အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 13 November 2012

ဝါကျွတ်သွားလည်း တစ်ယောက်တည်းပါပဲ ချစ်စနိုးဦး...

အလွမ်းမင်းသားလေး | 04:27 | Best Blogger Tips


 
ချစ်စနိုးဦး က အောက်တိုဘာ ၃ဝ ရက်နေ့က ဘိုဖြူတို့နဲ့ အတူ မဲဆောက်မြို့ကို ဖျော်ဖြေရေး ထွက်ခွာ သွားခဲ့တာ နိုဝင်ဘာ ၃ ရက် နေ့ မှာတော့ ပြန်လည်ရောက် ရှိလာ ပါတယ်။ ပြည်ပ ဖျော်ဖြေရေး ခရီးစဉ် အနေနဲ့ မဲဆောက် မြို့ကို ငါးပွဲမြောက် ဖျော်ဖြေခြင်း ဖြစ်ကြောင်း ပြောပါတယ်။ ဖျော်ဖြေရေး တွေမှာ ပြည်ပက ပရိသတ်တွေ အားပေးမှုနဲ့ မြန်မာပြည်က ပရိသတ်တွေ အားပေးမှု ဘာကွာခြားမှုတွေ ရှိသွားမလဲ ဆိုတာကို ချစ်စနိုးဦးက “နိုင်ငံခြားမှာကျတော့ ခဏခဏ ပွဲမလုပ်ကြဘူးလေ။ ပွဲလုပ်တဲ့ အခါကျတော့ ရှိတဲ့ မြန်မာတွေ အကုန်လုံး လာအားပေးကြပါတယ်။ ရန်ကုန်က ပရိသတ်တွေ ကျတော့ အနုပညာရှင်တွေကို အမြဲတမ်း မြင်နေကျ ဆိုတော့ အထူးအဆန်း မဟုတ်တော့ဘူး။ နယ်က ပရိသတ်တွေ ဆီကိုတော့ အနုပညာရှင်တွေ လာတာ နည်းတယ်။ အဲဒါကြောင့် ရှိုးပွဲတွေ လုပ်ရင် တအားကို အားပေး တယ်။ နိုင်ငံခြား ပရိသတ်တွေလည်း ဒီလိုပဲ။ သူတို့ မြန်မာပြည်နဲ့ ဝေးကွာနေတဲ့ အချိန်မှာမြန်မာပြည်က အနုပညာရှင်တွေ လာရောက် ဖျော်ဖြေတော့ တအား ဝမ်းသာ ကြတယ်” လို့ ပြောပါတယ်။

ဝါကျွတ်သွားပြီ ဖြစ်တဲ့ အတွက် ဘယ်အနုပညာရှင် တွေဆီကနေ မင်္ဂလာ သတင်း တွေ ကြားရမလဲ ဆိုပြီး ပရိသတ်တွေက စိတ်ဝင်စား နေကြပါတယ်။ ဒါကြောင့် ချစ်စနိုးဦးရဲ့ မင်္ဂလာသတင်းကကော ဘယ်တော့ ကြားရမလဲ ဆိုတာမေးတော့ “ဝါကျွတ်သွားလည်း အစ်မက တစ်ယောက် တည်းပါပဲ။ တစ်ယောက်တည်းနေ ရတာ ကောင်းတယ်။ အခု အချိန်မှာ အဲဒါတွေ ထက်စာရင် အလုပ်ကိုပဲ အားစိုက်ပြီး လုပ်နေပါတယ်။ ဖူးစာပါမယ့် အချိန်ပေါ့။ ဘယ်အရွယ်မှာ အိမ်ထောင်ပြုမယ်၊ ဘယ်အရွယ်မှာ ဘာလုပ်မယ် ဆိုတာ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ သတ်မှတ် မထားပေမယ့်လည်း တွေ့တဲ့ အချိန်မှာ ယူရင်လည်း ယူဖြစ်မယ်။ ဒါမှမဟုတ် လည်း နောက် ၃၊ ၄ နှစ်လောက်မှပဲ ယူရင်လည်း ယူဖြစ်မယ်။ ဒါက ဖူးစာပါလာတဲ့ အချိန်ပဲ စောင့်နေတော့မယ်” လို့ပြောပါတယ်။ ချစ်စနိုးဦးရဲ့ တစ်ကိုယ်တော်စီးရီး လည်း သင်္ကြန် မတိုင်ခင်မှာ ထွက်ရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။


တွယ်တာ
ပေါ်ပြူလာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ