အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 26 May 2013

ဖြစ်ပုံကဒီလို....

အလွမ်းမင်းသားလေး | 07:57 | Best Blogger Tips


 
အမေအိုတစ်ယောက်
လမ်းတကာလျှောက်လို့ အော်
အကြော်  ပူပူလေးးးးးးးးတဲ့လေ။
 
ငါငေးကြည့်နေတုန်း
ခါးကုန်းစနဲ့   အမေအိုအရွယ်
သူသယ်လာတဲ့  အကြော်ဗန်း
ကျနော်လှမ်းကြည့် နေတုန်း...
 
 
 
ရုတ်တရက်နဲ့  လဲမယ်လုပ်
"ဟဲ့ပလုပ်တုပ်  အရင်းပြုတ်တော့မလို့ " ဆိုပဲ
လျှောက်လည်လို့   အော်ရောင်း...
ခြေတောက်မညောင်းဘူးလား  အမေအိုရယ်...လို့ 
တွေးလို့ မဆုံးသေး  ကျနော့်ဘေးက
သစ်ရိပ်လေးမှာခိုနား ဘုရား ဘုရား ဘုရား...တဲ့ ။
 
ကိုယ်မိဘနဲ့ နှိုင်းယှဉ် 
သနားစိတ်နဲ့ မြင်ကြည့်တော့
ရင်မှာတကယ်နင့်မိပါတယ်...
ငါဟာလူငယ်ဆိုပေမဲ့....
ခံစားတတ်တဲ့ နှလုံးသား
စာနာတတ်တဲ့ စိတ်ထားကို
မိဘတွေ ဆရာတွေသင်ပေးထားလို့ 
အပြည့်အ၀ ရှိပါတယ်။
 
မလှမ်းမကန်းမို့   ချွေးစို့ တာကအစ
ငါမြင်ရတော့  ငါ့စိတ်ကထိန်းမရ
ငါ့ရောဂါ ထခဲ့ရပြန်ပီလေ...
(အကြော်ဝယ်မလို့ ပါအမေ...)
ဒီလိုနဲ့ စကားစ  အကြော်ဗန်းကိုကူချပေးတော့
အေးမြတဲ့အပြုံးလေးနဲ့  မေးခွန်းလေးက
(ငါ့သားလေးက ဘယ်ကလဲတဲ့).....
 
ကျောက်ပန်းတောင်နယ်သား
(popa)တောင်ခြေ နားက
တောသားပါအမေ.....ဒီအဖြေတွက်
ပြုံးမဲ့မဲ့နဲ့   ဘယ်လောက်ဖိုးထည့်ရမလဲဆိုတော့
၅ထောင်တန် တစ်ရွက်ကိုရွေး
၂ထောင်ဖိုးပေးပါအမေပေါ့.....
ပိုသည့်ထောင်တန်၃ရွက် 
အမေ့တွက်ကန်တော့ခဲ့ပါစေလို့ ပြောပီး
ကျောကြီးပေးထွက်လာခဲ့ပေမဲ့
အတွေးကတော့ အမေအိုနားမှာကျန်ခဲ့လေရဲ့။
 
မေးချင်တာပေါ့အမေအိုရယ်
တစ်ကိုယ်တည်းပဲလား..???
သားသမီးတွေကပြန် မကြည့်လို့ လား..???
သမီးသားတွေများမရှိလို့ လား..???
လားပေါင်းများစွာပေါ့လေ... ဒါပေမဲ့
ကျနော်တတ်နိုင်တာက.....
အမေအိုကျန်းမာပါစေ......ဆိုတာပါပဲ
 
အိုအဆွေတို့ .........
ခုနေ...အပြင်းပြေသောက်တော့မဲ့
(cigarette) စီးကရက်နဲ့ .....
(coffee) ကော်ဖီ  တစ်ခွက်ဖိုးကို
ပြန်ထည့်ထားပီး  သေချာစဉ်းစားပါ
ဆင်းရဲသားနဲ့   အမေအိုလို
ကိုယ့်ထက်နွမ်းပါးသူကို
စာနာတတ်တဲ့ အသည်းနဲ့ 
ကြင်နာ သနားစိတ်ထားလို့ 
နွမ်းပါး အားငယ်သူများတွက်
ထမင်းတစ်ပွဲဖြစ်ပါစေသား........
 
အမေအိုနေရာ....
ငါတို့  မင်းတို့ အမေသာဆို
အဲဒီအကြော်ဗန်း ငါတို့ ထမ်းလို့ 
အကြော် အကြော်လို့  အော်ရဲရမယ်....
တာဝန်ကျေတဲ့သား/ သ္မီးဖြစ်ချင်ရင်ပေါ့။
 
ကံအကြောင်းမသာလို့ ...
မိဘနှစ်ဖြာ မရှိကြတော့ပါသော်
မိတ်ဆွေများလည်း ကိုယ်၏မိဘ
ရောက်ရာဘ၀ သာယာချမ်းမြ.
အမျှ အမျှ အမျှ ပေးနိုင်ဖို့ ....
တတ်နိုင်သမျှ  ကုသိုလ်လုပ်ကြလို့ 
သား/သ္မီးကောင်း ပီသကြပါစေ။
 
ခရီးဝေးသွားစရာကြုံ ရင်တောင်
သား/သ္မီးတွက်  နံနက်စာပြင်ထားပီးမှ
ခရီးဝေးကိုထွက်သွားတတ်ကြတာ
ငါတို့ အားလုံးရဲ့မိဘတွေပါ...
တာဝန်ကျေကြပါလို့ ရှိနေစဉ်မှာ။
 
ခုမြင်ယောင်လာတာ  အမေ့မျက်နှာလေး
ဘ၀အရေးတွက်  သတ္တိတွေမွေးပီး
ဟိုအဝေးကြီးမှာ ဝေးကွာနေကြရပေမဲ့......
အမေ့လုံချည်လေး  လျှော်ပေးခွင့်မရတာ
နှစ်အတော်ကြာပီနော်.......
 
ရှိနေစဉ်မှာ တာဝန်မှန်သမျှ
ကျေအောင်ဆပ်ခွင့် ရပါရစေ အမေ...
ဟိုးအဝေးက ငွေရှာပေးရုံမျှနဲ့ တော့
အားမရပါဘူးအမေ.....
 
မကျန်းမာတဲ့အခါ...
အချိတဲ့အပြုံး  အားငယ်တဲ့မျက်လုံးနဲ့ 
သား/သ္မီးကို တမ်းတမိမှာ
နားလည်ပါတယ်အမေ.....
ကျနော်တို့ လည်း  ဒီလိုအဝေးမှာ
မကျန်းမာတဲ့အခါ  တမ်းတမိတာ  မိဘကိုပါ။
 
ပြန်လာချင်တာပေါ့အမေရယ်
ကျနော့်အိမ်ပြန်ချိန်ဟာ
၎ လသာလိုတော့တာမို့ 
အမေပျော်ပါစေလို့ ဆုတောင်းရင်း
ခုလိုညမှာ  အမေ့ကမ္ဘာ
သာယာချမ်းမြလျှက်  အိမ်မက်လှလှ
မက်ပါစေအမေ.......
 
 
 
                       သိုက်ကြီး(ကျောက်ပန်းတောင်း)kpgtheik@gmail.com
 
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ