အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Tuesday 20 November 2012
မထူးဆန်းတော့တဲ့....အလွမ်း ...
အလွမ်းမင်းသားလေး | 07:37 | Best Blogger Tips
နတ်သမီးလေးရေ ....
မြုပ်ချည်တခါပေါ်ချည်တလှည့်
ကူးခပ်နေရတဲ့ ငါဟာ
နင့်ပရောဂတွေကြားမှာ
တကယ်ပဲသာယာနေပါတယ် ။
အပြင်မှာနေသာတဲ့နေ့ 
ငါ့ကိုမေ့လျော့ခြင်းတွေနဲ့ 
ခဏခဏထားသွားတာလဲ
စကားမများပဲသိသိကြီးနဲ့ 
ငါရစ်မူးပျော်ရွှင်နေပါတယ်
အပန်းရောင်တွေရှိတဲ့အရပ်
နင်ပဲခေါ်သွားမယ်ဆို
အပျော်နဲ့ ထားခဲ့တယ်ဆိုရင်တောင်
ငါကျေနပ်နေတတ်ခဲ့ပါတယ်
မဖြေတတ်သေးတာက
စမ်းသပ်ခံအလွမ်းတွေရဲ့ 
အားနည်းချက်ကြောင့်ပါ
နတ်သမီးလေးရေ
ငါ့အချစ်တွေကပ်စီးမနဲဘူးနော်
တရက်ပြီးတရက်သာလွန်မြောက်လာတယ်
ငါ့ရဲ့ မဖောက်ပြန်တဲ့မြတ်နိုးမှုတွေဟာ
တရစ်ပြီးတရစ်တိုးလို့ လာတယ်ကွယ်
ငါပျော်ရွှင်ရတယ်ကွယ်
နင့်စကားလုံးချိုချိုလေးတွေကို
စွဲလမ်းမှုတွေနဲ့ ပိုပိုလာရတယ်
ငါငိုယိုခဲ့တဲ့နေ့ 
နင်မမေ့ခဲ့တာလဲငါကျေနပ်ပါတယ်
အခုတလော.......
ငါဟာသိပ်အထီးကျန်ရတယ်
အကျဉ်းတန်တဲ့နေ့ တွေကို
အားတင်းကာကူးဖြတ်
ရူးမတတ်လဲဖြစ်ခဲ့တယ်
မထူးဇာတ်ခင်းလို့ 
တခါတလေများ
မိုးသူ(တောင်ကြီး)
No comments:
Post a Comment
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ