အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 7 February 2013

မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျော်ဝင်မှုတချို့...

အလွမ်းမင်းသားလေး | 07:39 | Best Blogger Tips



ညနေခင်းလေးတစ်ခုမှာ
တွေ့တဲ့ အချစ်တွေရင်ခုန်သွား
မ ရဲ့ မျက်နက်ဝန်းလေးများက
ကျွန်တော့်ကိုရူးအောင်ဖမ်းစား
ဒီစာသားတွေကြားမှာ
ကျွန်တော်က နေသားတကျ
“ မ ” ရဲ့ ပါးပြင်ထက်
ခုန်ဆင်းယစ်မူးမိတယ်

ဆံနွယ်တွေကို အလှဆုံးဝဲခါလို့
အပစ်ကင်းစင်စွာ ပြုံးတိုင်း
ပင်လယ်ကြီးရှုံးတယ်
(အဲဒီအခါများ)
တ၀ုန်းဝုန်း ရိုက်ခတ်တဲ့ ရေလှိုင်းသံတွေ
ကျွန်တော့် နှလုံးသားမှ ပဲ့တင်ထပ်ခဲ့

“ မ ” . . . ခင်ဗျားက သိပ်လှတယ်
ကျွန်တော်က သိပ် အ တယ်
ငေးကြည့်ခွင့်လေးရယုံနဲ့တင်
ကောင်းကင်တစ်ခုလုံးက
ပန်းတွေ ပွင့်ဖူးလင်းလက်နေခဲ့တယ်

ပေးဆပ်ခြင်းသက်သက်နဲ့
ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ပန်းခင်းမှား
မ အတွက် ချစ်ခြင်းရနံ့တွေရှိတယ်
နှင်းဆီတစ်ခက် နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့
မ အတွက်
ရစ်သမ် အသစ်တွေ ပွင့်ဖူးနေတယ်

“ မ ” .... တစ်ဘ၀လုံးစာအတွက်
ရယ်သံအချို့နဲ့ ဆံကေသာထက်က
လင်းလက်နေတဲ့ အသိဥာဏ်အချို့ရယ်
ရေးခဲ့တဲ့ ကဗျာ လှလှ ရယ်
ငေးကြည့်နေခွင့်ရ ချင်သူတစ်ယောက်အတွက်
“ မ ” ရယ်...
အဲဒီအလှတရားတွေအောက်
ကျွန်တော် ခုန်ဆင်းပစ်လိုက်ချင်တယ်

သက်တန့်ချို

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ