အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, 13 June 2013

မြန်မာပြည်ပြန်ချင်တဲ့ ညီအကိုမောင်နှမများအတွက်...

အလွမ်းမင်းသားလေး | 00:35 | Best Blogger Tips
မင်္ဂလာပါ
လေယာဉ်လက်မှတ် အတွက် အကူညီလိုသူများ ကျွန်တော်တို့ကို စတင်ဆက်သွယ်နိုင်ပါပြီ
မလေးရှားနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခက်ခဲများကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများအတွက်  လေယာဉ်လက်မှတ် အစောင် ၁၀၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏
ဧရာဝတီဖောင်ဒေးရှင်း
မှ လေယာဉ်လက်မှတ်များစတင် ကူညီပေးနေပြီဖြစ်ပါတယ် ။
သို့ပါ၍ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲဖြစ်နေသူများသည် အောက်ပါလိပ်စာဖုန်းနံပတ်များသို့ ဆက်သွယ်အကူအညီရယူနိုင်ပြီ ဖြစ်ပါကြောင်းစတင်သတင်းကောင်းပါးအပ်ပါတယ် ။


Friday, 5 April 2013

နှစ်သစ်အတာ သင်္ကြန် ပြီးရင် အားလုံး ဟဲလိုဟယ်လို ...

အလွမ်းမင်းသားလေး | 06:41 | Best Blogger Tips



၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။

၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။

၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။



Monday, 18 March 2013

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် (GSM=ကျပ် ၂၀၀၀ WCDMA=ကျပ် ၅၀၀၀) ...

အလွမ်းမင်းသားလေး | 04:55 | Best Blogger Tips


မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ ၁ ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။
 ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွားမည် ဖြစ်သည်။

Sunday, 3 February 2013

Miss Myanmar မနန်းခင်ဇေယျာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့တတိယအကြိမ်ပေးဆပ်ခြင်း(သတင်း/ဓာတ်ပုံ) ...

အလွမ်းမင်းသားလေး | 00:30 | Best Blogger Tips


(၂၉/၁/၂၀၁၃) ရက် တနင်္လာနေ့ တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဧည့်အသင်းသူ တစ်ဦးဖြစ်သူ Miss Myanmar မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့လာရောက်၍ နာရေးလမ်းကြောင်း လိုက်ပါပို့ဆောင် ပေးဆပ် ကုသိုလ်ယူခဲ့သည်။ ကွယ်လွန်သူမှာ ဒေါ်စန်းကြွယ် (၇၃)နှစ်ဖြစ်ပြီး အဆိုပါနာရေးလမ်းကြောင်းအား (၂၈/၁/၂၀၁၃)နေ့ ညနေကမှ မလေးရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်ကာ မနန်းခင်ဇေယျာ မှ ဈာပန ကော်မတီအဖြစ် လိုက်ပါ၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွပ်နေအိမ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ကူညီ သဂြိုလ်ပေးခဲ့သည်။ 


Tuesday, 8 January 2013

မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ ...

အလွမ်းမင်းသားလေး | 04:03 | Best Blogger Tips


ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင် နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင် က ပြောကြား သွား သည်။

အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်း အရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။




Tuesday, 4 December 2012

ရန်ကုန်မြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ...

အလွမ်းမင်းသားလေး | 06:29 | Best Blogger Tips



ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင
် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

မြန်မာ ၅၆ ယောက် ရနောင်းမှာ အဖမ်းခံရ ....

အလွမ်းမင်းသားလေး | 06:10 | Best Blogger Tips


(ဓာတ်ပုံ - www.dailynews.co.th)

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။

(ပွဲစားခက မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၃၀,၀၀ ကနေ ၂၂၀,၀၀၀ အထိ ဖြစ်ပါတယ်)
သူတို့ အဖမ်းခံရတယ် ဆိုတဲ့ ရနောင်းမြို့က  ကော့သောင်းမြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။

တခြားဒေသကို ကားတွေနဲ့ အသွား စစ်ဆေးရေး ဂိတ်တခုမှာ အခုလို အဖမ်းခံရတယ်၊
ကားသမား တွေ ကတော့ စစ်ဆေးရေး ဂိတ်က အာဏာပိုင်တွေကို မြင်တာနဲ့ ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။


Tuesday, 20 November 2012

ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၃ ဦးကို ထိုင်းအာဏာပိုင်များ ကယ်တင်....

အလွမ်းမင်းသားလေး | 07:49 | Best Blogger Tips


 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
 အနှိပ်ခန်းတခုတွင် ရောင်းစား
ခံရပြီး လိင်ဖျော်ဖြေရေး အလုပ်
 လုပ်နေရသည့် အသက် ၁၉ နှစ်

အရွယ် မြန်မာ မိန်းကလေး ၂ ဦးကို ထိုင်း အာဏာပိုင်များက ကယ်တင်လိုက်သည်။

ရောင်းစားခံထားရသူများ၏ တိုင်ကြားချက်အရ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (Anti-Human Trafficking Division – AHTD) က သွားရောက် ကယ်တင်ခဲ့ကြောင်း Krobkruakao ၀က်ဘ်ဆိုက်တွင် ယမန်နေ့က ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။

Thursday, 15 November 2012

ငလျင်စိန်ခေါ်သံကြား မျက်ခုံး လှုပ်နေရသည့် ရန်ကုန်...

အလွမ်းမင်းသားလေး | 06:41 | Best Blogger Tips



 
ယခုထက် ပိုပြင်းသော ငလျင် မျိုး လှုပ်နိုင်သည်ဟု ရွှေဘိုငလျင် လှုပ်ပြီး နောက်တစ်နေ့တွင် ငလျင် ပညာရှင် ဦးစိုးသူရထွန်းက ပြော သည်။
ရွှေဘိုငလျင်က ငလျင်ကြောပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြခဲ့ပြီ။ ရွှေဘို ငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆို သည်မှာ ဟိမဝန္တာတောင်တန်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။
”စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိ တဲ့ ငလျင် မလှုပ်သေးတဲ့နေရာ တွေ အတွက် စိုးရိမ်ရတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့စဉ်က ပဲခူးတွင် လူ ၅ဝဝ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅ဝ သေဆုံးခဲ့သည်။ ၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မလှုပ်တော့ သည် မှာ ယနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားဟု သိရသည်။

မြန်မာနိုင်ငံဗဟိုဘဏ် ယခုနှစ်ပိုင်းမကုန်မီ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာမည် ...

အလွမ်းမင်းသားလေး | 06:31 | Best Blogger Tips

ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်မတိုင်မီ လွတ်လပ်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခု
အဖြစ်သို့ ရောက်ရှိ လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန် ရှိသူက ပြောသည်။
လက်ရှိအခြေအနေအတွင် ဗဟိုဘဏ် ဥပဒေကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ပြည်
ထောင်စုလွှတ်တော် တွင် တင်သွင်းထားရာ များမကြာမီ ယင်း ဥပဒေထွက်ရှိလာပြီးနောက်
ဗဟိုဘဏ်သည် သမ္မတရုံးအောက်သို့ ရောက်ရှိ လာနိုင်ကြောင်း အဆိုပါတာ ၀န်ရှိသူက ပြော
သည်။

ငလျင်ဒဏ်ခံနေရာများ၌ မြို့ပျက်သဖွယ်ဖြစ်၍ လူထုမှာ ထိတ်လန့်ချောက်ချားနေကြ ...

အလွမ်းမင်းသားလေး | 06:30 | Best Blogger Tips


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုလ ၁၁ ရက် နေ့ နံနက်ပိုင်းက
အင်အားပြင်းငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဒဏ်ခံအချို့နေရာများမှာ အပျက်အစီးများကြား
၌ မြို့ပျက်သဖွယ်တိတ်ဆိတ်သွားကာ ရှင်သန်ကျန်ရစ်ခဲ့သောလူထုမှာ နောက်ဆက်တွဲ ဖြစ်ပေါ်နေ
သော သတင်းစကားများကြောင့် ထိတ်လန့် ချောက်ချားနေကြသည်။
အဆိုပါနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် ၈၂ မိုင်
ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်နေရာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈
အဆင့်နှင့်၎င်းနှင့်အချိန်မိနစ်ပိုင်းသာ ကွာခြားကာ သပိတ်ကျင်းမြို့မှ အနောက် တောင်ဘက်
လေးမိုင်ခန့်အကွာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ သုည အဆင့်ရှိ ငလျင်တစ်ခု
လှုပ်ခတ်ခဲ့ သည်။

Wednesday, 14 November 2012

မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင် Google Chromebook (Acer C7)...

အလွမ်းမင်းသားလေး | 03:45 | Best Blogger Tips



မကြာမီရက်ပိုင်းအတွင်း ကမ္ဘာတစ်လွှား ဖြန့်ချိတော့မှာ ဖြစ်တဲ့ Notebook ဖြစ်တဲ့ Acer C7 ဟာ မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်ပဲ ရှိပါတယ်။

Acer C7 သို့မဟုတ် Google C7 Chromebook လို့ခေါ်တဲ့ Notebook ကို Google နဲ့ Acer က တွဲထုတ်တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စလို့ စတင် မိတ်ဆက်ပြီး Google ရဲ့ အဓိက လက်တွဲဖော် ကတော့ တောင်ကိုရီးယား Samsung နဲ့ ထိုင်ဝမ် Acer ဖြစ်ပါတယ်။ ယခု တစ်ခေါက် လက်တွဲထုတ်တာကတော့ Acer နဲ့ ဖြစ်ပါတယ်။

Processor : 1.1GHz Intel Celeron 847 processor

RAM          : 2GB of DDR3

Storage      : 320GB hard drive

OS              : Google Chrome OS

Connectivity : 3-USB 3.0 ports, SD/MMC card reader, HDMI, Wi Fi


battery        : four cell , 3.5 hours

Dimension    : 285x202x27.5mm

Weight         : 1.38kg

ဘက်ထရီ သုံးနာရီခွဲခံတယ်လို့ ဆိုပါတယ်။ စဖွင့်ချင်း ၁၈ စက္ကန့်ထက် မကျော်ခင် ပွင့်တယ်ပါတယ်။

Tuesday, 13 November 2012

ငါးထောင်တန်ဖုန်းတကယ်ဖြစ်လာတော့မည်ဟုရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး ကပြော ...

အလွမ်းမင်းသားလေး | 05:03 | Best Blogger Tips


 ပြည်သူများမျှော်လင့်ကြ သော
 (၅၀၀၀)တန်ဖုန်း အိပ်မက်သည်
တ ကယ်ြ ဖစ် လာရန် နီးစပ်
လာပြီဖြစ်ကြောင်း နိုဝင်ဘာလ(၉)
ရက်ကရွှေပြည် တံခွန်ကုမ္ပဏီမှ
မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး
 ကပြောကြား သည်။

““အခု ဆက်သွယ်ရေးဥပဒေကို အများပြည်သူသိရှိလေ့လာစေရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ
ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်
အလက်တွေ၊သူ့ရဲ့အဓိပ္ပာယ်တွေ၊ အပြည်ပြည်ဆိုင်ရာလိုင်စင်တာဝန်၊ပြိုင်
ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း အဲဒါ
မျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န်ဆောင်မှုအထူးပြုတဲ့
ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။

တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက် ...

အလွမ်းမင်းသားလေး | 02:51 | Best Blogger Tips



မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများ ပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။        
ရွှေပြည်သာမြို့နယ်အတွင်းပိုင်းကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့  လူကုန် ကူးခံရကာ  (၂)လ၀န်းကျင်ကြာမြင့်ပြီးမှ  ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် 

Sunday, 11 November 2012

စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်....

အလွမ်းမင်းသားလေး | 03:45 | Best Blogger Tips



ယနေ့ ရွှေဘို ငလျှင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်
ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။

Thursday, 8 November 2012

တောင်ကြီးမောက်မယ် အထူးသနပ်ခါး တီဗီကြော်ငြာအသစ် ရိုက်ကူး...

အလွမ်းမင်းသားလေး | 07:12 | Best Blogger Tips


 
 
 
 
 
 
 
 
 
 
 
နှစ်ပေါင်းများစွာ ပရိသတ်အားပေးမှုကို ရရှိထားသော တောင်ကြီးမောက်မယ် သနပ်ခါး တီဗီကြော်ငြာ အသစ်ကို ရိုက်ကူးပြီး မကြာမီ ထုတ်လွှင့်ပြသတော့မည်ဟု သိရသည်။ တောင်ကြီးမောက်မယ် သနပ်ခါးသည် ယခင်က ဝက်ခြံ၊ တင်းတိပ်ပျောက်ဆေး သနပ်ခါးအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နေလောင်ဒဏ်ခံ အသားနုချော အထူးသနပ်ခါးအဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့ပြီ ဖြစ်သည်။ တောင်ကြီးမောက်မယ် သနပ်ခါးကို Libra Co., Ltd မှ ထုတ်လုပ်ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး ပရိသတ်၏ တစ်ခဲနက် ထောက်ခံအားပေးမှုကို

လူကြီးမင်းက မဲနှိုက်ရောင်းချမှု အစီအစဉ် ထပ်မံပြုလုပ် ပေးသွားမည်ဟု ဆို ...

အလွမ်းမင်းသားလေး | 06:24 | Best Blogger Tips


လူကြီးမင်း၏ မဟာလျှော့ဈေးအစီ အစဉ်သစ်ဖြင့် မဲနှိုက်ရောင်းချပေးခြင်း ကို နိုဝင်ဘာလ ၁၂
ရက်နေ့တွင် ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း လူကြီးမင်း Cell Phone Villa ၏ ဒါရိုက်တာ
ဖြစ်သူ ဦးရန်နောင်စိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ယင်း အစီအစဉ် အနေဖြင့် နေပြည်တော်၊ ပျဉ်းမနားနှင့် တောင်ကြီးဆိုင် များတွင် မဲနှိုက်ရောင်းချ
ပြီးဖြစ်သဖြင့် ရောင်းချရန် စီစဉ်ထားသည့် ကျန်ဟန်း ဆက် အလုံး ၈၀ ကို အစီအစဉ်သစ်ဖြင့်
မဲနှိုက်ရွေးချယ် ရောင်းချသွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

Ytalk နှင့် Viber တွင် ကွဲပြားခြားနားမှုများရှိ ...

အလွမ်းမင်းသားလေး | 06:19 | Best Blogger Tips


တရားဝင်နိုင်ငံခြား ဖုန်းခေါ်ဆိုနိုင်သည့် VoIP softphone အမျိုးအစားဖြစ် သည့် Ytalk အနေ
ဖြင့် ပြည်ပမှ အလားတူ စနစ်တစ်ခုဖြစ်သည့်Viber အသုံးပြု မှုကို ပိတ်ပင်မှုပြုလုပ်ရန် လုပ်
ဆောင်နေ သည်ဟူသော သတင်းများမှာ မှန်ကန်မှု မရှိဟု VMG Telecoms က နိုဝင်ဘာ လ
၃ ရက်နေ့တွင် ပြောကြားသည်။
ယင်းထုတ်ပြန်ချက်တွင် Viber အသုံးပြုသူ များပြားလာခြင်းကြောင့် Ytalk အသုံးပြုသူ နည်း
လာသည်ဆို၍ Viber အား ပိတ်ရန်၊ Viber အသုံးပြု သူများအား ဖမ်းဆီးရန့် Ytalk မှ ပြုလုပ်နေ
သည်ဟူသော ကောလာဟလ များမှာ မဟုတ်မှန်ကြောင်းနှင့် Viber နှင့်  Ytalkမှာ ကွဲပြားခြား
နားချက်များ စွာ ရှိခြင်းနှင့် Viber အသုံးပြုသူ များပြားလာခြင်းကြောင့် Ytalk ကို ထိခိုက်နိုင်
မည်မဟုတ်ပါဟု ပါရှိသည်။
မြန်မာ့ဆက်သွယ်ရေးမှ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး
ဦးကျော်စိုး ကလည်း  Viber Software ကို တရား မ၀င်ဟု ကြေညာထားမှုမရှိကြောင်းနှင့် ယင်း
Viber သုံးလို့ အရေးယူမည့် အစီအစဉ် မရှိကြောင်း အောက်တိုဘာလက ပြည်တွင်း၌ ထွက်ပေါ်
ခဲ့သည့် Viber ဂယက်နှင့်ပတ်သက်၍ဖြေကြားခဲ့ဖူးသည်။

Tuesday, 6 November 2012

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်...

အလွမ်းမင်းသားလေး | 06:26 | Best Blogger Tips


ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
 ယခုအခါ ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် ဗီဇာသည် ဗီဇာငွေထုတ်ကတ်များကို မြန်မာနိုင်ငံ၌ တရားဝင်လက်ခံ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့် နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ

မြန်မာအလုပ်သမားများ လူမှုဖူလုံရေးနှင့် ကျန်းမာရေး ခံစားခွင့်မရသူ များပြား...

အလွမ်းမင်းသားလေး | 06:24 | Best Blogger Tips


ထိုင်းနိုင်ငံရောက် တရားဝင် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေဟာ ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေး ရမယ်လို့ စည်းမျဉ်း သတ်မှတ်ချက် ရှိပေမယ့် လူမှုဖူလုံရေးနဲ့ ကျန်းမာရေး ခံစားခွင့်တွေ မရသူ များနေပါတယ်။

စစ်တမ်းအရ တရားဝင်ရွှေ့ပြောင်း အလုပ်သမား ၁၃ ဦးမှာ တဦးနှုန်းပဲ ကျန်းမာရေး ခံစားခွင့်တွေ ရတယ်လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ