အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Friday 16 November 2012
ရာဇာနေဝင်း အိုက်တင်နဲ့ တူခြင်း အပေါ် အောင်ရဲလင်းရဲ့ ဖွင့်ဟချက်...
အလွမ်းမင်းသားလေး | 06:07 | Best Blogger Tips
အောင်ရဲလင်းက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “အချစ် Error ” ဇာတ်ကား ကို ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်မလေးကို လှည့်စားသူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်း အမြူး ပုံစံလေးနဲ့ နောက်ဆုံးမှာတော့ ဒရာမာချိုးထားကြောင်း အောင်ရဲလင်း က ပြောပါတယ် ။အောင်ရဲလင်းရဲ့သရုပ်ဆောင်ဟန်၊ စကားပြောဆိုဟန် တချို့က ရာဇာနေဝင်းနဲ့ တူတယ်လို့ ပရိသတ် တချို့က ဝေဖန် အကဲခတ်ကြပါတယ်။ အဲဒီလို ဝေဖန်မှု အပေါ် အောင်ရဲလင်း ကိုမေးတော့ “ကိုယ့်အိုက်တင်နဲ့ ကိုယ်သရုပ်ဆောင်တာပါပဲ။ တစ်ချက် တစ်ချက်တော့ တူသွားတာ ဖြစ်မှာပေါ့။ ကျွန်တော် မင်းသား အားလုံးကို ကြိုက်ပါတယ်။ ကိုသားကြီး(ဒွေး) ကိုလည်း ကြိုက်တယ်။ အကုန်လုံးကို ကြိုက်တယ်။ တစ်ယောက်တည်း ချွန်ထွက်ပြီး ကြိုက်တာမျိုး မရှိပါဘူး။ မင်းမော်ကွန်း လည်း ကြိုက်တယ်။ ကိုရာဇာကိုလည်း ကြိုက်ပါတယ်။ အိုက်တင်နဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ သိပ်မလုပ်ပါဘူး။ အဓိကကတော့ ဇာတ်ရုပ် တစ်ခုကို မုဒ်သွင်းပြီး ဇာတ်ညွှန်းပေါ်မှာ မူတည် ပြီးတော့ အိုက်တင် ကွဲသွားတယ်။ ပုံစံလည်း ကွဲသွားတယ်။ အဲဒီလို ပုံစံ ပဲ လုပ်တာ များပါတယ်” လို့ ပြောပြီး သူလုပ်တဲ့ အိုက်တင်ပေါ်မှာ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားသွားမှာ ဖြစ်ကြောင်း အောင်ရဲလင်းက ပြောပါတယ်။ သရုပ်ဆောင် တစ်ယောက် အတွက် အိုက်တင်က အရေးကြီးတဲ့ အတွက် အိုက်တင်ပိုင်း ကိုကော ဘယ်လိုလေ့ကျင့်တာမျိုးတွေလဲ ရှိလို့မေးတော့   “ကျွန်တော် ကိုရီးယားဇာတ်ကားတွေ များများကြည့်တယ်။ ရုပ်ရှင်တွေ များများ ကြည့်ပြီးတော့ အိုက်တင် လုပ်ဖြစ်တာ များပါတယ်။ အမြဲတမ်း လေ့လာနေရမယ် ဆိုတဲ့ စိတ်တော့ ရှိတယ်။
တွေးတွေးပြီးရယ်..၆....
အလွမ်းမင်းသားလေး | 05:55 | Best Blogger Tips
(၁)
"ဟလို.. FBI ကလားခင်ဗျား"
"ဟုတ်ကဲ့.. အမိန့်ရှိပါ"
"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"
"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"
နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။
တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။
"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"
Thursday 15 November 2012
ချစ်သူမသိတဲ့ဆန္ဒတစ်ခု...
အလွမ်းမင်းသားလေး | 07:35 | Best Blogger Tips
ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ်
လွမ်းရမှာကြောက်လို့ပါ
ချစ်သူ...
မတွေ့မမြင်ရပေမယ့်
ငါ့အတွေးငါ့အာရုံ
ငါ့မြင်ကွင်းတွေထဲမှာ
မင်းရဲ့ပုံရိပ်တွေအမြဲတမ်းရှိနေပါတယ်။
ချစ်သူရေ..
ဆုံဆည်းခြင်းရဲ့နောက်မှာ
ဝေးကွာခြင်းတွေဒွန်တွဲနေတယ်
အဲဒါကိုငါသိပါတယ်
ပြန်မဆုံနိုင်တော့ဘူးလားဆိုတာကို
ရေရေရာရာမသိပေမယ့်
ငါ့စိတ်ကိုက
ပိုးဖလန်လိုမျိုးမီးလျှံကိုတိုး
ပြန်ဆုံမဲ့ရက်ကိုမျှော်လင့်နေမိတဲ့
ငါ့နှလုံးသားထဲကို
မင်းတစ်ယောက်တည်းသာ
ဝင်ခွင့်ပြုမှာပါ။
မင်းသာရောက်လာမယ်ဆို
ငါ့နှလုံးသားတံခါးလေးကို
အသာလေးခေါက်လိုက်ပါ
ငါ့ရင်ကိုလှုပ်ခတ်စေမယ့်
မင်းရဲ့အချစ်ကိုအမြဲတမ်းစောင့်မျှော်နေသူမို့
ငါ့ရင်ဘက်နှလုံးသားထဲက
မပျက်သုဉ်းတဲ့ရင်ခုန်သံ
မဆုံးနိုင်တော့တဲ့သံယောဇဉ်တွေကို
မင်းရဲ့ရင်ခွင်ကျယ်
နှလုံးသားလွင်ပြင်ထက်မှာ
ငါ့ရဲ့အသည်းနှလုံးတစ်ခုလုံးကိုရင်းနှီးမြုပ်နှံပါရစေ။ 
မြတ်နိုးသူ
ငလျင်စိန်ခေါ်သံကြား မျက်ခုံး လှုပ်နေရသည့် ရန်ကုန်...
အလွမ်းမင်းသားလေး | 06:41 | Best Blogger Tips
ယခုထက် ပိုပြင်းသော ငလျင် မျိုး လှုပ်နိုင်သည်ဟု ရွှေဘိုငလျင် လှုပ်ပြီး နောက်တစ်နေ့တွင် ငလျင် ပညာရှင် ဦးစိုးသူရထွန်းက ပြော သည်။
ရွှေဘိုငလျင်က ငလျင်ကြောပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြခဲ့ပြီ။ ရွှေဘို ငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆို သည်မှာ ဟိမဝန္တာတောင်တန်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။
”စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိ တဲ့ ငလျင် မလှုပ်သေးတဲ့နေရာ တွေ အတွက် စိုးရိမ်ရတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့စဉ်က ပဲခူးတွင် လူ ၅ဝဝ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅ဝ သေဆုံးခဲ့သည်။ ၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မလှုပ်တော့ သည် မှာ ယနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားဟု သိရသည်။
မြန်မာနိုင်ငံဗဟိုဘဏ် ယခုနှစ်ပိုင်းမကုန်မီ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာမည် ...
အလွမ်းမင်းသားလေး | 06:31 | Best Blogger Tips
ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်မတိုင်မီ လွတ်လပ်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခု
အဖြစ်သို့ ရောက်ရှိ လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန် ရှိသူက ပြောသည်။
လက်ရှိအခြေအနေအတွင် ဗဟိုဘဏ် ဥပဒေကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ပြည်
ထောင်စုလွှတ်တော် တွင် တင်သွင်းထားရာ များမကြာမီ ယင်း ဥပဒေထွက်ရှိလာပြီးနောက်
ဗဟိုဘဏ်သည် သမ္မတရုံးအောက်သို့ ရောက်ရှိ လာနိုင်ကြောင်း အဆိုပါတာ ၀န်ရှိသူက ပြော
သည်။
ငလျင်ဒဏ်ခံနေရာများ၌ မြို့ပျက်သဖွယ်ဖြစ်၍ လူထုမှာ ထိတ်လန့်ချောက်ချားနေကြ ...
အလွမ်းမင်းသားလေး | 06:30 | Best Blogger Tips
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုလ ၁၁ ရက် နေ့ နံနက်ပိုင်းက
အင်အားပြင်းငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဒဏ်ခံအချို့နေရာများမှာ အပျက်အစီးများကြား
၌ မြို့ပျက်သဖွယ်တိတ်ဆိတ်သွားကာ ရှင်သန်ကျန်ရစ်ခဲ့သောလူထုမှာ နောက်ဆက်တွဲ ဖြစ်ပေါ်နေ
သော သတင်းစကားများကြောင့် ထိတ်လန့် ချောက်ချားနေကြသည်။
အဆိုပါနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် ၈၂ မိုင်
ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်နေရာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈
အဆင့်နှင့်၎င်းနှင့်အချိန်မိနစ်ပိုင်းသာ ကွာခြားကာ သပိတ်ကျင်းမြို့မှ အနောက် တောင်ဘက်
လေးမိုင်ခန့်အကွာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ သုည အဆင့်ရှိ ငလျင်တစ်ခု
လှုပ်ခတ်ခဲ့ သည်။
အတ္တလား....
အလွမ်းမင်းသားလေး | 05:29 | Best Blogger Tips
မျှော်လင့်တယ် သူပေါ်မလားဘူး
ဒါပေမယ့် စိတ်မဆိုးဘူး
တိတ်တိတ်လေးဘဲ
ကျိတ်ဆွေးမိတယ်
သူ့အတွက် ကျွန်တော်မှာ
ဒိုင်ယာရီမရှိဘူး
ဒါပေမယ့်.......
ဘယ်ဘတ်ရင်အုံမှာ
ရေးမှတ်ထားတဲ့
ထာဝရ စာအုတ်လေးရှိတယ်
နေ့ဟောင်းမှာသူရှိခဲ့တယ်
နေ့သစ်မှာလည်း သူက...
ကျွန်တော်အတွက် ထာဝရပါဘဲ
မနက်ဖန်တိုင်းလည်း သူကကျွန်တော် ဘ၀ပါဘဲ
နေ့သစ်မှာပျှော်မွေ့ချင်တယ်
နေ့ဟောင်းကအလွမ်းတွေလည်း
ပယ်ဖြတ်ချင်တယ်....
သူသာ ကျွန်တော်စိတ်ကြိုက်ဖြစ်မယ်ဆိုရ
င်ပေါ့
အဲဒါဟာ....ကျွန်တော် အတ္တလား
သူ့အတွက် ဆို အရာရာပေးဆပ်မယ့်
အရာရာ ကြည်ဖြူနိုင်တဲ့...
သူ့ရဲ့........ထာဝရ ချစ်သူဘဲ ဖြစ်နေချင်တယ်
အဲးဒါလည်း ကျွန်တော့် အတ္တလား.............
facebok မှကူးယူသည်
(အရောင်မပျယ်တဲ့ ချစ်ခြင်း)...
အလွမ်းမင်းသားလေး | 05:05 | Best Blogger Tips
တွယ်တာမိပါတယ်   ရင်ထဲက
သက်ဆုံးထိလဲ   လက်တွဲဖို့ လဲ  ရည်ရွယ်ခဲ့တာမို့ 
အရာရာဟာ   သူ့ အတွက်ဦးစားပေးခဲ့တယ်
သိုသိပ့်ဖုံးကွယ်ဖို မတွေးမိသလို
လိမ်ညာလှည့်ဖြား  ကစား ဖို့ ဆိုတာဝေးလာဝေး
ချစ်တာထက်   တန်းဖိုးထားခဲ့တာပါ
ရိုးရှင်းစွာ  ချစ်ခဲ့တာမို့ 
နေရာတိုင်းဟာ   ဖြူစင်နေတယ်ချစ်သူ
မဝေးတော့မယ့်   အနာဂတ်အတွက်
တို့    လက်လေးတွေ  ခိုင်မြဲနေမယ်နော်
ကြားလေသွေးလို့    မဝေးစေရဘူး
မုန်းတိုင်ထန်လဲ  ယိုင်လဲမသွား
လေပြေလေးတွေ  လာမယ့်ရက်ကို  တို့ တစ်တွေ
မျှော်ရင်း  ထာဝရချစ်လို့ နေမယ်
တစ်သက်စာ  ပျော်ရွှင်ဖို့ အတွက်
ဝမ်းနည်းမှု့ တွေကြုံလာတိုင်း  ရင်ကေါ့ ခေါင်းမော့
ကြမ်းတမ်းတဲ့    ရက်တွေကို  တူလက်တွဲပြီး
 အံတုလို့ နေမယ် ချစ်သူရယ်.............
ဆေးမဆိုး  အရောင်မတင်  ဘယ်တော့မှ
မှေးမှိန်မသွားတဲ့    ဒီအချစ်စစ်  တို့ နဲ့ 
နေ့ ရက်တိုင်းကို  လှပစေမယ်
ယုံကြည်လိုက်           ချစ်သူရယ်...................
ညအက္ခရာ
" နှလုံးသားကလာတဲ့စာ မေတ္တာပါတဲ့စကား "(၃)...
အလွမ်းမင်းသားလေး | 04:57 | Best Blogger Tips
ချစ်သူ.....
ဘ၀ဆိုတာ အချိန်ကာလ အပိုင်းအခြားလေး တစ်ခုပဲလား။ အချစ်ဆိုတာကရော ဘ၀ဆိုတာရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဘ၀ဆိုတာထဲမှာ အဲဒီအချစ်ဆိုတာကို ကိုယ်တို့ပိုင်ဆိုင်ခွင့် ရခဲ့ကြတယ်။
ပြီးတော့မှ အဲဒီအချစ်ကနေ တစ်ဆင့် ဘ၀ဆိုတာကို ပြန်ပြီးပိုင်ဆိုင်ခွင့် ရခဲ့ပြန်ပါရောလား။ ဒါပေမဲ့ အဲဒီလိုချစ်ပြီးမှ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဘ၀ကျတော့ ကိုယ်တို့ရဲ့ သီးခြားကမ္ဘာလေးပေါ့ကွယ်။ အဲဒီကမ္ဘာလေးကို ဘယ်သူမှ မပိုင်ဘူး။ ကိုယ်တို့နှစ်ယောက်ပဲ ပိုင်တယ်။
တမ်းချင်း ဒါမှမဟုတ် လွမ်းချင်း...
အလွမ်းမင်းသားလေး | 04:46 | Best Blogger Tips
(This photo is copied from google)
လွန်ခဲ့တဲ့တစ်ညနေခင်းမှာ
နှလုံးသားဟာ အညှာကကြွေကျသွားတယ်
ပြန်ဆက်နိုင်အောင်ကြိုးစားနေတုန်းမှာ
တစ်စစီကွဲသွားတာ ဒီမနက်ထိပဲ!
နှလုံးသားအကြွေစတွေက
မှန်စ၊ စက္ကူစတွေနဲ့ မတူဘူး
ဒဏ်ချက်ရရင်ရသလို
အထပ်ထပ်….. အခါခါ.....ပေါ့
ကြွေ……..မွ
အသက်ရှုတိုင်းမှာ မဝတဝနဲ့ပေါ့ ချစ်သူ…….
အရိပ်
Wednesday 14 November 2012
ဂျီတော့ နဲ့  ဘလော့စာမျက်နှာ တွေ မှာ မြန်မာလို မပေါ်ခဲ့ ရင် ...
အလွမ်းမင်းသားလေး | 03:54 | Best Blogger Tips
ဂျီတော့ နှင့် ဘလောက်စာမျက်နှာတွေ မှာ မြန်မာလို မပေါ်ပဲ လေးထောင့် တုန်းတွေ ပဲ
ပေါ်နေရင် ဒီလိုလေး ဖြေရှင်းပေးစေချင်ပါတယ်..အိုကေ စလိုက်ရအောင် 
မော်ဇီလာကို ဖွင့် လိုက်ဗျာ .. <TOOL> ကို နှိပ်လိုက်ပါ
ထို့ နောက်  <OPTIONS> ကို ဆက်သွားပါ..
<OPTIONS> ထဲကနေ <content> ကိုသွားပါ ထို့ နောက် 
font@colour လိုင်းထဲက advanced ကို နှိပ်ဝင်လိုက်ပြီး font လေးတွေ ကို
zawgyi one ကိုပြောင်းပေးလိုက်ပါ.. ပုံလေးကို ကြည့် ပြီးစမ်းကြည့် လို့ ရပါတယ်
ကဲနောက်တစ်ခု ဆက်လိုက်ရအောင်
 start ကနေ control panel ကို သွားပြီး internet options ကို ရှာပြီး နှိပ်လိုက်
မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင် Google Chromebook (Acer C7)...
အလွမ်းမင်းသားလေး | 03:45 | Best Blogger Tips
မကြာမီရက်ပိုင်းအတွင်း ကမ္ဘာတစ်လွှား ဖြန့်ချိတော့မှာ ဖြစ်တဲ့ Notebook ဖြစ်တဲ့ Acer C7 ဟာ မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်ပဲ ရှိပါတယ်။
Acer C7 သို့မဟုတ် Google C7 Chromebook လို့ခေါ်တဲ့ Notebook ကို Google နဲ့ Acer က တွဲထုတ်တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စလို့ စတင် မိတ်ဆက်ပြီး Google ရဲ့ အဓိက လက်တွဲဖော် ကတော့ တောင်ကိုရီးယား Samsung နဲ့ ထိုင်ဝမ် Acer ဖြစ်ပါတယ်။ ယခု တစ်ခေါက် လက်တွဲထုတ်တာကတော့ Acer နဲ့ ဖြစ်ပါတယ်။
Processor : 1.1GHz Intel Celeron 847 processor
RAM          : 2GB of DDR3
Storage      : 320GB hard drive
OS              : Google Chrome OS
Connectivity : 3-USB 3.0 ports, SD/MMC card reader, HDMI, Wi Fi
battery        : four cell , 3.5 hours
Dimension    : 285x202x27.5mm
Weight         : 1.38kg
ဘက်ထရီ သုံးနာရီခွဲခံတယ်လို့ ဆိုပါတယ်။ စဖွင့်ချင်း ၁၈ စက္ကန့်ထက် မကျော်ခင် ပွင့်တယ်ပါတယ်။
Tuesday 13 November 2012
ငါးထောင်တန်ဖုန်းတကယ်ဖြစ်လာတော့မည်ဟုရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး ကပြော ...
အလွမ်းမင်းသားလေး | 05:03 | Best Blogger Tips
 ပြည်သူများမျှော်လင့်ကြ သော
 (၅၀၀၀)တန်ဖုန်း အိပ်မက်သည်
တ ကယ်ြ ဖစ် လာရန် နီးစပ်
လာပြီဖြစ်ကြောင်း နိုဝင်ဘာလ(၉)
ရက်ကရွှေပြည် တံခွန်ကုမ္ပဏီမှ
မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး
 ကပြောကြား သည်။
““အခု ဆက်သွယ်ရေးဥပဒေကို အများပြည်သူသိရှိလေ့လာစေရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ
ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်
အလက်တွေ၊သူ့ရဲ့အဓိပ္ပာယ်တွေ၊ အပြည်ပြည်ဆိုင်ရာလိုင်စင်တာဝန်၊ပြိုင်
ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း အဲဒါ
မျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န်ဆောင်မှုအထူးပြုတဲ့
ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။
ဝါကျွတ်သွားလည်း တစ်ယောက်တည်းပါပဲ ချစ်စနိုးဦး...
အလွမ်းမင်းသားလေး | 04:27 | Best Blogger Tips
ချစ်စနိုးဦး က အောက်တိုဘာ ၃ဝ ရက်နေ့က ဘိုဖြူတို့နဲ့ အတူ မဲဆောက်မြို့ကို ဖျော်ဖြေရေး ထွက်ခွာ သွားခဲ့တာ နိုဝင်ဘာ ၃ ရက် နေ့ မှာတော့ ပြန်လည်ရောက် ရှိလာ ပါတယ်။ ပြည်ပ ဖျော်ဖြေရေး ခရီးစဉ် အနေနဲ့ မဲဆောက် မြို့ကို ငါးပွဲမြောက် ဖျော်ဖြေခြင်း ဖြစ်ကြောင်း ပြောပါတယ်။ ဖျော်ဖြေရေး တွေမှာ ပြည်ပက ပရိသတ်တွေ အားပေးမှုနဲ့ မြန်မာပြည်က ပရိသတ်တွေ အားပေးမှု ဘာကွာခြားမှုတွေ ရှိသွားမလဲ ဆိုတာကို ချစ်စနိုးဦးက “နိုင်ငံခြားမှာကျတော့ ခဏခဏ ပွဲမလုပ်ကြဘူးလေ။ ပွဲလုပ်တဲ့ အခါကျတော့ ရှိတဲ့ မြန်မာတွေ အကုန်လုံး လာအားပေးကြပါတယ်။ ရန်ကုန်က ပရိသတ်တွေ ကျတော့ အနုပညာရှင်တွေကို အမြဲတမ်း မြင်နေကျ ဆိုတော့ အထူးအဆန်း မဟုတ်တော့ဘူး။ နယ်က ပရိသတ်တွေ ဆီကိုတော့ အနုပညာရှင်တွေ လာတာ နည်းတယ်။ အဲဒါကြောင့် ရှိုးပွဲတွေ လုပ်ရင် တအားကို အားပေး တယ်။ နိုင်ငံခြား ပရိသတ်တွေလည်း ဒီလိုပဲ။ သူတို့ မြန်မာပြည်နဲ့ ဝေးကွာနေတဲ့ အချိန်မှာမြန်မာပြည်က အနုပညာရှင်တွေ လာရောက် ဖျော်ဖြေတော့ တအား ဝမ်းသာ ကြတယ်” လို့ ပြောပါတယ်။
"တန်ဆောင်မုန်း လပြည့်နေ့မှာ တစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မယ့် ထွန်းအိန္ဒြာဗို" ...
အလွမ်းမင်းသားလေး | 04:21 | Best Blogger Tips
Photo: "တန်ဆောင်မုန်း လပြည့်နေ့မှာ တစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မယ့် ထွန်းအိန္ဒြာဗို"
ထွန်းအိန္ဒြာဗိုက လှူဒါန်းဖို့ရည်ရွယ်ပြီး ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်နေ့၊ နေ့ခင်း ၂ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကို နိုဝင် ဘာ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်နေ့) ညနေ ၆ နာရီခွဲမှာ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ထွန်းအိန္ဒြာဗိုက ၂ဝဝ၂ ခုနှစ်က ဒိုင်ယာရီလိုက်ဖ်ရှိုး(ရန်ကုန်၊မန္တလေး)၊ ၂ဝဝ၅ ခုနှစ်မှာထွန်းအိန္ဒြာဗို ၂ဝဝ၅လိုက်ဖ်ရှိုး (ရန်ကုန်)၊ ၂ဝဝ၉ ခုနှစ်မှာ Live & Request ရှိုး(ရန် ကုန်)တို့မှာ တစ်ပွဲကို နှစ်ရက်စီ ကျင်းပခဲ့ပြီးအခုတစ်ကိုယ်တော် ဖျော်ဖြေပွဲက စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ လိုက်ဖ်ရှိုးပွဲ ပဲ ဖြစ်ပါတယ်။ ယခု ၂ဝ၁၂ ခုနှစ်မှာ ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲက ဘဝမှာ အမှတ်တရအဖြစ်ဆုံးပွဲ ဖြစ် သွားနိုင်ကြောင်းကို ထွန်းအိန္ဒြာဗိုက ''အမှတ်တရ အဖြစ်ဆုံး ဖြစ်သွားနိုင် ပါတယ်။ ဒီအသက်အရွယ်မှာ ခံစားနေရတာလေးက အလုပ်ကိုပဲ ကျုံးရုန်းလုပ်တာ သဘာဝမကျဘူး။ မိသားစုကိုလည်း အချိန်ပေး ရမယ်။ တတ်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း စဉ်းစားရမယ်ဆိုတဲ့ အတွေး ရောက်လာတဲ့အတွက် ကြိုးစားဖြစ်တာကြောင့် တော်တော်လည်း ပီတိဖြစ်ရပါတယ်'' လို့ ပြောပါတယ်။
ဒီဖျော်ဖြေပွဲမှာ သီချင်း အပုဒ် ၄ဝ ပါဝင်မှာ ဖြစ်ပြီး လူမင်း ဒါရိုက်တာ လုပ်ထားတဲ့ ဇာတ်လမ်းတိုတစ်ခုပါ ပါဝင်မှာဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက ''ကိုလူမင်း ဒါရိုက်တာလုပ်တာက ဇာတ်လမ်းတိုလေးပါ။ သီချင်း မဟုတ်သေးဘူး။ ပွဲအစဇာတ်လမ်းတိုလေးပါပဲ။ ဒီပွဲအတွက် စိတ်တွေ ဈာန်ဝင်ပြီး ညတစ်ရေးနိုးတဲ့အခါ စဉ်းစားမိတိုင်း လုပ်စရာတွေ က ပေါ်ပေါက်လာတယ်။ အဲဒီထဲက စိတ်ကူးတစ်ခုပါ။ အဲဒီဇာတ်လမ်းမှာ ကျွန်မတို့ မိသားစုတွေပါမှာပါ''လို့ပြောပါတယ်။
တစ်ကိုယ်တော် ဖျော်ဖြေပွဲတိုင်းကို ၂ ရက်ကြာ ဖျော်ဖြေခဲ့တာ ဖြစ်တဲ့ အတွက် ဒီနှစ် ၁ ရက်ပဲ ကျင်းပတဲ့အတွက် ထွန်းအိန္ဒြာဗိုရဲ့ ပရိသတ်တွေ ကို ကျေနပ်မှု ရှိပါ့မလားလို့ မေးတော့ ''ကျွန်မတို့ ဒီနှစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို SKY NET က တိုက်ရိုက်လွှင့်တာလည်း ပါမယ် ဆိုတော့ ပရိသတ်အရေအတွက် များများကြည့်ခွင့်ရတာနဲ့ တူသွား တယ်လေ။ အဲဒါကြောင့်လည်း တစ်ရက်ပဲလုပ်တာပါ''လို့ ပြောပါတယ်။
ဒီပွဲလေးက အလှူပွဲလေးဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုခြင်း အားဖြင့် ပျော်စရာလည်း တအားကောင်းမယ့်အပြင် လှူပြီးသား လည်းဖြစ်သွားတဲ့အတွက် ပရိသတ်နဲ့ အတူတူလှူခွင့် ရချင်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ပွဲမှာရရှိသမျှအကျိုးအမြတ် အားလုံးကို (၇)နေရာကို လှူဒါန်းမှာဖြစ်ပြီး ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်များ၊ ရခိုင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်များ၊ရန်ကုန်မြို့ အထွထွေဆေးရုံ ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေ့အိမ်ပညာရေး ကွန်ယက်၊ ကိုမင်းကိုနိုင်တို့ရဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊ မဖြူဖြူသင်းရဲ့ HIV/AIDS ကုသရေးနှင့် ကာကွယ်ရေးစင်တာကို လှူဒါန်းသွား မှာ ဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ လက်မှတ်များကို မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာ၊ Junctionစင်တာမှ Forever Gems၊ ရွှေနန်းတော်ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။
င်္From; popular myanmar journal
ထွန်းအိန္ဒြာဗိုက လှူဒါန်းဖို့ရည်ရွယ်ပြီး ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်နေ့၊ နေ့ခင်း ၂ နာရီက ရန်ကုန်မြို့ ဆီဒိုးနာ
းဟိုတယ်မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကို နိုဝင် ဘာ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်နေ့) ညနေ ၆ နာရီခွဲမှာ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ထွန်းအိန္ဒြာဗိုက ၂ဝဝ၂ ခုနှစ်က ဒိုင်ယာရီလိုက်ဖ်ရှိုး(ရန်ကုန်၊မန္တလေး)၊ ၂ဝဝ၅ ခုနှစ်မှာထွန်းအိန္ဒြာဗို ၂ဝဝ၅လိုက်ဖ်ရှိုး (ရန်ကုန်)၊ ၂ဝဝ၉ ခုနှစ်မှာ Live & Request ရှိုး(ရန် ကုန်)တို့မှာ တစ်ပွဲကို နှစ်ရက်စီ ကျင်းပခဲ့ပြီးအခုတစ်ကိုယ်တော် ဖျော်ဖြေပွဲက စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ လိုက်ဖ်ရှိုးပွဲ ပဲ ဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲမှာ ဆုကြေညာတဲ့ အချိန်ကို အရမ်း ရင်ခုန်ရတယ်ဆိုသူ မိုးယုစံ...
အလွမ်းမင်းသားလေး | 04:20 | Best Blogger Tips
လတ်တလောမှာ မိုးယုစံက ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးတဲ့ “ယောက္ခမ ရိုသေ အသက်ရှည်၊ ယောက္ခမရှိခိုး သွားမကျိုး” ဇာတ်ကားမှာ ပြေတီဦး၊ စိုးမြတ်သူဇာ တို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ကိုယ့်ကို ပရိသတ်တွေ သိလာတဲ့ အတွက် အောင်မြင်မှု အတိုင်းအတာလေး တစ်ခုတော့ ရလာပြီ ဖြစ်ကြောင်း၊ ဒီ့ထက်မကျဘဲနဲ့ အလုပ် တစ်ခုလုပ်ရရင် နောက် အလုပ်နှစ်ခု လုပ်နိုင်အောင် ပိုကြိုးစားရကြောင်း၊ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိသလိုပဲ အားမပေးတဲ့ ပရိသတ်တွေ အတွက် လည်း ကိုယ့်ကို ပိုပြီးချစ်ခင်နှစ်သက်အောင် ကြိုးစားနေကြောင်း မိုးယုစံက ပြောပါတယ်။
အလှပဆုံး ဒဏ်ရာ...
အလွမ်းမင်းသားလေး | 03:32 | Best Blogger Tips
အလွမ်းဒဏ်ရာ …….
အဆွေးဒဏ်ရာများနဲ့
ငါအသည်းကွဲ တဲ့အချိန်တုန်းက…………..
ရင်မှာကျန်ခဲ့တဲ့ ဒဏ်ရာက
အလှပဆုံး ဒဏ်ရာလေးတွေပဲ……..
ပျော်ရွှင်စရာတွေ
ဆင်ခြင်စရာတွေ မရှိအောင် ငါဘဝက
အမုန်းဒဏ်ရာအလယ်မှာ…………..
အရှုံးသံသရာတွေနဲ့ .............
ခုထိငါ နစ်မွန်းနေတုန်း ................
လူတွေကပြောကြတယ်……………..
လူဘဝရဲ့အစက ချစ်ခြင်းတွေနဲ့ စတာတဲ့
ဒါပေမဲ့……..လောကကြီးရယ်…………
ငါ့ဘဝရဲ့အစက အလွမ်းဆွေးဒဏ်ရာနဲ့စနေ ပါလား
ငါ့ကို အလွမ်းအဆွေးဒဏ်ရာတွေ ပေးခဲ့တဲ့..
ငါ့ရဲ့ ခင်တွယ်စရာ ချစ်သူလိပ်ပြာရယ်
ဘယ်ဆီ၊ဘယ်ဌာနမှာ နားခိုနေပြီလဲ
ငါ့ရင်မှာအလွမ်းအဆွေးဒဏ်ရာတွေနဲ့ ရှုးတောမယ်
ကြယ်စုံနေ့ရက်တွေလဲ ပျောက်ဆုံး…………
မဆုံဆည်းနိုင်တဲ့ ချစ်သူလိပ်ပြာရယ်
ရင်မှာပူလောင်တဲ့ အလွမ်းဒဏ်ရာ
နေ့ရက်ကလေးတွေပိုက်ပြီ…….
ဒီလိုနဲ့  တစ်ရက်ပီးတစ်ရက်....................။
မမမေ (စစ်တွေ )
မလာပါနဲ့....
အလွမ်းမင်းသားလေး | 03:24 | Best Blogger Tips
နင်စိတ်မချဖြစ်မှာစိုးလို့ ငါဝိတ် မချတာကို
နင်က ငါသိပ်ဝတယ်ဆိုပီး ဟားတိုက်ချင်တာလားချစ်သူ
နားလိုက်ပါတော့ကွာ
မင်းရဲ့အပြစ်မြင်တတ်တဲ့ အတွေးအခေါ်တွေကို
မြောင်းထဲသွားပီးမျှောလိုက်ပါ
မင်းကို အသက်ရှူမှားမတတ်ချစ်ခဲ့ပေမယ့်
တစ်ဖက်လူကို အနိုင်ယူချင်တဲ့ မင်းစိတ်ဓါတ်ကို
မနှစ်မြို့တာတော့ အမှန်ပဲ
အခုမြင်နေရတာ ရင်နာလို့
မင်းအတွေးအခေါ်တွေကို အဟောင်းဆိုင်တန်းထဲက
စာအုပ်တွေဖတ်ပြီးပြုပြင်လိုက်ပါ
ငါကတော့ ဟောင်းနေတဲ့ ငါ့စတိုင်ကို
ပြောင်းမနေနိုင်ဘူး
အသစ် အသစ်တွေဖြစ်နေတဲ့ မော်ဒယ်ခေတ်မှာ
မင်းက ဖလမ်းဖလမ်းတွေကိုမှ အရမ်းငမ်းချင်တယ်ဆိုရင်
ငါ့ဘ၀ရဲ့ အဝေးဆုံးကို အချင်းမများပဲ မင်းသွားလိုက်ပါ
မင်းအတွက်နဲ့ ငါ့နှလုံးသားက
လွမ်းဆွတ်တာလည်းမရှိ
ကြေကွဲရတာလည်းမဖြစ်လို့
ငါ့ဘ၀ထဲက အမြန်ဆုံးထွက်သွားပါချစ်သူ
မင်းထွက်သွားလို့ ရတက်ပွားပြီး
စားမ၀င်အိပ်မပျော်ဖြစ်နေမယ် ထင်ရင်တော့
မှားသွားမယ်ချစ်သူ
မင်းအတွက်နဲ့တော့ ထမင်းငတ်ခံပြီးလွမ်းမနေနိုင်ဘူး
ကျန်နေသေးတဲ့ ငါ့ဘ၀ရဲ့ အစိတ်အပိုင်းကို
မင်းမရှိလည်း ပျော်ပျော်ကြီးဖြတ်သန်းမယ်
ငါ့ဘ၀ထဲကို နောက်ထပ်မလာခဲ့ပါနဲ့.....။
Cinthi ( G.T.C ) 
USA တွင်ကျင်းပသည့် Miss. Diaspora ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး တစ်ဦး People's Choice Award ရရှိ ...
အလွမ်းမင်းသားလေး | 02:53 | Best Blogger Tips
အမေရိကန်နိုင်ငံ နယူးယောက်မြို.တွင် နိုဝင်ဘာ၁၀ရက်နေ.ကကျင်းပခဲ့သည့် Miss Diaspora
Models International
2012-2013 Beauty Competition ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူNinda Taylor ခေါ် မယမုံမိုးက International People's Choice Award ဆုရရှိခဲ့ကြောင်း သိရပါသည်။
"ကျွန်မ International People's Choice Award ဆုကိုမနေ.ညကရခဲ့ပါတယ်၊ဒါက အံအားသင့်စရာအတွေ.အကြုံပါ၊ အားလုံးကိုကျေးဇူးတင်ပါတယ်"ဟု Ninda Taylor က ယနေ.နံနက်ပိုင်း
 တွင် ၄င်း၏ Facebook စာမျက်နှာတွင်ရေးသားထားသည်။
Miss Diaspora Models ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် နိုင်ငံ ၂၇နိုင်ငံ
မှပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက် ...
အလွမ်းမင်းသားလေး | 02:51 | Best Blogger Tips
မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများ ပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။        
ရွှေပြည်သာမြို့နယ်အတွင်းပိုင်းကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့  လူကုန် ကူးခံရကာ  (၂)လ၀န်းကျင်ကြာမြင့်ပြီးမှ  ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် 
Monday 12 November 2012
တွေးတွေးပြီး ရယ်..၅....
အလွမ်းမင်းသားလေး | 21:52 | Best Blogger Tips
(၁)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ
မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။
"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"
ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။
"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"
(၂)
ခင်ပွန်းဖြစ်သူဟာ စာစောင်တစ်ခုဖတ်နေရင်းက မိန်းမကိုလှမ်းပြောတယ်။
Sunday 11 November 2012
အဝေးက ချစ်သူ...
အလွမ်းမင်းသားလေး | 05:07 | Best Blogger Tips
ချစ်သူ နဲ့    အတူရှိနေချိန်မှာ  ငါ့
ရင်ခုန်သံတွေ ခုန်ပေါက်ပြေးလွှားနေတဲ့ 
 မြင်းရိုင်း တစ်ကောင်လို   အထိန်းကွတ်မယ့်နေတယ်
ခဏ လေးလို့   ပြောနေပေမယ့်   ငါကိုယ်တိုင်လဲ
မခွဲနိုင်ခဲ့ဘူး
ပြန်လာပါ  ချစ်သူရယ် လို့  ခေါ်နေပေမယ့်
နားလည်ပေးပါကွယ်   ပေးဆပ်နေတဲ့သူ  တစ်ယောက်မို့ 
ခဏတာလေး  ဝေးဝေးနေပါရစေ
အလွမ်းတွေနဲ့   ညည  ဆို   ချစ်သူမျက်နှာငေးရင်
ငါ      မျက်ရည်တွေကျမိတယ်
ဘာကြောင့်  ချစ်သူနှစ်ဦးကို  ဝေးဝေးကနေလွမ်းစေတာလဲနော်
ချစ်သူရေ   သတိရလေတိုင်
ဝဲဖက်    ရင်ဘတ်တခြမ်း နာလို့ 
မျက်ရည်မိုးတွေ   မစဲသည်းနေတယ်
အလွမ်းမိုးသည်းလို့    ခု ဒီစာ  ကို
မျက်ရည် တွေသက်သေတည်ရင်    ချစ်သူအတွက့်
အလွမ်းတွေသီရင်း     ရေးခဲ့မိတယ်
ချစ်သူရယ်.............
ညအက္ခရာ
အချစ်သည် တခါတရံ ပင်ပန်းတတ်၏...
အလွမ်းမင်းသားလေး | 03:59 | Best Blogger Tips
တွယ်တာမှုတွေ အပြည့်အ၀နဲ့
ရင်မှာ နွယ်ခဲ့ရတာပါ
သံယောဇဉ်တွေ ပုံအောပြီး
ယုံကြည်ခြင်းတွေကို
လည်ဆွဲလုပ်လို့ပေါ့
မင်း   အပြုံးတွေ
ခပ်ကျဲကျဲရှိနေပေမယ့်လဲ
ငါ့  မှာတော့
သဲကြီး မဲကြီးရွာချနေတဲ့
အချစ်မိုးတွေ
မထင်ခဲ့ပါဘူးကွယ်
ရှင်သန်နေတဲ့ အကြင်နာ
နွယ်ယှက်တွေ
အမြစ်က ဖြတ်ခံရမယ်လို့
ခုတော့လဲ
တစိမ်းပြင်ပြင်
သစ္စာတရားတွေ ချနင်းခံရလဲ
လည်စင်းပေးနေဦးမယ်
တောင်ကြီးရဲ့ ဖ၀ါးအောက်မှာ
လမ်းစတွေ မပျောက်စေပဲ
ချစ်ရသူကို
မျှော်ကာစောင့်နေပါ့မယ်
အချစ် စစ်စစ်တွေအတွက်
ရင်မှာ ဒဏ်ရာဖြစ်လဲ
အမာရွတ်ကျန်သည်အထိ
သေချာ ဂရုစိုက်သိမ်ထားကာနေပါ့မယ်
ချစ်ရသူရဲ့  ဝေးနေတဲ့ 
နှုတ်ခမ်း လွမ်းပြီးရင်းလွမ်းနဲ့
အက်ကွဲနေတဲ့ မျှော်လင့်ချက်တွေ
နာနာ ကျင်ကျင် ဖြစ်နေရပြီး
ပြွတ်သိပ်နေတဲ့ 
သံယောဇဉ်တွေက
အဝေးကို ထွက်သွားဖို့
နောက်ပြန်ဆွဲနေလေရဲ့
ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့  နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။
 jasmine
အိပ်မက်ထဲမှာရွာတဲ့မိုး...
အလွမ်းမင်းသားလေး | 03:52 | Best Blogger Tips
ကောင်မလေးရေ…..
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…..။
ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ
တက်လာတယ်….
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
"မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…"
အဲသည်.. တစ်စုံတစ်ရာသော "မိုး" လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။
မင်းခိုက်စိုးစန်
စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်....
အလွမ်းမင်းသားလေး | 03:45 | Best Blogger Tips
ယနေ့ ရွှေဘို ငလျှင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်
ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။
ဘူတာရုံနဲ့တူတဲ့ ကောင်မလေး...
အလွမ်းမင်းသားလေး | 03:40 | Best Blogger Tips
ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။
အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။
ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။
ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။
မင်းခိုက်စိုးစန်
တွေးတွေးပြီးရယ်..၄...
အလွမ်းမင်းသားလေး | 03:29 | Best Blogger Tips
အော်.. ယောက်ျား
ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?
လက်ထပ်ပြီးစ.......
အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?
ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ