အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 28 May 2013

ကျွန်တော်ပျော်ပါတယ်...

အလွမ်းမင်းသားလေး | 22:41 | Best Blogger Tips



ဖျားနာတဲ့အခါ တနေရာစီဝေးလို့
သူမကျွန်တော့်အနားမှာ
မပြုစုပေးနိုင်ပေမယ့်……
အမြဲစိုးရိမ်တကြီးဂရုစိုက်ပေးတဲ

ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
ကျွန်တော်ကလေးတယောက်လို
စိတ်ဆိုးတိုင်း သဝန်တွေတိုတိုင်း
အမြဲသည်းခံနားလည်ပြီး
ချော့မော့ပြောတတ်တဲ့
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
တမြေစီဝေးနေပေမယ့်
ကျွန်တော့်မေတ္တာကိုယုံပြီး
ကျွန်တော့်သစ္စာကိုတန်ဖိုးထားတဲ့
ကျွန်တော့်ချစ်သူလေးကြောင့်
ကျွန်တော်ပျော်ပါတယ်……
ကျွန်တော့်ဘဝကို
အရာရာပြည့်စုံအောင်ဖန်တီးမပေးပေမယ့်
အရာရာအတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့
ချစ်သူတယောက်ကျွန်တော့်အတွက်
ရှိနေပေးတဲ့အတွက်
ကံကြမ္မာကိုကျေးဇူးတင်တယ်……
ကျွန်တော့်ဘဝမှာ
ကျွန်တော့်ကိုပျော်ရွှင်အောင်ထားတဲ့
ကျွန်တော့်ချစ်သူလေးကိုတန်ဖိုးထားပြီး
သူ့ကိုပျော်ရွှင်စေဖို့မှအပ
အခြားမရှိပြီလေ………


လွှမ်းဝေအောင် (ရေနံချောင်း)
 
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ