အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 27 October 2012

လေးယဉ်ပေါ်က ခရီးသည်များ ကျေးဇူးပြု ပြီးနားစဉ်ပါ ခင်ဗျာ...

အလွမ်းမင်းသားလေး | 01:19 | Best Blogger Tips



မင်္ဂလာ မနက်ခင်းပါခင်ဗျာ ထိုင်နေသောခရီးသည်များနှင့် မတ်တပ်စီးနင်း လိုက်ပါလာသော ခရီးသည်များကိုနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး  ဖြစ်ပါတယ်။ လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်မတ်တပ်ရပ်သူများ သေချာ မတ်တပ်ရပ် ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ကျွန်နော်တို့လေကြောင်းလိုင်းဟာခရီးစဉ်ချိန်၎ရက်
 နောက်ကျသွားခြင်းကြောင့်ဝမ်းနည်းပါတယ်။ရာသီဥတုမကောင်းတာကြောင့် ဖြစ်ပါတယ်။
ကျွန်တော်တို့Fligh747 လေယဉ်ကြီးပျံသန်း နေခြင်းဖြစ်ပါတယ်။

 လေယာဉ် ဘယ်နားရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ တစ်နေရာရာမှာရပ်နားမှာတော့

 ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာဆင်းသက်သွားနိုင်ပါတယ်။

ကျွန်တော်တို့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက် သူတွေတောင် ကြောက်ပြီးမစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည်
၃၀%ဟာ သူတို့ သွားလိုတဲ့ ခရီးကိုဒီလေကြောင်း ပို့ဆောင်မှုကြောင့်ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ ဘုရားရှိလား မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။

ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့အမြင့်ချိန်တူ ဘေး မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate
Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေလှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တောတို့ တပ်ဆင်ထားတဲ့အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။

ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ
လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအောင် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီး
ပြန်သန်းနေပါတယ် မြေလွှာနဲ့သိပ်ကပ်သွားတယ်ဆိုရင်လဲအကြောင်းကြားပေး စေချင်ပါတယ်

။ကျွန်တော်တို့ လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့် ခါးပတ် ရှာမရသူများ ကိုယ်ပါလာတဲ့လက်ကိုင်အထုတ်တွေထဲးကအ၀တ်စားတွေနဲချီထားကြပါရန် ကိုယ့်ခါးမှာ ပါလာတဲ့ခါးပတ်ကိုထိုင်ခုံနှင့်လဲးချီထားလို့ရပါတယ်ထိုင်ခုံမရှိသောခရီးသည်များဘယ်လိုခါးပတ်ပတ်ရမည်မသိပါက၊
ကျွန်တော်တို့ရဲ့ လေယဉ်မယ်များကိုအကူအညီ တောင်းနိုင်ပါတယ်။


ကျွန်တော်တို့လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ၀ယ်ယူနိုင်ရန် အင်တာနက်မှ
တဆင့် ရောင်းချပေးနေပါတယ် မီးပျက်တာရယ်၊ အင်တာနက် ဆာဗာ များ လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့် လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန်ပန်ကြားအပ်ပါတယ်။နောင်လိုက်ပါစီးနင်မယ်ဆိုရင်လဲး ကြိုတင်စရင်းပေးသွင်းနိုင်ပါပြီ လက်မှတ်များ အခက်အခဲရှိပါကလဲး မှောင်ခိုဈေးကိုကွက်ကို လေယဉ်ပေါ်ကမဆင်းမှီစုံစမ်းသွားနိုင်ပါသည် ။
              
ဟုပ်ကဲ့အထူး ကျေးဇူးအထူးတင်ရှိပါတယ် ။

ဦးဇော်(သိသမျှ)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ