အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 28 November 2013

ခွဲခွာချိန်..၆နှစ်မြှောက် အိမ်အလွမ်း ~~~~

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



တစ် နေ ထွက် လို့ 
တစ် နေ ၀င်
အချိန်တွေ ကုန်တာ မြန် လွန်းတယ်
ဘ၀ ကျောင်းခန်း ထဲ
ဘ၀ စာအံရင်း ........... ကျောင်းသူ တစ်ယောက် အဖြစ်
ကျက်မှတ် လို့  မကုန်တဲ့  သင်ခန်းစာတွေ
မနက်ဖြန် အတွက် အိမ်စာ လုပ်ဖို့ 
ဒီနေ့  တစ်နေ့ တာ မနက်ဖြန် အတွက် ရုန်းကန် နေရတယ်။


ကြုံးဝါး ခဲ့တာ တစ်နေ့  ဆိုတဲ့  နေ့  ရောက်ဖို့ 
ဇွဲ ကလေးနဲ့  သူငယ်ချင်း ပေါင်း ပေါင်းခဲ့ရတာ
ရောင်းရင်း လို သိပ့်ချစ် ခဲ့တဲ့ မာန လေး က
ချစ်ဖို့  ကောင်းလိုက်တာ
သဘာဝ အလျှောက် လျှောက်ခဲ့ရတဲ့ 
လောက လမ်း ထဲ သောက တွေ စမ်း တ၀ါးဝါး နဲ့ ပါပဲ။

ပတ်ဝန်းကျင် တိတ်ဆိတ်ခြင်း နဲ့ 
ဘောင်ဘင်ခပ် သူတို့ တွေ ရဲ့ 
နေရပ်က တိတ်တဆိတ် ထွက်လာခဲ့တာ
နှစ်အတော်ကြာခဲ့ပြီးပဲ
လောင်းရိပ်မိတဲ့ ......စိတ် အတိုထွှာ ကို
တစ်ယောက်ထဲ ရေလောင်းပေါင်းသင်
အညွှန့်  တလူလူ နဲ့ ရှင်သန်အောင်
ကြိုးစားခဲ့တာ...............ခြောက်နှစ့် မြှောက်တဲ့  ဒီနေ့ 
ငါ ဘယ်တော့မှ မမေ့ဘူး


ခရေပင်လမ်း.............
ဟို.............ယခင်
ကလေး ဘ၀ က
နေထိုင်ရာ ဒီလမ်းထဲ
ခဏ ဖြစ်ဖြစ် ငါ ပြန်ခဲ့မယ်
ခရေပင် အရိပ့် ထဲ
အရင် လိုပဲ.........နေ၀င်ချိန် အေးချမ်းနေအုံး မလား
အကြွေးပန်း မို့  ဘယ်သူမှ
မနမ်း ပါစေကွယ်..............ဒီလမ်းလေးပဲ
တစ်ခါ တလေ ငါ တမ်းတနေဆဲ ...........ပါ။




ညအက္ခရာ..........

Smart Launcher...

အလွမ်းမင်းသားလေး | 07:15 | Best Blogger Tips


တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုဒ်တိုင်းတွင် ခေတ်စားနေသည့် ဖုန်းဆော့ဝဲလ်ဖြစ်သော Android ဆော့ဝဲလ်များကို မြင်တွေ့နေရသော်လည်း ကျွန်ုပ်၏ မှတ်စုအလိုငှာ့ ကျွန်ုပ်၏ ဆိုဒ်တွင် ဖော်ပြရပေသည်။ Launcher အလန်းလေးများ လိုချင်သူများအတွက် Smart Launcher ကို ဖော်ပြလိုက်ပါ၏။

လိုချင်သူများ Smart Launcher ကို ဒေါင်းယူပါ။
 
 
မောင်စေတနာ
 
 
 
 

ဘယ်ခေါင်းစဉ်အောက်မှာ ကိုယ်နေမှာလည်း....

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips

မျော်လင့်ထားတာတွေကဖြစ်ချင်မှဖြစ်မယ်
ရည်ရွှယ်ရာတွေဆီလည်းရောက်ချင်မှရောက်မယ်..
မသေချာမူ့တွေ လို့မပြောပါနဲ့လေ
ငါတို့ခဏရထားတဲ့
ဟောဒီလူ့ဘဝကြီးကိုက
ဘယ်မှာ သေချာမူ့တွေရှိလို့လည်း...
တကယ်တော့ ငါတို့ဟာ
ကိုယ့်ကိုကိုယ်အံစာတုံးလေးတွေအဖြစ်
ဖြစ်တည်မူ့နဲ့ဘဝကိုစိန်ခေါ်လောင်းကြေးထပ်ပြီး
ကြွေခွက်ထဲကို တလှိမ့်ခေါတ်ကွေးကျွမ်းထိုးဝင်ပြီး
ဘယ်အချိန်“တစ်”ကျမလည်းလို့
အကဲစမ်းနေရတာပဲ....
ဒီတော့..
ရှုံးတာနိုင်တာ အသာထား
မပြင်နိုင်ဘူးဆိုတဲ့ အကျင့်တွေ
မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကူးတွေ...ထားခဲ့ပါကွာ
အဲဒါတွေက
အမြဲတမ်း“တစ်”ရနေတဲ့ကောင်တောင်
အနိုင်ပိုင်းခွင့်မပေးဘူး။
 
မောင်သစ္စာ

Android ဖုန်းအတွက် Titanic 3D Pro live wallpaper v1.0 ...

အလွမ်းမင်းသားလေး | 06:44 | Best Blogger Tips



ဒီဟာကတော့ Android ဖုန်းအတွက် 3D Wallpaper လေးပါ ။ Titanic Video ကိုတော့အားလိုသိကြမယ်
လိုမျှော်လင်ပါတယ်ဒီ ဟာကတော့ Titanic ကိုယူပြီးတော့ 3D Wallpaper လေးအဖြစ်လုပ်ထားတာဖြစ်ပါ
တယ် ။ ဒီ 3D Wallpaper လေးက Tablet မှာလဲသုံးလိုရပါတယ် ။ ရိုးရိုး Wallpaper လေးထက်ဒီလိုမျိုး Wallpaper လေးကိုဖုန်း သိုမဟုတ် Tablet မှာထားဒါကကြည့်လိုအရမ်းကောင်းပါတယ် ပြီးတော့ဖုန်းကို
ကိုင်တဲ့သူရဲစိတ်ထဲမှာလဲ ပျော်ရွှင်မှူရရှိမယ်လိုမျှော်ယုံကြည်ပါတယ် ဒီ Wallpaper ကိုစိတ်ဝင်စားရင်တော့
အောက်မှာဒေါင်းလိုက်ပါ။

ကိုချင်းလေး(နည်းပညာ)


ဖတ်ပြီးမရီရဘူးနော်....ဟိ...

အလွမ်းမင်းသားလေး | 06:33 | Best Blogger Tips
ဘယ်သူလာလို့ ထွေးပါ့မယ်
   မနက်စောစောတွင် နှိုးစက်နာရီ မြည်လာသည်၊ ယောက်င်္ကျားဖြစ်သူသည်
 အိပ်ရာမှ မထချင် ထချင်နှင့် ထကာ အမဲလိုက်ထွက်ရန် ပြင်သည်၊ မိန်းမက ၄င်းအား 
မသွားရန် ပြောသည်။
                    "ဒီလောက်အစောကြီး ရှင် ဘာဖြစ်လို့သွားမှာလဲ၊ လမ်းမှာ ပိန်းပိတ်အောင်
   မှောင်နေတုန်း၊ ချမ်းကလည်းချမ်းပါဘိသနဲ့၊ လေကလည်းတိုက်နေသေးတယ်၊
မသွားပါနဲ့ရှင်"
              မိန်းမက မည်သို့ပင် တားသော်လည်း ယောက်င်္ကျားဖြစ်သူ နားမထောင်ဘဲ
လမ်းပြင်ထွက်သည်၊ မိမိအားဝင်ခေါ်မည့် မိတ်ဆွေ များကိုစောင့်သည်၊ တစ်နာရီကြာသွားသည်၊
မည်သူမှ ပေါ်မလာချေ၊ ခိုက်ခိုက်တုန် ချမ်းလာသည်နှင့် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်၊
အိမ်ထဲဝင်ပြီး အ၀တ်အစားများကို ချွတ်လိုက်သည်၊ ထို့နောက် မိန်းမအနားကပ်ပြီး
စောင်အောက်ကို လျှိုဝင်လိုက်သည်၊ ပါးစပ်မှ လည်းပြောသည်။
                   "အောင်မယ်လေးလေး၊ ချမ်းလိုက်တာ"
      မိန်းမက သဘောတူသံဖြင့် ပြောသည်။
                   "ဟုတ်ပါ့၊ ဒီကြားထဲ အိမ်က ဘဲနာကြီး အမဲလိုက် ဆိုပြီး ထွက်သွားလေရဲ့"

Desksoft EarthView 4.3.5 Final ...

အလွမ်းမင်းသားလေး | 06:17 | Best Blogger Tips


 မိမိတို့ရဲ့ Desktop ပေါ်မှာ Wallpaper နဲ့ရော Screensaver လေးနဲ့ပါ အသုံးပြုလို့ရမယ့်.. တရွေ့ရွေ့လှုပ်ရှားနေတတ်တဲ့ ကမ္ဘာ့မြေပုံ အရှင်လေးတွေပါ..။ အင်တာနက် ရှိတဲ့နေရာမှာဆိုရင် ၁၀-မိနစ်တခါ အလိုလို ပြောင်းလဲပေးပါလိမ့်မယ်..။ ဒီကောင်လေးက Demo ဗါးရှင်းလေးဖြစ်တဲ့အတွက် ဒီအတိုင်း Install ထည့်ယုံနဲ့လည်း အသုံပြုလို့ ရမှာဖြစ်ပြီး keymaker နဲ့ ဖူးဖြစ်အောင် လုပ်ပေးပြီး အသုံးပြုရင်တော့ နေ့စဉ် Update ဖြစ်တဲ့ Wallpaper တို့ Screensaver တို့ကို အလိုလို ဒေါင်းယူပေးပါလိ့မ်မယ်..။ အသုံးပြုရတာ လွယ်ကူပြီး သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။

Flow Architect Studio 3D 1.8.2 Final ...

အလွမ်းမင်းသားလေး | 05:49 | Best Blogger Tips


ဒီ 3D ဆော့ဝဲလ်လေးနဲ့ အပေါ်က လိုမျိုး 3D ဒီဇိုင်းမျိုးစုံလို ဖန်တီးယူလို့ ရပါတယ်..။ အဆောက်အဦးပုံတွေ၊ စားပွဲ၊ကုလားထိုင်တွေနဲ့ အကောင်ပုံ၊လူပုံတွေကိုပါ ဒီဆော့ဝဲလ်လေးနဲ့ ဖန်တီးယူနိုင်ပါတယ်..။ အသုံးဝင်ပုံက AutoCAD ဆော့ဝဲလ်လိုပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် install ထည့်ပြီးတာနဲ့ ဖွင့်ထားပြီး.. keygen လေးကို ၂-ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ keygen ကို အသုံးပြုပါ..။ အောက်မှာလည်း ကျနော် ဖူးသုံးလို့ ရတဲ့ ပုံလေးတွေကို ပြပေးထားပြီး.. ဒီကောင်လေးနဲ့ ဖန်တီးယူထားတဲ့ ဒီဇိုင်းပုံတွေကို နမူနာအနေနဲ့ Video ဖိုင်လေးနဲ့ပါ ကြည့်လို့ရအောင် ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 44 MB ရှိပါတယ်..။


မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ ဒီလင့်ကနေ သွားပါ..။ http://pixelplan.pl/index.php?lang=en
Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေ အတိုင်း ဖွင့်လိုက်ပါ..။

photoshopcs5 နဲ့ ဆံကေသာတွေကိုအရောင်တင်မယ် ...

အလွမ်းမင်းသားလေး | 05:22 | Best Blogger Tips


အားလုံးပဲမင်္ဂလာပါဗျာ
photoshopစိတ်ဝင်စားတဲ့
ဝါသနာတူဘော်ဘော်များကို
ဆံပင်တွေကိုအရောင်စိုးနည်းလေးတင်ပေးလိုက်ပါတယ်
သိကြပြီးတဲ့ဆရာသများတွေအတွက်တော့ကျွေန်တော်တင်တဲ့ပို့ 
လေးကိုမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ  ဝေဖန်ပေးသွားပါဗျာ
အခုမှအခြေခံလေ့လာနေသူတယောက်ပါဝါသနာတူမိတ်ဆွေများအတွက်ပါပြန်
မျှဝေလိုက်ပါတယ် အောက်မှာပုံလေးနဲရှင်းပြထားပါတယ်



Wednesday 27 November 2013

အသိပေးခြင်း...

အလွမ်းမင်းသားလေး | 07:26 | Best Blogger Tips
            သူငယ်ချင်းအားလုံး မင်္ဂလာပါ ခင်ဗျာ..
ပြည်တော်ကို အလည်သွားတာ ပြန်ရောက်ပါပြီဗျာ နောက်နေ့တွေမှာ ပိုစ့်တွေကို ပြန်တင်ပေးသွားမှာပါ   လာလည်ကြတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်...

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ