြောင်းလည်းကုသလျှက်ရှိကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။






ဖိုးလပြည့်
 PopularNewsJournal

Thursday, 11 July 2013

baby I Love You သီချင်းနဲ့ နေတိုး စင်ကာပူဖျော်ဖြေပွဲ ...

အလွမ်းမင်းသားလေး | 07:21 | Best Blogger Tips

နေတိုးကစင်ကာပူမှာ ‘နှင်းဆီခရီးသည်’ မော်ဒန် အငြိမ့်ကို သွားရောက်ဖျော်ဖြေခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ ခရီးစဉ်တစ်   လျှောက်လုံး အဆင်ပြေခဲ့သလို ကိုယ်ပိုင်သီချင်းလေး တစ်ပုဒ် ဖျော်ဖြေခဲ့မှုအပေါ်ပရိသတ်တွေ အားပေး ကြတယ်လို့ပြောပြပါတယ်။ဖျော်ဖြေပွဲနဲ့ ပတ်သက် ပြီး “ကျွန်တော်တို့ ဇွန် ၃ဝ ရက်နေ့က စင်ကာပူမှာ ကတယ်။ ကျွန်တော်တို့ ပြက်လုံးတွေကိုလည်း သမားစဉ်ကနေ နည်းနည်းလေးခွဲ ထွက်ပြီး လုပ်တာ များတော့ ကျွန်တော်တို့ရဲ့ ဒုက္ခက အငြိမ့်တစ်ခု လုပ်ပြီဆိုရင် ပြက်လုံးအသစ်တွေ လုပ်ရတယ်။ အခု ကပြခဲ့ရတာကို ကျေနပ်တယ် ။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြက် လုံးလုပ်ရတာက တအားခက်တယ် လို့ ထင်တယ်။


Tuesday, 9 July 2013

"မြန်မာစာ မေဂျာယူပြီး အဝေးသင် တက္ကသိုလ် တက်မယ့် စိုးပြည့်သဇင်" ...

အလွမ်းမင်းသားလေး | 03:24 | Best Blogger Tips


စိုးပြည့်သဇင်က မော်လမြိုင်မှာ ဇာတ်ကား နှစ်ကား ရိုက်ကူးခဲ့ပြီး ရန်ကုန် ကို ပြန်ရောက်လာတဲ့ အခါမှာ "ခေါက်ထီး လေး မလုံတလုံ" ဇာတ်ကားကို မင်းမော်ကွန်း နဲ့ အတူ ရိုက်ကူး နေပါတယ်။ စိုးပြည့်သဇင် က "စိုးပြည့် နောက်ဆိုရင် ကျောင်းတက်ဖို့လည်း ရှိတယ်။ ကျောင်းကတော့ အဝေးသင်ပဲ တက်မှာပါ။ မြန်မာစာမေဂျာ ကိုပဲယူမယ်လို့ စိုးပြည့် စိတ်ကူးထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝါသနာလည်း ပါတယ်။ နောက်တစ်ခုက စိုးပြည့် အနေနဲ့က ဘာပဲပြောပြော အဝေးသင် တက်မှပဲ 


Sunday, 9 June 2013

ချစ်သုဝေ အိမ်ထောင်မပြုသေးရခြင်း အကြောင်းရင်း ...

အလွမ်းမင်းသားလေး | 01:37 | Best Blogger Tips



Photo: ချစ်သုဝေ အိမ်ထောင်မပြုသေးရခြင်း အကြောင်းရင်း
Friday, June 07 , 2013

အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။

သရုပ်ဆောင် အဆိုတော် ချစ်သုဝေကို “သုံးပါးသွားလေး ကချင်ပြီ” ဇာတ်ကား ရိုက်ကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
“ထရီဇာ အိမ်ထောင်ရေးကို မစဉ်းစားသေးဘူး။ အခု လောလောဆယ်မှာ အလုပ်တွေပဲ လောဘကြီးပြီး လုပ်နေတယ်။ နောက်ပြီး ကျောင်းပြန် တက်ချင်နေတယ် စာတွေ ပြန်ကျက်ချင်နေတယ်၊ ဒါကြောင့် စာတွေ ပြန်လေ့လာနေတယ်” လို့ ချစ်သူဝေက ဟြေပါတယ်။

မိန်းကလေး တယောက်က အသက်အစိတ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ လူတွေက သတ်မှတ်ကြပေမယ့် ချစ်သုဝေက သူ့အသက် အစိတ်ကျော်သွားပြီ ဖြစ်တဲ့အတွက် အိမ်ထောင် မပြုရတော့ဘူးလား၊ လက်မထပ် ရတော့ဘူးလား၊ ဟိုင်းသွား ပြီလား၊ ဒါတွေက သတ်မှတ်ချက်တွေပါလို့ ဆိုလာပါတယ်။

ချစ်သူ့ဝေက “လက်ရှိအချိန်ကိုပဲ စဉ်းစားတယ်၊ အနာဂတ်ကို ဘယ်တော့မှ ကြိုမတွေးဘူး၊ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင်လည်း အမှား ကင်းတယ်တော့ မဟုတ်ပေမယ့် အမှားနည်းနိုင်သမျှ နည်းတယ်လို့ ဟြေနိုင်တယ်။ နောင်တ ရစရာတွေလည်း နည်းနိုင်သမျှ နည်းတာကောင်းတယ်” လို့ လည်း သူ့ဒဿနကို ဖွင့်ဟပါတယ်။

သူက ခရစ်ယာန်ဘာသာဝင် တဦးဖြစ်လို့ ဘုရားသခင်ကို အရမ်းယုံကြည်တယ်၊ ဒါကြောင့် အိမ်ထောင်ရေးကို ကြိုမတွေးဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပဲ၊ ကိုယ်တွေးတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါလို့ ဆက် ဟြေပါတယ်။

“မိန်းကလေး တယောက်က လက်ထပ်သင့်တဲ့ အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဆိုတာတော့ ရှိပါတယ်။ အိမ်ထောင် ပြုရမယ်လို့တော့ မဟုတ်ပါဘူး၊ အခုလက်ရှိ အချိန်မှာတော့ ပျော်သလိုနေပါတယ်၊ စိတ်ချမ်းသာအောင်နေပါတယ်၊ အကောင်းဆုံး ဖြစ်အောင် နေတယ်၊ မနက်ဖြန်မှာ လာမေးရင် နောက်တမျိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ရှေ့ရေးတွေကို လာမေးရင် သိပ်မသိဘူး၊ အနာဂတ် ဆိုတာလည်း ကောင်းတာလေးတွေ လုပ်ရင် ကောင်းတဲ့ အကျိုးတွေ ခံစားရမှာပဲ” လို့ ဟြေပါတယ်။

ချစ်သုဝေရဲ့ ချစ်သူ ဘယ်သူဆိုတာ ပရိသတ်က သိပြီး ဖြစ်တဲ့အတွက် ချစ်သုဝေတယောက် အခုအချိန်မှာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဘာသာမတူတာ ဘာအကြောင်းလဲ … တို့တော့ ဒါတွေ နားမလည်” ဆိုတဲ့ သီချင်း စာသားလေးကိုများ ညည်းနေမလားလို့ ဝင်တွေးပေး နေကြမလားဘဲ။

ဧရာဝတီ
အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။


Monday, 27 May 2013

အနုပညာကို ရူးလို့လုပ်တာပါ { ရွှေမှုန်ရတီ } ...

အလွမ်းမင်းသားလေး | 19:48 | Best Blogger Tips


မြန်မာ အနုပညာရှင် ငါးဦး တည်ထောင် ထားသော အနုပညာ ပျိုးခင်းမှ သရုပ်ဆောင် လောကကို ဝင်ရောက်လာသူ ရွှေမှုန်ရတီ၏ အနုပညာ လောကသို့ စတင်ခဲ့ သောခြေလှမ်းများနှင့် လတ်တလော ပရိသတ် ဝေဖန်မှုကို အများဆုံး ခံနေရသော အနမ်းပါသော ဇတ်ဝင်ခန်း အကြောင်းနှင့် ဆက်ရန် ရှိသေးတဲ့ ပညာရေး အကြောင်းလေး တွေကို ဖော်ပြပေး လိုက်ပါတယ်။

Voice : အနုပညာ ပျိုးခင်းထဲကို ဘယ်လို ဝင်လာဖြစ်တာလဲဆိုတာ။



Sunday, 12 May 2013

ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်” ...

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips




 “မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန် သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ် ဝင် ခန်းများ ရိုက်သင့်သလား၊ မြန်မာဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါသင့်ဘူး ဆို တဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ ၄ နှစ် အ ရွယ် ကလေးကို ထိန်းပေးတဲ့အိမ်မှာ ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူချင်းနမ်းတဲ့ ဇာတ် ဝင်ခန်း၊ နေတိုးစိတ်ဖောက်ပြန်ပြီး ရွေမှုံရတီကို အလိုမတူဘဲ သားမယား ပြုကျင့်ခန်းတွေကြောင့် ဝေ ဖန်ရေးတွေ လှိုင်းထသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရွှေမှုံရတီက ဧရာဝတီကို ဇာတ် ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။

Friday, 5 April 2013

သင်္ကြန်မှာ သူတို့ရဲ့ အမှတ်တရလေးတွေ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




"ဥာဏ်လင်းအောင်"

သင်္ကြန်မှာ အမှတ်တရလေးတွေ ရှိပါ တယ်။ အဲဒါကတော့ ဧပြီ ၁၁ ရက်နေ့က ကျွန်တော့်မွေးနေ့ ပါ။ ကျွန်တော့်အမေမွေးနေ့ လည်း ဧပြီ ၁၂ ရက်နေ့ဆိုတော့ ပိုပြီး အမှတ်တရ ဖြစ်စေတာပေါ့နော်။ ဒီနှစ် သင်္ကြန်မှာတော့ ကျွန်တော်ရန်ကုန်မှာပဲ ရှိဖို့များ ပါတယ်။ သင်္ကြန် ဆိုရင် အင်္ကျီနှစ်ထပ်ဝတ်တာ များတယ်။ အပေါ် အင်္ကျီကတော့ အခု ကျွန်တော် ဝတ်ထားသလို လက်ရှည်ပေါ့နော်။ ဒီနှစ် နေလည်း အရမ်းပြင်း တော့ ဖြစ်နိုင်ရင် သိပ်အပြင်မထွက်ကြပါနဲ့လို့ ပရိသတ်ကို ပြောချင်ပါတယ်။ အပူရှပ်တာတွေ မဖြစ်အောင်လို့ ကျန်းမာရေးကို ဂရုစိုက်ပါလို့လည်း ပြောချင်ပါသေးတယ်။




သင်္ကြန်ကာလမှာ နန်းခင်ဇေယျာ ဘာလုပ်မှာလဲ ...

အလွမ်းမင်းသားလေး | 06:44 | Best Blogger Tips


 
နန်းခင်ဇေယျာက သင်္ကြန်ကာလ ပရဟိတ လုပ်ငန်းတခု လုပ်ဖို့ ရှိနေပြီး အဲဒီ ပရဟိတ လုပ်ငန်းမှာ သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ပြောကြားလာ တဲ့ နှိုးဆော်မှုပါ။ 

အားလုံးပဲ မင်္ဂလာ နံနက်ခင်းလေးပါရှင်
ပရဟိတ လုပ်ငန်းများမှာ ညီမနဲ့အတူ ပူပေါင်းလှူဒါန်းချင်ကြတဲ့ ညီမရဲ့ ပရိသတ်တွေကို ညီမ ထပ်မံပြုလုပ်မယ့် ပရဟိတလုပ်ငန်းတစ်ခု အကြောင်းအသိပေးလိုပါတယ်။
 

Tuesday, 2 April 2013

မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို ...

အလွမ်းမင်းသားလေး | 04:13 | Best Blogger Tips



ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုက ဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။ အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို 


Saturday, 23 March 2013

KTV ရောက်ရင် မိုက်ကိုလက်မလွတ်ဘူးလို့ ပြောလိုက်တဲ့ ရွှေမှုန်ရတီ ...

အလွမ်းမင်းသားလေး | 08:12 | Best Blogger Tips


စိုင်းစိုင်း ခမ်းလှိုင်နဲ့ ဒုတိယ အကြိမ် ဆုံဖြစ်တဲ့ ရွှေမှုန် ရတီ ယခု ကား မှာ စိုင်းစိုင်း လိုက်တဲ့ ကောင်မလေး လေးယောက် ထဲက နံပါတ် ၁ တစ်ယောက် အဖြစ် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ ရွှေမှုန် ရတီကို ဧပြီ ၁၀ ရက် စိုင်းစိုင်းမွေးနေ့ ရှိုးပွဲ ကြည့်မလား မေးတဲ့အခါ “သမီး ရှိုးပွဲ ကြည့်တာ ၀ါသနာ မပါဘူး။ လူတွေ များရင် စိတ်ရှုပ် တယ်။ ခေါင်းမူး တယ်။ ဘယ်ရှိုးပွဲမှ လည်း မကြည့် ဖြစ်ပါဘူး။

ကိုစိုင်း သီချင်း တွေကို ဗီစီဒီ ကြည့်ရင်းပဲ နားထောင် ပါတယ်” လို့ ဆိုပါတယ်။ ရွှေမှုန်ရတီ ယခု သင်္ကြန်မှာ မိသားစု အလှူ အစီအစဉ် ရှိပြီး အနုပညာ လောကထဲ ရောက်ပြီး ပထမဆုံး အလှူလို့လည်း သိရပါတယ်။ သင်္ကြန်ကိုတော့ အိမ်ထဲမှာပဲ နေတယ်။ အပြင် သိပ်မထွက် ဖြစ်ဘူး။ ထွက်ရင်လည်း မိသားစု ပါတယ်။ တစ်ခုခု ထွက်စား ရင်လည်း လူရှုပ်တဲ့ ဆိုင် မကြိုက်ဘူး။

Thursday, 7 March 2013

ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက်က ကိုယ့်အပေါ် နားလည်မှု ရှိရမယ်လို့ဆိုသူ ယုသန္တာတင် ...

အလွမ်းမင်းသားလေး | 02:01 | Best Blogger Tips



မော်ဒယ်လော ကကနေအ နုပညာလော ကကိုရောက် ရှိလာပြီး အနုပညာ ပျိုးခင်းက စင်တင်မင်း သမီးတစ်ေ ယောက်လည်းဖြစ် တဲ့ယုသန္တာ တင်ကမိုးယံ ဇွန်နဲ့အတူ ဆီးဂိမ်းအတွက် ကရာတေး ဇာတ်လမ်းအ တိုရိုက်ကူး နေပါတယ်။
အနုပညာ ပျိုးခင်းနဲ့ ၂နှစ် စာချုပ်ချုပ် ဆိုထားပြီး ဇာတ်ကား ၁၅ ကားရိုက်ကူး ဖို့ပြည့်တော့ မှာဖြစ်တဲ့အ တွက်အနုပညာ အတွေ့အကြုံနဲ့ ပတ် သက်ပြီး ''ညီမကတော့ အနုပညာ ပျိုးခင်းနဲ့ ၁၅ကား တော့ မပြည့်သေးဘူး။ ညီမရိုက်တဲ့ ကားအရေ အ တွက်က သိပ်မများသေးဘူး။ ကာရိုက်တာ လည်း မစုံသေးဘူး ဆိုတော့ ကိုယ့်ကိုဘယ်လို ဇာတ်ရုပ်နဲ့ ပိုပြီးအား သာ လည်း ဆိုတာ မသိသေးဘူး။ အတွေ့ အကြုံတွေ တော့ ရရှိခဲ့ပါတယ်။ ပရိသတ်တွေ ဘက်ကတော့ ညီမကားတွေ ထွက်လာရင်လည်း အားပေးကြ တယ်''လို့ ယုသန္တာတင်က ပြောပါတယ်။



Tuesday, 26 February 2013

ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင် ...

အလွမ်းမင်းသားလေး | 06:56 | Best Blogger Tips



အိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား လေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့ အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်း ကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။



Saturday, 23 February 2013

မိခင်တစ်ယောက် ဖြစ်ခွင့်ရချင်စိတ်နဲ့ ချောရတနာ ...

အလွမ်းမင်းသားလေး | 04:37 | Best Blogger Tips


ချောရတနာက အိမ်ထောင် ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်ပေ မယ့်လည်း အနုပညာနဲ့ အဆက် မပြတ် သွားအောင်တော့ လေ့လာဖြစ်နေပါ တယ်လို့ပြောပါတယ်။ “ချောက အခုဆိုအိမ်ထောင်ကျပြီး အနုပညာအလုပ်ကို သိပ်ပြီးမလုပ်ဖြစ်တော့ဘူး။ အိမ်မှာတော့ အားနေတဲ့အချိန်ဆိုရင် အခွေတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအစုံကြည့်တယ်။ စာအုပ်ဖတ်တယ်။ အပြင်လည်း သိပ်ပြီးတော့ အရင်ကတည်းကမထွက်ဖြစ်တော့ အိမ်မှာပဲစာဖတ်လိုက်၊ အခွေကြည့်လိုက်ပဲနေဖြစ်တယ်” လို့ အိမ်ထောင်ကျပြီး အနုပညာအလုပ် သိပ်မလုပ်ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ မိသားစုနဲ့ ညီမဖြစ်သူ သန္တာဗိုကိုလည်း အစ်မတစ်ယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့ အကြံဥာဏ်ပေးဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
 

Tuesday, 12 February 2013

အောင်မြင်မှု နောက်ကွယ်က ပေးဆပ်ရတဲ့ တန်ဖိုးအကြောင်း ဝတ်မှုံရွှေရည်ပြော

အလွမ်းမင်းသားလေး | 10:31 | Best Blogger Tips


အနုပညာ လောကမှာ အချိန်တို အတွင်း ပရိသတ်တွေရဲ့ လက်ခံ အားပေးမှုကို ရရှိထားပြီး ကြော်ငြာ ဘေဘုတ်တွေမှာလည်း အိုက်တင် အမျိုးမျိုးနဲ့ လှုပ်ရှားတတ်ပြီး ပရိသတ်တွေရင်ထဲမှာ ကိုယ်ပိုင် မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ အနုပညာရှင်ကတော့ ဝတ်မှုံရွှေရည်ပဲ ဖြစ်ပါတယ်။ အောင်မြင် မှုပန်းတိုင်တွေ တစ်နှစ်ထက် တစ်နှစ် ပိုလို့ တိုးလာပါပြီ။
ဝတ်မှုံရွှေရည် အနေနဲ့ ဒီလို မအောင်မြင်ခင်က ကြိုးစားခဲ့ရတဲ့ အချိန်နဲ့ နာမည်ရပြီး ကိုယ့်နာမည် တစ်လုံး ရေရှည် တည်တံ့အောင် ဘယ်လိုမျိုး ကြိုး စားခဲ့ရလဲလို့ မေးတော့ “မအောင်မြင်ခင်ကလည်း အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင် ကြုံတွေ့ရတယ်။ အောင်မြင်ပြန်တော့လည်း
အဲဒီ အောင်မြင်နေတဲ့ အောင်မြင်မှု ကို ထိန်းဖို့လည်း ခက်ခဲတာပဲ။ သူ့နေရာနဲ့သူ နေရာတိုင်းမှာ အခက်အခဲလေးတွေ ရှိတတ် စမြဲပါ။ အဓိကကတော့ ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားတတ် ရမယ်။ အလေးထား တတ်ရမယ်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ဖို့လည်း လိုတယ်။ လူမှုရေးကအစ ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ စေတနာကို အလေးထားရမယ်။ အဓိက အချက်ကတော့ ကိုယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ဖို့ အရေးအကြီးဆုံးပါ။ ဘယ်အရာ၊ ဘယ်နေရာ၊ ဘယ်သူမဆို အခက်အခဲဆိုတာ ရှိတတ်တယ်” လို့ ပြောပြပါတယ်။


Tuesday, 5 February 2013

အချစ်ရေးကိစ္စ ဘာမှ မပြောတဲ့ ရဲတိုက် ...

အလွမ်းမင်းသားလေး | 04:04 | Best Blogger Tips


ရဲတိုက်ကို တချို့ကလည်း သရုပ်ဆောင် ကောင်းတယ်။ တချို့ ကလည်း မကြိုက်ဘူးဆိုတဲ့ အပေါ် မှာ ရဲတိုက်ကတော့ အမှန်တရား တစ်ခုအနေနဲ့ သတ်မှတ်ထားပါ သတဲ့။ အကယ်ဒမီပေးပွဲကို သူမ တက်ခဲ့တာကိုလည်း ပရိသတ်က သတိထားမိပြန်ပါတယ်။ တကယ် တော့ သူ နေမကောင်းလို့ပါတဲ့။ ခု ဆိုရင် သူက ထုတ်လုပ်ရေးအသစ် တစ်ခုနဲ့ စာချုပ် ချုပ်ပြီး ဇာတ်ကားများ ရိုက်ကူးလျက် ရှိပါတယ်။ MICT Park ထဲက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကွင်း တည်ထားတဲ့ ဧဒင်မြို့သူ များရိုက်ကွင်းမှာ ရဲတိုက်ကို မေးဖြစ် ခဲ့တာတွေက....
 

Q. ရဲတိုက် ခုရိုက်နေတဲ့ ဇာတ် ကားနာမည်က
 

A. ဇာတ်ကားနာမည်က "ဧဒင် မြို့သူများ" ပါ။ အဲဒီထဲမှာ ကျွန်တော့် နာမည်က ရာဇူး ဆိုတဲ့ ကောင်လေး ဒါရိုက်တာက ကိုညိုမင်းလွင်ပါ။

 

Sunday, 3 February 2013

အခုအချစ်က ကျွန်တော့်ကို အေးချမ်းစေတယ်ဆိုတဲ့မြင့်မြတ် ...

အလွမ်းမင်းသားလေး | 00:33 | Best Blogger Tips


အကယ်ဒမီညစာစားပွဲမှာ ချစ်သူနဲ့ အတူပွဲတက်လာတဲ့ မြင့်မြတ်က ``ကျွန်တော့်အပေါ်လည်း အရမ်းချစ်ပြီး အနုပညာအပေါ်မှာ လည်း နားလည်မှုပေးနိုင်တဲ့ ချစ်သူမျိုးနဲ့ ဆုံစည်းခဲ့ရတဲ့အတွက် ကျွန် တော်တကယ်ကံကောင်းပါတယ်။ ကျွန်တော်တို့အကြောင်းကို အချိန် မတန်သေးလို့ ချမပြသေးတာပါ။ သူက အပြင်ကပါ။ အနုပညာလော ကထဲက မဟုတ်ပါဘူး။ အချစ်ဆိုတာ အရင်ကကျွန်တော့်ကိုပူလောင် စေခဲ့ပေမယ့် အခုတော့ ပျော်ရွှင်မှု အေးချမ်းမှုတွေကိုဆောင်ကြည်းပေး ပါပြီ။ သူ့အချစ်က ကျွန်တော့်ကို အေးချမ်းစေပါတယ်။ ဘယ်အချိန် မှာ ဘ၀တစ်ခုကို အတူတွဲပြီးထူ ထောင်ကြမလဲဆိုတာ သူရော ကျွန် တော်ပါ မစဉ်းစားမဆုံးဖြတ်ရသေး ပါဘူး။ တကယ်လို့ ကျွန်တော် အိမ် ထောင်ပြုတော့မယ်ဆိုရင်လည်း ပရိသတ်နဲ့ မီဒီယာကို အရင်ဆုံး အသိပေးကြေညာမှာပါ´´ လို့ပြော လာပြီးအနုပညာနဲ့ပတ်သက်လို့``အခု ရည်စားထားတဲ့ဂိမ်း´´
ဆိုတဲ့ကားလေး ကို ရွှေမှုံရတီနဲ့ ရိုက်နေပါတယ်။ ဒီ ကားက သမားရိုးကျကားလေးဆို ပေမယ့် နည်းနည်းတော့ဆန်းတယ်။ တခြားဖန်စီရိုမန့်ကားတွေနဲ့မတူဘူး။ 

Monday, 28 January 2013

Rဇာနည်နဲ့တွဲဆိုမယ့် သီချင်းအတွက် ခက်ခက်ခဲခဲ သီချင်းရေးခဲ့ရတဲ့ ထက်ထက်(Bobby Soxer)...

အလွမ်းမင်းသားလေး | 05:13 | Best Blogger Tips

Bobby Soxer (ထက်ထက်) က လတ်တလောမှာတော့ Business Management နောက်ဆုံးနှစ်ကို တက်ရောက်နေပြီး မတ်လအကုန် မှာ ကျောင်းပြီးမှာဖြစ်ပါတယ်။ ဒုံးပျံ MTV ကိုလည်း မတ်လထဲမှာ ထွက် ဖို့ ကြိုးစားနေတဲ့ ထက်ထက်က ရှိုး ပွဲတွေလည်း ဆက်တိုက်ဆိုဖြစ်နေပါတယ်။ ကြော်ငြာတွေလည်း ရိုက် ကူးဖြစ်တဲ့ ထက်ထက် က”ထက်က ကင်မရာ ကြောက်တာတို့၊ အိုက်တင်လုပ်ရမှာ ရှက်တာ တို့ သိပ်မရှိဘူး။ ဒါပေမဲ့ ရိုက်ကူးမှုများလာလေ ပိုအဆင်ပြေလာလေ ဖြစ်တာပေါ့။ ဘယ်လို ကြိုပြင် ဆင်သွားရမယ်ဆိုတဲ့ ပြင်ဆင်မှုတွေကို ပိုသိလာတော့ အဆင်ပြေတာပေါ့။ ကြော်ငြာထဲမှာဆိုရင်တော့ ထက်ရိုက်ခဲ့သမျှက story board နဲ့ရိုက်တာတွေ များတယ်။အဲဒီအထဲမှာမှ အမှတ် တရဖြစ်တာက ကိုစိုင်းနဲ့တွဲရိုက်တဲ့ KKOသိုးမွေးကြော်ငြာပေါ့။ အဲဒီမှာတော့ သီချင်းလေးနဲ့တွဲပြီး လှုပ်ရှားရတာ အဲဒါကတော့ ပျော်ဖို့ကောင်းတယ်။ အဆိုတော်တွေလည်း ဖြစ်တော့သီချင်းလေးနဲ့ လှုပ် ရှားရတာဆိုတော့ ပိုကောင်း တယ်”လို့ ပြောပါတယ်။


Friday, 25 January 2013

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်မည့် Play Cross Road ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ချင်းအမျိုးသမီးငယ် Milla Hniang ပါဝင်ယှဉ်ပြိုင် ...

အလွမ်းမင်းသားလေး | 07:13 | Best Blogger Tips



 မြန်မာနိုင်ငံမှ အသက် (၂၂) နှစ်အရွယ် ချင်းအမျိုးသမီး Milla Hniang သည် နယူးယောက်မြို့ Medicine Square Gerden တွင် ပြုလုပ်မည့် Play Cross Road တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံရကြောင်း သိရှိရသည်။

မေရီလန်းပြည်နယ်တွင် ပြုလုပ်သည့် Country Musi Chart ပြိုင်ပွဲတွင် ပထမဆုရရှိပြီး အဆိုပါ Play Cross Road တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပရိတ်သတ်များထံမှ ၁၀၀% Support လုပ်သူ အနုပညာရှင်တစ်ဦးကိုသာ ရွေးချယ်မည်ဖြစ်ပြီး ယခုအချိန်တွင် Milla သည် ၉၀% Support သို့ ရောက်ရှိနေကြောင်း သိရသည်။ ထပ်မံကာ ရာခိုင်နှုန်းတိုး မတိုးကိုမူ ဒိုင်များမှသာ ကြည့်ရှုခွင့်ရမည် ဖြစ်သည်။



ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ