အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Sunday 18 November 2012
ဆုတောင်း...
အလွမ်းမင်းသားလေး | 07:38 | Best Blogger Tips
တစ်ချိန်က ငါ့တို့ နှစ်ယောက်ရဲ့
ထိုင်နေကြခုံတန်းလေးက
ဝေးကွာသွားတဲ့  တို့ နှစ်ယောက်အတွက်
စောင့်မျှော်ရင်း လွမ်းနေရှာတယ်
အစိမ်းသက်သက် နင်ထွက်သွားတဲ့ 
ငါ့ရင်ခွင်ကလည်း တိတ်တိတ်လေးကြေကွဲနေရှာတယ် ။
တို့ ဘဝလေးတိုးတက်ဖို့ အတွက်
ရေမြေခြားဝေးနေတာကို ထိုင်ခုံလေးက နားလည်ပေးသလို
နင့်ဘဝလေးဒီထက်အဆင့်မြင့်မြင့်နေနိုင်ဖို့ နဲ့ 
ကောင်းစားဖို့ အတွက် ငါနှလုံးသားပေးပြီး
သဘောထားကြီးစွာနားလည် ခွင်လွှတ်ထားတယ်.။
ပြန်မဆုံနိုင်မှန်းကြိုသိနေတဲ့ 
ထိုင်ခုံလေးလည်း ရေညှိတွေနဲ့  ဆွေးနေလို့ တယ်
နင်ပြန်မလာတော့ ငါ့ရင်ခွင်ကလည်းတဆစ်ဆစ်နဲ့ နာကျင်နေတယ်
ဖြေသာလိုက်ပါတယ် ချစ်သူရယ် အနေဝေးတဲ့ အချစ်မို့ 
ဖြေရှင်းချက်တွေလည်း မတောင်းတော့ပါဘူး
နေသာသလိုသာနေလိုက်ပါတော့.။
အခြေမကြီးတဲ့  ဘဝထဲ
 နင်ဝင်မလာရဲတာမထူးဆန်းပါဘူး
ရွှေထီးမှမဆောင်းပေးနိုင်ပဲလေ
တစ်ခုတော့ ဆုတောင်းလိုက်တယ်
                                                          ဖိုးခွားလေး(ကော့မူးမြို့ )
No comments:
Post a Comment
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ