အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 3 February 2013

အခုအချစ်က ကျွန်တော့်ကို အေးချမ်းစေတယ်ဆိုတဲ့မြင့်မြတ် ...

အလွမ်းမင်းသားလေး | 00:33 | Best Blogger Tips


အကယ်ဒမီညစာစားပွဲမှာ ချစ်သူနဲ့ အတူပွဲတက်လာတဲ့ မြင့်မြတ်က ``ကျွန်တော့်အပေါ်လည်း အရမ်းချစ်ပြီး အနုပညာအပေါ်မှာ လည်း နားလည်မှုပေးနိုင်တဲ့ ချစ်သူမျိုးနဲ့ ဆုံစည်းခဲ့ရတဲ့အတွက် ကျွန် တော်တကယ်ကံကောင်းပါတယ်။ ကျွန်တော်တို့အကြောင်းကို အချိန် မတန်သေးလို့ ချမပြသေးတာပါ။ သူက အပြင်ကပါ။ အနုပညာလော ကထဲက မဟုတ်ပါဘူး။ အချစ်ဆိုတာ အရင်ကကျွန်တော့်ကိုပူလောင် စေခဲ့ပေမယ့် အခုတော့ ပျော်ရွှင်မှု အေးချမ်းမှုတွေကိုဆောင်ကြည်းပေး ပါပြီ။ သူ့အချစ်က ကျွန်တော့်ကို အေးချမ်းစေပါတယ်။ ဘယ်အချိန် မှာ ဘ၀တစ်ခုကို အတူတွဲပြီးထူ ထောင်ကြမလဲဆိုတာ သူရော ကျွန် တော်ပါ မစဉ်းစားမဆုံးဖြတ်ရသေး ပါဘူး။ တကယ်လို့ ကျွန်တော် အိမ် ထောင်ပြုတော့မယ်ဆိုရင်လည်း ပရိသတ်နဲ့ မီဒီယာကို အရင်ဆုံး အသိပေးကြေညာမှာပါ´´ လို့ပြော လာပြီးအနုပညာနဲ့ပတ်သက်လို့``အခု ရည်စားထားတဲ့ဂိမ်း´´
ဆိုတဲ့ကားလေး ကို ရွှေမှုံရတီနဲ့ ရိုက်နေပါတယ်။ ဒီ ကားက သမားရိုးကျကားလေးဆို ပေမယ့် နည်းနည်းတော့ဆန်းတယ်။ တခြားဖန်စီရိုမန့်ကားတွေနဲ့မတူဘူး။ 

 
အနုပညာသမားတစ်ယောက်သရုပ် ဆောင်ကောင်းတယ်၊ မကောင်းဘူး ဆိုတာ အဓိက ခံစားချက်အပေါ် မူတည်တယ်လို့ ကျွန်တော်ထင် တယ်။ ကိုယ်ကျတဲ့ ဇာတ်ရဲ့ကာရိုက် တာအပေါ်မှာ ကိုယ့်ရဲ့စိတ်ကဘယ် လောက်ထိ နစ်ဝင်ပြီး မျောနေလဲ ဆိုတာ အရေးပါတယ်လို့ထင်တယ်။ အခုအချိန်ထိ ကျွန်တော်တို့ လုပ် ချင်ပေမယ့် လုပ်ခွင့်မရတဲ့ အခြေ အနေတွေ အများကြီးရှိတယ်။ တ ကယ်လို့ ကျွန်တော်တို့က ကိုယ့်စိတ် ကြိုက် ဖန်တီးပြီး ဇာတ်ကားတစ် ကားကို ရိုက်လိုက်မယ်။ အဲဒီကား ကို ပရိသတ်မကြိုက်လို့ အားမပေး ဘူးဆိုရင် ကျွန်တော်တို့ ဖန်တီးသမျှ အနုပညာက အလကားပဲပေါ့။ အဲ ဒီအတွက် ပရိသတ်အကြိုက်နဲ့ ကျွန် တော်တို့အကြိုက်ထပ်တူညီမယ့် ဇာတ်ကားမျိုးကိုချိန်ပြီး ရိုက်ပါတယ်။ နောက်ကိုလည်း ပုံမှန်ချစ်၊ ကြိုက်၊ ကွဲ၊ ညားဆိုတဲ့ ပုံစံထဲက ကွဲထွက်တဲ့ ဇာတ်ကားမျိုးကို ရိုက်သွားမှာပါ။ ပရိသတ်အားပေးစေချင်ပါတယ်´´။

8 days news 
အောင်သက်ခိုင်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ