အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 23 March 2013

ကွန်ပျုတာထဲ Virus ၀င်တာတွေ အပြည့်အ၀ ကာကွယ်ဖို့ နည်းလမ်းတစ်ခု ...

အလွမ်းမင်းသားလေး | 08:21 | Best Blogger Tips



ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာထည့်ထားရင် ထိုးလာသမျှ Memory Stick

တွေကို ဗိုင်ရပ်စ် ရှိလား မရှိလားစစ်ပေးပါတယ် အထူးသဖြင့် Auto.run ကိုကြောက်

ရတာ။ အရင်တခါ Recycler Virus ကိုက်ခံရတော့  အကုန် shortcut တွေပြောင်းပြီး

ဘာမှ ဖွင့်မရတော့ဘူး ။ ပြန်သတ်ထားရတာ ။ အကယ်၍ ဒီဆော့ဝဲလေးသာထည့်

ထားလိုက်ရင် Auto.run က  အလုပ်မလုပ်တော့တဲ့အတွက်  စတစ်မှာ ဗိုင်းရပ်ရှိရင်

လည်း ထိုးလိုက်တာနဲ့  ချက်ချင်း မနှောက်ယှက်ပါဘူး  အဲ့တော့ ဒီဆော့ဝဲလေးဟာ

Usb Disk Security ဆိုတဲ့အတိုင်း  ကွန်ပျုတာကို  Usb Memory Card တွေထဲက

ကူးစက်လာမယ့် ဗိုင်းရပ်စ် ရန်ကနေ  ၉၉ % ကာကွယ်ပေးပါလိမ့်မယ်............. ။




မာန နဲ့လူ ...

အလွမ်းမင်းသားလေး | 08:17 | Best Blogger Tips



ချစ်သူရေ……
တကယ်တော့
ငွေမက်တဲ့
နင့်အပြစ်မဟုတ်ပါဘူး……
ငွေမရှိတဲ့ ငါ့အပြစ်ပါ……
ဂုဏ်မက်တဲ့
နင့်အပြစ်မဟုတ်ပါဘူး……
ဂုဏ်မရှိတဲ့ ငါ့အပြစ်ပါ……
ပကာသနမက်တဲ့
နင့်အပြစ်မဟုတ်ပါဘူး……
ပညာမတတ်တဲ့
ငါ့အပြစ်တွေရယ်ပါဟာ……
ဘာပဲဖြစ်ဖြစ်ပေါ့လေ……
နင့်အပြစ်နဲ့ ငါ့အပြစ်တွေကြား
သောကများမနေပါနဲ့……
ငါ့အမှားလို့သာ
သဘောထားပေါ့ကွယ်…
တားထားတဲ့ စည်းတွေက
ဂုဏ်ဓနတွေကြားမှာဆိုတာ
ငါနားလည်လိုက်ပါပြီ……
နင်မရှိတဲ့ ငါ့ကမ္ဘာမှာ
ငါသာတယောက်တည်း
လျှောက်ရဲပါတယ်……
ငါကိုယ်တိုင်လည်း
မာနနဲ့လူပဲ……
ရှိတဲ့အမှား ငါ့အတွက်ထားပြီး
ငါ့ကိုသာ ကျောခိုင်းသွား
ငါ့ဘဝနဲ့သာ ငါနေနိုင်တယ်…


လွှမ်းဝေအောင်

KTV ရောက်ရင် မိုက်ကိုလက်မလွတ်ဘူးလို့ ပြောလိုက်တဲ့ ရွှေမှုန်ရတီ ...

အလွမ်းမင်းသားလေး | 08:12 | Best Blogger Tips


စိုင်းစိုင်း ခမ်းလှိုင်နဲ့ ဒုတိယ အကြိမ် ဆုံဖြစ်တဲ့ ရွှေမှုန် ရတီ ယခု ကား မှာ စိုင်းစိုင်း လိုက်တဲ့ ကောင်မလေး လေးယောက် ထဲက နံပါတ် ၁ တစ်ယောက် အဖြစ် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ ရွှေမှုန် ရတီကို ဧပြီ ၁၀ ရက် စိုင်းစိုင်းမွေးနေ့ ရှိုးပွဲ ကြည့်မလား မေးတဲ့အခါ “သမီး ရှိုးပွဲ ကြည့်တာ ၀ါသနာ မပါဘူး။ လူတွေ များရင် စိတ်ရှုပ် တယ်။ ခေါင်းမူး တယ်။ ဘယ်ရှိုးပွဲမှ လည်း မကြည့် ဖြစ်ပါဘူး။

ကိုစိုင်း သီချင်း တွေကို ဗီစီဒီ ကြည့်ရင်းပဲ နားထောင် ပါတယ်” လို့ ဆိုပါတယ်။ ရွှေမှုန်ရတီ ယခု သင်္ကြန်မှာ မိသားစု အလှူ အစီအစဉ် ရှိပြီး အနုပညာ လောကထဲ ရောက်ပြီး ပထမဆုံး အလှူလို့လည်း သိရပါတယ်။ သင်္ကြန်ကိုတော့ အိမ်ထဲမှာပဲ နေတယ်။ အပြင် သိပ်မထွက် ဖြစ်ဘူး။ ထွက်ရင်လည်း မိသားစု ပါတယ်။ တစ်ခုခု ထွက်စား ရင်လည်း လူရှုပ်တဲ့ ဆိုင် မကြိုက်ဘူး။

Friday, 22 March 2013

မချစ်တတ်သော မိန်းမ.....

အလွမ်းမင်းသားလေး | 06:30 | Best Blogger Tips




တကယ်တော့ ...
ငါဟာ ကဗျာမရေးတတ်ပါဘူး
ငါ့ရင်ထဲက
စကားလုံးတွေစုစည်း
စာတစ်ပိုဒ်ဖြစ်လာတယ်
အဲဒါ နင်သင်ပေးလို့ပေါ့...။

တကယ်တော့ ...
ငါဟာ ပန်းမချစ်တတ်ပါဘူး
နှင်းဆီရနံ့တွေမွှေးပျံ့
ငါ့ကို ဆွဲဆောင်ဖြားယောင်းတယ်
အဲဒါ နင်သင်ပေးလို့ပေါ့...။

တကယ်တော့ ...
ငါဟာ အချစ်ကိုမသိပါဘူး
တိမ်စိုင်ငွေ့တွေ ပြေးလွှား
ပေါ့ပါးနေတဲ့ ငါ့စိတ်ကို
လေးနက်လာအောင် ညို့ငင်
အဲဒါလဲ နင်သင်ပေးလို့ပေါ့...။

သင်ယူဆဲ
လေ့လာဆဲ
မှတ်သားဆဲမှာ
အချစ်ကို အချစ်မှန်းသိအောင်
ငါအများကြီး ကြိုးစားရဦးမှာပါ...
ငါ့နှလုံးသားတံခါး သော့ပျောက်နေလို့လေ...။


မိုးငွေ့

Tuesday, 19 March 2013

advanced systemcare(up date) for Window...

အလွမ်းမင်းသားလေး | 08:35 | Best Blogger Tips


6
အားလုံးသိကျတဲအတိုင်းပဲadvanced systemcare လေးပါ။ Android မှာလည်းရှိပါတယ်။ဒါကတော.Windownအတွက်ပါ။သူ.ရဲ.လုပ်ဆောင်ချက်တွေကတော.တော်တော်စုံလင်ပါတယ်။အော်မေ.လို. ကိုသစ်ဆန်းခန်.တောင်မှ Android OSအတွက် စောင်.ရှောက်ရေးဆိုပီး  applicationလေးမြန်မာမှုပြုလုပ်လိုက်ပါသေးတယ်။အဲ application နဲ.တစ်ပုံစံတည်းပါကွာခြားသွားတာတော.သိပ်မရှိပါဘူး။ဒါပေမဲ.updateလေးပါ။တော်တော်မိုက်ပါတယ်။မိမိကွန်ြ့ပူတာကို virusတွေ၊မလိုအပ်တဲ.အမှိုက်တွေ၊jump File တွေ၊ Cookies တွေ၊ Registry အမှားတွေ ၊ Malware တွေနဲ့ Systemကိုနှောင့်ယှက်တဲ့ ဖိုင်တွေကို ရှင်းလင်းဖယ်ရှားပြီး မှန်ကန် မြန်ဆန်တဲ့ System တစ်ခုဖြစ်အောင်


..ပျော်ပါစေ...

အလွမ်းမင်းသားလေး | 08:10 | Best Blogger Tips


စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေနဲ့
ကျွန်တော် ဒီနေ့ ငိုနေမိတယ်
သူမသိတဲ့
နေရာတစ်ခုမှာ
သူမလာချင်တဲ့

နေရာတစ်ခုမှာမှ
ချစ်ခြင်းကမ္ဘာတစ်ခု တည်ခဲ့မိသူ
အလွမ်းဆိုတဲ့ ဆုလာဘ်ကို
အသေအချာ ထွေးပွေ့မိခဲ့
သူမမြင်မသိနိုင်တဲ့ နေရာကနေ
တိတ်တိတ်ကလေး လွမ်းနေမိရဲ့
ပျော်ပါစေ ဆုတောင်းရင်း
ကိုယ့်ရင်က တနင့်တသည်း ရူးခဲ့ရ
အချစ်ပြတည်နေရာဟာ
သူ့ဆီမှာမှ ဆိုက်ရောက်နေတာ ဆိုးတယ်
ကိုယ့်ဘဝရဲ့အရိပ်အဖြစ်
သူ့ကိုမှ ကျေကျေနပ်နပ်လက်ခံချင်မိတာ ဆိုးတယ်
ဒီနေ့လည်း ဆုတောင်းမိရဲ့
သူပျော်ပါစေ
စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေက
ဒီနေ့မှပဲ ပိုတိုးနေသလိုလို.....။



G-Talk ကို Always Idle လုပ်ချင်နေသူများအတွက် ....

အလွမ်းမင်းသားလေး | 05:20 | Best Blogger Tips


ကျွန်တော် အပေါ်က ပုံမှာ ပြထားသလိုပါပဲ။ G-Talk ကို မီးအ၀ါလေး လုပ်ချင်နေသူတွေအတွက် ကျွန်တော် တင်ပေးလိုက်ပါတယ်။ အရင်ဆုံး Download ချသွားလိုက်ပါ။  ကဲ..စလိုက်ကြရအောင်.... အရင်ဆုံး Download ချသွားလိုက်ပါ။ ပြီးရင် ကျွန်တော် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Download ချထားတဲ့ ဖိုင်ပေါ် Right Click ထောက် Extra Here လုပ်လိုက်ပါ။
မှတ်ချက် ။    ။ ဒါတွေကို လုပ်နေစဉ်အတွင်း မိမိ Gtalk ကိုပိတ်ထားပါ။ မိမိရဲ့ စက်မှာလည်း Winrar ရှိရပါမယ်။




Extra Here လုပ်ပြီးရင် အောက်ကပုံအတိုင်း Foloder လေးတစ်လုံး ရလာပါလိမ့်မယ်။ အဲ Foloder ထဲကို ၀င်လိုက်ပါ။ 
 

♥လမ်းခွဲ မဟုတ်တဲ့ လမ်းလွဲ♥....

အလွမ်းမင်းသားလေး | 05:02 | Best Blogger Tips



လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာပါ
မတူညီ ခြင်းရဲ့  ဆုံမှတ်
ဖြူစင်ခြင်းနဲ့  အဆုံးသတ်ပါရစေ

ငါ ထားခဲ့တာမဟုတ်ဘူး
နင် သွားခဲ့တာပါ
ငါ ပြုံးနေအုံးမယ် ချစ်သူ
နင့်ကို မုန်းမေ့လို့ မရသေးလို့ 

ငါ မငိုတော့ဘူးသိလား
နင် နဲ့ဆုံခဲ့တာတွေပြန်တွေးရင်
အပြုံးတွေဝေတက်လို့ 
ဝေ့ တက်လာတဲ့ မျက်ရည်တွေ
ငါမတားဆီးပါဘူး
ပီတိ ကြောင့်ကျတဲ့မျက်ရည်မို့ ပါ

ခု ပျော်နေပြီလား ချစ်သူ
နင် ပျော်နေရင် ငါ ပြုံးနေမှာပါ
ငါ တို့  ပြန်ဆုံလို့ 
နင် မေးလာမယ့် စကားတစ်ခွန်းက
နေကောင်းရဲ့ လားပေါ့
ငါ မေးချင်တာ နင်အဆင်ပြေရဲ့လားပါ




Monday, 18 March 2013

♥အချစ်+အင်အား♥

အလွမ်းမင်းသားလေး | 07:12 | Best Blogger Tips




Photo: <3အချစ်+အင်အား<3


အချိန်တိုင်း လွမ်းနေမိတယ်
အချိန်တိုင်းလဲ အနားမှရှိနေချင်တယ်
အမြဲတမ်းလဲ ချစ်သူကိုတမ်းတမိတယ်
အမြဲတမ်းလဲ ချစ်သူရဲ့ လိုအင်တွေ ဖြည့်ချင်သူပါ

တမ်းတတယ်ဆိုတာ
ငါ လိုအပ်လို့ မဟုတ်ပါဘူး ချစ်သူ
ပေးဆပ်ချင်တဲ့ နှလုံးသားကဆန္ဒလေးပါ
ပျော်စေချင်တယ် ချစ်သူ

ချစ်တက်တဲ့ လူတစ်ယောက်အတွက်
အချစ်ဆိုတာ အင်းအားကြီးလှပါတယ်
ကိုယ် ချစ်တဲ့သူ ရဲ့အပြုံး တစ်ချက်ကလဲ
ကိုယ့် အတွက် အရာရာကို အောင်မြင်စေပါတယ်

ကိုယ့် ချစ်သူရဲ့ စကားလုံးလေးတွေက
ကိုယ့်အတွက် စာတွေစီ ကဗျာ တွေမမှီနိုင်သလို
သံသာသာ တေးသီချင်းတွေ ဝေးလွင့်စေသူပါ

ကိုယ် ချစ်တဲ့ သူဆီက
အရမ်း....ချစ်တယ်နော်  ဆိုတဲ့
စကားတခွန်းက ဘယ်အရာနဲမှ နှိုင်ယှဉ်လို့ မရနိုင်ဘူးနော်
အချိန်တိုင်း လွမ်းနေမိတယ်
အချိန်တိုင်းလဲ အနားမှရှိနေချင်တယ်
အမြဲတမ်းလဲ ချစ်သူကိုတမ်းတမိတယ်
အမြဲတမ်းလဲ ချစ်သူရဲ့ လိုအင်တွေ ဖြည့်ချင်သူပါ

တမ်းတတယ်ဆိုတာ
ငါ လိုအပ်လို့ မဟုတ်ပါဘူး ချစ်သူ
ပေးဆပ်ချင်တဲ့ နှလုံးသားကဆန္ဒလေးပါ
ပျော်စေချင်တယ် ချစ်သူ

ချစ်တက်တဲ့ လူတစ်ယောက်အတွက်
အချစ်ဆိုတာ အင်းအားကြီးလှပါတယ်
ကိုယ် ချစ်တဲ့သူ ရဲ့အပြုံး တစ်ချက်ကလဲ
ကိုယ့် အတွက် အရာရာကို အောင်မြင်စေပါတယ်

ကိုယ့် ချစ်သူရဲ့ စကားလုံးလေးတွေက
ကိုယ့်အတွက် စာတွေစီ ကဗျာ တွေမမှီနိုင်သလို
သံသာသာ တေးသီချင်းတွေ ဝေးလွင့်စေသူပါ

ကိုယ် ချစ်တဲ့ သူဆီက
အရမ်း....ချစ်တယ်နော် ဆိုတဲ့
စကားတခွန်းက ဘယ်အရာနဲမှ နှိုင်ယှဉ်လို့ မရနိုင်ဘူးနော်
17Like · ·

♥တမ်းတတေး♥

အလွမ်းမင်းသားလေး | 07:07 | Best Blogger Tips

Photo: <3တမ်းတတေး<3


သတိရ ခြင်း ငှက်ငယ်
အချစ်ပင် ထက်မှာ
မနက် နေ့  ည
ထာဝရ ရပ်တည်
တမ်းတ လွမ်းမော
ကြေကွဲသေား အသံ
သူကြားလေ မလား

စေတနာစိတ်
ဝေဆာ အရိပ်ဖြစ်
ချွေးသိပ်ချမ်းမြေ့
ဘ၀ အမောပြေ
လျောကင်းစေဖို့ 
ခိုခို မခိုခို အုပ်မိုး၏

သစ္စာကို တန်ဖိုးထား
မေတ္တာရယ်......လို့ 
ဟစ်ကြွေးနေသူတွေ နဲ့ 
ကံကြုံလို့  ဆုံခဲ့သော်
ခုတွေ့  ခုမေ့ချင်ပါသည်

တွေးမိလေတိုင်း
ရင်ဆွေး တသသ
ခံစားရ မဲ့ အတိတ်ထက်
တွေးမိလေတိုင်း
ရင်း အေးတမြမြ
ခံစားရ မဲ့ အတိတ်ကိုသာ
ရရှိ ခံစားပါရစေ.....။

သတိရ ခြင်း ငှက်ငယ်
အချစ်ပင် ထက်မှာ
မနက် နေ့  ည
ထာဝရ ရပ်တည်
တမ်းတ လွမ်းမော
ကြေကွဲသေား အသံ
သူကြားလေ မလား

စေတနာစိတ်
ဝေဆာ အရိပ်ဖြစ်
ချွေးသိပ်ချမ်းမြေ့
ဘ၀ အမောပြေ
လျောကင်းစေဖို့ 
ခိုခို မခိုခို အုပ်မိုး၏

သစ္စာကို တန်ဖိုးထား
မေတ္တာရယ်......လို့ 
ဟစ်ကြွေးနေသူတွေ နဲ့ 
ကံကြုံလို့  ဆုံခဲ့သော်
ခုတွေ့  ခုမေ့ချင်ပါသည်

တွေးမိလေတိုင်း
ရင်ဆွေး တသသ
ခံစားရ မဲ့ အတိတ်ထက်
တွေးမိလေတိုင်း
ရင်း အေးတမြမြ
ခံစားရ မဲ့ အတိတ်ကိုသာ
ရရှိ ခံစားပါရစေ.....။

Blog မှာ ခေါင်းလောင်းသံ တိုးတိုးလေးကြားချင်ရင်..

အလွမ်းမင်းသားလေး | 05:47 | Best Blogger Tips


 

ကျနော်တို့ ဘလောခ်လေးဆန်းသွားအောင် ဖွင့်မှာ ခေါင်းလောင်းသံ တိုးတိုးလေး ထွက်နေအောင် လုပ်ခြင်းတယ်ဆိုအောက်ကပေးထားကုဒ်ကို..HTML ကုဒ်လေးကို အသုံးပြုနိုင် ပါတယ်....စာဖက်သူကိုလည် စိတ်အနှောက်ယှက်မဖြစ်စေသလို စိတ်ခံစားမှုရသတစ်မျိုး လည် ပေးစွမ်းမှာဖြစ်ပါတယ်......

ကုဒ်ထည့်နည်းကို သေခြာ ရှင်းပြပေးဖို့ပါ.... ကဲစမယ်...နော်

စာလုံးတွေကို shadow တွေနဲ့လန်းမယ် ...

အလွမ်းမင်းသားလေး | 05:28 | Best Blogger Tips


 အောက်ပါ စာများကိုကြည့်ပါ။

 အောက်ပါ စာများကိုကြည့်ပါ။

ကျနော်တို့ စာတွေရေးတဲ့ အခါ ကိုယ်အထူးပြုခြင်းတဲ့ စာလုံးတွေကို ဒီဇိုင်တမျိုးနဲ့ လန်းအောင် စာလုံးတွေကို Shadow တွေနဲ့ ရေးကြည့်ရအောင် အောက်မှာ ကျနော်ပေးထားတဲ့ ကုဒ်တွေနဲ့
အသုံးပြုနိုင်ပါတယ် အခု ကျနော်ကတော့ Shadowကို အနီရောင်နဲ့ သုံးပြထားတာပါ ဒါပေမယ့်
မိမိကြိုက်နှစ်သက်တဲ့ ကာလာကို အသုံးပြုနိုင်ပါတယ် အောက်မှာကျနော်ပေးထားတဲ့ ကုဒ်ထဲက
Red  ဆိုတာမှာ ကိုယ်ကြိုက်တဲ့ ကာလာကိုထည့်ရေးနိုင်ပါတယ် Shadowကိုလည် ကိုယ်ကြိုက်
သလောက်ထားနိုင်ပါတယ် ဥပမာ 2px ဆိုတာတွေမှာ 6px တို့ပြောင်သုံးနိုင်ပါတယ်။

အောက်ပါ စာများကိုကြည့်ပါ။ ဆိုတာမှာ ကိုယ်ကြိုက်တာရေးနိုင်ပါတယ်

BaDoink Video Downloader PLUS 1.0.1 ( Android ) ...

အလွမ်းမင်းသားလေး | 05:20 | Best Blogger Tips




BaDoink Video Downloader PLUS ကိုတော့ Tubemate နဲ့အဆင်မပြေသူများအတွက် နောက်တစ်မျိုးပါ။ မည်သည့် Webiste ပေါ်ရှိ Video ကိုမဆိုဒေါင်းလော့ရယူနိုင်တာကတော့ သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။ Video များကိုဒေါင်းလော့လုပ်ချင်ပါက Application ကိုဖွင့်ပြီး Ardess ဘားပေါ်မှာ မိမိ ဒေါင်းလိုတဲ့ Website နာမည်
ကိုထည့်လိုက်ရင် ရပါပြီ။ အသုံးပြုချင်လိုသူများ အနေဖြင့်အောက်မှာဒေါင်းလော့ ရယူနိုင်ပါတယ်။
 

ကွန်ပျုတာကို 3D Leaves နဲ့အလှဆင်ရအောင်...

အလွမ်းမင်းသားလေး | 05:07 | Best Blogger Tips


သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို သစ်ရွက်လေးနဲ့ အလှဆင်ကြည့်ရအောင်နော် ...ဒါလေးကလည်းဒီဇိုင်းတမျိုးလေးပေါ့ ထက်ထက်အရင်တစ်ခါက တင်ပေးထားတာက Screen မှာအသဲပုံလေးနဲ့ ပန်းလေးတွေပါ... အခုက သစ်ရွက်လေးတွေပါ ...စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော်... ဒီဇိုင်းတမျိုးလေးနဲ့အရမ်းလှတာ... ထက်ထက်စမ်းသပ်ပြီးပြီ ...လုပ်ပုံလုပ်နည်းကို အောက်မှာပုံလေးနဲ့ရှင်းပြထားပါတယ် ...



မှာဒေါင်းလိုက်နော်...
ဒေါင်းပြီးလို့ Install လုပ်ပြီးတာနဲ့ မိမိရဲ့ ကွန်ပျုတာ Screen မှာ  သစ်ရွက်လေးတွေ အများကြီး ကိုတွေ့ရပါလိမ့်မယ်... ပြီးရင် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ...

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် (GSM=ကျပ် ၂၀၀၀ WCDMA=ကျပ် ၅၀၀၀) ...

အလွမ်းမင်းသားလေး | 04:55 | Best Blogger Tips


မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ ၁ ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။
 ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွားမည် ဖြစ်သည်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ