အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 16 November 2012

ရာဇာနေဝင်း အိုက်တင်နဲ့ တူခြင်း အပေါ် အောင်ရဲလင်းရဲ့ ဖွင့်ဟချက်...

အလွမ်းမင်းသားလေး | 06:07 | Best Blogger Tips



 
အောင်ရဲလင်းက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “အချစ် Error ” ဇာတ်ကား ကို ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်မလေးကို လှည့်စားသူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်း အမြူး ပုံစံလေးနဲ့ နောက်ဆုံးမှာတော့ ဒရာမာချိုးထားကြောင်း အောင်ရဲလင်း က ပြောပါတယ် ။အောင်ရဲလင်းရဲ့သရုပ်ဆောင်ဟန်၊ စကားပြောဆိုဟန် တချို့က ရာဇာနေဝင်းနဲ့ တူတယ်လို့ ပရိသတ် တချို့က ဝေဖန် အကဲခတ်ကြပါတယ်။ အဲဒီလို ဝေဖန်မှု အပေါ် အောင်ရဲလင်း ကိုမေးတော့ “ကိုယ့်အိုက်တင်နဲ့ ကိုယ်သရုပ်ဆောင်တာပါပဲ။ တစ်ချက် တစ်ချက်တော့ တူသွားတာ ဖြစ်မှာပေါ့။ ကျွန်တော် မင်းသား အားလုံးကို ကြိုက်ပါတယ်။ ကိုသားကြီး(ဒွေး) ကိုလည်း ကြိုက်တယ်။ အကုန်လုံးကို ကြိုက်တယ်။ တစ်ယောက်တည်း ချွန်ထွက်ပြီး ကြိုက်တာမျိုး မရှိပါဘူး။ မင်းမော်ကွန်း လည်း ကြိုက်တယ်။ ကိုရာဇာကိုလည်း ကြိုက်ပါတယ်။ အိုက်တင်နဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ သိပ်မလုပ်ပါဘူး။ အဓိကကတော့ ဇာတ်ရုပ် တစ်ခုကို မုဒ်သွင်းပြီး ဇာတ်ညွှန်းပေါ်မှာ မူတည် ပြီးတော့ အိုက်တင် ကွဲသွားတယ်။ ပုံစံလည်း ကွဲသွားတယ်။ အဲဒီလို ပုံစံ ပဲ လုပ်တာ များပါတယ်” လို့ ပြောပြီး သူလုပ်တဲ့ အိုက်တင်ပေါ်မှာ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားသွားမှာ ဖြစ်ကြောင်း အောင်ရဲလင်းက ပြောပါတယ်။ သရုပ်ဆောင် တစ်ယောက် အတွက် အိုက်တင်က အရေးကြီးတဲ့ အတွက် အိုက်တင်ပိုင်း ကိုကော ဘယ်လိုလေ့ကျင့်တာမျိုးတွေလဲ ရှိလို့မေးတော့   “ကျွန်တော် ကိုရီးယားဇာတ်ကားတွေ များများကြည့်တယ်။ ရုပ်ရှင်တွေ များများ ကြည့်ပြီးတော့ အိုက်တင် လုပ်ဖြစ်တာ များပါတယ်။ အမြဲတမ်း လေ့လာနေရမယ် ဆိုတဲ့ စိတ်တော့ ရှိတယ်။
 တချို့ဇာတ်ရုပ် တွေကျတော့ လေ့ကျင့်ဖြစ်တယ်။ တချို့ ဇာတ်ရုပ်တွေ ကျတော့ စိတ်မှန်းနဲ့ ပဲလုပ်လိုက်တယ်။ ကိုယ်အလုပ်ချင်လုံး အလုပ်တစ်ခုကို ကိုယ်ကြိုက်တဲ့ အရာတစ်ခုဆိုရင် သိပ်မကျင့်တော့ဘူး။ မု(ဒ်)က ပါပြီးသားပဲ။ သိပ်ပြီး မကျွမ်းတာ ဆိုရင် လေ့ကျင့်တယ်။ ဒါကျတော့ လုပ်ယူရတာပေါ့” လို့ ပြောပါတယ်။ ကိုယ်တအားကြိုက်တဲ့ အနုပညာရှင်ကို ကြည့်ပြီး သူ့ရဲ့ အိုက်တင်တွေ အတိုင်း လုပ်မိ တတ်တာမျိုးကော ရှိလားလို့ မေးတော့ အောင်ရဲလင်းက “အဲဒီလိုတော့ မရှိ ပါဘူး။သူလည်း သူ့အိုက်တင်နဲ့သူ၊ ကိုယ်လည်း ကိုယ့်အိုက်တင်နဲ့ ကိုယ်ပါပဲ။ ဒါပေမဲ့ သူ ဘာ အိုက်တင် ကောင်းလဲ၊ သူဘယ်လို ကြည့်သွားတာ မိုက်လဲ စတာတွေပေါ် မူတည်ပြီးတော့ ကိုယ့်ဘက်က ပွားသင့်တာ ပွားတယ်။ ယူသင့်တာ ယူတာပေါ့ “လို့ပြောပါတယ်။ အခုရိုက်နေ တဲ့ ဇာတ်ကားပြီးရင် မိုးဟေကို နဲ့ ဒီဗီဒီ ဇာတ်ကား ရိုက်ကူးမှာ ဖြစ်ကြောင်း ပြောပါတယ်။ လတ်တလောမှာ ခေါင်းဆောင်မင်းသား တစ်ဦးတည်း အနေနဲ့ ရိုက်တဲ့ ဇာတ်ကားတွေပဲ ရိုက်ဖြစ်နေပြီး အပြိုင် ဇာတ်ကား ဆိုရင်တော့ ရိုက်ရမယ့် အခန်းမျှတယ်ဆိုမှပဲ ရိုက်ဖြစ်ကြောင်းကို အောင်ရဲလင်းက “အပြိုင်ဇာတ် ဆိုရင် တစ်ယောက်  နဲ့ တစ်ယောက် မျှတတဲ့ ဇာတ်လမ်း ဆိုရင် ရိုက်ပါတယ်။ တခြား ဇာတ်ကားတွေ ကျတော့ စိတ်ထဲမှာ သိပ်အဆင်မပြေဘူး ထင်ရင် မရိုက်ဖြစ်ဘူး။ ရိုက်ဖြစ်တဲ့ ဇာတ်ကား ဆိုရင် စိတ်ကရိုက်ချင်မှ ရိုက်ဖြစ်တယ်။ ကျွန်တော် ဇာတ်ကားတွေ ကို စိစစ်တယ်၊ ရွေးတယ်။ ကိုယ့်ဇာတ်ကား တစ်ကား ထွက်လာရင် ဇာတ်ကား အလျောက် ပုံစံ ပြောင်းသွားအောင် ရွေးပြီး ရိုက်ဖြစ်တယ်။ တခြားမင်းသား တစ်ယောက် ပါလာရင်လည်း သူနဲ့ ကိုယ်နဲ့ အခန်းမျှလား ဆိုတာ ကြည့်ပြီးမှ လက်ခံပါ တယ်” လို့ ပြောပါတယ်။



ခိုင်ဝေလွင်
ပေါ်ပြုလာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ