အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 27 October 2012

၂၀၁၃ တွင် မြို့နယ် ၂၀ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရမည်..

အလွမ်းမင်းသားလေး | 02:27 | Best Blogger Tips
၂၀၁၃ တွင် မြို့နယ် ၂၀ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရမည်
ရန်ကုန်၊အောက်တိုဘာ-၂၇

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည့် မြို့နယ်များမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် မြ၀တီမြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့၊ မိုးကုတ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မော်လမြိုင်မြို့၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ တာချီလိတ်မြို့၊ မူဆယ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် ငပုတောမြို့တို့ဖြစ်သည်။
7 Day News

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ