အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 31 May 2013

နင်နဲ့ဆုံဖို့ တခုတည်းပါ...ချစ်သူ...

အလွမ်းမင်းသားလေး | 04:05 | Best Blogger Tips


 
♥ယုံမလား...ချစ်သူ
သစ္စာ မေတ္တာစကားတွေနဲ့
တီတီတာတာ ပြောတဲ့
 ပလီပလာအထာတွေ
ငါမသိခဲ့ပါဘူး
အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးကတော့
ငါ နင့်ကို သိပ်ချစ်တာပဲ...။
♥နားလည်ပေးနော်... ချစ်သူ
အဝေးဆုံး နေ့ရက်တွေမှာ
အနီးဆုံးဖြစ်အောင် ရှိနေပေးပါလား
ငါရဲ့ နှလုံးခုန်သံတွေတိုင်းက
နင်ဖန်ဆင်းတဲ့ စီးချက်တွေ ဖြစ်နေခဲ့လို့လေ..။
♥သတိရပေးနော်... ချစ်သူ
ပြန်ဆုံမယ့်နေ့ရက်တွေနဲ့
နှစ်ကိုယ်တူထားခဲ့တဲ့ ကတိတွေကို
အချိန်တိုင်း မဟုတ်ခဲ့ရင်တောင်
ခဏလောက်ဖြစ်ဖြစ်
 စိတ်ကူးယဉ်ပေးပါ...။
♥ယုံကြည်ထား... ချစ်သူ
ဘေးစကား မုသားတွေနဲ့
မလိုလားတဲ့ခါးသီးမှု့တွေကို
ပါးနပ်စွာ ရှောင်ကြဉ်ရင်းက
တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး
ရှိနေဦးမယ်ဆိုတာပေါ့...။
♥အားတင်းထား...ချစ်သူ
 အလွမ်းဆိုတာ
တချိန်အတိတ်ဟောင်းက
ပုံရိပ်အချို့တာ ဖြစ်ခဲ့ရင်
အခုလို ဝေးကွာ ခြင်းက
ဆုံဆည်း ခြင်းရဲ့ ခြေလှမ်း အစပဲမို့လား...။
♥♥ဟုတ်တယ်...ချစ်သူ
ငါပြောခဲ့တဲ့ အရာအားလုံးက
နင့်အတွက်
အတ္တတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင်
နင်နဲ့ဆုံနိုင်ဖို့ တခု တည်းပါဟာ..။


..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥....  ငဖြိုး
 
 
 

ဖုန်းက Internet ကို ကွန်ပျူတာမှာ ချိတ်ဆတ်အသုံးပြုနည်း...

အလွမ်းမင်းသားလေး | 02:39 | | Best Blogger Tips



ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။



Android appနဲ့ game ကို Pc ပေါ်မှာ သုံးချင်တဲ့ သူတွေအတွက် YouwaveAndroid v4.1.2 (150MB)...

အလွမ်းမင်းသားလေး | 02:16 | | Best Blogger Tips

YouwaveAndroid အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် April 28ရက်က Update ထွက်လာလို့ တင်ပေးလိုက်ပါတယ် ( ချက်ချင်းတင်မလို့က စမ်းနေရသေးလို့ ကြာသွားတယ် )
အသစ်ထွက်လာတာတော်တော်လေးကို သုံးရတာအဆင်ပြေပါတယ်
 http://youwave.com/ မှာလေ့လာကြည့်ပါ ကြိုက်တယ်ရင်တော့
အောက်ကလိပ်စာမှာ Download လုပ်နိုင်ပါတယ်
Dwonload>>>sharebeast (or)mirrorupload(or)sendspace (or)zippyshare
RAR Pass>>>>amyokaungtarr
လိုင်စင်အတွက်ကတော့ ပါလာတဲ့ Patch ဖိုင်ကို အသုံးပြုရမှာဖြစ်ပါတယ်
 
 

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့ ...

အလွမ်းမင်းသားလေး | 01:49 | | Best Blogger Tips

                                           ကျွှန်တော်ကိုယ်တိုင်စမ်းပြီးပါပြီ
ယနေ့ခေတ်က Android ခေတ်လို့ပြောရင် မှားမလားမသိ
မမှားဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေကို ကလေးကအစ
ကိုင်လာကြတယ် ဖုန်းကိုင်သူတိုင်းကလည်း  သိကြတယ် ဒီလိုဆိုတော့
Android နဲ့ မြန်မာပြည်မှာ စီးပွားအတော်ဖြစ်လာကြတယ်
ထားလိုက်ပါတော့ အခုတင်ပေးချင်တာက APK ဆိုတဲ့ Android software
iconတွေကို ကွန်ပျူတာမှာ မမြင်ရပါဘူး အခုဆော့ဝဲလေးကိုကွန်ပျူတာမှာ
သွင်းလိုက်ရင် မြင်ရပီဗျာ ...
 
 

Thursday 30 May 2013

Android ဖုန်းများအတွက် ADM Pro...

အလွမ်းမင်းသားလေး | 21:44 | Best Blogger Tips


 


Android သမားများအတွက် Download ဆွဲလို့ကောင်းတဲ့ apk လေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ သူက ကွန်ပျူတာမှာ ဆိုရင် IDM လို့ပေါ့ဗျာ...
အခုလည်း Android အတွက် သီးသန့်မို့လို့ထင်တယ် ADM လို့ နာမည်ပေးထားတာဗျ... သူက facebook ပေါ်က video တွေကအစ ဆွဲလို့ရပါတယ်...
ပြောနေတာ ကြာပါတယ်ဗျာ.. အခုဘဲ သုံးကြည့်လိုက်တော့....



SAYTYA - Free Calls and Chats (for android) ...

အလွမ်းမင်းသားလေး | 06:54 | Best Blogger Tips


ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးက viber , tango, cuibe တို့လို free call အသုံးပြုလို့တဲ့ဆော့ဝဲလ်လေးပါ။အသံလည်းကြည်လင်ပြတ်သားမှုရှိပါတယ်။ code မတောင်းရပါဘူး။ facebook account ရှိဖို့ပဲလိုပါတယ်။ အကောင့်ရှိတဲ့ဆိုရင်တော့ သူငယ်ချင်းအချင်း free call ကိုအသုံးပြုလို့ရပါပြီ။


Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်မယ် ...

အလွမ်းမင်းသားလေး | 06:45 | Best Blogger Tips


မင်္ဂလာပါခင်ဗျာ Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်ချင်တဲ့သူငယ်ချင်းများ
အတွက် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်မဲ့ဖိုင်တွေကိုဒေါင်းပါမယ်။
Font Installer Pack
>> Download <<
 
ဒေါင်းလုပ်ပြီးသွားရင်တော့ setting ထဲက more ထဲက Permissions အောက်က Security ထဲက Unknown sources ကို အမှတ်ခြစ်ပါ။ ပြီးရင် usb debugging ကိုလည်းအမှတ်ခြစ်ပါ့မယ်။ ရှာမတွေ့ရင် setting>>more>>about device>>build ဆိုတဲ့စာသားလေးကို ( ၇ ) ချက်လောက်နှိပ်ပြီး back key လေးနဲ့ပြန်ထွက်လိုက်ပါ။ Date and time နဲ့ About device ရဲ့ ကြားထဲမှာ Developer options ပေါ်လာမှာပါ ။ပြီးရင်အဲဒီထဲကို ၀င်ပြီး usb debug ကို အမှတ်ခြစ်လုပ်နိုင်ပါပြီ။အားလုံးပြီးသွားရင်တော့ ဒေါင်းလုပ်ဆွဲထားသောဖိုင်သုံးဖိုင်ကို install လုပ်လိုက်ပါ။ 
 

ဆူး...

အလွမ်းမင်းသားလေး | 06:35 | Best Blogger Tips

ဆူး

ပေါက်ကွဲအား ပြင်း တဲ့ လက်နက် နဲ့ မှ ကြေမွပျက်စီး တာ မဟုတ်ပါဘူး
ဆူး လေး တချောင်း နဲ့ လည်း ငါ့ ဘ၀ အတွက် လုံ လောက် တယ်

မွှန်း ကြပ် နေ တဲ့ စိတ် ကို
သူငယ်ချင်း တွေကြား မှာ ရယ်မော ဖြေဖျောက် ဖို့ ကြိုးစားမိ တဲ့ အခါ
ဟာသ တွေလည်း မရယ်နိုင် ငေးငိုင်နေချင်တဲ့ စိတ် ကို မုန်းတယ်

မထွေးနိုင် မအန်နိုင် မျှော်လင့်ခြင်း တွေကို
စောင့်စားခြင်း နဲ့ ဖြေသိမ့်
ခပ်ကြောင်ကြောင်အတွေး နဲ့ အိပ်မရ တဲ့ မျက်ဝန်း ကို မုန်းတယ်

အမှတ်တရ တွေ ကို သတိတရ ထုတ်ကြည့်မိလိုက်တိုင်း
အလွမ်းမပြေ ပဲ ဆို့တက်လာတဲ့ စိတ် ကို မုန်းတယ်

ဘ၀ တခုလုံး ပြာကျနေတာတောင်
ယုံကြည်မှုတွေ လတ်ဆတ်နေတာကို မုန်းတယ်

ငါ ရှိတယ် ဆိုတဲ့ အသိက နင့်စိတ် ထဲ လေးလံနေရင်လည်း
မေ့ လိုက် ပါ
သံသယ ဆန်ဆန် ချုပ်နှောင်မှု မျိုး ကို ငါ မုန်းတယ်

အတိတ် ကို လှည့် ပြန် ငေး ဖို့ ကြိုးစားမိတိုင်း
အချစ် ကို အဓိပ္ပါယ်ဖွင့် ဖို့ ကြိုးစား မိ တိုင်း
ရင် ခွင် ထဲ က ဆူးလေး ကို နှုတ် ပစ် ဖို့ ကြိုး စား မိ တိုင်း
ပိတ် လှောင် မိ တဲ့ သတိရခြင်း ကြား မှာ
တရိပ်ရိပ် တက်လာ တဲ့ အဆိပ် တွေ က စိမ့်ဝင်ပြန့်နှံ့နေပြန်တယ်

ဒီရင်ခွင် အတွက်တော့
စူး နက် စိုက်ဝင်နေတဲ့ ဆူး ကိုပဲအမြတ်တနိုး စိုက်ပျိုးထားလိုက်ဖို့အတွက်
ကိုယ့် ကြ မ္မာ ကိုယ် စက် နှိုး
အလွမ်း ဘူတာ ကို မျှော် ကိုး ခုတ် မောင်း လိုက် တယ် ။    ။
ပေါက်ကွဲအား ပြင်း တဲ့ လက်နက် နဲ့ မှ ကြေမွပျက်စီး တာ မဟုတ်ပါဘူး
ဆူး လေး တချောင်း နဲ့ လည်း ငါ့ ဘ၀ အတွက် လုံ လောက် တယ်

မွှန်း ကြပ် နေ တဲ့ စိတ် ကို
သူငယ်ချင်း တွေကြား မှာ ရယ်မော ဖြေဖျောက် ဖို့ ကြိုးစားမိ တဲ့ အခါ
ဟာသ တွေလည်း မရယ်နိုင် ငေးငိုင်နေချင်တဲ့ စိတ် ကို မုန်းတယ်

မထွေးနိုင် မအန်နိုင် မျှော်လင့်ခြင်း တွေကို
စောင့်စားခြင်း နဲ့ ဖြေသိမ့်
ခပ်ကြောင်ကြောင်အတွေး နဲ့ အိပ်မရ တဲ့ မျက်ဝန်း ကို မုန်းတယ်

အမှတ်တရ တွေ ကို သတိတရ ထုတ်ကြည့်မိလိုက်တိုင်း
အလွမ်းမပြေ ပဲ ဆို့တက်လာတဲ့ စိတ် ကို မုန်းတယ်

ဘ၀ တခုလုံး ပြာကျနေတာတောင်
ယုံကြည်မှုတွေ လတ်ဆတ်နေတာကို မုန်းတယ်

ငါ ရှိတယ် ဆိုတဲ့ အသိက နင့်စိတ် ထဲ လေးလံနေရင်လည်း
မေ့ လိုက် ပါ
သံသယ ဆန်ဆန် ချုပ်နှောင်မှု မျိုး ကို ငါ မုန်းတယ်

အတိတ် ကို လှည့် ပြန် ငေး ဖို့ ကြိုးစားမိတိုင်း
အချစ် ကို အဓိပ္ပါယ်ဖွင့် ဖို့ ကြိုးစား မိ တိုင်း
ရင် ခွင် ထဲ က ဆူးလေး ကို နှုတ် ပစ် ဖို့ ကြိုး စား မိ တိုင်း
ပိတ် လှောင် မိ တဲ့ သတိရခြင်း ကြား မှာ
တရိပ်ရိပ် တက်လာ တဲ့ အဆိပ် တွေ က စိမ့်ဝင်ပြန့်နှံ့နေပြန်တယ်

ဒီရင်ခွင် အတွက်တော့
စူး နက် စိုက်ဝင်နေတဲ့ ဆူး ကိုပဲအမြတ်တနိုး စိုက်ပျိုးထားလိုက်ဖို့အတွက်
ကိုယ့် ကြ မ္မာ ကိုယ် စက် နှိုး
အလွမ်း ဘူတာ ကို မျှော် ကိုး ခုတ် မောင်း လိုက် တယ် ။ ။

Wednesday 29 May 2013

Mandalay Browser – Free v1.1 for Android...

အလွမ်းမင်းသားလေး | 23:14 | Best Blogger Tips



Android 4.0 နှင့်အထက်ဖုန်းတွေမှာ အင်တာနက် website တွေကြည့်ရင် ၊ facebook သုံးတဲ့အခါ မြန်မာစာမမှန်တဲ့ပြဿနာရှိပါတယ်။ အဲဒီမြန်မာစာမမှန်တဲ့ ပြဿနာတွေကိုဖြေရှင်းပေးမယ့် မြန်မာ Browser လေးတစ်ခုဖြစ်တဲ့ Mandalay Browser for Android နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Mandalay Browser for Android ကို Android version 4.0 နှင့်အထက်ရှိတဲ့ ဖုန်း/Tablet အားလုံးမှာအသုံးပြုနိင်ပြီး ယင်း browser လေးနဲ့ မြန်မာ website များကိုကြည့်တဲ့အခါ ၊ facebook သုံးတဲ့အခါ မြန်မာစာတွေကိုမှန်ကန်စွာဖော်ပြပေးနိုင်တာကိုတွေ့ရပါတယ်။ Mandalay Browser လေးကိုသုံးဖို့အတွက် ဖုန်းကို မြန်မာဖောင့်ထည့်ထားစရာ ၊ root လုပ်ထားစရာမလိုဘဲ


Super Video, Floating & Popup v1.7.2 for android(latest version)...

အလွမ်းမင်းသားလေး | 23:01 | Best Blogger Tips


Video player အလန်းစားလေး Super Video v 1.7.2(update -may 27) ထွက်ရှိတာကြောင့် တင်ပေးလိုက်ပါတယ်။ မိမိတို့ဖုန်းထဲမှာပါရှိတဲ့ ဗွီဒီယို format မျိုးစုံကို  support လုပ်ပေးနိုင်ရုံမက ၊ Samsung Galaxy Note 2 ဖုန်းတွေမှာလို ဖုန်းရဲ့ဘယ်ဆော့ဝဲကိုသုံးနေစဉ်မှာပဲဖြစ်ဖြစ် Super Video ဆော့ဝဲကိုအသုံးပြုပြီး ကြည့်လက်စ ဗီဒီယိုကို ဖုန်းရဲ့ 


အသုဘ ဘ၀ ဈေး $$$$$$$...

အလွမ်းမင်းသားလေး | 22:17 | Best Blogger Tips



နုတ်ခမ်း  တစ်ကွေ့ စာ
လူ့  ဘ၀  မှာ
လူတွေ  ဘာကြောင့်
မာန   နဲ့   အတ္တ  ထောင်လွှာနေကြတာလဲ

သေရင် မြေဆွေး ဖြစ်မယ့်
လူ  လူ အချင်းချင်း
သူ့    အသုဘ   က မွဲတယ်
ငါ့  ကမ္မဌာန်း    က    အရောင်တောက် တယ် နဲ့ 
မျက်နှာကို ရှုံ့  ကာ  မဲ့ရွဲ့ 
လူတန်းစား ခွဲနေကြတယ်

အပုပ်ကောင် ချင်း  အတူတူ
တဘော မတူ လို့ တဲ့ 
သူ့  သား  ငါ့ သမီး
အသုဘ  ဈေး  မြင့်နေသေးတယ်


ဘွဲ့  ရပညာ တတ်
တစ်ယောက့်ရဲ့   တန်ကြေး ဈေး က
ဘယ်လောက်လဲ
ဘုန်းကြီးကျောင်း ထွက်
လူဆင်းရဲ     လူမွဲး  ဈေးဆိုတာ  ဘာကိုပြောတာလဲ


တစ်ခါ  တစ်လေ  မေးကြည့်ချင်ရဲ့ 
အထက်တန်းစာ   သူတို့  ဘ၀  ကို
ဘယ်ပေတံ နဲ့ တိုင်ထွှာ ပြီး အောက်တန်းစား  လို့   သူတို့ 
ခွဲခြား သတ်မှတ် ထားတဲ့   ဘ၀ အတွက်
ဘယ်ချိန်ခွင် ကို  အသုံးပြု
ချိန်တွယ်  ခဲ့ကြသလဲပေါ့

အပုပ်ကောင်  သရုပ်ဆောင်
ကမ္မဌာန်း ဈေးကွက်ထဲ
လောဘ ဒေါသ  မီးတွေ  တောက်လောင်နေ  သမျှ
ငါ....ဆိုတဲ့ ..ငါ
အတ္တ  အရူးထောင်  လူ့ လောကထဲ
လူတွေဟာ အသုဘ  အလောင်းပိုက် တဲ့  အရူးတွေပဲ


ညအက္ခရာ(((((((((((((((((((((




Tuesday 28 May 2013

ကျွန်တော်ပျော်ပါတယ်...

အလွမ်းမင်းသားလေး | 22:41 | Best Blogger Tips



ဖျားနာတဲ့အခါ တနေရာစီဝေးလို့
သူမကျွန်တော့်အနားမှာ
မပြုစုပေးနိုင်ပေမယ့်……
အမြဲစိုးရိမ်တကြီးဂရုစိုက်ပေးတဲ

ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
ကျွန်တော်ကလေးတယောက်လို
စိတ်ဆိုးတိုင်း သဝန်တွေတိုတိုင်း
အမြဲသည်းခံနားလည်ပြီး
ချော့မော့ပြောတတ်တဲ့
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
တမြေစီဝေးနေပေမယ့်
ကျွန်တော့်မေတ္တာကိုယုံပြီး
ကျွန်တော့်သစ္စာကိုတန်ဖိုးထားတဲ့
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
ကျွန်တော့်ဘဝကို
အရာရာပြည့်စုံအောင်ဖန်တီးမပေးပေမယ့်
အရာရာအတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့
ချစ်သူတယောက်ကျွန်တော့်အတွက်
ရှိနေပေးတဲ့အတွက်
ကံကြမ္မာကိုကျေးဇူးတင်တယ်……
ကျွန်တော့်ဘဝမှာ
ကျွန်တော့်ကိုပျော်ရွှင်အောင်ထားတဲ့
ကျွန်တော့်ချစ်သူလေးကိုတန်ဖိုးထားပြီး
သူ့ကိုပျော်ရွှင်စေဖို့မှအပ
အခြားမရှိပြီလေ………


လွှမ်းဝေအောင် (ရေနံချောင်း)
 
 
 

HOW TO MAKE A SHADOW & BACKGROUNDS ...

အလွမ်းမင်းသားလေး | 06:44 | Best Blogger Tips


သူငယ်ချင်းတို့ရေ Photoshop CS3 နဲ့ နောက်ခံအရောင်လေးရယ် ၊ အရိပ်လေးရယ်  ဖန်းတီးကြည့်ရအောင်။
စိတ်ဝင်စားတဲ့သူငယ်များ ကျွန်တော်နဲ့အတူ လိုက်လုပ်ကြည့်ရအောင်။

ပုံ ၁...။ ပထမဆုံး ဖိုတိုရှော့စ်ကိုဖွင့်လိုက်ပါ။ပြီးရင် File ကနေ New နှိပ်ပြီး ပြထားတဲ့ဆိုဒ်အတိုင်း
(လိုချင်တဲ့ဆိုဒ်လည်းရပါတယ်) ဘတ်ဂရောင်းအတွက် Layer တစ်ခုယူလိုက်ပါမယ်။



Facebook For Freecall Application ...

အလွမ်းမင်းသားလေး | 06:07 | | Best Blogger Tips


post by myanmarmobile.com,SAYTYA.com
 Facebook အသုံးပြုသူတိုင်းအတွက် FreeCall ခေါ်ဆိုနိုင်တဲ့ Application လေးပါ ။ ..Application လေးရဲ့အမည်ကတော့ SAYTYA Facebook Caller လေးပါ။


ဒီကောင်လေးကတော့ Android and IOS Device တွေအပါအ၀င် Window OS and MAC OS တွေပေါ်မှာပါတင်ပြီး အသုံးပြုနိုင်ပါတယ်
Phone <=> Phone
Phone <=> PC
PC     <=> PC  ….. ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။


မိုးပြေးလေးပါပဲ ဒါပေမယ့်....

အလွမ်းမင်းသားလေး | 05:01 | Best Blogger Tips







မမှီတဲ့ပန်းကိုမှ
တုံးခုပြီးလှမ်းချင်သတဲ့
အချစ်ဆိုတာ
မြင့်တဲ့သူ
နိမ့်တဲ့သူ
ခွဲလို့ရစတမ်းလားဟာ

အတ္တကင်းတဲ့
မေတ္တာနဲ့ပါ
နင့်ကိုချစ်တယ်ဆိုတဲ့
အရောင်စွန်းနေတဲ့
စိတ်ကလေးကလွဲလို့
ငါကပိုင်ဆိုင်လိုခြင်း အလျင်းမရှိခဲ့တာပါ

မတူတာနှစ်ခု
ပေါင်းစည်းဖို့အတွက်
စိတ်ကူးယဉ်ရုံအပြင်
ငါကဘာတစ်ခုမှ
မတတ်စွမ်းနိုင်တဲ့သူပါ

အလိုက်တသိနဲ့
တိတ်တဆိတ်လေးပဲ
နေသွားမှာပါ
နေမြင့်ရင်အရူးမရင့်စေဖို့
ငါ့ကိုယ်ငါပြင်ဆင်ရင်းနဲ့ပေါ့

မိုးပြေးလေးရေ ... ... ...
နင်ကရွာရုံသာ ရွာခဲ့တယ်
ဆိုပေမယ့်
ငါ့တစ်ဘ၀လုံးကတော့
နင့်ကိုယ်ချစ်တဲ့အချစ်တွေနဲ့
စုန်း, စုန်းမြုပ်ခဲ့ပြီပေါ့ဟာ ။ ။


မိုးသက်ငြိမ်


Monday 27 May 2013

♥မှော်.....ဆရာ♥...

အလွမ်းမင်းသားလေး | 20:12 | Best Blogger Tips








ကိုယ့်ကို အသဲကွဲ ဖြေမဆည်
နေ ပန်းချီ အပူ ဒီဂရီတက်လို့ 
သေဆုံးပြီလို့ မှတ်ယူခဲ့တာ


မှော်ဆရာ မင်းနဲ့ တွေ့ မှာ
သေဆုံးခြင်းကို
မေ့လျော မွေ့ ပျော်စရာ

မှော်ဝင်္ကဘာ အလှ

မာယာ ၀င်ရိုးစွန်း က
ချစ်ခွန်းထပ်ထပ်
မုန်း လက်နက်တွေ ကာရံ


အဖန်ဖန် တလဲလဲ
သွေးစိမ်းရှင်ရှင်
ဓါးအထပ်ထပ် အမွန်းခံထားရတဲ့
ဒဏ်ရာ မှော်ဆရာ နဲ့  တွေ့ မှ
ပြောက်ကင်းပြီးထင်လိုက်တာ

ထင်မှတ်မထားတဲ့ တစ်နေ့ 

အဲ့ တစ်နေ့ က 

ငါ့ ရဲ့  အခမ်းနားဆုံး ကမ္ဘာပြိုပြတ်တဲ့နေ့ ပေါ့
အငြိုးတွေပြိုချ မိုးတွေပြိုကျလောက်တဲ့
မာန်တွေနဲ့  လမ်းခွဲခြင်း ဆိုတဲ့
မုန်တိုင်း အဆုံးတိုင်အောင် တိုက်ခက်လိုက်တာ



င့ါ ကမ္ဘာကိုပြိုရော...........။


Internet Download Manager 6.15 Build 14 Final နှင့် IDM ကို ခရက်ခ်ဖိုင်ဖြင့် ဖူးလုပ်နည်း ...

အလွမ်းမင်းသားလေး | 20:03 | Best Blogger Tips


Internet Download Manager 6.15 Build 14 Final ဗါးရှင်းကို ကျနော် patch ဖိုင်အပြင် crack ဖိုင်လေးပါ တခုစီခွဲတင်ပေးထားပါတယ်..။ Patch နဲ့ IDM ကို ဖူးဖြစ်အောင် မလုပ်နိုင်တဲ့ ဝင်းဒိုးတွေ အတွက် နောက်ထပ် တင်ပေးလိုက်တဲ့ crack ဖိုင်လေးကို IDM Installed Folder ထဲမှာ အစားထိုးထည့်ပြီး ဖူးလုပ်၍ အသုံးပြုနိုင်ပါတယ်..။ crack ဖိုင်ထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံး ပြပေးထားပါတယ်..။ အရင်လက တင်ပေးခဲ့တဲ့ IDM ကို crack နဲ့ ဖူးလုပ်အသုံးပြုနည်းက ပထမနည်း ဖြစ်ပြီး ၊ အခုဒီ crack ထည့်နည်းကတော့ ဒုတိယနည်းပဲ ဖြစ်ပါတယ်..။ အရင်နည်းတွေနဲ့ အဆင်မပြေတဲ့ သူများရှိခဲ့ရင် အခုဒီနည်းနဲ့ ပြောင်းသုံးတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်..။ IDM လိုအပ်နေတဲ့ သူများနဲ့ မရှိသေးတဲ့ သူများကတော့ အောက်ကလင့်ကနေ နောက်ဆုံး Update နဲ့ အတူ crack ဖိုင်လေးကိုပါ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ IDM နဲ့ patch တွဲတင်ပေးထားတဲ့ ဖိုင်ကတော့ 5 MB ရှိပြီး ၊ crack နဲ့ အတူ အခုဒီပိုစ့်က ပုံတွေကိုပါ တွဲတင်ပေးထားတဲ့ ဖိုင်ကတော့ 2 MB ရှိပါတယ်..။ IDM ကို crack ထည့်နည်း ကြည့်ဖို့ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။
 
 

နောက်ဆုံးပေးဆပ်ခြင်း...

အလွမ်းမင်းသားလေး | 19:51 | Best Blogger Tips


ရွက်သစ်လေးတွေ
ထွက်လာဖို့ အတွက်
ရော်ဝါရွက်ဟောင်းတွေ မြေမှာကြွေပေးရတယ်
ကမ္ဘာတစ်ဖက် လသာဖို့ အတွက်
ကျန်တဲ့ ကမ္ဘာတစ်ဖက်မှောင်ပေးရတယ်
လမင် ကြီးတင့်တယ်လှဖို့ အတွက်
ကြယ်လေးတွေ ထွန်းလင်းပေးရတယ်
ချစ်သူတ ယောက်ဘဝခရီးသာယာဖို့ အတွက်
ကျနော်က ရင် ကွဲပြီး လမ်းတဝက်မှာနေခဲ့ရတယ်

ချစ်သူမရှိတော့တဲ့ ရင် ခွင် က
လမ်းတဝက်မှာပဲ
ဘဝပါ သေသွားတယ်
ဒါချစ်သူကို နောက်ဆုံး
ပေးဆပ်ခြင်းပါပဲ...
                      
              
 ဖိုးခွားလေး  ကော့မှူးမြို့ 
 
 
 

အနုပညာကို ရူးလို့လုပ်တာပါ { ရွှေမှုန်ရတီ } ...

အလွမ်းမင်းသားလေး | 19:48 | Best Blogger Tips


မြန်မာ အနုပညာရှင် ငါးဦး တည်ထောင် ထားသော အနုပညာ ပျိုးခင်းမှ သရုပ်ဆောင် လောကကို ဝင်ရောက်လာသူ ရွှေမှုန်ရတီ၏ အနုပညာ လောကသို့ စတင်ခဲ့ သောခြေလှမ်းများနှင့် လတ်တလော ပရိသတ် ဝေဖန်မှုကို အများဆုံး ခံနေရသော အနမ်းပါသော ဇတ်ဝင်ခန်း အကြောင်းနှင့် ဆက်ရန် ရှိသေးတဲ့ ပညာရေး အကြောင်းလေး တွေကို ဖော်ပြပေး လိုက်ပါတယ်။

Voice : အနုပညာ ပျိုးခင်းထဲကို ဘယ်လို ဝင်လာဖြစ်တာလဲဆိုတာ။



Sunday 26 May 2013

ဖြစ်ပုံကဒီလို....

အလွမ်းမင်းသားလေး | 07:57 | Best Blogger Tips


 
အမေအိုတစ်ယောက်
လမ်းတကာလျှောက်လို့ အော်
အကြော်  ပူပူလေးးးးးးးးတဲ့လေ။
 
ငါငေးကြည့်နေတုန်း
ခါးကုန်းစနဲ့   အမေအိုအရွယ်
သူသယ်လာတဲ့  အကြော်ဗန်း
ကျနော်လှမ်းကြည့် နေတုန်း...
 

Samsung ဖုန်းထဲမှာ Screen Snapshot ပုံရိုက်နည်း...

အလွမ်းမင်းသားလေး | 07:54 | Best Blogger Tips




 ဒီဆော့ဝဲလေးကတော့ ဖုန်းထဲမှာ Snapshot ရိုက်ချင်တယ်ဆိုရင် အဆင်ပြေပါတယ်

တစ်ခုခုကို ရိုက်ပြချင်တဲ့အခါမှာ  သုံးပါတယ် ။ နည်းပညာသမားတွေအနေနဲ့ လည်း

အကြောင်းရာတစ်ခုခုကို  ရှင်းပြချင်တဲ့အခါ   Setting ပိုင်းကို   အတိအကျ  ရိုက်ပြဖို့ 

လိုအပ်လာကြမှာပါ ။ လိုအပ်ရင်သုံးဖို့ ရိုက်ဖို့   ဒီနည်းလေးကို   မျှဝေလိုက်ပါတယ်
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ