အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 15 November 2012

မြန်မာနိုင်ငံဗဟိုဘဏ် ယခုနှစ်ပိုင်းမကုန်မီ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာမည် ...

အလွမ်းမင်းသားလေး | 06:31 | Best Blogger Tips

ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်မတိုင်မီ လွတ်လပ်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခု
အဖြစ်သို့ ရောက်ရှိ လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန် ရှိသူက ပြောသည်။
လက်ရှိအခြေအနေအတွင် ဗဟိုဘဏ် ဥပဒေကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ပြည်
ထောင်စုလွှတ်တော် တွင် တင်သွင်းထားရာ များမကြာမီ ယင်း ဥပဒေထွက်ရှိလာပြီးနောက်
ဗဟိုဘဏ်သည် သမ္မတရုံးအောက်သို့ ရောက်ရှိ လာနိုင်ကြောင်း အဆိုပါတာ ၀န်ရှိသူက ပြော
သည်။


လက်ရှိအခြေအနေအရ ဗဟိုဘဏ် ၏လုပ်ဆောင်မှုအားလုံးသည် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီး
ဌာနမှ တစ်ဆင့်ဖြစ် သော်လည်း သမ္မတရုံးလက်အောက်သို့ ရောက်ရှိသွားချိန်တွင် ငွေကြေး
အတွက် လိုအပ်သောမူဝါဒများကို ဗဟိုဘဏ် ဥက္ကဋ္ဌကဗဟိုဘဏ်တွင် ဖွဲ့စည်းထားသော
ဘုတ်အဖွဲ့နှင့် တိုက်ရိုက်ဆုံးဖြတ် ခွင့်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"သမ္မတရုံးရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်ရောက်ပြီး ပြည်ထောင်စုအဆင့် ဖြစ်သွားရင် လုပ်
ဆောင်မှု ၁၀၀ ရှိရင် ၅၀ လောက်က ဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့က ဆုံးဖြတ်လို့ရတဲ့အဆင့်ဆို တစ်ခါ
တည်း ပြတ်သွားမယ်။ ပိုပြီး လျင်မြန်လာမှာပေါ့" ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဟောင်း ဖြစ်သူ ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဗဟို
ဘဏ်ယင်းသို့ဖြစ် လာခြင်းသည် ကောင်းသော လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ပြောသည်။
"ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရင် ငွေကြေးလုပ်ငန်း လည်ပတ်မှုမြန်ဆန်လာမှာ
ဖြစ်သလို နိုင်ငံတကာက ၀င်ရောက်လာတဲ့သူတွေ ပိုပြီး ယုံကြည်မှုရှိလာမယ်"ဟု ၎င်းက ပြော
သည်။
"ဒါပေမယ့်ဗဟိုဘဏ်က သူ့ရဲ့စွမ်း ဆောင်ရည်ကို ပြုပြင်တိုးမြှင့်လိုက်တယ် ဆိုပေမယ့် လူမှန်နေ
ရာမှန်ရှိပြီလား။ နည်းပညာတွေ ပညာရှင်တွေရောရှိနေ ပြီလား။ ဥပဒေအပြည့်အစုံရှိနေပြီလား
ဆိုတာကို စဉ်းစားရမယ်။ ဒါတွေမရှိပဲနဲ့ ဘာမှ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူး"ဟု ၎င်းက ပြော
သည်။
လက်ရှိအခြေအနေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုဝင်ဘာ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး
နိုင်ငံတကာ ဘဏ်လုပ်ငန်းက ရင်းနှီးမြှုပ်နှံရန်စုံစမ်း မှုများလည်း မကြားသိရသေးကြောင်း
ပြောသည်။
သမ၀ါယယမဘဏ်၏ ဦးဆောင်ညွှန် ကြားရေးမှူးဦးဖေမြင့်က ဗဟိုဘဏ် သည် အဆိုပါအချိန်
တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်တွင် မရှိ တော့သော်လည်း သမ္မတရုံးရှိ
ဝန်ကြီး ခြောက်ဦး၏ အုပ်ချုပ်မှုအောက်တွင် ရှိနေဦးမည်ဖြစ်ကြောင်း ပြောသည်။
"ဘဏ်အနေနဲ့ လုပ်ငန်းတွေပိုပြီး လည်ပတ်လာမယ်ဆိုပေမယ့် တာဝန် ယူတဲ့ သူတွေအပေါ်
မူတည်တယ်။ သူ့မှာ အတွေ့အကြုံဘယ်လောက်ရှိရှိနဲ့ လုပ် ဆောင်နေသလဲဆိုတဲ့အပေါ် မူ
တည်ပြီး လုပ်ငန်းလည်ပတ်မှုအရှိန်ကသွားမှာ ပဲ" ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်မှခွဲထွက်ကာ သီးခြား ရည်တည်ပြီး
ထမ်းဆောင်မည်ဆိုပါက ဘဏ္ဍာရေးမူဝါဒများကို ဘဏ္ဍာရေးဝန် ကြီးဌာနမှ၎င်း၊ ငွေကြေး
မူဝါဒကို ဗဟို ဘဏ်မှ ၎င်းအဓိကထမ်းဆောင်ရန် တာဝန်ရှိလာပြီဖြစ်ကြောင်း ဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌဟောင်း ဦးမောင်မောင်ဝင်း က ဇူလိုင်လအတွင်းက ရေးသားခဲ့သော ဆောင်း
ပါးတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ- ၁၉၉၀ တွင် ဗဟိုဘဏ်၏အဓိကရည်မှန်းချက်မှာ ပြည်တွင်း၊
ပြည်ပတွင် မြန်မာ ကျပ်ငွေတန်ဖိုး ခိုင်မြဲတည်တံ့စေရန်ဖြစ် သည်။
ယင်းနှင့်အညီ ထိရောက်သော ငွေပေးချေမှုစနစ်များ၊ ငွေကြေးလွယ်ကူ မှု၊ ကြွေးမြီပေးဆပ်နိုင်
မှု၊ အခြေခိုင်သော ငွေကြေးစနစ်ဖြင့် နည်းလမ်းတကျ ဆောင်ရွက်မှုတို့ကို တိုးတက်ကောင်း
မွန်အောင် အကောင်အထည်ဖော်ရန်၊ အစီအစဉ်တကျ ဟန်ချက်ညီညီနှင့် ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေမည့် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို
အားပေးဖော်ဆောင်ရန်တို့ ပါရှိသည်။
အထက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုးပမ်းဖော်ဆောင်ရန်အတွက် ဗဟို ဘဏ်တွင်
လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များရှိရမည် ဖြစ်သည်။
အထက်ပါ ပြဋ္ဌာန်းချက်များသည် သီးခြားရပ်တည်သည်ဖြစ်စေ၊ မရပ်တည် သည်ဖြစ်စေ၊
ဗဟိုဘဏ်၏ လုပ်ငန်း တာဝန်များသာဖြစ်ပြီး သီးခြားရပ်တည် သည့်အခါ အစိုးရအဖွဲ့အစည်းနှင့်
တိုက်ရိုက်ဆက်ဆံ၍ ၀န်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ရမည့် တာဝန်များဖြစ် ကြောင်းလည်း
ဖော်ပြထားသည်။


အေးသီတာကျော်
မြန်မာတိုင်း(မ်)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ