အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 19 March 2013

♥လမ်းခွဲ မဟုတ်တဲ့ လမ်းလွဲ♥....

အလွမ်းမင်းသားလေး | 05:02 | Best Blogger Tips



လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာပါ
မတူညီ ခြင်းရဲ့  ဆုံမှတ်
ဖြူစင်ခြင်းနဲ့  အဆုံးသတ်ပါရစေ

ငါ ထားခဲ့တာမဟုတ်ဘူး
နင် သွားခဲ့တာပါ
ငါ ပြုံးနေအုံးမယ် ချစ်သူ
နင့်ကို မုန်းမေ့လို့ မရသေးလို့ 

ငါ မငိုတော့ဘူးသိလား
နင် နဲ့ဆုံခဲ့တာတွေပြန်တွေးရင်
အပြုံးတွေဝေတက်လို့ 
ဝေ့ တက်လာတဲ့ မျက်ရည်တွေ
ငါမတားဆီးပါဘူး
ပီတိ ကြောင့်ကျတဲ့မျက်ရည်မို့ ပါ

ခု ပျော်နေပြီလား ချစ်သူ
နင် ပျော်နေရင် ငါ ပြုံးနေမှာပါ
ငါ တို့  ပြန်ဆုံလို့ 
နင် မေးလာမယ့် စကားတစ်ခွန်းက
နေကောင်းရဲ့ လားပေါ့
ငါ မေးချင်တာ နင်အဆင်ပြေရဲ့လားပါ




No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ