အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 13 November 2012

"တန်ဆောင်မုန်း လပြည့်နေ့မှာ တစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မယ့် ထွန်းအိန္ဒြာဗို" ...

အလွမ်းမင်းသားလေး | 04:21 | Best Blogger Tips



Photo: "တန်ဆောင်မုန်း လပြည့်နေ့မှာ တစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မယ့် ထွန်းအိန္ဒြာဗို"

ထွန်းအိန္ဒြာဗိုက လှူဒါန်းဖို့ရည်ရွယ်ပြီး ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်နေ့၊ နေ့ခင်း ၂ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကို နိုဝင် ဘာ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်နေ့) ညနေ ၆ နာရီခွဲမှာ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုက ၂ဝဝ၂ ခုနှစ်က ဒိုင်ယာရီလိုက်ဖ်ရှိုး(ရန်ကုန်၊မန္တလေး)၊ ၂ဝဝ၅ ခုနှစ်မှာထွန်းအိန္ဒြာဗို ၂ဝဝ၅လိုက်ဖ်ရှိုး (ရန်ကုန်)၊ ၂ဝဝ၉ ခုနှစ်မှာ Live & Request ရှိုး(ရန် ကုန်)တို့မှာ တစ်ပွဲကို နှစ်ရက်စီ ကျင်းပခဲ့ပြီးအခုတစ်ကိုယ်တော် ဖျော်ဖြေပွဲက စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ လိုက်ဖ်ရှိုးပွဲ ပဲ ဖြစ်ပါတယ်။ ယခု ၂ဝ၁၂ ခုနှစ်မှာ ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲက ဘဝမှာ အမှတ်တရအဖြစ်ဆုံးပွဲ ဖြစ် သွားနိုင်ကြောင်းကို ထွန်းအိန္ဒြာဗိုက ''အမှတ်တရ အဖြစ်ဆုံး ဖြစ်သွားနိုင် ပါတယ်။ ဒီအသက်အရွယ်မှာ ခံစားနေရတာလေးက အလုပ်ကိုပဲ ကျုံးရုန်းလုပ်တာ သဘာဝမကျဘူး။ မိသားစုကိုလည်း အချိန်ပေး ရမယ်။ တတ်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း စဉ်းစားရမယ်ဆိုတဲ့ အတွေး ရောက်လာတဲ့အတွက် ကြိုးစားဖြစ်တာကြောင့် တော်တော်လည်း ပီတိဖြစ်ရပါတယ်'' လို့ ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာ သီချင်း အပုဒ် ၄ဝ ပါဝင်မှာ ဖြစ်ပြီး လူမင်း ဒါရိုက်တာ လုပ်ထားတဲ့ ဇာတ်လမ်းတိုတစ်ခုပါ ပါဝင်မှာဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက ''ကိုလူမင်း ဒါရိုက်တာလုပ်တာက ဇာတ်လမ်းတိုလေးပါ။ သီချင်း မဟုတ်သေးဘူး။ ပွဲအစဇာတ်လမ်းတိုလေးပါပဲ။ ဒီပွဲအတွက် စိတ်တွေ ဈာန်ဝင်ပြီး ညတစ်ရေးနိုးတဲ့အခါ စဉ်းစားမိတိုင်း လုပ်စရာတွေ က ပေါ်ပေါက်လာတယ်။ အဲဒီထဲက စိတ်ကူးတစ်ခုပါ။ အဲဒီဇာတ်လမ်းမှာ ကျွန်မတို့ မိသားစုတွေပါမှာပါ''လို့ပြောပါတယ်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲတိုင်းကို ၂ ရက်ကြာ ဖျော်ဖြေခဲ့တာ ဖြစ်တဲ့ အတွက် ဒီနှစ် ၁ ရက်ပဲ ကျင်းပတဲ့အတွက် ထွန်းအိန္ဒြာဗိုရဲ့ ပရိသတ်တွေ ကို ကျေနပ်မှု ရှိပါ့မလားလို့ မေးတော့ ''ကျွန်မတို့ ဒီနှစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို SKY NET က တိုက်ရိုက်လွှင့်တာလည်း ပါမယ် ဆိုတော့ ပရိသတ်အရေအတွက် များများကြည့်ခွင့်ရတာနဲ့ တူသွား တယ်လေ။ အဲဒါကြောင့်လည်း တစ်ရက်ပဲလုပ်တာပါ''လို့ ပြောပါတယ်။

ဒီပွဲလေးက အလှူပွဲလေးဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုခြင်း အားဖြင့် ပျော်စရာလည်း တအားကောင်းမယ့်အပြင် လှူပြီးသား လည်းဖြစ်သွားတဲ့အတွက် ပရိသတ်နဲ့ အတူတူလှူခွင့် ရချင်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ပွဲမှာရရှိသမျှအကျိုးအမြတ် အားလုံးကို (၇)နေရာကို လှူဒါန်းမှာဖြစ်ပြီး ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်များ၊ ရခိုင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်များ၊ရန်ကုန်မြို့ အထွထွေဆေးရုံ ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေ့အိမ်ပညာရေး ကွန်ယက်၊ ကိုမင်းကိုနိုင်တို့ရဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊ မဖြူဖြူသင်းရဲ့ HIV/AIDS ကုသရေးနှင့် ကာကွယ်ရေးစင်တာကို လှူဒါန်းသွား မှာ ဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ လက်မှတ်များကို မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာ၊ Junctionစင်တာမှ Forever Gems၊ ရွှေနန်းတော်ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

င်္From; popular myanmar journal
ထွန်းအိန္ဒြာဗိုက လှူဒါန်းဖို့ရည်ရွယ်ပြီး ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်နေ့၊ နေ့ခင်း ၂ နာရီက ရန်ကုန်မြို့ ဆီဒိုးနာ
းဟိုတယ်မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကို နိုဝင် ဘာ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်နေ့) ညနေ ၆ နာရီခွဲမှာ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုက ၂ဝဝ၂ ခုနှစ်က ဒိုင်ယာရီလိုက်ဖ်ရှိုး(ရန်ကုန်၊မန္တလေး)၊ ၂ဝဝ၅ ခုနှစ်မှာထွန်းအိန္ဒြာဗို ၂ဝဝ၅လိုက်ဖ်ရှိုး (ရန်ကုန်)၊ ၂ဝဝ၉ ခုနှစ်မှာ Live & Request ရှိုး(ရန် ကုန်)တို့မှာ တစ်ပွဲကို နှစ်ရက်စီ ကျင်းပခဲ့ပြီးအခုတစ်ကိုယ်တော် ဖျော်ဖြေပွဲက စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ လိုက်ဖ်ရှိုးပွဲ ပဲ ဖြစ်ပါတယ်။
 ယခု ၂ဝ၁၂ ခုနှစ်မှာ ကျင်းပမယ့် Charity Live တစ် ကိုယ်တော် ဖျော်ဖြေပွဲက ဘဝမှာ အမှတ်တရအဖြစ်ဆုံးပွဲ ဖြစ် သွားနိုင်ကြောင်းကို ထွန်းအိန္ဒြာဗိုက ''အမှတ်တရ အဖြစ်ဆုံး ဖြစ်သွားနိုင် ပါတယ်။ ဒီအသက်အရွယ်မှာ ခံစားနေရတာလေးက အလုပ်ကိုပဲ ကျုံးရုန်းလုပ်တာ သဘာဝမကျဘူး။ မိသားစုကိုလည်း အချိန်ပေး ရမယ်။ တတ်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း စဉ်းစားရမယ်ဆိုတဲ့ အတွေး ရောက်လာတဲ့အတွက် ကြိုးစားဖြစ်တာကြောင့် တော်တော်လည်း ပီတိဖြစ်ရပါတယ်'' လို့ ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာ သီချင်း အပုဒ် ၄ဝ ပါဝင်မှာ ဖြစ်ပြီး လူမင်း ဒါရိုက်တာ လုပ်ထားတဲ့ ဇာတ်လမ်းတိုတစ်ခုပါ ပါဝင်မှာဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက ''ကိုလူမင်း ဒါရိုက်တာလုပ်တာက ဇာတ်လမ်းတိုလေးပါ။ သီချင်း မဟုတ်သေးဘူး။ ပွဲအစဇာတ်လမ်းတိုလေးပါပဲ။ ဒီပွဲအတွက် စိတ်တွေ ဈာန်ဝင်ပြီး ညတစ်ရေးနိုးတဲ့အခါ စဉ်းစားမိတိုင်း လုပ်စရာတွေ က ပေါ်ပေါက်လာတယ်။ အဲဒီထဲက စိတ်ကူးတစ်ခုပါ။ အဲဒီဇာတ်လမ်းမှာ ကျွန်မတို့ မိသားစုတွေပါမှာပါ''လို့ပြောပါတယ်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲတိုင်းကို ၂ ရက်ကြာ ဖျော်ဖြေခဲ့တာ ဖြစ်တဲ့ အတွက် ဒီနှစ် ၁ ရက်ပဲ ကျင်းပတဲ့အတွက် ထွန်းအိန္ဒြာဗိုရဲ့ ပရိသတ်တွေ ကို ကျေနပ်မှု ရှိပါ့မလားလို့ မေးတော့ ''ကျွန်မတို့ ဒီနှစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို SKY NET က တိုက်ရိုက်လွှင့်တာလည်း ပါမယ် ဆိုတော့ ပရိသတ်အရေအတွက် များများကြည့်ခွင့်ရတာနဲ့ တူသွား တယ်လေ။ အဲဒါကြောင့်လည်း တစ်ရက်ပဲလုပ်တာပါ''လို့ ပြောပါတယ်။

ဒီပွဲလေးက အလှူပွဲလေးဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုခြင်း အားဖြင့် ပျော်စရာလည်း တအားကောင်းမယ့်အပြင် လှူပြီးသား လည်းဖြစ်သွားတဲ့အတွက် ပရိသတ်နဲ့ အတူတူလှူခွင့် ရချင်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ပွဲမှာရရှိသမျှအကျိုးအမြတ် အားလုံးကို (၇)နေရာကို လှူဒါန်းမှာဖြစ်ပြီး ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်များ၊ ရခိုင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်များ၊ရန်ကုန်မြို့ အထွထွေဆေးရုံ ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေ့အိမ်ပညာရေး ကွန်ယက်၊ ကိုမင်းကိုနိုင်တို့ရဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊ မဖြူဖြူသင်းရဲ့ HIV/AIDS ကုသရေးနှင့် ကာကွယ်ရေးစင်တာကို လှူဒါန်းသွား မှာ ဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ လက်မှတ်များကို မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာ၊ Junctionစင်တာမှ Forever Gems၊ ရွှေနန်းတော်ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

  popular myanmar journal

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ