မင်း အသည်းနှလုံးရဲ့လျို့ဝှက်ချက်ကို
ဖုံးကွယ်မထားပါနဲ့
သူငယ်ချင်းရယ်
ကိုယ်ကို...ကိုယ့်တစ်ယောက်တည်းကို
တိတ်တိတ်လေး
ပြောပြပါလားကွယ်......
ချစ်စရာကောင်းတဲ့ အပြုံးနဲ့
ချိုချိုသာသာ
ပြုံးတတ်သူလေးရယ်
မင်းပြောမဲ့နှလုံးသားထဲက စကားတွေကို
ကိုယ်နားတွေနဲ့
မဟုတ်ပဲ ကိုယ်အသည်းနှလုံးနဲ့
နားထောင်ပေးမှာပါ
သူငယ်ချင်းလေးရယ်.........
အချစ်ဆိုတာ သောကတွေပဲ
ယူဆောင်လာတယ်လို့
မင်းထင်နေသလားကွယ်
အချစ်ဆိုတာ သုခတွေကိုလည်း
ယူဆောင်လာပေးတယ်ဆိုတာ
မင်းယုံအောင်
ကိုယ်သက်သေပြချင်ပါတယ်ကွယ်
အချစ်ကို ယုံကြည်သင့်ပါတယ်
အချစ်မှာအပြစ်မရှိပါဘူကွယ်
အချစ်ကို ကစားတဲ့သူတွေသာမယုံသင့်တာပါ
သူငယ်ချင်းလေးရယ်.........
နှလုံးသား အချစ်ဆိုတာ
မျက်၇ည်တစ်စက်
လင်္ကာတပုဒ်နဲ့ တူတဲ့
ပေးဆပ်ရမယ့် ခါးသီးခြင်း
အရာလို့
မင်းထင်နေခဲ့ရင်
နှလုံးသား အချစ်ဆိုတာ
ပျားရည်တစ်စက်
ကဗျာတပုဒ်နဲ့ တူတဲ့
ရယူရမယ့် ချိုမြိန်ခြင်း
အရာလို့
မင်းထင်အောင်
ကိုယ်သက်သေပြချင်ပါတယ်
သူငယ်ချင်းလေးရယ်........
အဆုံးအစမရှိတဲ့
ကိုယ်ရဲ့အိမ်မက်တွေထဲမှာ
အမြဲစိုမိုးထားသူလေးရယ်
မင်းဟာကိုယ်ရဲ့
တန်ဖိုးမဖြတ်နိုင်တဲ့
ပုလဲရတနာတစ်ပါး ပါပဲကွယ်
မင်းနှလုံးသားထဲက
လျို့ဝှက်ချက်ကို
ကိုယ့်ကို ပြောပြပေးပါတော့ သူငယ်ချင်းလေးရယ်........
စလေမောင်သားသားးးးးးးး
Saturday, 27 October 2012
ပုံလေးတွေကို ဘောင်လေးတွေထဲမှာထည့်ရအောင်....
အလွမ်းမင်းသားလေး | 05:16 |
ပိုတိုရှော့

ဒီ Photoshop လေးအသစ်ထွက်လာလို့တင်ပေးလိုက်တာ
အရင်ဆုံး ဒီနေရာလေး
ကိုသွားလိုက်ပါ... အောက်မှာရှင်းပြထားတဲ့အတိုင်း လုပ်ကြည့်ရုံပါပဲနော်....
သူငယ်ချင်းတို့ရဲ့လှပတဲ့ပုံလေးတွေကို
ဒီလိုလှတဲ့ဘောင်လေးထဲကို ထည့်ကြည့်လိုက်နော်... ဒါဆိုပိုပြီးလှသွားမှာသေချာပါတယ်...
(သူငယ်ချင်း ထက်ထက်ရဲ.ပို.စ်လေးပါ)
အွန်လိုင်းမင်းသား
အစိုးရ ငြိမ်းအဖွဲ့ နှင့် KIO တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြန်တွေ့မည်...
အလွမ်းမင်းသားလေး | 02:39 |
သတင်း

ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦဆောင်သော
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ၊
ရွှေလီမြို့ ၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။
ထိုသို့ ဆွေးနွေးမှု စတင်ပြုလုပ်ရန် သဘောတူကြောင်း ဗုဒ္ဓဟူးနေ့တွင်ပင် ဝန်ကြီး ဦးအောင်မင်း ထံမှ အကြောင်းကြား လာခြင်း ဖြစ်သည်။
“စာထဲမှာက ၃ဝ ရက်နေ့ ရွှေလီမှာ စတင်လုပ်ကိုင်သွားရန် ဆန္ဒရှိတယ်။
ဘယ်နှစ်ရက် ဆိုပြီး သတ်မှတ်တာ မရှိဘူး။ ဒီနေ့ အီမေးနဲ့
အကြောင်းပြန်လာပါပြီ” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်
တဦးဖြစ်သူ ဦးဆန့်အောင် က မဇ္စျိမကို ပြောသည်။
နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသဖြင့် ဆုံးဖြတ်ချက် တစုံတရာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။
မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့
ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် အင်္ဂါနေ့ညနေပိုင်းက
တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ
ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။
ထိုသို့ ဆွေးနွေးမှု စတင်ပြုလုပ်ရန် သဘောတူကြောင်း ဗုဒ္ဓဟူးနေ့တွင်ပင် ဝန်ကြီး ဦးအောင်မင်း ထံမှ အကြောင်းကြား လာခြင်း ဖြစ်သည်။
“စာထဲမှာက ၃ဝ ရက်နေ့ ရွှေလီမှာ စတင်လုပ်ကိုင်သွားရန် ဆန္ဒရှိတယ်။ ဘယ်နှစ်ရက် ဆိုပြီး သတ်မှတ်တာ မရှိဘူး။ ဒီနေ့ အီမေးနဲ့ အကြောင်းပြန်လာပါပြီ” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးဆန့်အောင် က မဇ္စျိမကို ပြောသည်။
နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသဖြင့် ဆုံးဖြတ်ချက် တစုံတရာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။
မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် အင်္ဂါနေ့ညနေပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ
၂၀၁၃ တွင် မြို့နယ် ၂၀ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရမည်..
အလွမ်းမင်းသားလေး | 02:27 |
သတင်း

၂၀၁၃ တွင် မြို့နယ် ၂၀ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရမည်
ရန်ကုန်၊အောက်တိုဘာ-၂၇
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက်
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ
၃၀ ရက်မှစတင်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည့် မြို့နယ်များမှာ ကချင်ပြည်နယ်
မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် မြ၀တီမြို့၊
ချင်းပြည်နယ် ဟားခါးမြို့၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊
မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့၊
မိုးကုတ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရန်ကုန်တိုင်းဒေသကြီး
လမ်းမတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့၊
မော်လမြိုင်မြို့၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ တာချီလိတ်မြို့၊
မူဆယ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့်
ငပုတောမြို့တို့ဖြစ်သည်။
ရန်ကုန်၊အောက်တိုဘာ-၂၇
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည့် မြို့နယ်များမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် မြ၀တီမြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့၊ မိုးကုတ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မော်လမြိုင်မြို့၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ တာချီလိတ်မြို့၊ မူဆယ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် ငပုတောမြို့တို့ဖြစ်သည်။
Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း ..
အလွမ်းမင်းသားလေး | 01:31 |
ပိုတိုရှော့

ဒီနည်းလေးကို
ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ
ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က
ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း
ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။
ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့
တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ
တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ
ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့
ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့
ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ
မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။ ကဲစလိုက်ရအောင်လေးယဉ်ပေါ်က ခရီးသည်များ ကျေးဇူးပြု ပြီးနားစဉ်ပါ ခင်ဗျာ...
အလွမ်းမင်းသားလေး | 01:19 |
ဟာသ

မင်္ဂလာ မနက်ခင်းပါခင်ဗျာ ထိုင်နေသောခရီးသည်များနှင့် မတ်တပ်စီးနင်း လိုက်ပါလာသော ခရီးသည်များကိုနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး ဖြစ်ပါတယ်။ လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်မတ်တပ်ရပ်သူများ သေချာ မတ်တပ်ရပ် ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ကျွန်နော်တို့လေကြောင်းလိုင်းဟာခရီးစဉ်ချိန်၎ရက်
နောက်ကျသွားခြင်းကြောင့်ဝမ်းနည်းပါတယ်။ရာသီဥတုမကောင်းတာကြောင့် ဖြစ်ပါတယ်။
ကျွန်တော်တို့Fligh747 လေယဉ်ကြီးပျံသန်း နေခြင်းဖြစ်ပါတယ်။
လေယာဉ် ဘယ်နားရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ တစ်နေရာရာမှာရပ်နားမှာတော့
ရွှေဝါရောင်နှင်းဆီ...
အလွမ်းမင်းသားလေး | 00:41 |
ကဗျာ

ဟေ့....သိင်္ဂီ
ငါ့ရှေ့မှာ စံပယ်ယောင်ဆောင်မနေပါနဲ့တော့
နင့်အပြုံးမှာ နှင်းဆီနံ့တွေ
စူးပွင့်နေတာကြာပြီ
ဒီမှာတွေ့လား....
ဆူးခက်ကြောင့် သွေးထွက်နေတဲ့
ဒဏ်ချက်တွေ ရင်တစ်ခုလုံးလွှမ်းလို့....
နင်ပဲ
ချစ်တတ်လွမ်းတတ်အောင် သင်ခဲ့တာ
ခု...နင်ကပဲ
မုန်းတတ်ဆွေးတတ်အောင် သင်ပြန်ပြီ....
ငါ့ရှေ့မှာ စံပယ်ယောင်ဆောင်မနေပါနဲ့တော့
နင့်အပြုံးမှာ နှင်းဆီနံ့တွေ
စူးပွင့်နေတာကြာပြီ
ဒီမှာတွေ့လား....
ဆူးခက်ကြောင့် သွေးထွက်နေတဲ့
ဒဏ်ချက်တွေ ရင်တစ်ခုလုံးလွှမ်းလို့....
နင်ပဲ
ချစ်တတ်လွမ်းတတ်အောင် သင်ခဲ့တာ
ခု...နင်ကပဲ
မုန်းတတ်ဆွေးတတ်အောင် သင်ပြန်ပြီ....
သိင်္ဂီ....ငါ...ငိုတတ်ပြီ သိင်္ဂီ
အဆိပ်တက်နေတဲ့ စိတ်နဲ့
ရွှေဝါရောင်နှင်းဆီကို
ချစ်လို့...မုန်းလို့....နာလို့
ငါ...ငိုတတ်ပြီ သိင်္ဂီ.....
အဆိပ်တက်နေတဲ့ စိတ်နဲ့
ရွှေဝါရောင်နှင်းဆီကို
ချစ်လို့...မုန်းလို့....နာလို့
ငါ...ငိုတတ်ပြီ သိင်္ဂီ.....
♥မိုးဇက်ဒီမွန်း♥
Friday, 26 October 2012
ကွန်ပျုတာသုံးနေရင်း ပုံတွေရိုက်ယူချင်ရင် လွယ်ကူသောနည်းလမ်းတစ်ခု...
အလွမ်းမင်းသားလေး | 08:03 |
နည်းပညာ

![]() |
ဒီနည်းက Window 7 မှာပါတဲ့ Snapping Tools ကိုသုံးပြီးရိုက်တာ( Window 7 only) |
ဒီနည်းလေးကလည်း လွယ်ကူပါတယ် ။ Window7 မှာပါလာပြီးသားSnipping Tool
ကိုသုံးပြီး လိုချင်တဲ့နေရာကို ဓာတ်ပုံအဖြစ် ရိုက်ယူလို့ ရပါတယ်။ ဆော့ဝဲတွေသုံးပြီး
လုပ်ရင်လည်းရသလို Print Scrn Sysrq နဲ့ လုပ်ရင်လည်း ရပါတယ်။ အခုဒီနည်းက
ဘာဆော့ဝဲမှ ထပ်မလိုပါဘူး ။ Window တင်ထဲက Miscrosoft က ထည့်ပေးလိုက်
ပြီးသားပါ ။ Search ကနေ Snapping Toolလို့ ရိုက်ရှာရင်လည်း ရပါတယ် ။ အဲ့လိုမှ
မဟုတ်ရင် Start => All Programs => Accessories ကနေ ယူလိုက်ရင်လည်း
ရပါတယ် Video ကြည့်နေရင်းလည်း လိုချင်တဲ့နေရာတွေကို ဖြတ်ရိုက်လို့ ရပါတယ်
အခုလိုရိုက်ယူတဲ့ နည်းလမ်းတွေက အခြေခံပညာသင်တွေ တတ်ထားသင့်ပါတယ်
ဘာလို့ လည်းဆိုတော့ ကွန်ပျုတာသုံးနေရင်း နားမလည်တဲ့ နေရာတွေကို ပုံအဖြစ်
ရိုက်ပြီး နားလည်တဲ့သူတွေဆီကို မေးမြန်းလို့ လွယ်တယ် အဲ့တော့ မဖြစ်မနေ တတ်
ထားသင့်တဲ့ ပညာလေးတစ်ခုအဖြစ် ယူဆမိပါကြောင်း...................................။
နောက်ထပ် နည်းလမ်း - ၁ ဓာတ်ပုံရိုက်ဖို့ နဲ့  Video Record လုပ်နည်း Fs63
နောက်ထပ်နည်းလမ်း - ၂ Keyboard ကနေ Print Scrn Sysrq သုံး၍ ရိုက်နည်း
မောင်(စွယ်စုံကျမ်း)
Computer ထဲမှာဖိုင်နာမည်တွေမြန်မာလိုပေး၇အောင် W-7 အတွက်...
အလွမ်းမင်းသားလေး | 07:26 |
နည်းပညာ

အတော်လေးရှာခဲ့ရတာ ဒါကကိုယ်တိုင်လုပ်ကြည့်ရင်းနဲ့သိလာတာပါ အခြေခံသမား
လေးတွေအတွက်လွယ်ကူအောင်ပုံနဲ့ တကွရှင်းပြပေးတာ ။မသိတဲ့ညီအကိုမောင်နှမ
လေ့လာခါစလူသစ်လေးတွေအဆင်ပြေနိုင်ပါစေ။ လုပ်ပုံကWindow XP နဲ့ အတူတူ
မလို့ ပုံလေးပဲတင်လိုက်တယ်ဖိုင်နာမည်လေးတွေမြန်မာလိုပေးတော့ကွန်ပျုတာထဲ
ရှင်းလင်းလင်းမြင်ရတယ်သီချင်းဖိုင်လေးတွေဆိုလည်းရှေးသီချင်း၊ခေတ်ပေါ်သီချင်း
သူ့ ဖိုင်နဲ့ သူမြင်သာတယ်အဆိုတော်နာမည်ဆိုလဲ မျိုးကြီး သီချင်းဖိုင်၊ အငဲသီချင်းဖိုင်
ဘာညာပေါ့သင့်တော်သလိုသုံးနိုင်ပါတယ် ပုံမှာကြည့်လုပ်ပါ.................................။
မောင်(စွယ်စုံကျမ်း)
ပေးဆပ်ခြင်းနဲ့ ချစ်မယ့်သူ...
အလွမ်းမင်းသားလေး | 03:32 |
ကဗျာ

ငါ့ဘ၀ထဲကို ငါမဖိတ်ခေါ်ဘဲ
နင်ရောက်လာခဲ့တယ်
အပြောဆိုး သဘောရိုး
အကျည်းတန် ဂျမ်းတောလေးကို
မင်းက သည်းခံကာ ခွင့်လွှတ်ပြီးချစ်ပေးခဲ့တယ်
သူများတွေလို ပလီပလာတီတီတာတာတွေ
မပြောတတ်သူကို မင်းက တလေးတစား
အလေးထားပြီးချစ်ခဲ့တယ်
ငါ့ဘက်က စိုးရိမ်စိတ်တွေများနေတာလား
မင်းကပဲ လူချစ်လူခင်ပေါတာလား
မင်းအနားမှာ ကောင်မလေးတွေဝိုင်းနေရင်
ငါ့မှာ ဘ၀င်မကျ ရင်နာရတယ်
တစ်ချိန်ချိန်မှာ ငါ့ကိုထားသွားမှာကို စိုးထိတ်မိတယ်
ငါတို့တွေ အပေးအယူမျှမျှချစ်နေတာကို
ဘေးလူတွေကပြောတယ်
သူကနင့်ကို အပျော်တွဲတာပါတဲ့
ဒီစကားက ငါ့နားဝမှာ အစဉ်ခဏခဏကြားရလို့
မကြာခဏ ငါက ဆင်ဆာဖြတ်တယ်
ချစ်သူရေ……..
နင့်ကိုလက်လွှတ်အဆုံးအရှုံးမခံချင်သလို
မသာယာလှတဲ့ င့ါဘ၀ထဲကိုလည်းဆွဲမခေါ်ချင်ဘူး
အမြဲမပျော်ရွှင်နိုင်တဲ့ ငါ့ဘ၀ဆိုးထဲမှာ
မင်းကြာကြာမနေနိုင်မှာလည်းစိုးတယ်
မင်းဘက်ကတော့ အချစ်မလျော့
ခုချိန်ထိငါ့ကိုချစ်နေပေးတာကို
အရမ်းဝမ်းသာမိပါတယ်
တကယ်တော့
ပူလောင်တဲ့ အချစ်တွေကို
ငါကိုယ်တိုင်က ယူဆောင်တာပါ
နင့်ဘက်ကပေးခဲ့တာမဟုတ်ပါဘူး။
မတူညီတဲ့ ဘ၀နှစ်ခုကိုပေါင်းစပ်ချင်ပေမယ့်
ပေါင်းဖက်လို့မရတဲ့အတွက်
ချစ်သူရေ
နင့်ဘက်ကစပြီးငါ့ကိုလမ်းခွဲလိုက်ပါ
အသဲမာလို့ခွဲခွာခိုင်းတာမဟုတ်ပါဘူး
ဒီအသဲညှာက ဖြစ်နိုင်ရင်
တစ်သက်တာလုံး မင်းအနားမှာမခွဲမခွာ
အမြဲလိုရှိနေချင်တာပါ...။
ချစ်သူရယ်…………………..
ဂုဏ်ဒြပ်တူတဲ့ သူနဲ့စုံမက်တာကို
ငါက မကျေမနပ်မဖြစ်ပါဘူး
ပီတိမျက်ရည်တွေနဲ့ အဝေးတစ်နေရာက
ဆွေးမြည့်စွာ ကျေနပ်နေမှာပါ။
မင်းနဲ့ခဏတာဆုံဆည်းခွင့်ရခဲ့တာကို
တစ်သက်တာတွေးပြီးကျေနပ်နေမှာပါ
ချစ်တဲ့ကာလတစ်လျှောက်မှာ
မင်းနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ
မကျေနပ်ချက်တွေမရှိခဲ့သလို
အမုန်းတရားတွေလည်း
ငါ့နှလုံးသားမှာမရှိခဲ့ပါ။
ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း
ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ
မင်းကိုအဝေးတစ်နေရာက
ဆွေးမပြေစွာ ချစ်နေဆဲပါဆိုတာ
ချစ်သူယုံကြည်စေချင်ပါတယ်..................၊၊
Cinthi ( GTC )
နားခိုရာ.......လေး....
အလွမ်းမင်းသားလေး | 00:56 |
ကဗျာ

သစ်ရွက်လှုပ်တာတောင် ပြုံးမိတဲ့
ရူးသွပ့်  ခြင်းကို သူ မသိလေသလား
တကိုယ်စာ ရင်ခုန်သံ နဲ့ 
ငါ့  ကိုယ်သင်းရနံ့  တွေကို ချစ်သူ ခိုးယူသွားတယ်
လေတိုက်လို့  ယိမ်ခါနေတဲ့ သစ်ပင်လိုပဲ
ငါ့ အသဲတွေ တုန်ခါနေတယ်
ချစ်သူ
ချစ်ဖျားတက်နေတဲ့ နှလုံးသား ကို
အရောင်လျှော့စေတဲ့ ကီမိုး တိုက်တော့
ဝေဒနာ ပိုဆိုးနေတာ ဆေးဝါး တွေ မတိုးတော့ဘူး
ချစ်သူ
နယ်မြေသစ် ကို ရွှေငွေတွေနဲ့  လဲလှယ် တတ်တဲ့
ဗာစကိုးဒဂါမား လို
အထပ်ထပ် ထုပ်ပိုးထားတဲ့ ငါ့ ရင်ခုန်သံတွေကို
သူ့  အပြုံးလေးတွေ နဲ့  ဖလှယ် ခဲ့တယ်
ချုပ်ခြယ်မှု့  မရှိ
ပျော်ရွှင်မှု့ တွေ နဲ့  သာယာနေမိတာ
ချစ်သူရေ နင့်  ရင်ခွင်ကို ထာဝရ
ငါတစ်ယောက်ထဲ
ပိုင်ဆိုင်ပါရစေနော်....................
ညအက္ခရာ
အနာဂတ်မဲ့ နေလောင်ပန်းလေးများ ...
အလွမ်းမင်းသားလေး | 00:51 |
ဗဟုသုတ

ရန်ကုန်ဘူတာကြီး၏
နံနက် ခင်းသည် ထုံးစံအတိုင်း ရှုပ်ယှက် ခတ်လှုပ်ရှားနေသည်။ မြို့ပတ်ရ ထားက
ရှုးရှုး
ရှဲရှဲဖြင့် ထိုးဆိုက် လာသည်နှင့် လူများစွာ ဝေါခနဲ က တိုက်
ကရိုက်ဆင်းလာကြသည်။ ဒီ မြင်ကွင်းက မထူး
ဆန်းပါ။ဘူတာ ကြီးသို့ ဝင်ထွက်သွား
လာဖူးသူများအတွက် နည်းနည်းမှ မထူးဆန်း။အကယ်၍ ထိုခရီးသည်များ ကြား သင်ဂရုတစိုက် စောင့်ကြည့် နိုင်မည်ဆိုပါက
ဆံပင် ဘုတ်သိုက်၊ ညစ်ပေ
ဟောင်းနွမ်းသော အဝတ် အစားများဖြင့် အသက်ဆယ်နှစ်
ဝန်းကျင် ကလေးငယ်များကို တွေ့ ရမည်ဖြစ်
သည်။ ရထားဆိုက်သည် နှင့်
သူတို့ကလေးတစ်စု အလုအ ယက် ဆင်းကြမည်။ သို့သော် သူတို့လက်ဗလာ
သက်သက်တော့
မဟုတ်။
အထုပ်ငယ်လေးများကို ခေါင်းပေါ်ရွက်ကာ တစ်စုစီ တစ်နေ ရာစီ
ဦးတည်သွားကြမည်။ တကယ်တော့ ထို
ကလေးငယ် များသည်ရန်ကုန်မြို့အနှံ့ တောင်းရမ်းစားသောက်ရန်အတွက်ဆင် ခြေဖုံးရပ်ကွက်များမှ နေ့
စဉ်နံနက်
တိုင်းရထားစီးကာ လာကြခြင်း ဖြစ်ပြီး သူတို့ရွက်ထားသော အထုပ် ငယ်များမှာ
အိုးတိုက်ဖွဲပြာ များဖြစ် ပြီး သူတို့အတွက်အကာအကွယ် ဖြစ်သည်ဟု မြောက်ဒဂုံ
၄၈ ရပ် ကွက်တွင် နေထိုင်ပြီး အသက် ၅ နှစ်အရွယ်ရှိ မောင်ငယ်ကို လက်ဆွဲ ကာ
လိုက်လံ တောင်း ရမ်းးနေသည့် အသက် ၉ နှစ်ရှိ မပုံပုံက ပြော သည်။
"ပုဂံမှာ မြင်းလှည်းမောင်းနေတဲ့ ဝတ်မှုံရွှေရည်" ...
အလွမ်းမင်းသားလေး | 00:45 |
အနုပညာသတင်း

ပုဂံမှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ဗီဒီယို
ဇာတ်ကား၂ကားမှာ မြင်းလှည်းမောင်း တဲ့ ကောင်မလေး တစ်ယောက်ပုံစံနဲ့
ယွန်းထည်ဆိုင်က ကောင်မလေး တစ်ယောက် အဖြစ် သရုပ်ဆောင်ရတဲ့ ဝတ်မှုံရွှေရည်က
ရိုက်ကူးခဲ့တဲ့ ၂ကားစလု
ံးကို ရိုက်ချင်တဲ့
ဇာတ် ဖြစ်သလို၊ ခရီးထွက်ရတဲ့ အတွက် ပျော်ခဲ့ရ တယ်လို့ ဆိုပါတယ်။
မြင်းစီးရင်း မြင်းပေါ် က ပြုတ်ကျတတ်သလို၊ မြင်းနဲ့ အကျိုးမပေးပေမယ့်
ဒီတစ်ခေါက်မှာတော့ အဆင်ပြေခဲ့တယ်လို့ ဆို တာကြောင့်..
”ခရီးသွားရရင် ကစ်က တအားပျော်တယ်လေ။ အခု ခရီးထွက်ရင်း အလုပ် လုပ်ရတာပျော်တယ်။ ပင်ပန်းတာတော့ ပင်ပန်းတယ်။ အမှတ်တရ ကတော့ မြင်းလှည်း မောင်းတတ်သွားတယ်။ အဆင်ပြေခဲ့တယ်။ ဇာတ်ကလည်း ကစ် တအား ကြိုက်တဲ့ကား ဆိုတော့ အားရတယ်။ အညာသူတစ် ယောက်ပုံစံ ဆိုတော့ ချည်ထည်တွေချည်းပဲ ဝတ်ရတယ်။ ဒီကားတွေကို ပရိသတ်တွေ လည်း ကြိုက်မှာ ပါ။ နေရာလည်း စုံတယ်။ နယ်မှာ ရိုက်တာက ပင်ပန်းတယ်။ မနက်အစောကြီးထပြီး ရာသီ ဥတု အခက်အခဲရှိရင်တောင် အားစိုက် ပြီးလုပ် ရတယ်။ ဒီလို အကုန်လုံး အပင် ပန်းခံရိုက် ထားတဲ့အတွက် ပရိသတ်ကြည့်ရ ကျိုးနပ်မှာပါ” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးရင်း ပုဂံမှာ ဘုရားတွေ လည်း ဖူးခဲ့ပြီး အချိန် သတ်သတ်မရတဲ့ အတွက် သေချာ တော့ မသွားဖြစ် ခဲ့ဘူးလို့ ဆိုပါ တယ်။ ပုဂံမှာ ဇာတ်ကားရိုက်ကူးမှု ပြီးတဲ့နောက်ဆုံးနေ့ကိုတော့ ပုပ္ပား ကို အကုန်လုံးသွားခဲ့ကြတယ် လို့လည်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်
”ခရီးသွားရရင် ကစ်က တအားပျော်တယ်လေ။ အခု ခရီးထွက်ရင်း အလုပ် လုပ်ရတာပျော်တယ်။ ပင်ပန်းတာတော့ ပင်ပန်းတယ်။ အမှတ်တရ ကတော့ မြင်းလှည်း မောင်းတတ်သွားတယ်။ အဆင်ပြေခဲ့တယ်။ ဇာတ်ကလည်း ကစ် တအား ကြိုက်တဲ့ကား ဆိုတော့ အားရတယ်။ အညာသူတစ် ယောက်ပုံစံ ဆိုတော့ ချည်ထည်တွေချည်းပဲ ဝတ်ရတယ်။ ဒီကားတွေကို ပရိသတ်တွေ လည်း ကြိုက်မှာ ပါ။ နေရာလည်း စုံတယ်။ နယ်မှာ ရိုက်တာက ပင်ပန်းတယ်။ မနက်အစောကြီးထပြီး ရာသီ ဥတု အခက်အခဲရှိရင်တောင် အားစိုက် ပြီးလုပ် ရတယ်။ ဒီလို အကုန်လုံး အပင် ပန်းခံရိုက် ထားတဲ့အတွက် ပရိသတ်ကြည့်ရ ကျိုးနပ်မှာပါ” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးရင်း ပုဂံမှာ ဘုရားတွေ လည်း ဖူးခဲ့ပြီး အချိန် သတ်သတ်မရတဲ့ အတွက် သေချာ တော့ မသွားဖြစ် ခဲ့ဘူးလို့ ဆိုပါ တယ်။ ပုဂံမှာ ဇာတ်ကားရိုက်ကူးမှု ပြီးတဲ့နောက်ဆုံးနေ့ကိုတော့ ပုပ္ပား ကို အကုန်လုံးသွားခဲ့ကြတယ် လို့လည်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်
popular journal
ဒုတိယအခွေထွက်ပြီးတာနဲ့ Entertainment Production ကုမ္ပဏီ ထူထောင် ဖို့ရှိကြောင်း အဆိုတော် ကောင်းမြတ်ပြော ..
အလွမ်းမင်းသားလေး | 00:38 |
အနုပညာသတင်း

အဆိုတော်ကောင်းမြတ်က သူ့ရဲ့ဒုတိယ တစ်ကိုယ်တော်ခွေကို ၂ဝ၁၃နှစ်ဆန်း ပိုင်းမှာ ထွက်ဖို့ရှိကြောင်းပြောပါတယ်။ ဒု တိယတစ်ကိုယ်တော်ခွေဖြစ်တဲ့ “အချစ်ရှိရာ အရပ်သို့ မျက်နှာမူ၍ ” အခွေထဲက သီချင်းကို ပရိသတ်တွေ ပျော်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ စိတ်ညစ်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် နားထောင်ရင် အနီးစပ်ဆုံး အဖော် တစ်ယောက် အဖြစ်ရှိ နေ လိမ့်မယ်လို့ ယုံကြည်ထားတဲ့ အဆိုတော် ကောင်းမြတ်ကို သူ့ရဲ့ဒုတိယတစ်ကိုယ်တော် အခွေနဲ့ပတ်သက်ပြီးမေးကြည့်တော့.. “ကျွန်တော့် အခွေက တီးတာတွေ လည်း ပြီးပြီ။ ကျွန်တော်ဆိုရမယ့် Recording အပိုင်းပဲကျန်တော့တယ်။ ကျွန်တော့် အခွေ ထဲမှာတော့ သူငယ်ချင်းတွေဖြစ်တဲ့ စိုင်းစိုင်း ၊ဂျွန်၊ ပဟေဠိ နန်းတော်က ကိုမောင်မောင်အေး၊ Nကိုင်ရာတို့အပြင် ကျန်တဲ့အနုပညာရှင် တွေလည်း
Xilisoft Photo Slide Show Maker v1.0.2 ...
အလွမ်းမင်းသားလေး | 00:34 |
ပိုတိုရှော့

ဒီကောင်လေးကတော့
မိမိတို့ရဲ့ ဓါတ်ပုံတွေကို Slide Show လေးတွေပြုလုပ်ရတာ လွယ်ကူပါတယ်..။
Slide Show ရဲ့ နောက်ခံမှာ သီချင်းလေးပါ ထည့်ပြီး Save လုပ်လို့ရပါတယ်..
Video ဖိုင်ဖေါ်မတ်.. Youtube ကိုတင်မယ့်ဖိုင်ဖေါ် မတ်တွေအပြင် တခြား
ဖေါ်မတ်အတော်များများကို စပို့လုပ်ပေးပါတယ်..။ သူ့အတွက် Keygen
လေးပါထည့်ပေးထားပါတယ်..။ ဒါပေမယ့် ဒီကောင်လေးရဲ့ Keygen လေးကတော့ မသိသေးတဲ့
သူများအတွက် လုပ်ရခက်ပါတယ်...။ တခြား Keygen တွေနဲ့ မတူလို့ပါ..။
ဒါကြောင့်မို့ အောက်မှာပုံလေးတွေနဲ့ Keygen လေးကို အသုံးပြုပြီး Full
ဖြစ်အောင်လုပ်ပြထားပါတယ်..။ လိုအပ်တဲ့
သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့
38.3 MB
ဒီဆော့ဝဲလ်ကို မိမိတို့စက်ထဲ
Install ဆွဲထည့်ပြီးတာနဲ့ ဖွင့်လိုက်ပါ.. သူ့ထဲမှာပါတဲ့ Keygen လေးကိုပါ
ဖွင့်ပါ..။ အောက်ကပုံအတိုင်း Keygen ရဲ့
A နေရာကို နှိပ်လိုက်ရင် ဘောက်စ်တခုပေါ်လာပြီး
တစ်နေ့ တာ..
အလွမ်းမင်းသားလေး | 00:26 |
ကဗျာ

မနက်စောစောထတယ်
အေးမြတဲ့ရေကိုထိတွေ့ ရင်း ၃၁ ဘုံ မေတ္တာပို့ တယ်
မင်းလည်း ကျန်းမာချမ်းသာပါစေ
လွမ်းရတာ ပျော်စရာမကောင်းတဲ့ ငါ့အတွက်
ဒီနေ့  ငါမင်းကို မလွမ်းဘူး။
မင်းနဲ့ အတူ ထိုင်ဖူးတဲ့ ဆိုင်မှာထိုင်ရင်း
လန်ဒန်စီးကရက်တစ်ပွဲကို ကြည့်ရင်း
ငါမင်းကို မလွမ်းဘူး။
ဒီနေ့  သူယ်ချင်းတွေနဲ့  တွေ့ ရင်း
စကားကို တောင်စဉ်ရေမရ ပြောရင်း
ရယ်စရာလားလို့  မမေးဘဲ ငါရယ်ရင်း
ငါမင်းကို မလွမ်းဘူး။
ငါနားမလည်တဲ့ ဘာသာစကားများကို ဘာသာပြန်ရင်း
ရင့်သီးလာတဲ့အလွမ်းများကို ဥပက္ခာပြုရင်း
ငါ တစ်ခုပြောမယ်
ဒီနေ့  ငါမင်းကို မလွမ်းဘူး။
နံပါတ်တစ်ခု အမည်ခံထားတဲ့  ဖုန်းကိုခေါ်ရင်း
ဘာမှန်းမသိတဲ့အရာတွေနဲ့  ရှုပ်နေတဲ့
ငါ့စိတ်ကိုအလုပ်ပေးရင်း
ဒီနေ့  ငါမင်းကို မလွမ်းဘူး။
မလွမ်းဘူး မလွမ်းဘူး အခါခါရွတ်ဆိုရင်း
တိတ်ဆိတ်နေသော အရာအားလုံးနှင့် ဆန့် ကျင်စွာ
မင်းကိုတမ်းတနေတဲ့ ငါ့နှလူံးသားကို တံခါးပိတ်ရင်း
ဒီနေ့  ငါစောစောအိပ်တယ်။ ။
သက်ငြိမ်နှင်း
Thursday, 25 October 2012
ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင် ...
အလွမ်းမင်းသားလေး | 09:12 |
သတင်း


Wednesday, 24 October 2012
“ထာဝရ ခိုင်”...
အလွမ်းမင်းသားလေး | 07:14 |
ကဗျာ

သူမသိပေမယ့်...................
ရင်ခွင်မှာ ဝေဒနာမီးတွေက
မရွှင်သာ တသွင်သွင်စီးပါလို့
ချစ်ရသူ ဒီမောင် မှာတော့
ရှုးရပေါ့ ......ခိုင်...........။
..............................
နွမ်းရိခွေယိုင်.......
စိတ်ဓာတ်တွေ မခိုင်ချင်တော့ပါဘူး
အိပ်စက်လျှင် မေ့တန်ကောင်းပါရဲ့
အဖြည့်ခံ နှလုံးသားရယ်က
အမုန်းစကား မလိုချင်
ငြိုငြင်လိုက ငြိုငြင်လိုက်
ခိုင့် အကြိုက် ခိုင့်သဘော
ခိုင် မနောတွေ့မယ် ဆိုရင်
တောမွေ့ ယာလည်း ပျော်မယ် ခိုင်......။
..............................
အခုတော့ ..........ခိုင်ရယ်
နှစ်တစ်ရာ တိုင်တိုင်
ချစ်သဒ္ဒါတွေ ခိုင်မြဲ ချင်ပေမယ့်
ဆွေးရက်ရှည် အနန္တအတွက်
ကျေးငှက်တွေ သီဆိုနေပြီမို့
ငိုချင်တောင် မျက်ရည်ထိန်းပါ့မယ်...........။
စိမ်းလိုက်ပေါ့................
ရဝေသစ်(မြတမာ)
ဓါတ်ပုံတွေကို ပြင်ဆင်ချင်တဲ့သူများအတွက် Photoscape Software ...
အလွမ်းမင်းသားလေး | 07:12 |
ပိုတိုရှော့

ဒီကောင်လေးကတော့ မိမိတို့ရဲ့
ဓါတ်ပုံတွေကို ပြင်ဆင်တဲ့နေရာမှာ အသုံးဝင်ပါတယ်.. ဓါတ်ပုံတွေနဲ့ ပါတ်သက်တဲ့
လုပ်နည်းကိုင်နည်းလေးတွေနဲ့ ဆော့ဝဲလ်လေးတွေပါ တခါတည်းတင်ထားပေးချင်တာနဲ့
ဒီဆော့ဝဲလ်လေးကို သုံးနည်းလေးပါ အောက်မှာပုံလေးတွေနဲ့
အနည်းငယ်ရှင်းပြပေးလိုက်ပါတယ်..။ Screen Capture
ဖမ်းချင်တဲ့သူများအတွက်လည်း ဒီကောင်လေးက အဆင်ပြေပါတယ်..။ free software
လေးပါ..။ ဘာကီးမှ မလိုပါဘူး..။ မိမိတို့ရဲ့စက်ထဲကို Install ဆွဲထည့်ပြီး
တာနဲ့ သုံးလို့ရပါပြီ... ဖိုင်ဆိုဒ်ကတော့ 16.36 MB ရှိပါတယ်..။
လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ယူသွားလိုက်ပါဗျာ..
ဒီအောက်ကပုံကတော့ မိမိတို့ထည့်ချင်တဲ့ ပုံတွေကို စာရွက်တရွက်ထဲမှာ စုပေါင်းပြီးထည့်လို့ ရပါတယ်..။
အောက်ဆုံးပုံကတော့ Screen Capture ဖမ်းနည်းလေးပါ..
ဒီလောက်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို သုံးတတ်လိမ့်မယ်လို့ ထင်ပါတယ်..။ အားလုံးပဲအဆင်ပြေပါစေဗျာ...
လွင်မင်းဗိုလ်(နည်းပညာ)
ဒါအချစ်လား...
အလွမ်းမင်းသားလေး | 07:04 |
ကဗျာ

ဒါ.......အချစ်လား
ငါ့နှလုံးသားကို ပူဇော်ဖို့
ပလ္လင်တော်အတွက် နက္ခတ်ကောင်းစောင့်စရာ
မလိုပါဘူးကွယ်.................
..............................
ငယ်ငယ်ကတည်းက အစိမ်းရောင်ကြိုက်တဲ့ဒဏ်က
ခုထိသစ်စိမ်းချိုး အကျိုးပေးဆဲ
အချစ်ဆိုတာကလည်း...............
မျက်နှာကြီးလက်နဲ့ကော်မှ
စားပွဲပေါ်ရောတ်တဲ့ ဟင်းတစ်မျိုးပါပဲလား
အမာရွပ် အထပ်ထပ်ကြား ဒီတရားငါတွေ့ခဲ့
ဘယ်လောက်ခက်တဲ့ တံခါးဖြစ် ဖြစ်
ဂဏန်းကြီး ကြီးနဲ့ခေါတ်ရင်
ဒေါက်ကနဲ ပွင့်တယ်............။
..............................
ဘယ်လောက်မာတဲ့ အသည်းဖြစ်ဖြစ်
ဆင်ဖြူတော်များများနဲ့ ဆွဲရင်
ဗိုင်းကနဲ လဲတယ်
ဒုတိယဘုရားသခင်က
အဲလောက်တံခိုးထွားရဲ့
ငါက
မေတ္တာရဲ့ အလျား အနံကို တိုင်းတာတုန်း
အချစ်က.......................
အသွားရော အပြန်ပါ
ပါဂျဲရိုးသုံးနေပြီ............
..............................
ဟေ့..........ချစ်ဆူးငယ်
မလုပ်နဲ့
နှလုံးသားကို ကြိုးဆွဲချဖို့ မကြိုးစားနဲ့လာ
အစာအိပ်ကိုချောင်ရိုက်ဖို့ပဲ တို့ပြင်ကြမယ်....။
ရဝေသစ်( မြတမာ )
Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်...
အလွမ်းမင်းသားလေး | 07:02 |
ပိုတိုရှော့

ဒီဆော့ဝဲလ်လေးကတော့
မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။
ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ အောက်မှာတော့
ကျနော်ပုံလေးတွေ အစမ်းထည့်ပြထားပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။
ကျန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က CBox မှာအစ်ကိုတစ်ယောက်တောင်းထားလို့
လိုက်ရှာရင်းနဲ့ နောက်ထပ်လိုချင်တဲ့သူများလည်း သုံးလို့ရအောင်
တင်ပေးလိုက်ပါတယ်..။ အစောပိုင်း ရက်တွေကတည်းက တင်ပေးဖို့ပါပဲ.. သူ့ရဲ့
စီရီရယ်ကီးကို လိုက်ရှာရင်းနဲ့ ကြာသွားပါတယ်..။ ဒီနေ့တော့ သူ့ကီးလေး
အမှန်ရသွားပါပြီ..။ ဒါကြောင့် ကီးထည့်ပုံလေးကိုလည်း ပုံလေးတွေနဲ့
ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။
လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ
ဒေါင်းလော့ချသွားလိုက်ပါဗျာ..
ဒေါင်းလော့ချလို့ ရလာတဲ့ဆော့ဝဲလ်ကို အင်စတောလ်ဆွဲထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..
Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ ..
အလွမ်းမင်းသားလေး | 06:58 |
နည်းပညာ

သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ
Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။
အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့
ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။
မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။
သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။
သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့
ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ...
နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ
ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-
အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဓာတ်ပုံနဲ့ ပြက္ခဒိန်လှလှလေးတွေလုပ်ချင်ရင်...
အလွမ်းမင်းသားလေး | 06:32 |
ပိုတိုရှော့

လုပ်ပုံလုပ်နည်းကတော့လွယ်လွယ်လေးပါ
(၁) ဒေါင်းလုပ်ယူပြီးသားဆော့ဝဲကိုဖွင့်လိုက်ပါပထမဆုံးပေါ်လာသော
အကွက်တွင်Craete a New Collage Projet ကိုနှိပ်လိုက်ပါ။
(၂)လိုချင်သောဒီဇိုင်းကိုယူ၍Ok လုပ်ပါ(နမူနာအဖြစ်ပြက္ခဒိန်လုပ်မှာ
ဖြစ်လို့ Calendar ဒီဇိုင်းကိုဆက်ရွေးပါ
(၃) ပုံထည့်ရန်နေရာတွင် မောက်ကို2ချက်ဆက်တိုက်နှိပ်ပြီးပုံထည့်ပါ
လိုအပ်သလိုပုံပေါ်တွင်ပေါ်လာသော+ကိုနှိပ်၍ပြင်ပါ ပြက္ခဒိန်မှာ
2009ဖြစ်ပေါ်နေမည်ပြောင်းရန်အတွက်ပြက္ခဒိန်ပေါ်တွင်Right
Click ထောက်၍Edit Calendar ကိုနှိပ်ပါ ပေါ်လာသောအကွက်
တွင်2011ထားလိုက်ပါပြီးလျှင်စိတ်တိုင်းကျဆက်လက်ပြင်ဆင်ပြီး
Save ပါ
ဒီဇိုင်းတွေလည်းမဆိုးဘူးလုပ်ရတာလည်းလွယ်ပါတယ်သူငယ်ချင်းတွေ
အားလုံးကြိုက်မယ်လို့ ထင်ပါတယ်ဓာတ်ပုံဆိုင်တွေမှာသွားလုပ်ရင်ပိုက်
ဆံကုန်ပါတယ်ကိုယ့်ဒီဇိုင်းနဲ့ ကိုလုပ်ပြီးထုတ်ရင်ကူးခပဲပေးရတာပေါ့ချစ်
သူကောင်မလေးရှိတဲ့သူတွေကတော့အဆင်ပြေတာပေါ့ကောင်မလေး
လုပ်ပေးဖို့ Portable လေးဆိုတော့အင်စတောလုပ်စရာမလိုဘူး
MemorySitck ထဲထည့်ထားပြီးဘယ်ကွန်ပျုတာမှာသွားလုပ်လုပ်အဆင်
ပြေနိုင်ပါတယ်စမ်းကြည့်ပြီးမှပေးတာနော်နမူနာပါလုပ်ပြလိုက်တယ်…
တေတွားမယ်..ကောင်မလေးကြိတ်ချိုးနေပြီ..ဗျို့ 
ဆော့ဝဲကိုဒီမှာDownloadယူပါ Photo Frame Maker portable
မြန်မာပြည်ကလူကဒီလင့်ကယူ Photo Frame Maker Portableမောင်(စွယ်စုံကျမ်း)
Tuesday, 23 October 2012
တချိန်မှာ...
အလွမ်းမင်းသားလေး | 06:24 |
ကဗျာ

တချိန်မှာခံစားရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ခံစားချက်တွေကိုလျော့ချပစ်ရမယ်တဲ့
တချိန်မှာ နာကျင်ရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ခံစားချက်တွေကိုလျော့ချပစ်ရမယ်တ
တချိန်မှာ နာကျင်ရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
မေ့ပစ်လိုက်ကြရမယ်တဲ့
တချိန်မှာ ဖြတ်တောက်ခက်ရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
သံယောဇဉ်တွေလျော့ချပစ်ရမယ်တဲ့
တချိန်မှာ မဖြစ်သင့်တဲ့မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ဖြစ်သင့်တာတွေကိုဦးစားပေးရမယ်တဲ့
ကောင်မလေးရေ
တချိန်မှာဖြစ်မယ်ဆိုတာ
မသေချာပါဘူး
ဒီနေ့မင်းစကားပြောနေတဲ့ငါဟာ
မနက်ဖြန်
မင်းစကားပြောခွင့်ရချင်မှရမှာပါ
ဒီနေ့မင်းအသံကြားနိုင်တဲ့ငါဟာ
မနက်ဖြန်
မင်းအသံကြားနိုင်ချင်မှကြားနိုင်မှာပါ
အနာဂါတ်ကိုတွေးပူတာကောင်းပါတယ်
ဒါပေမဲ့
မင်းတွေးပူတဲ့ အနာဂါတ်မှာ
ကိုယ်ဆိုတာရှိချင်မှရှိမှာလေ
တခါတလေကျတော့
ဖြစ်မလာသေးတဲ့အနာဂါတ်ကို
တွေးပူနေမဲ့အစား
ပစ္စုပ္ပန်လေးကိုပဲ
မင်းကို မြတ် နိုး စေချင်ပါတယ်
ဘာလို့လဲဆိုတော့
မနက်ဖြန်မှာ
ကိုယ်အသက်ရှင်ဖို့ဆိုတာသေမှမသေချာပဲ ။ ။
ကောင်ကလေး
မေ့ပစ်လိုက်ကြရမယ်တဲ့
တချိန်မှာ ဖြတ်တောက်ခက်ရမယ်မှန်းသိတဲ့အတွက
လက်ရှိအချိန်မှာ
သံယောဇဉ်တွေလျော့ချပစ်ရမယ်တဲ့
တချိန်မှာ မဖြစ်သင့်တဲ့မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ဖြစ်သင့်တာတွေကိုဦးစားပေးရမယ်တ
ကောင်မလေးရေ
တချိန်မှာဖြစ်မယ်ဆိုတာ
မသေချာပါဘူး
ဒီနေ့မင်းစကားပြောနေတဲ့ငါဟာ
မနက်ဖြန်
မင်းစကားပြောခွင့်ရချင်မှရမှာပါ
ဒီနေ့မင်းအသံကြားနိုင်တဲ့ငါဟာ
မနက်ဖြန်
မင်းအသံကြားနိုင်ချင်မှကြားနိုင
အနာဂါတ်ကိုတွေးပူတာကောင်းပါတယ်
ဒါပေမဲ့
မင်းတွေးပူတဲ့ အနာဂါတ်မှာ
ကိုယ်ဆိုတာရှိချင်မှရှိမှာလေ
တခါတလေကျတော့
ဖြစ်မလာသေးတဲ့အနာဂါတ်ကို
တွေးပူနေမဲ့အစား
ပစ္စုပ္ပန်လေးကိုပဲ
မင်းကို မြတ် နိုး စေချင်ပါတယ်
ဘာလို့လဲဆိုတော့
မနက်ဖြန်မှာ
ကိုယ်အသက်ရှင်ဖို့ဆိုတာသေမှမသေခ
ကောင်ကလေး
ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား
အလွမ်းမင်းသားလေး | 06:14 |
သတင်း


များကို လိုင်းဖြတ်တောက်ရန်နှင့် အရေး
ယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်
သွယ်ရေး စာတိုက်နှင့် ကြေးနန်း
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက
ပြောကြားခဲ့သည်။
အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင်
တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့် ...
အလွမ်းမင်းသားလေး | 06:11 |
သတင်း


လမ်းကြောင်းအားအနည်းငယ်ဖွင့်ပေး
ထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံ
သူနိုင်ငံ သားများ၏လုံခြုံရေးကိုမိမိတို့
ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေး
လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။
တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်
အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူ
များနေခြင်းကြောင့်တရုတ်ပြည်တွင်သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ်
အခြေအနေ...
အလွမ်းမင်းသားလေး | 05:52 |
ဟာသ

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေ
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေ
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာ
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေ
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသား
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..ြ
သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ....
အလွမ်းမင်းသားလေး | 05:25 |
ဟာသ

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။
...
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက
တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen
တက်လာသည်ကို မမြင်နိုင်တော့ပေ။
ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။
ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။
စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင်
ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။
ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။
ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင်
ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။
Monday, 22 October 2012
အထီးကျန်နွေဦး...
အလွမ်းမင်းသားလေး | 08:29 |
ကဗျာ

အရိုးအပြိုင်းပြိုင်းထနေတဲ့
ရွက်ခြောက်တစ်ပင်ရဲ့အောက်မှာ
ငါထိုင်နေတယ်..... ချစ်သူ ......
တစ်ချိန်က အတူထိုင်ခဲ့ဖူးတဲ့ ....
ထိုင်ခုံလေးမှာ ............. အခုတော့
ငါထိုင်နေတယ်..... ချစ်သူ ......
တစ်ချိန်က အတူထိုင်ခဲ့ဖူးတဲ့ ....
ထိုင်ခုံလေးမှာ ............. အခုတော့
ငါတစ်ယောက်တည်းပေါ့
လေအဝှေ့မှာကြွေလွင့်သွားရှာတဲ့
လေအဝှေ့မှာကြွေလွင့်သွားရှာတဲ့
သစ်ရွက်လေး........
မြေခခဲ့တာကို ငေးကြည့်ရင်း..........
ငါ.....မင်းအတွက် မျက်ရည်တွေ..........
ငါ.....မင်းအတွက် မျက်ရည်တွေ..........
မြေခခဲ့ဖူးတာကို ပြန်သတိရတယ်.....ချစ်သူ.......
ဝေေ၀ဖြိုး (မြိတ်)
ဝေေ၀ဖြိုး (မြိတ်)
“လွမ်းကြိုးရှိုက်သံ”...
အလွမ်းမင်းသားလေး | 08:27 |
ကဗျာ

ကောင်မလေး…
ငါအရမ်းလွမ်းနေတာ သိလား
ငါ့ရင်ဘတ်နားကပ် နားထောင်ကြည့်ရင်
သဲ့သဲ့လေးကြားရလိမ့်မယ်
အဲဒါ…လွမ်းကြိုးရှိုက်သံလေ
ညညဆို နင့်အတွက် ဖွဲ့နွဲ့ဖူးတဲ့ကဗျာတွေ
တစ်ခါပြန်ဖတ်တိုင်း မျက်ဝန်းမှာ မိုးတွေညိုတယ်
မိုးရေစိုစိုနဲ့ ထိုင်ခဲ့ဖူးတဲ့
ကမ်းနဖူးပေါ်က အလင်းတိုင်ထိုင်ခုံလေးရယ်
လွမ်းမိတိုင်း သတိရတယ်
အဲဒီမှာ…မှာတမ်းတွေ ချွေခဲ့ဖူးတယ်လေ…
နင် ထွက်သွားရာ ရက်ကတည်းက
ငါ့တစ်နေ့တာရစ်သမ် ယွင်းပျက်ခဲ့တယ်
မနက်မနက်ဆို အသံစာစာနဲ့
လင်းတတ်တဲ့ လမင်းငယ်
မမြင်ရတာ ကြာလှပေါ့…
နေညိုရင်လည်း အရင်လို
ငါ…ကော်ဖီမသောက်တော့
အလွမ်းတွေကို ပလိန်းကြီးမော့သောက်
စိတ်တွေတောင် ခါးတောက်ကုန်ပေါ့…
ခုလည်း…အတွေးထဲ နင်စိုးနေလို့
အိပ်ရာပေါ်မှာလူးလိမ့်
လွမ်းစိတ်လေး ဖြေသိမ့်တုန်း
ခြင်ထောင်အမိုးကကြိုးစလေး
ငါ့ပါးပေါ် ဖြာအကျမှာ နင့်ဆံပင်အမှတ်နဲ့
ယောင်နမ်းမိသေးတယ်…ကောင်မလေးရယ်…
နင်ဆို…ဟိုးးးးးးးး အဝေးမှာ
တိုးတိုးလေး ငိုနေမလား……
တိတ်တိတ်လေး ရှိုက်နေမလား……
ငါ့ရင်လွမ်းကြိုးရှိုက်သံတွေကြားရင်သာ
နင် မြန်မြန်လေးပြန်ခဲ့ပါ
ငါ…ရင်ဖွင့်လို့ ပြုံးပြုံးလေး ကြိုနေမယ်နော်……။
♥ မိုးဇက်ဒီမွန်း ♥
G mail လုံခြုံဖို့ နည်းလမ်းလေးတွေ...
အလွမ်းမင်းသားလေး | 08:07 |
နည်းပညာ

ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့်
တစ်ခုလုံခြုံဖို့မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ
နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊ G mail အဟတ်မခံ
ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…
1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ
G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ
စစ်ပါ။ အကြောင်းကတော့ G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage
ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေလို့ပါပဲ။ အဆိုးဆုံး
အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts
တစ်ချို့နဲ့ များစွာသော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့
Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။ ကျွန်တော် တို့တွေ အဲလို
ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name
နဲ့ အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File
Transfer Protocol) location တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား
URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင် www.gmail.com
လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။


2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ
Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့
Computer Program တစ်ခု
လမ်းဘေးဆိုင် အချဉ်ရည် အန္တရာယ်မကင်း ...
အလွမ်းမင်းသားလေး | 07:48 |
ဗဟုသုတ

![]() |
ဝက်သား တုတ်ထိုး ဆိုင်မှာ မြင်တွေ့ရသော အချဉ်ရည် ဗူးများ |
အဲဒီလို တွေ့ရှိခဲ့တာကြောင့် စားသုံးသူ ကာကွယ်ပေးရေး အသင်းကနေ လူထု ပညာပေးမှုတွေ ကို ပြည်သူလူထု အတွက် ထိရောက်စွာ ပညာပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး နောက်ပိုင်း မှာ ထုတ်လုပ်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပါဝင်လှုပ်ရှားသူတွေက ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။
အစားသောက်နဲ့ ဆေးဝါးထုတ်လုပ်သူတွေ၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ် သူတွေက ပြီးခဲ့တဲ့ သြဂုတ်၁၆ ရက်နေ့က ပြည်တွင်း စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဒီအသင်းကို ဖွဲ့စည်း ခဲ့တာပါ။
စားသုံးသူ ကာကွယ်ပေးရေးအသင်းကနေ စားသုံးသူတွေအတွက် အစားအစာတွေကို ဦးစွာ စစ်ဆေး မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အစားအသောက်လုပ်ငန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ အသင်းရဲ့ တာဝန်ရှိသူ တွေက ထုတ်ဖော်ပြောဆိုလာပါတယ်။
စာသုံးသူ ကာကွယ်ပေးရေးအသင်းရဲ့ပထမလုပ်ဆောင်ချက်အနေနဲ့ အစားအသောက်တွေအပေါ် ဓာတ်ခွဲ ကြည့်တဲ့အခါ ၀က်သားတုတ်ထိုးဆိုင်နဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုနေတဲ့ အချဉ်ရည်အချို့မှာ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အက်စစ်ပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက ဆိုပါတယ်။
ဝက်သားတုတ်ထိုးဆိုင်တွေနဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုတဲ့ အချည်ရည်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲ ကုန်ဆုံးတဲ့ရက်စွဲ ပါဝင်ခြင်းမရှိတဲ့အပြင် ပါဝင်တဲ့ ကုန်ပစည်းတွေဟာ အမျိုးအမည် မသိတာတွေ ဖြစ်နေတယ် လို့ ဦးဗအုပ်ခိုင်က အခုလို ပြောပြခဲ့ပါတယ်။
“ဆာလဖျူရစ်အက်ဆစ်ပါတာ သေချာတယ်ပေါ့။ အချဉ်ရည်တွေဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်...
အလွမ်းမင်းသားလေး | 07:26 |
ကဗျာ

ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေတာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...
ကောင်မလေးရေ....
၂၃ တိမ်းစောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...
ကောင်မလေးရေ....
လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...
မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....
ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ....
လေလွင့်လူ(ကမာမြေ)
Sunday, 21 October 2012
ကွန်ပျူတာ ဟာသ...
အလွမ်းမင်းသားလေး | 07:21 |
ဟာသ

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသ
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက
တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen
တက်လာသည်ကို မမြင်နိုင်တော့ပေ။
ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။
ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။
စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင်
ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။
CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။
ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။
အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)
ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။
အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။
အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။
ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။
ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။
ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင်
CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။
ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။
အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ
ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။
အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။
အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း
ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။
facebook မှ ကူးယူသည်
Photoshop သမားတွေအတွက် ဆော့ဝဲမလိုပဲ ဖလမ်းဖလမ်းလုပ်ရပီ....
အလွမ်းမင်းသားလေး | 07:10 |
ပိုတိုရှော့

နမူနာ ဒီဇိုင်းတွေအများကြီးပါ 10မျက်နှာကျော်ပါတယ် တစ်ခုပီးတစ်ခုကြည့်ပါ |
ဓာတ်ပုံပြင်တာ ဒီဇိုင်းလုပ်တာ ၀ါသနာပါသူများအတွက် အင်တာနက်မှာ ပြင်နိုင်တဲ့
လင့်လေးတစ်ခု တွေ့ ပါတယ် ။ အဲ့မှာ ဒီဇိုင်းအမျိုးမျိုး ၊ဘောင်အမျိုးမျိုး။ကာလာအစုံ
ခဲချစ်ပန်းချီ ဟာသ ပုံလေးတွေ အများကြီးပြင်လို့ ရပါတယ် အကောင့်လည်းမလိုပါ
ဒီတိုင်ဝင်ပြင်ယုံပဲ ။ လိုချင်တဲ့ဒီဇိုင်းရွေး ပုံထည့် ဒေါင်းလုပ်ယူ အားလုံးရှင်းနေတာပဲ
ဆော့ဝဲထက်ကောင်းတယ်လို့ ဆိုချင်ပါတယ် ။ နမူနာပုံတွေ တင်ပေးလိုက်ပါတယ်
ကလိတာဝါသနာပါသူများ ကလိနိုင်ပါစေချင်းအကျိုငှာ..မျှဝေလိုက်ပါ၏.............။
ဒီလင့်က ဒီဇိုင်းတွေနဲ့ လုပ်ဖို့ - http://www.photofacefun.com/1
ဒီလင့်က ဘောင်လှလှလေးလုပ်ဖို့ - http://www.photofacefun.com/2
မောင်(စွယ်စုံကျမ်း)
Subscribe to:
Posts (Atom)