အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 7 February 2013

***လွမ်းမာယာကို ဦးညွတ်ခြင်း***

အလွမ်းမင်းသားလေး | 07:57 | Best Blogger Tips




ဆောင်းတစ်ညရဲ့မာယာအောက်
ပင့်သက်တွေ အကြိမ်ကြိမ်ကခုန်နေတုန်း။

တောင်ပံကျိုးငှက်တစ်ကောင်ဆီ
ပေးအပ်လာတဲ့ ဖေးမခြင်း
နာကျင်ခြင်းမျက်ရည်တွေကို
ကန္တာရလိုခြောက်သွေ့စေတဲ့ လေပြေတစ်ချက်ကြောင့်
အာရုံခြောက်ပါးစလုံး မှောက်မှားစေခဲ့ပြီ။

မိန့်ခြွေစကား ကင်းကင်းနဲ့
သက်ပြင်းတစ်ချို့ရဲ့ နေညိုချိန်
အိပ်မက်ခြင်းတွေနောက်
အနာဂတ်လမ်းေ၀၀ါးမှုကင်းအောင်
ရဲရင့်ခြင်းတွေ အုတ်မြစ်ချပေးခဲ့တယ်။

ယုံကြည်မှု တည်ဆောက်တုန်း
မုန်တိုင်းမွှေနှောက်
နှောင်ကြိုးတွေပြတ်တောက်
ကြည်နူးခြင်းကမ်းပါး ပြိုပျက်ကျလေရဲ့။

နိဂုံးကျမှ မှော်ဆရာရဲ့
တေးသွားအောက်လူးလွန့်ရင်း
အလွမ်း အက္ခရာလေး
တံဆိပ်လာခတ်တယ်။

မျက်ရည်ပင်လယ်မှာ
ပျောက်ရှနေတဲ့ နှလုံးသားခေါ်သံ
ပြတ်တောက်ခြင်း ရာဇ၀တ်ကောင်က
ကြမ္မာကို ရိုကျိုးခြင်းတွေနဲ့။

လေပြေကို မနမ်းရှိုက်ခဲ့ရင်
ငါ့ရင်ထက် ကာရံတွေနဲ့ပြည့်နှက်မှာမဟုတ်ဘူး
ဖမ်းဆုပ်မရတဲ့ လေဟာနယ်ကို
ရမ္မက်ကြိုးနဲ့ သီလိုက်တာ
ပိုင်ဆိုင်ခြင်းတွေ ကွဲအက်ကုန်တော့တယ်။

ဆောင်းညကို အရောင်တင်မလို့
အချိန်ကမဲ့ပြုံးလေးနဲ့ ရာသီကုန်ပြီတဲ့
အတ္တနဲ့လမ်းခင်း အလွမ်းတွေပဲ
အပိုင်စီင်္းလိုက်တယ်။

ရင်ခုန်ခြင်းလေပြေရေ နင်ခြေရာဖျောက်ခဲ့ပေမဲ့
မဆုံးနိုင်တဲ့ ခရီးကြမ်းမှာ
ချော်ရည်ပူလှလှလေးတွေ အငမ်းမရသွန်ချရင်း
လွမ်းမှတ်တိုင်ကို ငါဦးညွတ်နေအုံးမှာပါ။.



လရိပ်လေး

မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့...

အလွမ်းမင်းသားလေး | 07:39 | Best Blogger Tips



ညနေခင်းလေးတစ်ခုမှာ
တွေ့တဲ့ အချစ်တွေရင်ခုန်သွား
မ ရဲ့ မျက်နက်ဝန်းလေးများက
ကျွန်တော့်ကိုရူးအောင်ဖမ်းစား
ဒီစာသားတွေကြားမှာ
ကျွန်တော်က နေသားတကျ
“ မ ” ရဲ့ ပါးပြင်ထက်
ခုန်ဆင်းယစ်မူးမိတယ်

ဆံနွယ်တွေကို အလှဆုံးဝဲခါလို့
အပစ်ကင်းစင်စွာ ပြုံးတိုင်း
ပင်လယ်ကြီးရှုံးတယ်
(အဲဒီအခါများ)
တ၀ုန်းဝုန်း ရိုက်ခတ်တဲ့ ရေလှိုင်းသံတွေ
ကျွန်တော့် နှလုံးသားမှ ပဲ့တင်ထပ်ခဲ့

“ မ ” . . . ခင်ဗျားက သိပ်လှတယ်
ကျွန်တော်က သိပ် အ တယ်
ငေးကြည့်ခွင့်လေးရယုံနဲ့တင်
ကောင်းကင်တစ်ခုလုံးက
ပန်းတွေ ပွင့်ဖူးလင်းလက်နေခဲ့တယ်

ပေးဆပ်ခြင်းသက်သက်နဲ့
ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ပန်းခင်းမှား
မ အတွက် ချစ်ခြင်းရနံ့တွေရှိတယ်
နှင်းဆီတစ်ခက် နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့
မ အတွက်
ရစ်သမ် အသစ်တွေ ပွင့်ဖူးနေတယ်

“ မ ” .... တစ်ဘ၀လုံးစာအတွက်
ရယ်သံအချို့နဲ့ ဆံကေသာထက်က
လင်းလက်နေတဲ့ အသိဥာဏ်အချို့ရယ်
ရေးခဲ့တဲ့ ကဗျာ လှလှ ရယ်
ငေးကြည့်နေခွင့်ရ ချင်သူတစ်ယောက်အတွက်
“ မ ” ရယ်...
အဲဒီအလှတရားတွေအောက်
ကျွန်တော် ခုန်ဆင်းပစ်လိုက်ချင်တယ်

သက်တန့်ချို

ချစ်သူဖတ်ဖို့ ...

အလွမ်းမင်းသားလေး | 06:59 | Best Blogger Tips



 

ချစ်သူဖတ်ဖို့

ချစ်သူ့ထံပါး . . တခမ်းတနား ရေးဖြစ်တဲ့ ကဗျာ
ဝေါဟာရ တွေဟာ ခံစားချက်တွေနဲ့အညီ စီးဆင်းခဲ့
ဘယ္လို သခါၤရတရားကမ်ား . . .
သတိရခြင်းတွေကိုငြိမ်သက်စေလိမ့်မလဲ ။

နင်ရော . . နေမှကောင်းရဲ့လား
သွားရတဲ့ခရီးကရှည် . . လေက ကြမ်း . . လှိုင်းကထန်
ပျံသာပျံပါ . . အချစ်ရယ်
ကောင်းကင်ကကျယ်တယ် . . ။

အိပ်မက်တွေထဲမှာ ခဏခဏလည်းကြယ်တွေကြွေတယ်
ငါလည်း ခဏခဏ ဆုတောင်းခဲ့ရ
ဒီဘ၀ မှာ ချစ်သူအတွက် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ရလို
သူမ . . ဘယ်တော့မှ မငိုပါစေနဲ့ ။

အလွမ်းရယ် မြတ်နိုးခြင်းရယ်
တမေ့တမော သတိရခြင်းတွေ ပေါင်းစုဆုံတဲ့အခါ
ချစ်သူအတွက် ...
အသက်ထက်ဆုံး ဆုတောင်း လို
သူမအတွက် ဘယ်တော့မှ ကောင်းကင်မပြိုပါစေနဲ့ ။

သက်တန့်ချို

Wednesday 6 February 2013

Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ ...

အလွမ်းမင်းသားလေး | 23:34 | Best Blogger Tips



15 Aug 12, 05:37 PM
မိုးဇော်: အစ်ကို ဘလော့ က ၀င်ဒိုး တင်ပုံတင်နည်းကို ကြည့်လုပ်လိုက်လို့ ပြီသွားပါပြီ . ခက်နေတာက driver ထည့်ကြည့်လိုက်တော့ songs ဘောက်က အသံမလာ ခက်တာက အစ်ကို မကူညီဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရတော့ဘူး အစ်ကို
13 Aug 12, 06:17 AM
aphi: driver restore လုပ်နည်းလေးတင်ပေးပါအုံး စောင့်မျှော်နေပါတယ်
high 14 July 2012 23:09
back up တော့လုပ်လို့ရပါတယ်ဗျာ ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့  ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။ 
 

Tuesday 5 February 2013

Crack File , Patch File အသုံးပြုနည်း...

အလွမ်းမင်းသားလေး | 06:33 | Best Blogger Tips



 အရင်ဆုံး Software+Crack +Patch+Keygen.rar( or ) 7z file ထဲက software.exe ကို install လုပ်ပါ။ Desktop ပေါ်မှာသိမ်းရင် အကောင်းဆုံးပါဘဲ။

Crack  File , Patch File အသုံးပြုနည်း

( Crack  File , Patch File တွေကို အသုံးပြုမည်ဆိုရင် မိမိကွန်ပျူတာအတွင်းမှာရှိနေတဲ့ Anti-virusှSoftware ကို Disable ပေးပါ။ မိမိတို့ Crack  File , Patch File အသုံးပြုမည့်  Programs ကို လည်း ပိတ် ထားပါ။


Step | 1 |Install လုပ်ပြီးလို့ ရလာတဲ့ Software Icon ပေါ်မှာ Right Click / Propreties ကို Click ပါ။

Step | 2 |Propreties box ကျလာရင် Find Target ( xp ) / Open File Location ( Windows 7 ) ကို Click ပါ.

Step | 3 |အခုဆိုရင် မိမိအသုံးပြုမည့် Software Icon ရဲ့ တည်နေရာ C:\Program Files\...\... Folder ထဲ ကိုရောက်သွားပါလိမ့်မယ်။


မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားသင့်သည် ...

အလွမ်းမင်းသားလေး | 05:36 | Best Blogger Tips



ဒါလေးကတော့ Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့ မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့ ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup လုပ်ထားသင့်ပါတယ်..။
 

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း) ...

အလွမ်းမင်းသားလေး | 05:28 | Best Blogger Tips



ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။

~~~~~~~~နားထိုင်းဘယ်သူလဲ ~~~~~~~~

အလွမ်းမင်းသားလေး | 04:48 | Best Blogger Tips


မောင်ဘ ဆေးခန်းကိုလာပြီး ဆရာဝန်နဲ့တိုင်ပင်လေတယ်။

မောင်ဘ ။ ။''ဒေါက်တာ ၊ ကျုပ်မိန်းမ နားထိုင်းနေပြီထင်တယ် ။ စကားပြောရင် ပြန်မထူးဘူး ။ ဘယ်လိုလုပ်ရမလဲ ဒေါက်တာ ။''


ဒေါက်တာ ။ ။ ''ခင်ဗျားမိန်းမကို ဘယ်လောက် ထိုင်းနေလဲဆိုတာကို စမ်းသပ်မှု တစ်ခုလုပ်ရမယ် ။ ''

မောင်ဘ။ ။ ''ဟုတ်ကဲ့ ။ ဘာလုပ်ရမလဲ ပြောပါ ။ ''

ဒေါက်တာ။ ။ ''အခု အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ ခင်ဗျားမိန်းမရဲ့ ၅ ကိုက်လောက်ကနေ စကားပြော ။ မကြားရင် ၄ ကိုက်လောက်ကပ်ပြော ။ မကြားရင် ၃ ကိုက်။ မကြားရင် ၂ ကိုက် ၊ ၁ ကိုက် ကပ်ကပ်ပြီးပြောကြည့် ဗျာ ။ ပြီးရင် ဘယ်နကိုက်မှာ စကြားလဲ လာပြောဗျာ ။ ပြီးရင်တော့ ဆေးကုဖို့ စတာပေါ့။ ''

ရိုးဖြူသန့်  ရှင်းသော ချစ်ခွန်းစကား...

အလွမ်းမင်းသားလေး | 04:08 | Best Blogger Tips



အမြင်သာဆုံးပြောရရင်....
ညင်သာနူးညံ့တဲ့ လေပြေညှင်းလေးဟာ
ပူအိုက်မောပန်းလို့   မလန်းဆန်းနိုင်သူတစ်ယောက်တွက်ေ
တာ့
အားအင်တစ်ခုပဲဆိုဆို လေ  ...လန်းဆန်းအေးမြစေလောက်ပါရဲ့.....
..
လေးပြင်းကြီးမဟုတ်ခဲ့ရင်ပေါ့။

               အမြင်သာဆုံးပြောရရင်.....
ရေတစ်ခွက်၊      ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲဟာ
ဆာလောင်လို့    မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက်   အတွက်တော့
အသက်ရှည်အားဆေး  တစ်ခုဖြစ်လောက်ပါရဲ့.......
အဆိပ်ခတ်ထားတဲ့အရာတွေ  မဖြစ်ခဲ့ရင်ပေါ့။

              အမြင်သာဆုံးပြောရရင်......
လိုချင်စရာအကောင်းဆုံး  ရောင်းဈေးနှုန်းနဲ့ 
ချစ်စရာဒီဇိုင်းလှလှ  ခပ်ကြွကြွ smarten ကျကျ
hand phone လေးကို  လူလားမြောက်တဲ့
(17) နှစ်လောက် လူငယ်တစ်ယောက်
လက်ခံရလိုက်မယ်ဆိုရင်  ၀မ်းသားပီတိဖြစ်နေမိလောက်ပါရဲ့.
.....
made in china (တရုပ်နိုင်ငံလုပ်) ဖုန်းစုတ်မဟုတ်ခဲ့ရင်ပေါ့။

              ရိုးဖြူသန့် ရှင်း အပွင့်လင်းဆုံးပြောရရင်....
ပူလောင်မောပန်း     နွမ်းလို့ မလန်းဆန်းသူက
ငါဆိုပါစို့ .............................
.........................
လေပြေလိုအေးမြ    လန်းဆန်းလို့ တက်ကြွစေမဲ့
တိုက်ခတ်တိုးဝှေ့ ခြင်းမျိုးနဲ့  ငါ့ဘ၀ထဲကိုဝင်လာခဲ့ဖို့ ............

ဆာလောင်လို့ မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက်က
ငါဆိုပါစို့ .............................
..........................
ရေတစ်ခွက်၊      ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲ လေးလောက်ပဲဖြစ်ဖြစ်
အသက်ရှည်ဆေးတစ်ဇွန်းလို
အားအင်ဖြစ်စေမဲ့ စကားလေးတစ်ခွန်းကို
ရင်ဝယ်ပိုက်ပီး ငါ့ဘ၀ထဲကို   ၀င်လာခဲ့ဖို့ ..........

                 ကြိတ်ခဲမရဖြစ်နေတဲ့  စိတ်ထဲကခံစားချက်တွေကို
မြင်ကြားပါစေလို့     ဆုတောင်းရင်းရင်ထဲကသူ့ ကို
ပြောလိုက်တော့မယ်နော်..........
.........................
တအား “ချစ်နေမိပီ” လူမလေးရယ်။
ချစ်တယ်..............မင်းကြား
လား? မြင်းရဲ့လား?


    ချစ်ရသူ လူမလေးရယ်........
လေးပြေညှင်းလေးပါပဲနော်......
လေပြင်းကြီးတွေ    မဖြစ်လိုပါ။
     ချစ်ရသူ  လူမလေးရယ်......
အသက်ရှည်အားဆေးတစ်ဇွန်း စကားလေးတစ်ခွန်းပါပဲနော်.....
အဆိပ်ခတ်ထားတဲ့   အရာတွေတော့ မဖြစ်လိုပါ။
      ချစ်ရသူလူမလေးရေ........
ဟန်ဆောင် လိမ်ညာမှု့ ကင်းတဲ့  ဖြူစင်ခြင်းတွေပါပဲနော်........
virus ပါပီးသား made in china ဖုန်းတွေ စက်ပစ္စည်တွေလိုဆိုရင်တော့
လက်မခံလိုပါ...................
...။
       ရိုးဖြူသန့် ရှင်းပွင့်လင်းခြင်းနဲ့  ရိုးရိုးလေးပဲဖြေလိုက်ပါ
“ချစ်လား.......?????”




                              
                      သိုက်ကြီး (ကျောက်ပန်းတောင်း)

အချစ်ရေးကိစ္စ ဘာမှ မပြောတဲ့ ရဲတိုက် ...

အလွမ်းမင်းသားလေး | 04:04 | Best Blogger Tips


ရဲတိုက်ကို တချို့ကလည်း သရုပ်ဆောင် ကောင်းတယ်။ တချို့ ကလည်း မကြိုက်ဘူးဆိုတဲ့ အပေါ် မှာ ရဲတိုက်ကတော့ အမှန်တရား တစ်ခုအနေနဲ့ သတ်မှတ်ထားပါ သတဲ့။ အကယ်ဒမီပေးပွဲကို သူမ တက်ခဲ့တာကိုလည်း ပရိသတ်က သတိထားမိပြန်ပါတယ်။ တကယ် တော့ သူ နေမကောင်းလို့ပါတဲ့။ ခု ဆိုရင် သူက ထုတ်လုပ်ရေးအသစ် တစ်ခုနဲ့ စာချုပ် ချုပ်ပြီး ဇာတ်ကားများ ရိုက်ကူးလျက် ရှိပါတယ်။ MICT Park ထဲက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကွင်း တည်ထားတဲ့ ဧဒင်မြို့သူ များရိုက်ကွင်းမှာ ရဲတိုက်ကို မေးဖြစ် ခဲ့တာတွေက....
 

Q. ရဲတိုက် ခုရိုက်နေတဲ့ ဇာတ် ကားနာမည်က
 

A. ဇာတ်ကားနာမည်က "ဧဒင် မြို့သူများ" ပါ။ အဲဒီထဲမှာ ကျွန်တော့် နာမည်က ရာဇူး ဆိုတဲ့ ကောင်လေး ဒါရိုက်တာက ကိုညိုမင်းလွင်ပါ။

 

Sunday 3 February 2013

Computer Partition ကိုခွဲနည်းလေးပါ...

အလွမ်းမင်းသားလေး | 01:44 | Best Blogger Tips


 
ကျွန်တော်အခု Computer Partition ခွဲတဲ့နည်းကိုရေးခြင်ပါတယ် Partition လုပ်တယ်ဆို
တာကအိမ်တစ်အိမ်ထဲမှာ အခန်းပေါင်းများစွာလုပ်ထားသလိုပါဘဲ ဒီ Partition လုပ်တတ်
ပြီးရင်တော့ Computer ထဲမှာဘယ် ဥပမာ Windows 7 သုံးထားရင်နောက်ထပ် Windows 8
နှစ်မျိုးစလုံးသုံးလိုရတဲ့ နည်းလေးသင်ပေးခြင်ပါတယ် Windows 8,7 မကလို့ Ubuntu တို
တောင်သုံးလိုရပါတယ် ကဲအရင်ဆုံး Partition ခွဲတဲ့နည်းကိုဘဲလုပ်ရအောင် အရင်ဆုံး
My Computer မှာ Right Click လုပ်လိုက်ပါ ပြီးရင်တော့ Manage ကို Click လိုက်ပါ
နောက်ပြီးရင်တော့ အောက်ကပုံလိုမြင်ပါလိပ်မည်။

အခုအချစ်က ကျွန်တော့်ကို အေးချမ်းစေတယ်ဆိုတဲ့မြင့်မြတ် ...

အလွမ်းမင်းသားလေး | 00:33 | Best Blogger Tips


အကယ်ဒမီညစာစားပွဲမှာ ချစ်သူနဲ့ အတူပွဲတက်လာတဲ့ မြင့်မြတ်က ``ကျွန်တော့်အပေါ်လည်း အရမ်းချစ်ပြီး အနုပညာအပေါ်မှာ လည်း နားလည်မှုပေးနိုင်တဲ့ ချစ်သူမျိုးနဲ့ ဆုံစည်းခဲ့ရတဲ့အတွက် ကျွန် တော်တကယ်ကံကောင်းပါတယ်။ ကျွန်တော်တို့အကြောင်းကို အချိန် မတန်သေးလို့ ချမပြသေးတာပါ။ သူက အပြင်ကပါ။ အနုပညာလော ကထဲက မဟုတ်ပါဘူး။ အချစ်ဆိုတာ အရင်ကကျွန်တော့်ကိုပူလောင် စေခဲ့ပေမယ့် အခုတော့ ပျော်ရွှင်မှု အေးချမ်းမှုတွေကိုဆောင်ကြည်းပေး ပါပြီ။ သူ့အချစ်က ကျွန်တော့်ကို အေးချမ်းစေပါတယ်။ ဘယ်အချိန် မှာ ဘ၀တစ်ခုကို အတူတွဲပြီးထူ ထောင်ကြမလဲဆိုတာ သူရော ကျွန် တော်ပါ မစဉ်းစားမဆုံးဖြတ်ရသေး ပါဘူး။ တကယ်လို့ ကျွန်တော် အိမ် ထောင်ပြုတော့မယ်ဆိုရင်လည်း ပရိသတ်နဲ့ မီဒီယာကို အရင်ဆုံး အသိပေးကြေညာမှာပါ´´ လို့ပြော လာပြီးအနုပညာနဲ့ပတ်သက်လို့``အခု ရည်စားထားတဲ့ဂိမ်း´´
ဆိုတဲ့ကားလေး ကို ရွှေမှုံရတီနဲ့ ရိုက်နေပါတယ်။ ဒီ ကားက သမားရိုးကျကားလေးဆို ပေမယ့် နည်းနည်းတော့ဆန်းတယ်။ တခြားဖန်စီရိုမန့်ကားတွေနဲ့မတူဘူး။ 

Miss Myanmar မနန်းခင်ဇေယျာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့တတိယအကြိမ်ပေးဆပ်ခြင်း(သတင်း/ဓာတ်ပုံ) ...

အလွမ်းမင်းသားလေး | 00:30 | Best Blogger Tips


(၂၉/၁/၂၀၁၃) ရက် တနင်္လာနေ့ တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဧည့်အသင်းသူ တစ်ဦးဖြစ်သူ Miss Myanmar မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့လာရောက်၍ နာရေးလမ်းကြောင်း လိုက်ပါပို့ဆောင် ပေးဆပ် ကုသိုလ်ယူခဲ့သည်။ ကွယ်လွန်သူမှာ ဒေါ်စန်းကြွယ် (၇၃)နှစ်ဖြစ်ပြီး အဆိုပါနာရေးလမ်းကြောင်းအား (၂၈/၁/၂၀၁၃)နေ့ ညနေကမှ မလေးရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်ကာ မနန်းခင်ဇေယျာ မှ ဈာပန ကော်မတီအဖြစ် လိုက်ပါ၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွပ်နေအိမ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ကူညီ သဂြိုလ်ပေးခဲ့သည်။ 


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ