အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 7 February 2013

***လွမ်းမာယာကို ဦးညွတ်ခြင်း***

အလွမ်းမင်းသားလေး | 07:57 | Best Blogger Tips




ဆောင်းတစ်ညရဲ့မာယာအောက်
ပင့်သက်တွေ အကြိမ်ကြိမ်ကခုန်နေတုန်း။

တောင်ပံကျိုးငှက်တစ်ကောင်ဆီ
ပေးအပ်လာတဲ့ ဖေးမခြင်း
နာကျင်ခြင်းမျက်ရည်တွေကို
ကန္တာရလိုခြောက်သွေ့စေတဲ့ လေပြေတစ်ချက်ကြောင့်
အာရုံခြောက်ပါးစလုံး မှောက်မှားစေခဲ့ပြီ။

မိန့်ခြွေစကား ကင်းကင်းနဲ့
သက်ပြင်းတစ်ချို့ရဲ့ နေညိုချိန်
အိပ်မက်ခြင်းတွေနောက်
အနာဂတ်လမ်းေ၀၀ါးမှုကင်းအောင်
ရဲရင့်ခြင်းတွေ အုတ်မြစ်ချပေးခဲ့တယ်။

ယုံကြည်မှု တည်ဆောက်တုန်း
မုန်တိုင်းမွှေနှောက်
နှောင်ကြိုးတွေပြတ်တောက်
ကြည်နူးခြင်းကမ်းပါး ပြိုပျက်ကျလေရဲ့။

နိဂုံးကျမှ မှော်ဆရာရဲ့
တေးသွားအောက်လူးလွန့်ရင်း
အလွမ်း အက္ခရာလေး
တံဆိပ်လာခတ်တယ်။

မျက်ရည်ပင်လယ်မှာ
ပျောက်ရှနေတဲ့ နှလုံးသားခေါ်သံ
ပြတ်တောက်ခြင်း ရာဇ၀တ်ကောင်က
ကြမ္မာကို ရိုကျိုးခြင်းတွေနဲ့။

လေပြေကို မနမ်းရှိုက်ခဲ့ရင်
ငါ့ရင်ထက် ကာရံတွေနဲ့ပြည့်နှက်မှာမဟုတ်ဘူး
ဖမ်းဆုပ်မရတဲ့ လေဟာနယ်ကို
ရမ္မက်ကြိုးနဲ့ သီလိုက်တာ
ပိုင်ဆိုင်ခြင်းတွေ ကွဲအက်ကုန်တော့တယ်။

ဆောင်းညကို အရောင်တင်မလို့
အချိန်ကမဲ့ပြုံးလေးနဲ့ ရာသီကုန်ပြီတဲ့
အတ္တနဲ့လမ်းခင်း အလွမ်းတွေပဲ
အပိုင်စီင်္းလိုက်တယ်။

ရင်ခုန်ခြင်းလေပြေရေ နင်ခြေရာဖျောက်ခဲ့ပေမဲ့
မဆုံးနိုင်တဲ့ ခရီးကြမ်းမှာ
ချော်ရည်ပူလှလှလေးတွေ အငမ်းမရသွန်ချရင်း
လွမ်းမှတ်တိုင်ကို ငါဦးညွတ်နေအုံးမှာပါ။.



လရိပ်လေး

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ