အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 26 October 2012

တစ်နေ့ တာ..

အလွမ်းမင်းသားလေး | 00:26 | Best Blogger Tips


မနက်စောစောထတယ်
အေးမြတဲ့ရေကိုထိတွေ့ ရင်း ၃၁ ဘုံ မေတ္တာပို့ တယ်
မင်းလည်း ကျန်းမာချမ်းသာပါစေ
လွမ်းရတာ ပျော်စရာမကောင်းတဲ့ ငါ့အတွက်
ဒီနေ့  ငါမင်းကို မလွမ်းဘူး။

မင်းနဲ့ အတူ ထိုင်ဖူးတဲ့ ဆိုင်မှာထိုင်ရင်း
လန်ဒန်စီးကရက်တစ်ပွဲကို ကြည့်ရင်း
ငါမင်းကို မလွမ်းဘူး။

ဒီနေ့  သူယ်ချင်းတွေနဲ့  တွေ့ ရင်း
စကားကို တောင်စဉ်ရေမရ ပြောရင်း
ရယ်စရာလားလို့  မမေးဘဲ ငါရယ်ရင်း
ငါမင်းကို မလွမ်းဘူး။

ငါနားမလည်တဲ့ ဘာသာစကားများကို ဘာသာပြန်ရင်း
ရင့်သီးလာတဲ့အလွမ်းများကို ဥပက္ခာပြုရင်း
ငါ တစ်ခုပြောမယ်
ဒီနေ့  ငါမင်းကို မလွမ်းဘူး။

နံပါတ်တစ်ခု အမည်ခံထားတဲ့  ဖုန်းကိုခေါ်ရင်း
ဘာမှန်းမသိတဲ့အရာတွေနဲ့  ရှုပ်နေတဲ့
ငါ့စိတ်ကိုအလုပ်ပေးရင်း
ဒီနေ့  ငါမင်းကို မလွမ်းဘူး။

မလွမ်းဘူး မလွမ်းဘူး အခါခါရွတ်ဆိုရင်း
တိတ်ဆိတ်နေသော အရာအားလုံးနှင့် ဆန့် ကျင်စွာ
မင်းကိုတမ်းတနေတဲ့ ငါ့နှလူံးသားကို တံခါးပိတ်ရင်း
ဒီနေ့  ငါစောစောအိပ်တယ်။             ။
                                               
                                               သက်ငြိမ်နှင်း

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ