အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 7 December 2013

Advanced MobileCare v3.4.1 Apk (7 MB)..

အလွမ်းမင်းသားလေး | 06:27 | Best Blogger Tips


Advanced Mobile Care 5 ရက်နေ့ 12 လပိုင်း Update လေးပါ ဒီဆောစ်ဝဲလ်လေးကတော့
Android ဖုန်းကိုင်ဆောင်သူတွေ မိမိတို့ဖုန်းရဲ့ virus,task,Cache,Junk files တွေကို one click လုပ်ရုံနဲ့ဒီဆော့ဝဲလ်လေးက  ရှင်းလင်းပေမယ့် ဆော့ဝဲလ်လေးဖြစ်ပြီး Task killer, game booster ,app manager တို့ပါ လိုရင် လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ် .. ဒါအပြင် မိမိတို့ မတွေ့မမြင်လိုတဲ့  ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံဖိုင်တွေကို လည်း ဘယ်သူမှ မသိအောင် က်ထားနိုင်မှာဖြစ်ပါပြီး battery saver လေးပါ ထည့်ပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ တစ်ခု တည်းနဲ့ပြည့်စုံစေမှာပါ …
Play Store မှာ အပ်ဒိတ်မလုပ်ရသေးရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Monday 2 December 2013

Ashampoo SlideShow Studio ဓါတ်ပုံတွေကိုနောက်ခံသီချင်းနဲ့မြန်မာစာတန်းထိုးပြီးစလိုက်ရှိုးလုပ်ကြမယ်...

အလွမ်းမင်းသားလေး | 05:23 | Best Blogger Tips




ကျွန်တော့သူငယ်ချင်းတွေထဲမှာ ဓါတ်ပုံကိုနောက်ခံသီချင်းလေးနဲ့မြန်မာစာတန်းထိုးပြီး စလိုက်ရှိုးလုပ်ချင်ကြ
သူတွေပါရင်တော့ဒါလေးကိုဆွဲထားလိုက်ပါ။ ဓါတ်ပုံတစ်ပုံနဲ့တစ်ပုံကြားမှာ Transition Effect တွေကလည်း
ဒီဇိုင်းမျိုးစုံနဲ့ပါဝင်ပါတယ်။ မိမိကြိုက်နှစ်သက်ရက်ရာ Subtitle ကိုလည်းကြိုက်တာရွေးချယ်ပြီး မြန်မာစာလုံး
အလှလေးတွေနဲ့ဖန်တီးလို့ရပါသေးတယ်။ မိမိစိတ်ကြိုက်ရရင်တော့ အဆင်ပြေတဲ့ Format (avi / mpeg/mp4)ကိုချလို့ရပါတယ်။ အားလုံးအဆင်ပြေအောင် ဒေါင်းလော့စ်ဖိုင်ထဲမှာ ဘယ်လိုလုပ်ရလဲဆိုတာ
Movie လေးနဲ့ရှင်းပြထားပါတယ်။ အမြဲတမ်း Full နေစေဖို့အထဲမှာ Serial Key လေးပါထည့်ပေးထားပါ
တယ်။

IObit Uninstaller Portable 3.0.4 Final ...

အလွမ်းမင်းသားလေး | 04:38 | Best Blogger Tips


IObit Uninstaller Portable လေးပါ..။ အရင်တုန်းက ဗါးရှင်းတွေနဲ့ မတူတော့ပဲ နောက်ပိုင်းထွက်လာတဲ့ ဗါးရှင်းတွေမှာ အသုံးပြုပုံ အနည်းငယ် ဒီဇိုင်းပြောင်းထားလို့ ဒီနေ့တော့ ဒီ IObit Uninstaller Portable လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေ အနည်းငယ်နဲ့ လုပ်ပြပေးထားပါတယ်..။ နောက်ပြီး မိမိတို့ရဲ့ Browser တွေ လေးလံနှေးကွေးနေတယ် ဆိုရင်တော့ ဒီကောင်လေးနဲ့ Browser တွေမှာ လိုက်ကပ်နေတတ်တဲ့ Toolbar တွေကို အလွယ်တကူ ရှာယူ ဖျက်ထုတ်ပစ်လို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ Toolbar တွေကို ထုတ်ပစ်ပြီးရင်တော့ မိမိတို့ရဲ့ Browser တွေဟာ အရင်ကထက် အသုံးပြုရတာ ပိုမို သွက်လက် မြန်ဆန်နေပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

Angel Camera...

အလွမ်းမင်းသားလေး | 04:07 | Best Blogger Tips



Download - Angel Camera for Android 

                                                   မောင်(စွယ်စုံကျမ်း)


ကွန်ပျူတာ အမှိုက်တွေကို ရှင်းလင်းပေးမယ့် နည်း ( ၅ ) နည်း ...

အလွမ်းမင်းသားလေး | 03:59 | Best Blogger Tips



ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြချင်ပါတယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။

အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။
ကွန်ပျူတာ ပိတ်ခါနီးတိုင်း....ဒီ ( ၅ ) နည်းကိုပုံမှန်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာ ပေါ့ပါးနေပါစေ.....။

From ကိုခင်မောင်စိုး Myanmartechnician
အားလုံးအဆင်ပြေပါစေ.......။ 
 
                                                         ဇော်မင်းသန်း


Facebook ဆိုတာ ...

အလွမ်းမင်းသားလေး | 03:52 | Best Blogger Tips




fb ပေါ် မှာတော့
ပန်းပုံလေးတွေတင်ပြီး
မင်္ဂလာပါရှင် လို့
နုတ်ဆက်သူရှိသလို
အရက်ပုလင်းပြပြီး
ကောင်းသောညပါနဲ့ ပွဲစတဲ့လူတွေလည်းရှိ။

ငါ့စကား နွားရသမားတွေရှိသလို
ကိုယ့်ကားကိုယ်မောင်း
လက်ပ တောင်း ရောက်ရောက်
ဆိုသူတွေလည်းရှိ။
အသည်းကွဲကဗျာဆရာတွေရှိသလို။

မာမီရယ် ရှာပေးကွယ်ဆိုတဲ့
မြီးကောင်ပေါက်
မ လေးတွေလည်းရှိ။

တခါတခါရာသီဥတု
နည်းနည်းပူလာတာနဲ့
အ ရေးကြီးသတင်းအမြန် ရှယ်ပါ
ပြူးပြူးပျာပျာသမားတွေ
ရှိသလို။
အိမ်တံခါးထပိတ် ရမလိုလို
ဓါးပဲထ သွေး ရ တော့မလိုလို
တိုက်ပွဲခေါ်သံတေးသွား
အော်သူတွေလည်းရှိ။

အချင်းချင်းရန်ဖြစ်ပြီး
fb ထဲအော်ဆဲသူတွေရှိသလို။
(ကို့ ကိုကျေးဇူးတင် ပါတယ်)
ဆိုတဲ့ငနဲမ လေးတွေလည်းရှိ။
အိုင် ဖုန်းနဲ့အ ကြော်ရောင်းတဲ့
သူတွေရှိသလို။
သီချင်းဆိုပြီး ပေါက်စီကြော်ငြာတဲ့
သူလည်းရှိ။
 

ပြောရရင်တော့
fb ဆိုတာ တောထွက်စရာမလိုပဲ
အ သေအချာကိုတရားရနိုင် တဲ့
နေရာဖြစ်ပါကြောင်း။

နေ နော်
၃၀-၁၁-၁၃


ကွန်ပြူတာ သုံးတာ ကြာလို့ မျက်လုံးအောင့်လာတာ မျက်ရည်ကျလာတာတွေ ဖြစ်လာရင် ဒီဆော့ဝဲလ် လေး သုံးစမ်းကြည့်ပါ။

အလွမ်းမင်းသားလေး | 03:46 | Best Blogger Tips


ကွန်ပြူတာသုံးတာ ကြာလာရင် မျက်လုံးက အောင့်လာတာ မျက်ရေကျလာတာ ဖြစ်တတ်ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ပါတယ်။ အခု f.lux လေးကိုသုံးစမ်းကြည့်လိုက်ပါ။ နေအလင်းရောင် နှင့် လိုက်ဖက်တဲ့ အရောင် ကို f.lux က သူ့အလိုလို ပြောင်းပေးမှာဖြစ်ပါတယ်။ တကယ် ကို ကောင်း တဲ့ ဆော့ဝဲလ်လေးပါ။ 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ