အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 28 May 2013

မိုးပြေးလေးပါပဲ ဒါပေမယ့်....

အလွမ်းမင်းသားလေး | 05:01 | Best Blogger Tips







မမှီတဲ့ပန်းကိုမှ
တုံးခုပြီးလှမ်းချင်သတဲ့
အချစ်ဆိုတာ
မြင့်တဲ့သူ
နိမ့်တဲ့သူ
ခွဲလို့ရစတမ်းလားဟာ

အတ္တကင်းတဲ့
မေတ္တာနဲ့ပါ
နင့်ကိုချစ်တယ်ဆိုတဲ့
အရောင်စွန်းနေတဲ့
စိတ်ကလေးကလွဲလို့
ငါကပိုင်ဆိုင်လိုခြင်း အလျင်းမရှိခဲ့တာပါ

မတူတာနှစ်ခု
ပေါင်းစည်းဖို့အတွက်
စိတ်ကူးယဉ်ရုံအပြင်
ငါကဘာတစ်ခုမှ
မတတ်စွမ်းနိုင်တဲ့သူပါ

အလိုက်တသိနဲ့
တိတ်တဆိတ်လေးပဲ
နေသွားမှာပါ
နေမြင့်ရင်အရူးမရင့်စေဖို့
ငါ့ကိုယ်ငါပြင်ဆင်ရင်းနဲ့ပေါ့

မိုးပြေးလေးရေ ... ... ...
နင်ကရွာရုံသာ ရွာခဲ့တယ်
ဆိုပေမယ့်
ငါ့တစ်ဘ၀လုံးကတော့
နင့်ကိုယ်ချစ်တဲ့အချစ်တွေနဲ့
စုန်း, စုန်းမြုပ်ခဲ့ပြီပေါ့ဟာ ။ ။


မိုးသက်ငြိမ်


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ