အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 15 November 2012

ငလျင်ဒဏ်ခံနေရာများ၌ မြို့ပျက်သဖွယ်ဖြစ်၍ လူထုမှာ ထိတ်လန့်ချောက်ချားနေကြ ...

အလွမ်းမင်းသားလေး | 06:30 | Best Blogger Tips


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုလ ၁၁ ရက် နေ့ နံနက်ပိုင်းက
အင်အားပြင်းငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဒဏ်ခံအချို့နေရာများမှာ အပျက်အစီးများကြား
၌ မြို့ပျက်သဖွယ်တိတ်ဆိတ်သွားကာ ရှင်သန်ကျန်ရစ်ခဲ့သောလူထုမှာ နောက်ဆက်တွဲ ဖြစ်ပေါ်နေ
သော သတင်းစကားများကြောင့် ထိတ်လန့် ချောက်ချားနေကြသည်။
အဆိုပါနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် ၈၂ မိုင်
ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်နေရာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈
အဆင့်နှင့်၎င်းနှင့်အချိန်မိနစ်ပိုင်းသာ ကွာခြားကာ သပိတ်ကျင်းမြို့မှ အနောက် တောင်ဘက်
လေးမိုင်ခန့်အကွာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ သုည အဆင့်ရှိ ငလျင်တစ်ခု
လှုပ်ခတ်ခဲ့ သည်။


၎င်းနောက် နံနက် ၈ နာရီ ၂ မိနစ် ၂၈ စက္ကန့်တွင် သပိတ်ကျင်းမှ အနောက် တောင်ဘက် ၁၂ မိုင်
ခန့်နေရာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ သုည အဆင့်ရှိ ငလျင်တစ်ခုမှာ ဆက်
တိုက်ဆိုသလို အချိန်တိုအတွင်း လှုပ်ခတ် သွားခဲ့သည်။ ၎င်းငလျင်သုံးခုကြောင့် စစ်ကိုင်းမြို့၊
ကျောက်မြောင်းမြို့နယ်၊ ရွှေဘိုမြို့၊ ခင်ဦး မြို့၊ ကန့်ဘလူမြို့နယ်၊ ၀က်လက်မြို့နယ်၊ မန္တလေးမြို့၊
အမရပူရမြို့နယ်၊ တံတားဦး မြို့နယ်၊ ကျောက်ဆည်မြို့၊ စဥ့်ကူးမြို့၊ သပိတ်ကျင်းမြို့၊ မိုးညှင်းမြို့၊
မိုးကုတ်မြို့ နယ်တို့တွင် အဆောက်အအုံ၊ စေတီပုထိုး ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီး ပြို
ကျခဲ့ကာ လူထိခိုက်ဒဏ်ရာရမှုနှင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖြစ်ပွားပြီးနောက် ယခုလ
၁၂ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှထုတ်ပြန်သော သတင်းများအရ စဥ့်ကူးနှင့်
သပိတ်ကျင်းတွင် ငလျင်ဒဏ် ကြောင့်သေဆုံးခဲ့ရသူမှာ ကိုးဦးရှိကာ ၎င်းမြို့များမှာအိမ်ခြေ
အဆောက်အအုံ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည်။
"အဘွားအသက် ၇၇ နှစ်ရှိပြီ။ ဒီလို ငလျင်မျိုး တစ်ခါမှမကြုံဖူးဘူး။ အခုတော့ တစ္ဆေကို မကြောက်
တော့ဘူး။ ငလျင်ဆိုရင်တော့ ကြောက်ပါပြီ။ ဒီရပ်ကွက် ပတ်ပတ်လည်မှာ မြင်တဲ့အတိုင်းပဲ။ အိမ်
ကောင်းရယ်လို့ မကျန်တော့ပါဘူး။ ဘယ်သူမှလည်း အထဲဝင်ပြီး မအိပ်ရဲကြ တော့ဘူးလေ။
အကုန်လုံး ပစ္စည်းလေး တွေပုံထားပြီး လမ်းမပေါ်မှာချည်းပဲ"ဟု သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်
မှ ဒေါ်ခင်မြင့်က ယခုလ ၁၂ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောပြီး ယခင်က အိမ်တစ်လုံးဖြစ်ရန်
လွယ်ကူသော်လည်း ယခု ခေတ်တွင် များစွာခက်ခဲကြောင်း မြို့ခံများက ပြောသည်။

သပိတ်ကျင်းမြို့တွင် အိမ်ခြေ ၈၀၀ ကျော်ရှိကာ ထိခိုက်ပျက်စီးသော အဆောက်အအုံပေါင်း ၂၀၀
ခန့်၊ စဥ့်ကူး တွင် ၇၀ ခန့်ရှိကြောင်း ယခုလ ၁၂ ရက်နေ့ က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဖုန်းဇော်ဟန်ကပြောပြီး ပျက်စီးမှုတန်ဖိုးကို တွက်ချက်
နေဆဲဖြစ်ကြောင်း၊ ပြည်တွင်းမှအလှူရှင်များက ကျပ်သိန်း ၃,၀၀၀ ခန့်နှင့်အ၀တ်အထည်၊ ရွက်ဖျင်
တဲများကို သပိတ်ကျင်းနှင့် စဥ့်ကူး အတွက် ၅၀ စီ၊ အင်ဒိုနီးရှားနိုင်ငံမှ ဒေါ်လာတစ်သိန်း လှူဒါန်း
ထားကြောင်း ပြောသည်။
လှူဒါန်းငွေကို စနစ်တကျ စီမံသွားမည်ဖြစ်ကြောင်း၊ အိမ်ပြန် ဆောက်ပေးမည်ဆိုပါက တန်ဖိုးနည်း
အိမ်ရာဖြစ်မည်မှန်းကြောင်းပြောသည်။
အင်အားပြင်း ငလျင်များလှုပ်ခတ်ပြီး နောက်ငလျင်ငယ်အချို့မှာ ဆက်လက်လှုပ်ခတ်ခဲ့ပြီး ပြင်းထန်
သောငလျင် ထပ်မံလှုပ်ခတ်ဦးမည်ဟူ၍ အချင်းချင်း ကြားတွင် ဖြစ်ပေါ်ကြားသိရသော သတင်း
စကားများအရ လူထုမှာ စိုးရိမ် ချောက်ချားနေကြဆဲဖြစ်သည်။
ထိခိုက် ပျက်စီးသွားသော အဆောက်အအုံ အများစုမှာလည်း ဆက်လက်နေထိုင်ရန် မသင့်တော်၊
မဖြစ်နိုင်တော့ဘဲ စွန့်ခွာ၊ ပြောင်းရွှေ့နေကြသည်ကိုတွေ့ရသည်။
"ဒီမှာ ထိခိုက်ဒဏ်ရာရသူ ၃၇ ဦး ထဲမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးသွား
ပါတယ်။ နောက်ထပ် အခြေအနေစိုးရိမ်ရတဲ့ ခြောက်ဦးကို တော့ မန္တလေးဆေးရုံကြီးနဲ့ ဒီက ခုတင်
၁၀၀ ဆံ့ စစ်ဆေးရုံကို လွှဲပေးလိုက်တယ်။ အရိုးအထူးကုဆရာဝန် နှစ်ဦးနဲ့ ခွဲစိတ် ဆရာဝန်နှစ်ဦး
လည်း မန္တလေးက ရောက် နေပါတယ်။ နောက်ထပ်စိုးရိမ်စရာ အခက်အခဲတော့ မရှိတော့ပါဘူး"ဟု
သပိတ်ကျင်းမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ ဆေးရုံမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ
စန်းယုကိုက ပြောသည်။
သပိတ်ကျင်းမြို့၌ ထိခိုက်သူများတွင် ၁၇ ဦးမှာ ၁၀ တန်းကျောင်းသားကျောင်း သူများဖြစ်ကာ
ကျောင်းသူတစ်ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ပြင်ပ စာသင်ချိန်တွင် အတန်းချိန်မပြီးမီ ငလျင်
လှုပ်ခဲ့ရာ စာသင်ခုံအောက်သို့ ၀င်ကြ သော်လည်း ထိခိုက်ဒဏ်ရာရသွားခဲ့ကြ ခြင်းဖြစ်ကြောင်း က
ဘဲ့ရပ်ကွက်မှ ဒေါ်တင်တင်ဝင်းက ပြောသည်။
သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့ နယ်အတွင်း ရွှေတွင်းလုပ်ကွက်များ လည်းရှိရာ ငလျင်ကြောင့်
တွင်းအချို့ ပြိုပြီး တွင်းလုပ်သားများသေဆုံးသည်၊ ပိတ်မိသည် ဟူသော သတင်းများထွက် ပေါ်ခဲ့
သော်လည်း မဟုတ်ကြောင်း စဥ့်ကူးမြို့နယ် လက်ပံလှရဲစခန်းမှ ရဲအုပ် မောင်မောင်ဌေးက
ပြောသည်။
"တွင်းတွေပြိုပြီး လူပိတ်မိတယ်ကြား တော့ စိုးရိမ်လို့ ကျွန်တော်ကိုယ်တိုင်သွား ပြီး တွင်းတွေဘက်
ကြည့်ခဲ့ပါတယ်၊ ပြိုတဲ့ တွင်းရယ်လို့ မရှိပါဘူး။ ကျွန်တော် ကိုယ်တိုင် တွင်းတွေဘက်သွားပြီး မေး
ခဲ့တာပါ။ ကုသိုလ်ကံကောင်းတာက တွင်းတွေဘက်မှာ မနက်ဆိုင်း ညဆိုင်းဆင်းရချိန်ပြီး တစ်ဆိုင်း
က မနက် ၆ နာရီ ခွဲလောက်မှာ အပေါ်တက်လူလဲကြရ တော့ အပေါ်ရောက်ပြီး တွင်းတွေထဲမှာ
လူကုန်တဲ့အချိန်မှာ ငလျင်လှုပ်တာပါ။ ပြန်ဆင်းရမယ့်တစ်ဆိုင်းက ၈ နာရီ လောက်မှ ဆင်းရပါ
တယ်။ တွင်းပြိုတယ် ဆိုတာ အရပ်စကားနဲ့ အတည်ယူနေကြ တာ"ဟု ၎င်းက ယခုလ ၁၂ ရက်က
ပြောသည်။



 ဖြိုးဝေကျော်
မြန်မာတိုင်း(မ်)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ