အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 31 May 2013

နင်နဲ့ဆုံဖို့ တခုတည်းပါ...ချစ်သူ...

အလွမ်းမင်းသားလေး | 04:05 | Best Blogger Tips


 
♥ယုံမလား...ချစ်သူ
သစ္စာ မေတ္တာစကားတွေနဲ့
တီတီတာတာ ပြောတဲ့
 ပလီပလာအထာတွေ
ငါမသိခဲ့ပါဘူး
အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးကတော့
ငါ နင့်ကို သိပ်ချစ်တာပဲ...။
♥နားလည်ပေးနော်... ချစ်သူ
အဝေးဆုံး နေ့ရက်တွေမှာ
အနီးဆုံးဖြစ်အောင် ရှိနေပေးပါလား
ငါရဲ့ နှလုံးခုန်သံတွေတိုင်းက
နင်ဖန်ဆင်းတဲ့ စီးချက်တွေ ဖြစ်နေခဲ့လို့လေ..။
♥သတိရပေးနော်... ချစ်သူ
ပြန်ဆုံမယ့်နေ့ရက်တွေနဲ့
နှစ်ကိုယ်တူထားခဲ့တဲ့ ကတိတွေကို
အချိန်တိုင်း မဟုတ်ခဲ့ရင်တောင်
ခဏလောက်ဖြစ်ဖြစ်
 စိတ်ကူးယဉ်ပေးပါ...။
♥ယုံကြည်ထား... ချစ်သူ
ဘေးစကား မုသားတွေနဲ့
မလိုလားတဲ့ခါးသီးမှု့တွေကို
ပါးနပ်စွာ ရှောင်ကြဉ်ရင်းက
တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး
ရှိနေဦးမယ်ဆိုတာပေါ့...။
♥အားတင်းထား...ချစ်သူ
 အလွမ်းဆိုတာ
တချိန်အတိတ်ဟောင်းက
ပုံရိပ်အချို့တာ ဖြစ်ခဲ့ရင်
အခုလို ဝေးကွာ ခြင်းက
ဆုံဆည်း ခြင်းရဲ့ ခြေလှမ်း အစပဲမို့လား...။
♥♥ဟုတ်တယ်...ချစ်သူ
ငါပြောခဲ့တဲ့ အရာအားလုံးက
နင့်အတွက်
အတ္တတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင်
နင်နဲ့ဆုံနိုင်ဖို့ တခု တည်းပါဟာ..။


..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥....  ငဖြိုး
 
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ