အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 30 May 2013

ဆူး...

အလွမ်းမင်းသားလေး | 06:35 | Best Blogger Tips

ဆူး

ပေါက်ကွဲအား ပြင်း တဲ့ လက်နက် နဲ့ မှ ကြေမွပျက်စီး တာ မဟုတ်ပါဘူး
ဆူး လေး တချောင်း နဲ့ လည်း ငါ့ ဘ၀ အတွက် လုံ လောက် တယ်

မွှန်း ကြပ် နေ တဲ့ စိတ် ကို
သူငယ်ချင်း တွေကြား မှာ ရယ်မော ဖြေဖျောက် ဖို့ ကြိုးစားမိ တဲ့ အခါ
ဟာသ တွေလည်း မရယ်နိုင် ငေးငိုင်နေချင်တဲ့ စိတ် ကို မုန်းတယ်

မထွေးနိုင် မအန်နိုင် မျှော်လင့်ခြင်း တွေကို
စောင့်စားခြင်း နဲ့ ဖြေသိမ့်
ခပ်ကြောင်ကြောင်အတွေး နဲ့ အိပ်မရ တဲ့ မျက်ဝန်း ကို မုန်းတယ်

အမှတ်တရ တွေ ကို သတိတရ ထုတ်ကြည့်မိလိုက်တိုင်း
အလွမ်းမပြေ ပဲ ဆို့တက်လာတဲ့ စိတ် ကို မုန်းတယ်

ဘ၀ တခုလုံး ပြာကျနေတာတောင်
ယုံကြည်မှုတွေ လတ်ဆတ်နေတာကို မုန်းတယ်

ငါ ရှိတယ် ဆိုတဲ့ အသိက နင့်စိတ် ထဲ လေးလံနေရင်လည်း
မေ့ လိုက် ပါ
သံသယ ဆန်ဆန် ချုပ်နှောင်မှု မျိုး ကို ငါ မုန်းတယ်

အတိတ် ကို လှည့် ပြန် ငေး ဖို့ ကြိုးစားမိတိုင်း
အချစ် ကို အဓိပ္ပါယ်ဖွင့် ဖို့ ကြိုးစား မိ တိုင်း
ရင် ခွင် ထဲ က ဆူးလေး ကို နှုတ် ပစ် ဖို့ ကြိုး စား မိ တိုင်း
ပိတ် လှောင် မိ တဲ့ သတိရခြင်း ကြား မှာ
တရိပ်ရိပ် တက်လာ တဲ့ အဆိပ် တွေ က စိမ့်ဝင်ပြန့်နှံ့နေပြန်တယ်

ဒီရင်ခွင် အတွက်တော့
စူး နက် စိုက်ဝင်နေတဲ့ ဆူး ကိုပဲအမြတ်တနိုး စိုက်ပျိုးထားလိုက်ဖို့အတွက်
ကိုယ့် ကြ မ္မာ ကိုယ် စက် နှိုး
အလွမ်း ဘူတာ ကို မျှော် ကိုး ခုတ် မောင်း လိုက် တယ် ။    ။

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ