တွယ်တာမိပါတယ် ရင်ထဲက
သက်ဆုံးထိလဲ လက်တွဲဖို့ လဲ ရည်ရွယ်ခဲ့တာမို့ 
အရာရာဟာ သူ့ အတွက်ဦးစားပေးခဲ့တယ်
သိုသိပ့်ဖုံးကွယ်ဖို မတွေးမိသလို
လိမ်ညာလှည့်ဖြား ကစား ဖို့ ဆိုတာဝေးလာဝေး
ချစ်တာထက် တန်းဖိုးထားခဲ့တာပါ
ရိုးရှင်းစွာ ချစ်ခဲ့တာမို့ 
နေရာတိုင်းဟာ ဖြူစင်နေတယ်ချစ်သူ
မဝေးတော့မယ့် အနာဂတ်အတွက်
တို့  လက်လေးတွေ ခိုင်မြဲနေမယ်နော်
ကြားလေသွေးလို့  မဝေးစေရဘူး
မုန်းတိုင်ထန်လဲ ယိုင်လဲမသွား
လေပြေလေးတွေ လာမယ့်ရက်ကို တို့ တစ်တွေ
မျှော်ရင်း ထာဝရချစ်လို့ နေမယ်
တစ်သက်စာ ပျော်ရွှင်ဖို့ အတွက်
ဝမ်းနည်းမှု့ တွေကြုံလာတိုင်း ရင်ကေါ့ ခေါင်းမော့
ကြမ်းတမ်းတဲ့  ရက်တွေကို တူလက်တွဲပြီး
အံတုလို့ နေမယ် ချစ်သူရယ်.............
ဆေးမဆိုး အရောင်မတင် ဘယ်တော့မှ
မှေးမှိန်မသွားတဲ့ ဒီအချစ်စစ် တို့ နဲ့ 
နေ့ ရက်တိုင်းကို လှပစေမယ်
ယုံကြည်လိုက် ချစ်သူရယ်...................
ညအက္ခရာ
No comments:
Post a Comment