အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 20 November 2012

Browser တစ်ခုထဲမှာ Facebook , Gmail အကောင့် နှစ်ခု သုံးခု တပြိုင်ထဲသုံးချင်ရင်...

အလွမ်းမင်းသားလေး | 05:26 | Best Blogger Tips



Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးချင်လို့ပါဆိုပြီး မေးထားလို့ အားလုံး ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်...။

Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို  တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်.... 

Firefox Browser အတွက်ကိုတော့ Extension  လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ.... ဒီနေရာကို  နှိပ်ပါ  Install Multifox  ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါ ... ပြီးရင်  Firefox Browser ကို Restart ချပေးလိုက်ပါ (Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ)
 ကီးဘုတ်က  Ctrl + Alt + M  ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီ....
 

Chrome Browser မှာတော့ မည်သည့် Extension  မှ ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N  ကိုနှိပ်ပြီး ရှိသမျှ Account တွေကို Login ဝင်လို့ရအောင်ဖန်တီးပြီးသားပါ.....အားလုံးအဆင်ပြေကြပါစေ......

ဝင်းကမ္ဘာကျော်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ